မြစ်ကြီးနား
-
Mar- 2024 -9 Marchသတင်း
တိုက်ပွဲကြောင့် မြစ်ကြီးနား-ပူတာအို ကားလမ်းပိုင်းရက်အကန့်အသတ်မရှိ ပိတ်ထား
မြစ်ကြီးနား–ပူတာအို ကားလမ်းပိုင်းမှာ စစ်ကောင်စီတပ် နဲ့ KIA ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ပူတာအို –မြစ်ကြီးနားကားလမ်းပိုင်းကို မနေ့ညပိုင်းကစပြီး ရက်အကန့်အသတ်မရှိ ပိတ်ထားတယ်လို့ ပူတာအိုမြို့ ဂိတ်မှူးတစ်ဦးက KNG ကို ပြောပါတယ်။ “ပူတာအိုမြစ်ကြီးနား ကားလမ်းပိုင်းမှာမနေ့ညကစပြီး သေနတ်သံတွေစကြားရတာပဲ မနေ့ညပိုင်းကနေ လမ်းပိတ်မယ်လို့ ပြောတယ်။ အဲ့ကြောင့် ဒီနေ့တော့ မြစ်ကြီးနားဆင်းမယ့် ကားဆရာတွေကို မဆင်းခိုင်းတော့တာ…
Read More » -
9 Marchသတင်း
ဝိုင်းမော်တိုက်ပွဲမှာ ဒေသခံ တစ်ထောင်ကျော် ပိတ်မိနေ
တိုက်ပွဲကြောင့် ဝိုင်းမော်မြို့နဲ့ မြစ်ကြီးနားဘက်သွားလမ်းတွေပိတ်ထားပြီး အောင်မြေ ၁ ၊ အောင်မြေ ၂ နဲ့ ရွှေညောင်ပင် အနီးတဝိုက်က ကျေးရွာဒေသခံ ပြည်သူ တစ်ထောင်ကျော် ထွက်လို့မရပဲ ပိတ်မိနေတယ်လို့ အောင်မြေ ၁ ဒေသခံတစ်ဦးက ပြောပါတယ်။ “ရွာသားတွေလည်း ထွက်လို့မရတော့…
Read More » -
8 Marchသတင်း
ဒေါ့ဖုန်းယန်မြို့တွင်းအခြေစိုက် ခလရ ၁၄၂ တပ်စခန်း အလံဖြူထောင် လက်နက်ချ
မြစ်ကြီးနား – ဗန်းမော်ကားလမ်းမပေါ် ၊ စစ်ကောင်စီတပ်ရဲ့ ဒေါ့ဖုန်းယန် (Hangkai Bum) ခလရ ၁၄၂ တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်တော် KIA က ဒီကနေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်လောက်မှာ ထပ်မံသိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒေါ့ဖုန်းယန် ခလရ ၁၄၂ တပ်ရင်းကို KIA ပူးပေါင်းတပ်တွေက မတ်…
Read More » -
7 Marchသတင်း
KIO လိုင်ဇာအနီးတဝိုက်ရှိ စစ်ကောင်စီတပ်ရဲ့ ဗျူဟာမြောက်တပ်စခန်းတွေကို KIA ဝင်ရောက်တိုက်ခိုက်နေ
မြစ်ကြီးနား – ဗန်းမော် ကားလမ်းမပေါ် ဒေါ့ဖုန်းယန်အပါအဝင် နွမ်လန့်(Numlang) ကုန်းလော(Kunglaw)တစ်လျှောက် စစ်ကောင်စီတပ်စခန်း နေရာတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က စခန်းသိမ်းတိုက်ပွဲအဖြစ် ထိုးစစ်ဆင်တိုက်ပွဲဆင်နွှဲနေပြီလို့ သိရပါတယ်။ မတ်လ ၇ ရက်နေ့ ဒီကနေ့ မနက်ပိုင်း…
Read More » -
6 Marchသတင်း
မြစ်ကြီးနားမြို့မှာ စစ်ကောင်စီက အရပ်သားတစ်ချို့ဖမ်းဆီးသွား
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အေးစေတီရပ်ကွက်မှာ အရပ်သားတစ်ချို့ဖမ်းဆီးခံရတယ်လို့ အမည်မဖော်လို့တဲ့ သတင်းရင်းမြစ်တစ်ဦးဆီကနေ သိရပါတယ်။ မတ်လ ၅ ရက်နေ့ ညနေ ၆ ခွဲဝန်းကျင် အေးစေတီရပ်ကွက် ဖက်တီးမ စားသောက်ဆိုင်နဲ့ စာသင်ကျောင်းနားက လောင်းကစားရုံတစ်ခုမှာ စစ်ကောင်စီဘက်က ကားသုံးစီးနဲ့ရောက်လာပြီး…
Read More » -
Feb- 2024 -28 Februaryသတင်း
မြစ်ကြီးနား-ချီဖွေလမ်းပိုင်း ဂိတ်တွေမှာ ဆန်နဲ့ စက်သုံးဆီ သယ်ယူဖို့ ပိုခက်ခဲလာ
မြစ်ကြီးနား–ချီဖွေ သွားလမ်းပိုင်း ဂိတ်တွေမှာ အစစ်အဆေးတွေများပြီး ဆန်နဲ့ စက်သုံးဆီတွေ သယ်ယူခွင့် ပိုမို ခက်ခဲလာတယ်လို့ ဒေသခံတွေ ကပြောပါတယ်။ ခုလို စစ်ဆေးရေး ပိုတင်းကြပ်လာတာ ဒီနှစ်လဆန်းပိုင်းကနေ ပိုပြီးဆိုးရွားလာတာဖြစ်တယ်လို့ ချီဖွေဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။ “ဆန်တွေက…
Read More » -
17 Februaryသတင်း
ဖားကန့်သွားလမ်းမှာ စစ်တပ်က တပ်သားသစ်ဖမ်းဆီးတာတွေစနေပြီလို့ဆို
မြစ်ကြီးနား – ဖားကန့်သွားလမ်း တစ်လျှောက်စစ်ဆေးရေးဂိတ်တွေမှာ စစ်တပ်က ခရီးသွားပြည်သူတွေကို တပ်သားသစ်အဖြစ် ပေါ်ပေါ်တင်တင်ဖမ်းဆီး ခေါ်ဆောင်တာတွေ စလုပ်နေပြီလို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ဖေဖော်ဝါရီ ၁၆ ရက်နေ့ မနေ့မနက် ၁၀ နာရီဝန်းကျင် မြစ်ကြီးနား– ဖားကန့်သွားလမ်း…
Read More » -
12 Februaryသတင်း
ချစ်သူနဲ့ အဆင်မပြေရာကနေ ရေနစ်သေဆုံးမှုဖြစ်ပွား
မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက် ဧရာဝတီမြစ်မှာ အမျိုးသားတစ်ဦး မိမိကိုယ်ကို ရေနစ်ကာ အဆုံးစီရင်မှုဖြစ်ပွားခဲ့တယ်လို့ ဧရာဝတီဂရုဏာလူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်လောက်မှာ သေဆုံးသွားသူက သူငယ်ချင်းတွေနဲ့အတူ မန်ခိန်ရပ်ကွက် အရိန်နာဘားဆိုင်မှာ…
Read More » -
12 Februaryသတင်း
မြစ်ကြီးနားမြို့မှာ အိမ်လေးလုံးမီးလောင်မှုဖြစ်ပွား
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စံပြရပ်ကွက်မှာ အိမ်လေးလုံးမီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း(ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့) အသင်းကနေ သိရပါတယ်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညနေ ၄နာရီဝန်းကျင် အာဆီဘုရားကျောင်းရှေ့ တပ်ကုန်းစံပြလမ်းဘေးနားရှိ သံတိုသံစရောင်းဝယ်တဲ့အိမ်ကနေ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ လူမှုကယ်ဆယ်ရေးအသင်း(ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့)…
Read More » -
8 Februaryသတင်း
မြစ်ကြီးနားမှာ ကားတစ်စီးနဲ့ ငွေသားသိန်း ၈၀ ကျော် ဓါးပြတိုက်ခံရ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်မှာ အမျိုးသား ၄ ယောက်က ကားတစ်စီးအပါငွေသား သိန်း ၈၀ ကို ဓါးပြတိုက်သွားတယ်လို့ ကားပိုင်ရှင်ဆီကနေသိရပါတယ်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၆ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်ခန့် ကားပိုင်ရှင်အမျိုးသားဖြစ်တဲ့…
Read More »









