သတင်း

မြစ်ကြီးနားမြို့မှာ စစ်ကောင်စီက အရပ်သားတစ်ချို့ဖမ်းဆီးသွား

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အေးစေတီရပ်ကွက်မှာ အရပ်သားတစ်ချို့ဖမ်းဆီးခံရတယ်လို့ အမည်မဖော်လို့တဲ့ သတင်းရင်းမြစ်တစ်ဦးဆီကနေ သိရပါတယ်။

မတ်လ ၅ ရက်နေ့ ညနေ ၆ ခွဲဝန်းကျင် အေးစေတီရပ်ကွက် ဖက်တီးမ စားသောက်ဆိုင်နဲ့ စာသင်ကျောင်းနားက လောင်းကစားရုံတစ်ခုမှာ စစ်ကောင်စီဘက်က ကားသုံးစီးနဲ့ရောက်လာပြီး ရှောင်တစ်ခင် ဝင်ရောက် ဖမ်းဆီးသွားတာဖြစ်တယ်လို့ သူက အခုလိုပြောပါတယ်။

“သူတို့ဘက်ကတော့ ကားသုံးစီးနဲ့ရောက်လာတာ ဟုတ်တယ် လူကဘယ်နှစ်ယောက် ဖမ်းသွားလဲ မသိဘူး အကုန်းလုံးက ကြောက်တော့ အဲလောက်ထိ သိပ်မကြည့်ရဲ့ဘူးပေါ့” လို့ ဆိုပါတယ်။

အဲဒီလောင်းကစားရုံကတော့ အဓိကအားဖြင့် ဖဲဝိုင်း ဂျင်းဝိုင်း ထောင်ထားတဲ့‌ လောင်းကစားရုံဖြစ်ပြီး အမြဲလူစည်ကားတဲ့နေရာ ဖြစ်တဲ့အပြင် စစ်တပ်က ဝင်ရောက်ဖမ်းဆီးချိန်မှာလည်း လူစည်ကားတဲ့ချိန်ဖြစ်တာကြောင့် ဖမ်းဆီးခံသွားရတဲ့လူဦးရေ တိတိကျကျ သိရဖို့ ခက်တယ်လို့ ဆိုပါတယ်။

အခုလို စစ်တပ်ဘက်က ဖမ်းဆီးတာဟာ လူစုဆောင်းတဲ့ပုံစံမျိုးလည်း ဖြစ်နိုင်တယ်လို့ NBPDF တာဝန်ခံ တစ်ဦးကခုလို သုံးသပ်ပါတယ်။

“သူတို့ဘက်ကနေအခုလို ဖမ်းတာက လောင်းကစား ဥပဒေကြောင့် ဖမ်းတာက မဖြစ်နိုင်ဘူးဗျ။ ဘာလို့လဲ ဆို သူတို့ ခွင့်ပြုလို့ လုပ်နေတဲ့နေရာတွေဘဲလေ ပြီးတော့ အခုဖမ်းတာလည်း စစ်မှုမထမ်းနေရ ဥပဒေ ထွက်ပြီးမှ သူတို့ဘက်က လူစုဆောင်းမဲ့နေရာတွေက အဲလိုနေရာမျိုးတွေဘဲ ရှိလို့လုပ်တာလို့ မြင်မိပါတယ်” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့ကလည်း ရမ်ဘူလမ်းသွယ် ၂၄ ဘက်မှာ စစ်ကောင်စီဘက်က လူငယ်တစ်ချို့ကို ကြိုးတုတ်ပြီးဖမ်းခေါ်သွားခဲ့တာမျိုးလည်း ရှိခဲ့တာ ဖြစ်ပါတယ်။

စစ်တပ်ဘက်က ဖေဖော်ဝါရီလ ၁၀ ရက်နေ့ စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် မြစ်ကြီးနားမြို့အတွင်း ဖမ်းဆီးခံရသူတွေ ဆက်တိုက်ဖြစ်လာနေတာလည်း ဖြစ်ပါတယ်။

Show More

Related Articles

Back to top button