မြစ်ကြီးနား

  • Apr- 2024 -
    29 April
    သတင်း

    မြစ်ကြီးနားအကျဉ်းထောင်က အကျဉ်းဦးစီးဝန်ထမ်း ၅ ဦးကို စစ်ကောင်စီဖမ်းဆီး

    မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်မှာရှိတဲ့ အကျဥ်းထောင်က ထောင်ပိုင်လေး၊ ထောင်ဆေးရုံ ဆရာဝန်အပါအဝင် ထောင်ဝန်ထမ်း ၅ ဦးကို အထူးစုံစမ်းရေးတပ်ဖွဲ့က လာရောက်ဖမ်းဆီးသွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM_) မှတာဝန်ရှိသူ တစ်ဦးက KNG ကို ပြောပါတယ်။ ဧပြီလ ၁၈ရက်နေ့က…

    Read More »
  • 25 April
    သတင်း

    ပူတာအိုမှာဓာတ်ဆီတစ်ပုလင်းကျပ် ၂ သောင်း၊ ငရုပ်သီးတစ်ဗူး ၃၀၀၀ ကျပ်အထိစျေးမြင့်တက်

    ကချင်ပြည်နယ် ပူတာအိုဒေသမှာဓာတ်ဆီတစ်ပုလင်း ကျပ် ၂ သောင်းကျပ်အထိ အခြေခံစားသောက်ကုန်တွေလည်း စျေးအဆမတန်စျေးမြင့်တက်နေတယ်လို့ သိရပါတယ်။ ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်းပိတ်ထားတာ ၁ လကျော်ကြာမြင့်လာပြီးတဲ့အချိန် ပူတာအိုမြို့နယ်မှာ အခြေခံစား သောက်ကုန်နဲ့စက်သုံးဆီပြတ်လပ်လာနေသလို လက်ကျန်သိုလှောင်ရောင်းချသူတွေလည်း အဆမတန်စျေးတင် ရောင်းနေတာကြောင့် လက်ရှိ ဓာက်ဆီတစ်ပုလင်းကျပ် ၂၀၀၀၀ ဝန်းကျင်အထိပေးဝယ်နေရတယ်လို့ ပူတာအိုမြို့ လုံးစွတ်ရပ်ကွက်နေအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ဆီပန့်ဆိုင်တွေကတော့မရောင်းတော့ဘူးပိတ်နေတာ ၂ ပတ်လောက်ရှိနေပြီ အခုက အပြင်ပုလင်းချိန်ဆိုင်လေးတွေ လောက်ပဲ ပုလင်းလေးထောင်ပြီးရောင်းတာ တစ်ပုလင်းကို ၁၇၀၀၀ ရောင်းတာရှိတယ်…

    Read More »
  • 23 April
    ဖမ်းဆီးခံရမှု

    စစ်တပ်ကဖမ်းဆီးသွားတဲ့ မော်ဖောင်းကျေးရွာက ဘာသာရေးဆရာ ၃ ဦးနဲ့ ကျောင်းစောင့် ၂ ဦးလွတ်မြောက်လာ

