,
ရှမ်းမြောက် မူဆယ်မြို့နယ် မုံးပေါ်ဒေသအနီး မိုင်ဖန်ရွာတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၆ တပ်ရင်း ၃၆ တို့ကြား ယနေ့ည ၇ နာရီကျော်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ် ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် မုံးပေါ်ဒေသခံ ပြည်သူ ၄ ဦးခန့် ထိခိုက် ဒဏ်ရရှိထားကြောင်း သိရသည်။ “၁၀၅ မိုင်ကနေလည်း လက်နက်ကြီးပစ်နေတယ်။ မိုင်ဖန်ဘက်ကနေလည်း ပစ်နေတယ်။ ဒီမုံးပေါ်ထဲကလည်း ပစ်နေတယ်။ အခု ၃ ဦးထိထားတယ်။ ၁၀
ရှမ်းပြည်နယ်မြောက်ပိုင်း ၊ မူဆယ်မြို့နယ် မုံးပေါ် တွင် ယနေ့ည ၉ နာရီဝန်းကျင်မှ မိုင်ဖန် ရှိ စစ်ကောင်စီ တပ်မ ၉၉ နှင့် ကိုးကန့် MNDAA တို့ တိုက်ပွဲ ပြင်းထန်နေကြောင်း သိရသည် “အခုလည်း အတကုန်ပစ်နေတုန်း မုံးပေါ်အောက်ဘက်နဲ့ မိုင်ဖန်ရွာထိပ် အဲ့ကြားမှာ ဖြစ်နေတယ်။ စစ်တပ်ဘက်က လက်နက်ကြီးတွေ ပစ်နေတယ်။ ငြိမ်လိုက် ပစ်လိုက်နဲ့ ဖြစ်နေတယ်။” ဟု မုံးပေါ်ဒေသခံတစ်ဦးက ပြောသည်။
ရှမ်းပြည်မြောက်ပိုင်း မုံးပေါ်အနီး အာဏာသိမ်းစစ်တပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ ကိုးကန့် MNDAA တို့ကြား ယနေ့ နံနက်ပိုင်းကစတင်ပြီး တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။ ယနေ့ မနက် ၁၀ နာရီခန့်မှ KIA တပ်မဟာ ၆ တပ်ရင်း ၃၆ နယ်မြေ မုံးပေါ်ရှိ မန်ကောင်းကျေးရွာအနီး KIA နှင့် ကိုးကန့် MNDAA တို့ရှိရာသို့ စစ်ကောင်စီ တပ်မ ၉၉ မှ
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ်ခွဲ မုံးပေါ်ဒေသ ဆမာကျေးရွာနှင့် မန်ကန်ကျေးရွာကြားတွင် ယနေ့ နေ့လယ်ပိုင်းက စစ်ကောင်စီနှင့် KIA တပ်ရင်း ၃၆ တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီ၏ ယာယီတပ်စခန်းတစ်ခုကို KIA က သွားရောက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ “ဒီနေ့ နေ့လည်ပိုင်း ၁၁ ခွဲကနေ ၁၂ ခွဲထိ တိုက်ပွဲဖြစ်ပြီးတော့ စစ်တပ်ရဲ့ ရှေ့တန်းစခန်းချထားတဲ့နေရာကို KIA က သွားပြီး မီးရှု့ဖျက်ဆီးခဲ့တာဖြစ်တယ်။ ဒီမနက်ပိုင်း ဟူနားဘက်ကနေ