မူဆယ်
-
Nov- 2024 -1 Novemberသတင်း
ကွတ်ခိုင်မြို့ Asia World တိုးဂိတ်အနီး စစ်တပ်က လေကြောင်းနဲ့ဗုံးကြဲ ပြည်သူတစ်ဦးသေဆုံး
ရှမ်းမြောက် ကွတ်ခိုင်မြို့ကို စစ်ကောင်စီလေကြောင်းထပ်ပြီးဗုံးကြဲလို့ အရပ်သားပြည်သူတစ်ဦးသေဆုံးမှုရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ နိုဝင်ဘာ ၁ ရက်နေ့ ဒီမနက် ၃ နာရီခွဲဝန်းကျင် ကွတ်ခိုင်ကနေ မူဆယ်ဘက်သွားတဲ့လမ်း Asia World တိုးဂိတ်အနီးတဝိုက် လေယာဉ်နဲ့ ဗုံး ၃ ကြိမ်ကြဲချခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦး KNG သတင်းဌာနကို ပြောပါတယ်။ “လူတော့ တစ်ဦးသေတယ် အရင်က မူးယစ်ရုံးတွေ၊ Asia Worl အနီးတဝိုက်ကို လာချတာဟုတ်တယ်။ ပြီးတော့ ပြည်သူတွေနေတဲ့ ရပ်ကွက်ဘက်မှာလည်း တစ်လုံးကျတယ်။ အဲဘက်တော့ လူဘာမှမဖြစ်ဘူး။မီးဖိချောင်ပျက်စီးသွားတယ်။ TNLA တွေအဓိကနေတဲ့ နေရာမှာတော့ နောက်ထပ်တစ်ဦးထိတယ်။ ပြည်သူလား ဘာလားသေချာမသိရဘူး” လို့ကွတ်ခိုင်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ လေကြောင်းပစ်ခတ်မှုကြောင့် သေဆုံးသူမှာ မည်သူမည်ဝါဖြစ်ကြောင်းမသိရသေးသလို စစ်ဘက်ဆိုင်ရာ ယူနီဖောင်းဝတ်ဆင်ထားခြင်းမရှိဘူးလို့ သူမကပြောပါတယ်။ ဒီမနက် ဗုံးကြဲချခံရတဲ့နေရာတွေဟာ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့တွေ အဓိကတပ်ချနေထိုင်ရာနေရာတွေမှာဖြစ်တယ်လို့ သိရပြီး သတင်းပေးမှုကြောင့် လာရောက်ဗုံးကြဲခြင်းဖြစ်နိုင်လို့ ဒေသခံတွေဘက်က ခန့်မှန်းပါတယ်။ “သတင်းပေးမှုကြောင့် လာပစ်တယ်လို့ ယူဆရတယ်။ ပြီးခဲ့တဲ့ ရက်က ဒီဘက်ကို လက်နက်ကိုင်တပ်ဖွဲ့ဘက်က လူကြီးတစ်ဦးဦးရောက်သလို သတင်းတွေပျံ့နှံ့နေတာဟုတ်တယ်။ အဲလိုကြားတာနဲ့ ဒီလိုဗုံးလာချတာဆိုတော့ သတင်းကြားတာကြောင့်သတင်းပေးမှုကြောင့်လို့ပဲ ယူဆပါတယ်။ အခုသူတို့ ဗုံးချတဲ့နေရာကလည်း TNLA တွေပဲ အဓိက တပ်ချနေတဲ့နေရာဖြစ်တယ်”လို့ ကွတ်ခိုင်ဒေသခံ အမျိုးသမီးက ဆက်ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လဆန်းပိုင်းမှာလည်း ကွတ်ခိုင်မြို့ပေါ် နဲ့ မြို့မစျေးတစ်ခုလုံးကို စစ်ကောင်စီလေကြောင်းနဲ့ ၃ ရက်လောက် ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့ ကွတ်ခိုင်မြို့မစျေးတစ်ခုလုံး ထိခိုက်ပျက်စီး မီးလောင်ပြာကျသွားကာ အရပ်သားလည်း ၂၀ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိခဲ့ပါတယ်။ စက်တင်ဘာလ လဆန်းပိုင်းကစပြီး ရှမ်းမြောက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ ကိုးကန့် MNDAA နဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA တို့ ထိန်းချူပ်နေတဲ့ဒေသနေရာဒေသတွေကို စစ်ကောင်စီက လေကြောင်းပစ်ခတ်မှု ဆက်တိုက်ပြုလုပ်နေတာဖြစ်ပြီး အဓိက အများပြည်သူနဲ့သက်ဆိုင်ရာ ဘာသာရေးအဆောက်အဦးတွေ များစွာထိခိုက်ပျက်စီးမှုရှိနေတာဖြစ်ပါတယ်။ ဒါကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့လည်း စစ်တပ်ရဲ့လေကြောင်းရန်ကနေ ကာကွယ်ရန်နဲ့ အရပ်သားနဲ့သက်ဆိုင်တဲ့ နေရာတွေ၊ ဘာသာရေးအဆောက်အဦးတွေနားမှာ တပ်ချနေထိုင်တာမျိုးတွေရှောင်ရှားပေးရန် ရှမ်းမြောက်ပြည်သူလူထုတွေတောင်းဆိုနေကြပါတယ်။ By – ဂျာဘောက်ရာ
Read More » -
Sep- 2024 -24 Septemberသတင်း
ကျားဖြန့်အွန်လိုင်းငွေလိမ်လှယ်ဂိုဏ်းကို ဖမ်းဆီးစစ်ဆေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပြည်သူ့စစ်ကြား ပစ်ခတ်မှုရှိနေ
ရှမ်းမြောက် မူဆယ်မြို့ကျားဖြန့် အွန်လိုင်းငွေလိမ်လှယ်ဂိုဏ်းကို ဝင်ရောက်စစ်ဆေးဖမ်းဆီးနေတဲ့ စစ်ကောင်စီတပ်ကို ဒေသပြည်သူ့စစ်အဖွဲ့က ပစ်ခတ်တိုက်ခိုက်တာတွေလုပ်နေတယ်လို့ ဒေသခံတွေပြောပါတယ်။ စက်တင်ဘာလ ၂၃ ရက် နေ့လည် ၁၂ နာရီဝန်းကျင် မူဆယ်မြို့ မင်္ဂလာမူဆယ်ဝင်းကျားဖြန့် အွန်လိုင်းငွေလိမ်လှယ်ဂိုဏ်းက ဝန်ထမ်းတွေကို စစ်ကောင်စီတပ်တွေ ဝင်ရောက်စစ်ဆေးဖမ်းဆီးချိန် ပစ်ခတ်မှုစတင်ဖြစ်တာလို့ မူဆယ်ဒေသခံတွေက ကချင်သတင်းဌာန kNG ကို ပြောပါတယ်။ “ကျားဖြန့်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကလိုက်လံ ဖမ်းဆီးစစ်ဆေးတယ်။ အဲဒီမှာ ပြည်သူ့စစ်တွေဘက်တုန့်ပြန်ပစ်ခတ်တာတွေကြောင့် ပစ်ခတ်မှုဖြစ်ပွားနေတယ်။ မနေ့ညအထိ ပစ်ခတ်နေကြတုန်းပဲ။ စစ်တပ်ဘက်က လိုက်လံဖမ်းဆီးချိန် ပြည်သူ့စစ်ဘက်က ပစ်ခတ်တိုက်ခိုက်တာကြောင့် အသံတွေဆက်တိုက်တော့ကြားနေရတယ်။” လို့ မူဆယ်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ စက်တင်ဘာလ ၂၃ ရက် နေ့လည် ၁၂ နာရီနောက်ပိုင်းကစပြီး ပစ်ခတ်မှုဆက်တိုက်စတင်လာပြီး ညပိုင်း ၁၀ နာရီဝန်းကျင်အထိ ပစ်ခတ်သံတွေဆက်တိုက်ကြားနေရတယ်လို့ သူကဆက်ပြောပါတယ်။ လတ်တလော မူဆယ်မြို့ မန့်ဝိန်းနဲ့ စွမ်စော်ရပ်ကွက် ခူးဝိန်းနယ်မြေမှာရှိတဲ့ ကျားဖြန့်ရုံအွန်လိုင်းငွေလိမ်လှယ်ဂိုဏ်းတွေကို စစ်ကောင်စီဘက်ကလိုက်လံစစ်ဆေးဖမ်းဆီးခဲ့ရာ မြန်မာနိုင်ငံသားနဲ့ တရုတ်နိုင်ငံသားအပါအဝင် စုစုပေါင်း ကျားဖြန့်လုပ်သူ လူဦးရေ ၈၀၀ ခန့် ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ မူဆယ်မြို့ဟာ လောင်းကစားရုံတွေနဲ့ ကျားဖြန့်လုပ်ငန်းတွေ လွတ်လပ်စွာနဲ့ပိုမိုသိသာထင်ရှားစွာလုပ်ဆောင်နိုင်နေတဲ့ တရုတ်–မြန်မာနယ်စပ်မြို့ဖြစ်ပြီး တစ်ဖက်မှာ ဒေသခံပြည်သူ့စစ်တပ်ဖွဲ့တွေလည်းအင်အားတောင့်တင်းတဲ့နေရာတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်နေ့ကလည်း မူဆယ်မြို့အလောင်းကစားရုံတစ်ခုမှာ လောင်းကစားဆော့ရင်းပြည်သူ့စစ်တပ်ဖွဲ့တွေအချင်းချင်း ပြဿနာဖြစ်ပွားပြီး ပစ်ခတ်တိုက်ခိုက်မှုတိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။ “ကျနော်တို့ဒေသခံပြည်သူတွေက သတိနဲ့ပဲအမြဲနေနေတယ်။ ဘေးပတ်ဝန်းကျင်တစ်ခုလုံးက တော်လှန်ရေးတပ်ဖွဲ့တွေလည်းအားလုံးရှိနေကြတော့ ဘယ်အချိန်မှာ ဘယ်လိုထပ်ဖြစ်လာမယ်ဆိုတာမသိနိုင်ပဲ သတိနဲ့ပဲနေနေတယ်။ ဒီမှာက စစ်တပ်လည်းအရင်ကအတိုင်းပဲ ၊ ပြည်သူ့စစ်တွေလည်း နဂိုအတိုင်းပဲအားလုံး ဒီလိုပဲရှိနေကြတယ်။ ကျားဖြန့်လုပ်ငန်းတွေအလောင်းကစားတွေက ပိုပြီးပေါ်ပေါ်ထင်ထင်လွတ်လွတ်လပ်လပ်ရှိလာကြတာကိုတော့ တွေ့ရတယ်။ နယ်စပ်မြို့ဆိုတော့ ဒုစရိုက်အရမ်းများတယ်။” လို့ မူဆယ်မြို့ဒေသခံက ဆက်ပြောပါတယ် ဩဂုတ်လကုန်ပိုင်း မူဆယ်မြို့နဲ့ နီးကပ်စွာမြောက်ပိုင်းညီနောင်မဟာ မိတ်တပ်ဖွဲ့တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော်KIA စသဖြင့်တော်လှန်ရေးတပ်ဖွဲ့တွေ စစ်ရေးလှုပ်ရှား ချဉ်းကပ်လာမှုကြောင့်စစ်ရေးတင်းမာလာခဲ့ပြီး ဂျေဂေါင်၊ရွှေလီဘက်ခြမ်းမှာ တရုတ်ဘက်ကစစ်ရေးလေ့ကျင့် လှုပ်ရှားပြတာတွေ ပြုလုပ်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလက စတင်ခဲ့တဲ့မြောက်ပိုင်းညီနောင်မဟာမိတ်တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ရှမ်းမြောက်တစ်ခုလုံးသိမ်းပိုက်လိုက်ပြီး မူဆယ်မြိုတစ်ခုကိုသာကျန်ရှိတာလည်း ဖြစ်ပါတယ်။ By – ဂျာဘောက်ရာ
Read More » -
Apr- 2024 -30 Aprilသတင်း
ကွတ်ခိုင် – မူဆယ် ကားလမ်းမကြီးပေါ်ရှိ ရွာ ၃ ရွာမှာ KIO အစိုးရ အမှိုက်များရှင်းလင်းပေး
ကွတ်ခိုင် – မူဆယ် ကားလမ်းမကြီးပေါ်ရှိ ကျေးရွာ ၃ ရွာမှာ ကချင်လွတ်လပ်ရေးအစိုးရအဖွဲ့ KIO က ပထမဦးဆုံးအကြိမ် ပတ်ဝန်းကျင်သန့်ရှင်းရေး အမှိုက်တွေကို ရှင်းလင်းပေးခဲ့ကြတယ်လို့ သိရပါတယ်။ အမှိုက်ပေါများလာတာနဲ့အမျှ လေထုညစ်ညမ်းမှုလည်း ပိုဆိုးရွားလာတာကြောင့် အိမ်မွေးတိရိစ္ဆန်တွေမှာ ကူးစက်ရောဂါအဖြစ်များလာနေတယ်လို့ ဒေသခံတွေက…