    မြစ်ကြီးနားမြို့နယ် မော်ဖောင်းကျေးရွာက ဖမ်းခံသွားရတဲ့ ဘာသာရေးဆရာ ၃ ဦးနဲ့ ကျောင်းစောင့် ၂ ဦး လွတ်မြောက်လာပြီလို့ အသင်းတော်နဲ့နီးစပ်သူတွေကနေ သိရပါတယ်။ ဧပြီ ၂၂ ရက် မနေ့ည ၇ နာရီလောက်မှာ ဖမ်းဆီးခံရတဲ့ ဘာသာရေးအမှုတော်ဆောင် ဆရာ ၃ ဦးနဲ့အတူ ကျောင်းစောင့် ၂ ဦး ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG ရဲ့အာမခံချက်နဲ့ လွတ်လာပြီဖြစ်တယ်လို့ မော်ဖောင်းရွာ ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။ “မနေ့ည PCG ကတာဝန်ရှိသူတွေကိုယ်တိုင် ဘုရားကျောင်းဝင်းထိ လာပို့ပြီ အားလုံးလွတ်မြောက်ပြီ။ ဖမ်းထားတဲ့အချိန် စစ်ဆေးရာမှလည်း ခြေပါ၊လက်ပါ မလုပ်ဘူးတဲ့။ ကောင်းကောင်းမွန်မွန်နဲ့ ပြန်လွတ်လာတာပေါ့။ PCG ကနေမှ အာမခံချက်ပေးပြီး လွတ်မြောက်လာပြီ”ဟု နီးစပ်သူအသင်းသားတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်နေ့ည ၁၀ နာခွဲဝန်းကျင် KBC နှစ်ခြင်းခရစ်ယန်ဘုရားထဲမှာရှိနေတဲ့ သင်းအုပ်နဲ့အတူ အမှုတော်ဆောင်ဆရာ ၁ ဦး၊ ကျောင်းစောင့် ၁ ဦးနဲ့ ကတ်သလစ်အသင်းတော်ဘုရားကျောင်းက တရားဟောဆရာနဲ့အတူ နောက်ထပ် ကျောင်းစောင့် ၁ ဦး၊ စုစုပေါင်း ၅ ဦး ကို စစ်တပ်ကဖမ်းခေါ်သွားတာဖြစ်ပါတယ်။…

    Read More »
  • 22 April
    ဖမ်းဆီးခံရမှု

    မော်ဖောင်းရွာက ဖမ်းဆီးခံထားရတဲ့ ဘာသာရေးဆရာ ၃ ဦးနဲ့ကျောင်းစောင့် ၂ ဦး မိသားစုဝင်တွေနဲ့အဆက်သွယ်မရ

    မြစ်ကြီးနားမြို့ မော်ဖောင်းကျေးရွာက ဖမ်းဆီးခံထားရတဲ့ ဘာသာရေးဆရာ ၃ ဦးနဲ့ဘုရား ကျောင်းစောင့် ၂ ဦး ၂ ရက်ကြာလာပေမဲ့ လက်ရှိချိန်ထိ မိသားစုဝင်တွေနဲ့အဆက်သွယ်မရ သေးတဲ့အပြင် ဘယ်နေရာမှာဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတာလည်း မသိရသေးဘူးလို့ ဖမ်းဆီးခံရသူနဲ့ နီးစပ်တဲ့အသင်းသားတွေဆီကနေ သိရပါတယ်။ ဧပြီ ၂၀ ရက်နေ့ ည ၁၀ နာရီခွဲဝန်းကျင် မော်ဖောင်းကျေးရွာ ကချင်နှစ်ခြင်းခရစ် ယာန် KBC အသင်းတော် ဘုရားကျောင်းဝင်းထဲက သင်းအုပ်ဆရာတစ်ပါးနဲ့အတူ အမှု တော်ဆောင်ဆရာ ၁ ဦး၊ ကျောင်းစောင့် ၁ ဦး စုစုပေါင်း ၃ ဦးကို စစ်တပ်ကဖမ်းဆီးသွားတာဖြစ်ပါတယ်။ ဒါ့အပြင် တစ်ဆက်တည်းမှာ မော်ဖောင်းကျေးရွာ ကတ်သလစ်အသင်းတော်ဘုရား ကျောင်းဝင်းထဲက တရားဟောဆရာ ၁ ဦး၊ ကျောင်းစောင့် ၁ ဦးကိုလည်း ထပ်ပြီး ဖမ်းခေါ်သွားတာကြောင့် တစ်ညထဲမှာ ဘာသာရေးခေါင်းဆောင် ၃ ဦး၊…

    Read More »
  • 19 April
    ဖမ်းဆီးခံရမှု

    သိက္ခာတော်ရ ဒေါက်တာ ခလမ်ဆမ်ဆွန်ကို စစ်ဆေးမှု မလုပ်သေးဘဲ အကျယ်ချုပ်ထားဆဲ

    မြစ်ကြီးနားအကျဉ်းထောင်ကနေ လွတ်မြောက်ခဲ့ပေမယ့် တစ်ရက်မပြည့်ခင် ပြန်ပြီးဖမ်းဆီးခံရတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဋ္ဌဟောင်း Rev. Dr Hkalam Sam Son ကို စစ်တပ်က ဒီနေ့ထိ စစ်ဆေးမှု မပြုလုပ်ဘဲ အကျယ်ချုပ်နဲ့ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ မြစ်ကြီးနားအကျဉ်းထောင်ထဲကနေ ဧပြီလ ၁၇ ရက်နေ့ လွတ်မြောက်လာတဲ့ ဆရာတော် ခလမ်ဆမ်ဆွန်ဟာ ဧပြီလ ၁၈ ရက်နေ့ မနက်ပိုင်း ၂ နာရီဝန်းကျင် စစ်တပ်က လုံခြုံရေးအရ ခေတ္တစစ်ဆေးဖို့ဆိုပြီး ပြန်ခေါ်ဆောင်သွားတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေ့ ၁၉ ရက်နေ့အထိ စစ်ဆေးမှုမလုပ်သေးဘဲ ဖမ်းဆီးထားဆဲဖြစ်တယ်လို့ မြစ်ကြီးနားအကျဉ်းထောင်နဲ့ နီးစပ်တဲ့တာဝန်ရှိသူတစ်ဦးက KNG ကို ပြောပါတယ်။ “လုံခြုံရေးအရ ဆိုပြီး ပြန်ခေါ်သွားတယ်။ အခုချိန်အထိ ပြန်လည်စစ်ဆေးတာတို့ ဘာမှမရှိသေးဘူး။ အကျဉ်းဦးစီးကနေ သတ်မှတ်ပေးထားတဲ့ တည်နေရာမှာရှိနေပါတယ်။ မိသားစုတွေနဲ့ကတော့ တွေ့ခွင့်ပေးထားတယ်”လို့ပြောပါတယ်။ ဆရာဒေါက်တာခလာဆမ်ဆွမ်ကို ထပ်မံ ဖမ်းဆီးသွားပြီးနောက် အကျဉ်းထောင်ကိုပို့လိုက်ပြီလို့ သတင်းတွေထွက်ပေါ်နေပေမယ့် လက်ရှိမှာတော့ မြစ်ကြီးနားအကျဉ်းထောင်ဦးစီးရဲ့ သတ်မှတ်ပေးထားတဲ့နေရာမှာ ထိန်းသိမ်းခံထားရတာဖြစ်ပြီး ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG ရဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးလမိုင်ဂွမ်ဂျာလည်း ဆရာခလမ်ဆမ်ဆွန်နဲ့အတူ စောင့်ကြည့်ပေးနေတယ်လို့လည်း သိရပါတယ်။ ခုလို ဆရာဒေါက်တာခလမ်ဆမ်ဆွမ် ပြန်လည်…

    Read More »
  • 19 April
    လူ့အခွင့်အရေးချိုးဖောက်မှု

    မြစ်ကြီးနားမှာ အသက်၂၀ကျော်အရွယ် လူငယ်တစ်ဦးသတ်ဖြတ်မြေမြုပ်ခံရ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အသက်၂၀ကျော်အရွယ် လူငယ်တစ်ဦးသတ်ဖြတ်ပြီး မြေမြုပ်ခံထားရတယ်လို့ မျက်မြင်တွေ့ရှိသူတွေဆီကနေ သိရပါတယ်။ သေဆုံးနေတဲ့လူငယ်ကတော့ ပျောက်ဆုံးနေတာ ၄ ရက်ကြာပြီးနောက် ဧပြီလ ၁၂ ရက်နေ့ မနက်ပိုင်း ၁၁ နာရီခွဲဝန်းကျင် မြစ်ကြီးနားမြို့နယ် နန့်ကွေ့ကျေးရွာဘက် JZ Resort အကျော် (ဒေသအခေါ်)  မိုင်ဒေးကွင်းဆိုတဲ့ တောအုပ်တစ်နေရာမှာ ဒေသခံတွေ ရှာဖွေတွေ့ရှိခဲ့တာဖြစ်တယ်လို့ နန်းကွေ့ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။ “အဲဘက်မှာ ခြံလုပ်တဲ့ခြံပိုင်ရှင်တွေလို့ပြောရမလား သူတို့ဘက်ကနေပြီးတော့ သွားတွေ့တာပေါ့အဲနေရာက လူတွေထင်းတွေဘာတွေလိုက်ကောက်တဲ့…

