သတင်း

ကွတ်ခိုင် – မူဆယ် ကားလမ်းမကြီးပေါ်ရှိ ရွာ ၃ ရွာမှာ KIO အစိုးရ အမှိုက်များရှင်းလင်းပေး

ကွတ်ခိုင်မူဆယ် ကားလမ်းမကြီးပေါ်ရှိ ကျေးရွာ ၃ ရွာမှာ ကချင်လွတ်လပ်ရေးအစိုးရအဖွဲ့ KIO က ပထမဦးဆုံးအကြိမ် ပတ်ဝန်းကျင်သန့်ရှင်းရေး အမှိုက်တွေကို ရှင်းလင်းပေးခဲ့ကြတယ်လို့ သိရပါတယ်။

အမှိုက်‌ပေါများလာတာနဲ့အမျှ လေထုညစ်ညမ်းမှုလည်း ပိုဆိုးရွားလာတာကြောင့် အိမ်မွေးတိရိစ္ဆန်တွေမှာ ကူးစက်‌ရောဂါအဖြစ်များလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ‌ကြောင့် KIO အစိုးရအဖွဲ့တွေဟာ ဒေသခံတွေနဲ့ပူးပေါင်းပြီး လေထုညစ်ညမ်းမှူအပြင် မီးဘေးအန္တရာယ်ကာကွယ်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဧပြီ ၃၀ ရက် ဒီနေ့ မနက် ၇ နာရီကစ ၁၀ နာရီအထိ အမှိုက်ရှင်းလင်းရေး လုပ်ဆောင်ခဲ့ကြတယ်လို့ သန့်ရှင်းရေးပါဝင်သူတစ်ဦး ကချင်သတင်းဌာနကို ပြောပါတယ်။  

ဘေးပတ်ဝန်းကျင် သန့်ရှင်းလုပ်ဆောင်ခြင်းက ဒီတစ်ခေါက်က ပထမဦးဆုံး အကြိမ်ဖြစ်ပြီ။ ကားလမ်းမဘေးတစ်လျှောက် ကျေးရွာ ၃ ခုကြားက အမိုက်တွေကို ဒီမနက်မှာတော့ ဒေသအုပ်ချူပ်ရေးအဖွဲ့တွေ ဦးဆောင်ပြီး သန့်ရှင်းရေးလုပ်ငန်း ပြုလုပ်တယ်။ အမိုက်အရမ်းများတာကြောင့် တိရစ္ဆာန်တွေ ရောဂါအရမ်းများလာတယ်။ ဒါတွေလျှော့ချဖို့နဲ့ အခုလိုချိန် စိုးရိမ်ရမဲ့ မီးဘေးအန္တရာယ်ကနေ ကာကွယ်နိုင်ဖို့ ရွည်ရွယ်ချက်ဖြစ်တယ်။ လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ကွတ်ခိုင်မြို့နယ် နိန်လွမ်အုပ်စု(Ninglum ninghtawn) ထဲက နမ်မွေကျေးရွာ၊ ကျိုင်လန့်၊ ခိုမုန်း စတဲ့ကျေးရွာ ၃ ရွာမှာ ဒေသခံအုပ်ချူပ်ရေးအဖွဲ့လူအင်အား ၅၀ ဝန်းကျင်နဲ့ KIO အစိုးရအဖွဲ့ပူးပေါင်းပြီး အမိုက်သန့်ရှင်းရေးလုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။

အမှိုက်ရှင်းလင်းရေးလုပ်ငန်းဆောင်ပြီးတာနဲ့ အမိုက်မပစ်ရ တားမြစ်စာတွေလည်း လိုက်လံထားရှိထားပြီလို့ သိရဂပါတယ်။

ကွတ်ခိုင်မြို့နယ်နဲ့ မူဆယ်မြို့နယ်ရှိ KIO အုပ်ချူပ်နယ်မြေထဲ ဘေးပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေး လုပ်ငန်းနဲ့ပတ်သက်ပြီး ကျန်ရှိတဲ့ကျေးရွာတွေထဲလည်း ဆက်ပြီး လုပ်ဆောင်သွားဖို့ရှိတယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး ကျန်ရှိတဲ့ ကျေးရွာတွေများများရှိတယ်။ ဆက်လက်ပြီး ဘေးပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေ ပုံမှန်လုပ်ဆောင်သွားမယ်။ ဒေသကို ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းတွေထဲ ရေချောင်းတွေမှာ ငါးမိုင်းခွဲတာတွေ၊ သတ္တုတုတာတွေကို တားဆီးသွားမယ်။ အရေးယူသွားမယ်။ လက်တွေ့လုပ်ဆောင်သွားဖို့ လုပ်ငန်းတွေအများကြီးရှိပါတယ်ဟု ဒေသထိန်းသိမ်းကာကွယ်ရေးမှာ လက်တွေ့ပါဝင်နေသူ ဒေသခံက ဆက်လက်ပြောဆိုပါတယ်။

ကွတ်ခိုင်မြို့နယ် KIO နိန်လွမ်အုပ်စု(Ninglum ninghtawn) ထဲမှာ ကျေးရွာ ၅ ခုပါဝင်ပါတယ်။ အဲဒီကျေးရွာတွေကတော့ နမ်မွေရွာ၊ ကျိုင်လန့်ရွာ၊ ခိုမုန်း ၊ ခိုမုန်းလီဆူရွာ၊ ဇွပ်ငိုင်ရွာ စတဲ့ကျေးရွာတွေဖြစ်ပါတယ်။

ရှမ်းမြောက် (Kachin Sub-state) ကွတ်ခိုင် နဲ့ မူဆယ်ကြား နမ့်ဖတ်ကာ၊ နမ့်ခိုင် စတဲ့နေရာတွေကို ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းက ကချင်လွတ်လပ်ရေးတပ်မတော် KIA က တိုက်ခိုက်သိမ်းပိုက်ထားတာဖြစ်ပါတယ်။

လက်ရှိ ကချင်လွတ်လပ်ရေး အစိုးရအဖွဲ့ (KIO/KIA) ဘက်က မိမိထိန်းချူပ်ရာနယ်မြေတွေထဲ လက်တွေ့အုပ်ချူပ်ရေးယန္တရားတွေလည်ပတ်နေပြီး ဒေသခံထိန်းသိမ်းရေးလုပ်ငန်းတွေကိုလည်း စတင်လုပ်ဆောင်နေပြီပဲဖြစ်ပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button