Read More » -
19 Aprilသတင်း
ကွတ်ခိုင်မြို့မှာ KIA အနေနဲ့ ရုံးဖွင့်အခြေချလိုပါက ခွင့်တောင်းရမယ်လို့ဆို
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA သိမ်းပိုက်နေရာယူထားတဲ့ ကွတ်ခိုင်မြို့မှာ KIA အနေနဲ့ ရုံးဖွင့်အခြေချလိုပါက ခွင့်တောင်းရမယ်ဆိုတဲ့ ပြောဆိုချက်အပေါ် ကချင်ဒေသခံတွေက မေးခွန်းထုတ်နေကြပါတယ်။ ပြီးခဲ့တဲ့ ဧပြီ လ ၁၀ ရက် နဲ့ ၁၂ ရက်နေ့မှာ ကွတ်ခိုင်ရှိ…
Read More » -
Mar- 2024 -29 Marchသတင်း
မူဆယ်က ကျားဖြန့်လုပ်ငန်းတွေ ဝင်ရောက်စီးနင်း ခံရပြီး တရုတ်နိုင်ငံသား အပါအဝင် လူဦးရေ ၇၀၀ နီးပါး ဖမ်းဆီးခံထားရ
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်ထဲက အွန်လိုင်းကျားဖြန့်လုပ်ကိုင်တဲ့နေရာတွေကို စစ်ကောင်စီတပ်ကဝင်ရောက်စီးနင်းခဲ့ပြီး မြန်မာနိုင်ငံသား ၄၀၀ ဝန်းကျင်နဲ့ တရုတ်နိုင်ငံသား ၂၇၀ ကျော်ထိန်းသိမ်းခံထားရတယ်လို့ မူဆယ်ဒေသခံတွေဆီကသိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ၂၇ ရက်နေ့ ညပိုင်းကစလို့ မူဆယ်မြို့နယ်ထဲမှာရှိတဲ့ အွန်လိုင်း ကျားဖြန့်လုပ်ငန်း နေရာတွေကို စစ်ကောင်စီတပ်က…
Read More » -
Feb- 2024 -12 Februaryသတင်း
ကိုးကန့်တပ်ဟာ KIA နဲ့ SSA အဖွဲ့ကိုကြူကုတ်ပန်ဆိုင်းထဲ လုံးဝ ဝင်ခွင့်မပြုကြောင်းပြောဆို
ရှမ်းမြောက် မူဆယ်မြို့နယ် ပန်ဆိုင်း(ကြူကုတ်) မြို့ထဲ ကချင်လွတ်လပ်ရေးတပ်မတော် KIO/KIA နဲ့ ရှမ်းပြည်တပ်မတော် SSPP / SSAကို လုံးဝ ဝင်ခွင့်မပြုဘူးဆိုတဲ့အကြောင်း ပန်ဆိုင်းဒေသခံတွေကို ခေါ်ယူပြီး အစည်း အဝေးကျင်းပခဲ့တယ်လို့ ဒေသခံတွဆီကနေ သိရပါတယ်။ က်ိုးကန့်…
Read More » -
Dec- 2023 -14 Decemberသတင်း
မူဆယ် ၁၀၅ မိုင်မှာ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး စစ်တပ်ဘက်ကလည်း လေကြောင်းအသုံးပြုတိုက်ခိုက်
ရှမ်းပြည်မြောက်ပိုင်း မူဆယ်၁၀၅ မိုင်မှာ ညီနောင်မဟာမိတ် ၃ ဖွဲ့ နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့အကြားတိုက်ပွဲတွေပြင်းထန်နေသလို စစ်တပ်ဘက်ကလည်း လေကြောင်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှု ၂ ကြိမ်လုပ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဒီကနေ့ ဒီဇင်ဘာလ ၁၄ ရက်နေ့ မနက်ပိုင်းကတည်းက တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေတာဖြစ်ပြီး…