    Read More »
  • 16 April
    သတင်း

    သင်္ကြန်အကြတ်နေ့တစ်ရက်တည်းမှာဘဲ ယာဉ်တိုက်မှု ၈ကြိမ်ဖြစ်ပွား

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဧပြီလ ၁၅ရက် သင်္ကြန်အကြတ်နေ့တစ်ရက်တည်းမှာဘဲ ယာဉ်တိုက်မှုပေါင်း ၈ကြိမ်ဖြစ်ပွားခဲ့တယ်လို့ မြစ်ကြီးနားမြို့အခြေစိုက် လူမှုကယ်ဆယ်ရေးအသင်းတွေဆီကနေ သိရပါတယ်။ မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းရဲ့ ဖော်ပြချက်မှာတော့ အဝါရောင်အဆင့် ယာဉ်တိုက်မှု ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး ဧရာဝတီဂရုဏာလူမှုကယ်ဆယ်ရေးအသင်းရဲ့ ဖော်ပြချက်မှာတော့ အနီရောင်အဆင့်ယာဉ်တိုက်မှုတစ်ကြိမ်နဲ့ အဝါရောင်အဆင့်ယာဉ်တိုက်မှု…

    Read More »
  • 16 April
    စစ်ရေး

    မြစ်ကြီးနား-ဖားကန့်လမ်းပိုင်းစစ်ရေး အခြေအနေကြောင့်ပိတ်ထားဆဲ

    ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေကြား နှစ်ဖက်စစ်ရေးတင်းမာနေဆဲ ဖြစ်တာကြောင့် မြစ်ကြီးနား– ဖားကန့်ကားလမ်းပိုင်းပိတ်ထားဆဲလို့ ကာကွယ်ရေးတပ်က သိရပါတယ်။ မြစ်ကြီးနား–ဖားကန့်ကားလမ်းပိုင်းမှာရှိတဲ့ နန့်ယားစစ်ကောင်စီတပ်စခန်းကို KIA၊KPDF ပူးပေါင်းတပ်တွေတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် လက်ရှိအချိန်ထိ ယင်းလမ်းပိုင်းမှာ စစ်ရေးတင်းမာမှုတွေရှိနေဆဲဖြစ်တာကြောင့် ဖားကန့်–မြစ်ကြီးနားကားလမ်းပိုင်း…

    Read More »
  • 9 April
    သတင်း

    မြစ်ကြီးနားမြို့မှာ တစ်လအတွင်း ယာဉ်တိုက်မှုပေါင်းအကြိမ် ၇၀ နီးပါးဖြစ်ပွား

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့မတ်လ တစ်လအတွင်း ယာဉ်တိုက်မှုပေါင်း ၇၀ နီးပါး ဖြစ်ပွားခဲ့တယ်လို့ မြစ်ကြီးနားအခြေစိုက်လူမှုကယ်ဆယ်ရေး အသင်းတွေဆီကနေ သိရပါတယ်။ မြစ်ကြီးနား မြို့အခြေစိုက် လူမှုကယ်ဆယ်ရေးအသင်းတွေဖြစ်ကြတဲ့ ဧရာဝတီဂရုဏာလူမှုကယ်ဆယ်ရေး အသင်းရဲ့ဖော်ပြချက်မှာတော့ ယာဉ်တိုက်မှုပေါင်း ၁၀ကြိမ်မှာ သေဆုံးသူ တစ်ဦး၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း…

    Read More »
  • 5 April
    စစ်ရေး

    မြစ်ကြီးနား – မန္တလေးကားလမ်းပိုင်းပိတ်ထားတာကြောင့် ကုန်ကားနဲ့ခရီးသည်ကားရာနဲ့ချီပြီးပိတ်မိနေ

