စစ်ပြေးဒုက္ခသည်များသတင်း

ဝိုင်းမော်တိုက်ပွဲမှာ ဒေသခံ တစ်ထောင်ကျော် ပိတ်မိနေ

တိုက်ပွဲကြောင့် ဝိုင်းမော်မြို့နဲ့ မြစ်ကြီးနားဘက်သွားလမ်းတွေပိတ်ထားပြီး အောင်မြေ ၁  အောင်မြေ ၂ နဲ့ ရွှေညောင်ပင် အနီးတဝိုက်က ကျေးရွာဒေသခံ ပြည်သူ တစ်ထောင်ကျော် ထွက်လို့မရပဲ ပိတ်မိနေတယ်လို့ အောင်မြေ ၁ ဒေသခံတစ်ဦးက ပြောပါတယ်။

ရွာသားတွေလည်း ထွက်လို့မရတော့ ကိုယ်အဆင်ပြေတဲ့နေရာ ပုန်းအောင်နေကြရတယ်။ လမ်းမှာ သွားလာလို့မရတော့တာ။ လေယာဉ်နဲ့လည်း အချိန်ပြည့်လာပစ်နေတယ်။ အခုလည်း ဒရုန်းတွေအရမ်းပျံနေတယ်။ အခုအောင်မြေ ၁ ဘုရားကျောင်းထဲ တစ်ထောင်ကျော်ပြီ။” လို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။

တိုက်ပွဲကြောင့် ရွှေညောင်ပင်ရွာက ဒေသခံပြည်သူ တစ်ထောင်ကျော် အောင်မြေ ၁ ကျေးရွာမှာ ထွက်ပြေးနေပြီး အဲဒီကနေတဆင့် ပြန်လည်ထွက်ပြေးဖို့ လမ်းမရှိတာကြောင့် မိမိနေအိမ်ထဲမှာပဲ ပုန်းအောင်းနေကြရတယ်လို့ ဆိုပါတယ်။

လက်ရှိချိန်ထိ လမ်းကြောင်းတွေ သွားလာလို့မရသေးသလို စစ်တပ်ကလည်း လေကြောင်းအပါအဝင် လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ်နေကြောင်း သိရပါတယ်။

ဒီနေ့ မနက်ပိုင်း စစ်ကောင်စီလက်နက်ကြီးကြောင့် အောင်မြေ ၂ ကျေးရွာက အရပ်သားတစ်ဦး ကတုတ်ကျင်းထဲ ပုန်းအောင်းရင်း အသက်သေဆုံးခဲ့ရသလို နေအိမ်တွေထိခိုက် ပျက်စီးထားတယ်လို့ ဆိုပါတယ်။

အရေးပေါ် ထွက်လမ်းပိတ်သွားတော့ ပိတ်မိနေတယ်။ ဘယ်လိုမှ လုပ်လို့မရဘူး။ အခု ဝိုင်းမော်၊ မြစ်ကြီးနားမြို့ဘက်က အသင်းတော်ဘက်က အခြားတောလမ်းတွေဘက်ကနေဖြစ်ဖြစ် ခေါ်ထုတ်နိုင်ဖို့ ကြိုးစားနေတယ်တော့ပြောတယ်။ ဒါပေမဲ့ လမ်းတွေသွားမရနေတာကြောင့် ခုထိ မရသေးဘူး။ လို့ သူမက ဆက်ပြောပါတယ်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ကလည်း ပိတ်မိနေတဲ့ အဲ့ဒီစစ်ရှောင်တွေကို ခေါ်ထုတ်နိုင်ဖို့ ကြိုးစားနေပေမယ့် လမ်းတွေ ပိတ်နေတာကြောင့် ဒီနေ့ မွန်းလွဲပိုင်း ၃ နာရီထိ ခေါ်ထုတ်နိုင်ခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။ 

အောင်မြေ ၁ ကျေးရွာမှာရှိတဲ့ ပြည်သူ့စစ်အပါအဝင် စစ်ကောင်စီတပ်ဖွဲ့တွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ကနေ တိုက်ခိုက်နေတာဖြစ်ပါတယ်။

ဒါ့အပြင် မြစ်ကြီးနားဗန်းမော် ကားလမ်းမတစ်လျှောက်ရှိ စစ်ကောင်စီတပ်စခန်းတွေကို KIA ပူးပေါင်းတပ်တွေက တိုက်ခိုက်နေတာ ဒီကနေ့ ၃ ရက်မြောက်နေ့ ဖြစ်ပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button