Read More » -
Nov- 2023 -28 Novemberသတင်း
လားရှိုး-မူဆယ်ပြည်ထောင်စုလမ်းမကြီး သွားလာခွင့်ပိတ်လိုက်တဲ့နောက် နမ့်ဖတ်ကာရွာက ဒေသခံပြည်သူတွေ အစစအရာရာခက်ခဲနေ
ရှမ်းပြည်မြောက်ပိုင်း လားရှိုး-မူဆယ်ပြည်ထောင်စုလမ်းမကြီး သွားလာခွင့်ပိတ်ထားလိုက်တဲ့နောက် နမ့်ဖတ်ကာရွာက ဒေသခံ ပြည်သူတွေဟာ လုံခြုံရေးနဲ့စားနပ်ရိက္ခာအတွက် စိုးရိမ်နေကြရတယ်လို့ နမ်ဖတ်ကာပြည်သူတွေက ပြောပါတယ်။ ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့ကစပြီးလားရှိုး-မူဆယ်ပြည်ထောင်စုလမ်းမကြီး မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ကနေ သွားလာခွင့်ပိတ်ထားတဲ့အတွက် တခြားဒေသကို ထွက်ပြေးတိမ်းရှောင်ဖို့ခက်တဲ့ နမ့်ဖတ်ကာဒေသခံတွေဟာ အရေးပေါ်ဖျားနာ လာရင်သွားလာနိုင်ဖို့ခက်ခဲနေသလို စစ်ဖြစ်လာရင်လည်း ထွက်ပြေးဖို့ခက်ခဲတာကြောင့် ကတုတ်ကျင်းတူးပြီးပဲ နေနေရတယ်လို့ ဆိုပါတယ်။ “စစ်တပ်နဲ့နီးတဲ့ အိမ်တွေက ကတုတ်ကျင်းတွေတူးပြီး ပြင်ဆင်နေတယ်။ အခုကလမ်းတွေပိတ်ထားတော့ နမ့်ဖတ်ကာထဲကရွာသားတွေ တော်တော်ခက်တယ်။ အစားအသောက် ဝယ်ယူစားသောက်ဖို့နေရာတွေမရှိတော့ဘူး။ ပြီးရင် လမ်းတွေပိတ်လိုက်တော့ ကျမတို့က အခြားနေရာတွေဆီ ပြေးလို့လည်း မရတော့ဘူး။ဘယ်ကိုမှသွားလို့မရတော့ အသက်ကြီးရွယ်အိုတွေက ဘယ်မှပြေးလို့မရဘူး။” ဟုနမ့်ဖတ်ကာဒေသခံ အမျိုးသမီးတစ်ဦးက…
Read More » -
27 Novemberသတင်း
မူဆယ် လုံခန်စစ်တပ်စခန်းကို MNDAA တိုက်ခိုက်သိမ်းပိုက်
ရှမ်းမြောက် မူဆယ် ၁၀၅ မိုင်နဲ့ နမ့်တောင်းကျေးရွာကြားမှာရှိတဲ့ လုံခန်စစ်ကောင်စီ တပ်စခန်းကို ကိုးကန့် MNDAA သိမ်းပိုက်လိုက်ပြီလို့ မူဆယ်ဒေသခံတွေဆီကနေ သိရပါတယ်။ အဲ့ဒီလုံခန်စစ်ကောင်စီတပ်စခန်းကို နိုဝင်ဘာ ၂၅ ရက်နေ့ကစပြီး ကိုးကန့် MNDAA နဲ့ မဟာ မိတ်ပူးပေါင်းတပ်ဖွဲ့တွေ ဆက်တိုက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲကြာချိန် ၂ ရက်မြောက်နေ့နိုဝင်ဘာ ၂၆ ညနေပိုင်းမှာတော့ သိမ်းပိုက်ရရှိလိုက်ပြီဖြစ်ကြောင်း The Kokang သတင်း page ကထုတ်ပြန်ထားသလို ဒေသခံတစ်ဦး ကလည်း အခုလို ပြောပါတယ်။ “မနေ့ကတော့ ကျမတို့ မုံးပေါ်သွားလမ်း နမ့်တောင်းမရောက်ခင် လုံခန်ရွာအလွန် တောင်ကုန်းမှာ စစ်တပ်စခန်းတစ်ခုရှိတယ်။ အဲ့ဒီတပ်စခန်းကိုတော့ မနေ့က ကိုးကန့်တွေ သိမ်းပိုက်လိုက်ပြဆိုတော့မနေ့ည ၁၀၅ မိုင်ထဲ တော်လှန်ရေးတပ်ဖွဲ့တွေ ပြန်ဝင်ရောက်လာသလိုပဲ။အဲ့ဒါနဲ့ မူဆယ်မြို့အထွက် စစ်တပ်က တစ်ညလုံး လက်နက်ကြီးနဲ့ ပစ်နေတာ။ ကျမတို့ တစ်ညလုံးတောင်မအိပ်ဘူး သတိနဲ့ပဲနေနေတယ်။” လို့ မူဆယ်ဒေသခံအမျိုးသမီးက ပြောပါတယ်။ လုံခန်စစ်တပ်စခန်းဟာ မူဆယ်ကနေ ဆိုင်ကယ်နဲ့ မိနစ် ၂၀ လောက်မောင်း ရတဲ့အကွာမှာရှိတဲ့ စခန်းကြီးတစ်ခုဖြစ်ပြီး မူဆယ်နဲ့ မုံးပေါ်ကြား ဒေသတဝိုက်ကို အဓိကချူပ်ကိုင်ထားတဲ့ စစ်ကောင်စီစခန်းတွေထဲက တစ်ခုအပါအဝင် ဖြစ်ပါတယ်။ အဲ့ဒီတပ်စခန်းကို လက်လွတ်လိုက်ရတဲ့ စစ်ကောင်စီဟာ နိုဝင်ဘာ ၂၆ မနေ့ည ၁၀ နာရီကနေ ၁၂ နာရီလောက်ထိ လေယာဉ် ၄ စီးနဲ့ ၁၀၅ မိုင်အကျော် လုံခန်ရွာနီးတစ်ဝိုက် ဗုံးကြဲခဲ့တဲ့အတွက် ၁၀၅ မိုင်က အသက် ၂၀အရွယ် လူငယ်တစ်ဦး လက်နက်ထိမှန် သေဆုံးသွားပြီး အသက် ၇၀ ကျော်အရွယ် အဘွားအိုတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးက ကားကြီးကွင်းအနီးတစ်လျှောက်ကိုလည်း စစ်တပ်က လေကြောင်းနဲ့ ပစ်ခတ်တာတွေကြောင့် ကုန်ကားတချို့ ထိခိုက်ပျက်စီးသွားတာ ရှိသလို ဆိုင်ခန်းတချို့အပါအဝင်…
Read More » -
14 Novemberသတင်း
ကြူကုတ်၊ ပန်ဆိုင်း ဒေသခံပြည်သူတွေ တရုတ်နယ်စပ် ဝမ်ဒင့်ချောင်းဘက် ထွက်ပြေးတိမ်းရှောင်နေရ
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ကြူကုတ် ပန်ဆိုင်းမြို့နယ်ခွဲ ဒေသတွေမှာ တိုက်ပွဲဆက်လက်ဖြစ်ပွားနေတာကြောင့် ဒေသခံပြည်သူတွေက တရုတ်နယ်စပ် ဝမ်ဒင့်ချောင်းတစ်ဘက်ကမ်းသို့ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။ နိုဝင်ဘာလ ၁ ရက်နေ့ ပန်ဆိုင်း စစ်ကောင်စီ တပ်စခန်းနဲ့ ရဲစခန်းကို မြောက်ပိုင်းမဟာမိတ် ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စခန်းအတွင်း မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့ပြီး ပြန်လည်ထွက်ခွာသွားကြတယ်လို့ ဒေသခံတွေကပြောပါတယ်။ ခုလို မြောက်ပိုင်းမဟာမိတ် ပူးပေါင်းတပ်တွေ ပြန်လည်ထွက်ခွာသွားတဲ့နောက်ပိုင်းမှာ အဲ့ဒီတပ်စခန်းနေရာတွေမှာ စစ်ကောင်စီတပ်ဘက်က စစ်အင်အား ၃၀၀ ဝန်းကျင်လောက် ပြန်လည်ဖြည့်တင်းထားတာကြောင့် ကိုးကန့်တပ်တွေဘက်ကနေ ယာယီတိမ်းရှောင်ကြဖို့ ပြောဆိုထားတာကြောင့် အခုလို ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်တယ်လို့ ဒေသခံအမျိုးသမီး တစ်ယောက်က KNG ကိုပြောပါတယ်။ “ပန်ဆိုင်းဒေသက အရမ်းကို စိုးရိမ်ရတဲ့ အခြေအနေမှာ ဖြစ်သွားပြီ။ ကိုးကန့်တပ်တွေက စစ်ရှောင်ကြဖို့ ဒေသခံတွေကို ပြောဆိုထားတဲ့အတွက် အခုပြည်သူတွေက တရုတ်နယ်စပ် ဝမ်ဒင့် ချောင်းဘက်ကို တိမ်းရှောင်နေကြရတယ်”လို့ပြောပါတယ်။ အောက်တိုဘာလ ၃၀ ရက်နေ့ ပန်ဆိုင်း စစ်ကောင်စီတပ်စခန်းနဲ့ ရဲစခန်း ၂ ခုစလုံး ဝင်ရောက်တိုက်ခိုက်ခံရမှုမှာ စစ်ကောင်စီ တပ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တစ်ချို့ဟာ အရပ်သားပြည်သူတွေရှိတဲ့နေရာဘက်မှာ အကာအကွယ်ယူ ထွက်ပြေးတိမ်းရှောင် လွတ်မြောက်ခဲ့ကြပြီး အခုလိုပြန်ပြီး အင်အားဖြည့်တင်းထားတာဖြစ်တယ်လို့ ပြောပါတယ်။ “ကိုးကန့်တပ်တွေ လာပစ်ကြတဲ့အချိန်မှာ စစ်သားနဲ့ရဲတွေက ကျနော်တို့ ပြည်သူတွေရှိတဲ့ ဘက်ကို အကာအကွယ်ယူ လွတ်မြောက်သွားကြတယ်။ သူတို့ရဲ့ တပ်စခန်းတွေထဲမှာ မဟာမိတ်တပ်တွေက ဝင်ရောက်မီးရှို့သွားတာတွေ လုပ်ပြီးတော့ ပြန်ခေါက်သွားကြတယ်။ သူတို့ပြန်သွားကြတာနဲ့ စစ်တပ်နဲ့ရဲတွေက ပြန်ဝင်သွားကြတယ်”လို့ဆက်ပြောပါတယ်။ လက်ရှိ ပန်ဆိုင်း စစ်ကောင်စီ တပ်စခန်းနေရာမှာ အင်အား ၃၀၀ ဝန်းကျင်လောက် အင်အား ဖြည့်တင်းထားတဲ့အထဲ မုံကို ဖောင်းဆိုင်ဘက်ကနေ ထွက်ပြေး လာတဲ့ စစ်ကောင်စီတပ်သားတွေလည်း စုပေါင်းလာရောက်နေထိုင်ထားတာဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် ပထမအကြိမ် သွားရောက်တိုက်ခိုက် ပျက်ဆီးခဲ့တဲ့ ပန်ဆိုင်း စစ်ကောင်စီတပ်စခန်းမှာ စစ်ကောင်စီအင်အားအလုံးအရင်း ပြန်လည် တပ်ချထားတာကြောင့် ပြန်လည်တိုက်ခိုက်ဖို့ရန်အတွက် မဟာမိတ်ပူးပေါင်းတပ်တွေက ဒေသခံပြည်သူတွေကို ယာယီခဏ တိမ်းရှောင်နေထိုင်ကြဖို့ ပြောဆိုထားတာဖြစ်တယ်လို့ ဆက်သိရပါတယ်။ အောက်တိုဘာလ ၃၀ ရက်နေ့ ပန်ဆိုင်း စစ်ကောင်စီတပ်စခန်းနဲ့ ရဲစခန်းကို ကိုးကန့်တပ်နဲ့ KNO အထူးတပ်မဟာ ၁၀၈ ပူးပေါင်း တပ်တွေ သွားရောက်တိုက်ခိုက်မှုမှာ စစ်ကောင်စီ တပ်ဘက်က ထိခိုက်သေဆုံးမှုများပြားခဲ့တာ လည်းဖြစ်ပါတယ်။ ရှမ်းမြောက်ပိုင်း ဒေသမှာ အောက်တိုဘာလ ၂၇ ရက်နေ့ကစပြီး မြောက်ပိုင်းမဟာမိတ်ပူးပေါင်းတပ်တွေက ၁၀၂၇ စစ်ဆင်ရေး ခေါင်စဉ်နဲ့ စစ်ကောင်စီရဲ့ စခန်းသိမ်းတိုက်ပွဲများ ဆင်နွှဲခဲ့တာဖြစ်ပြီး လက်ရှိမှာ စစ်ကောင်စီရဲ့ စခန်း ပေါင်း ၁၀၀ ကျော်လောက် တိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More »