    မြစ်ကြီးနား – မန္တလေးကားလမ်းပိုင်းပိတ်ထားတာကြောင့် ကုန်ကားနဲ့ ခရီးသည်ကားတွေ ရာချီ ပိတ်မိနေတယ်လို့ ခရီးသွားပြည်သူတွေဆီကနေ သိရပါတယ်။ မတ်လ ၃၀ ရက်နေ့ကစပြီး မြစ်ကြီးနား– မန္တလေးလမ်းမပေါ်မှာရှိတဲ့ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူနယ် ဇင်းရွာမှာ စစ်ကောင်စီတပ်တွေနဲ့ PDF တပ်တို့ကြား တိုက်ပွဲပြင်းထန်နေတာကြောင့်  ဧပြီ ၅ ရက်နေ့ ဒီနေ့အထိကားလမ်းပိတ်ထားတာဖြစ်တယ်လို့ PDF တပ်ဖွဲ့ဝင်တစ်ဦးက KNG ကိုပြောပါတယ်။ “ပိတ်ထားတာက အဲ့ကန့်ဘလူနယ်ထဲမှာပဲပိတ်ထားတာ မြစ်ကြီးနားဘက်တက်လာမယ့်သူတွေလည်းတက်လာလို့မရဘူး မြစ်ကြီးနားဘက်ကနေဆင်းလာမယ့်ကားတွေလည်း သွားလို့မရဘူးဖြတ်လို့မရဘူး ဇင်းရွာမှာပိတ်ထားတာ မတ်လ ၃၀ ရက်နေ့ကနေထိတွေ့မှုတွေဖြစ်နေတာလေ။ အဲ့ဇင်းရွာမှာကျတော့ စစ်ကောင်စီတပ်စခန်းတွေရှိတယ် စစ်ကြောင်းထိုးပြီးရွာတွေလည်းမီးရှို့နေတယ် အဲ့ကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ပွဲဖြစ်ရင်ပြည်သူတွေကြားညပ်မှာရယ်အန္တာရာယ်ဖြစ်မှာရယ်စိုးရိမ်တာကြောင့်ပိတ်ထားတယ်”လို့ ပြောပါတယ်။ ရွှေဘိုမြစ်ကြီးနားကားလမ်းပိုင်းကို ဧပြီ ၁ ရက်နေ့မနက်ကနေစပြီးကာကွယ်ရေးတပ်ဖွဲ့တွေက ရက်အကန့်အသတ်မရှိပိတ်ထားတာဖြစ်ပြီး မန္တလေးကနေမြစ်ကြီးနားဘက်တက်မယ့်ကားတွေ စပယ်နံ့သာမှာပိတ်မိနေသလို မြစ်ကြီးနားကနေ မန္တလေးဘက်ကိုဆင်းမယ့်ကားတွေလည်း ပေကြီးရွာထဲမှာပိတ်မိနေတယ်လို့သိရပါတယ်။ “ကောလင်းအထိသွားလို့ရတယ်ဆိုတော့ ကောလင်းအထိသွားကြတယ် အဲ့ဇင်းမှာပိတ်ထားတာဆိုတော့ ပြန်ဖွင့်ရင်အရံသင့်သွားလို့ရအောင်ဆိုပြီး အချိန်ပိုင်းလေးပါ့ဖွင့်ဆိုပြီးတော့သွားကြတာဟိုမှာပဲ ပိတ်မိနေတယ် ကားတွေကတော့ ရာနဲ့ချီပြီးအများကြီးတန်းစီနေတယ်”ခရီးသွားပြည်သူတစ်ဦးက ပြောပါတယ်။ ခုလိုရွှေဘို မြစ်ကြီးနားကားလမ်းပိုင်း တစ်ပတ်ကြာ ပိတ်ထားတာကြောင့် လက်ရှိကချင်ပြည်နယ်အပါအဝင်အင်းတော် ကောလင်းစတဲ့မြို့နယ်တွေထဲမှာ အခြေခံစားသောက်ကုန်တွေစျေးတက်နေပြီးစက်သုံးဆီရှားပါးလာမှုတွေကိုလည်းကြုံတွေ့နေရတယ်လို့သိရပါတယ်။ မန္တလေး– မြစ်ကြီးနားလမ်းမှာ စစ်တပ်နဲ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲကြောင့် ကားလမ်းမကြာခနပိတ်ခံနေရပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာလည်း တစ်ပတ်ဝန်းကျင်ကားလမ်းသွားလာခွင့်ပိတ်ဆို့ထားတဲ့ဖြစ်စဉ်ရှိခဲ့တဲ့အပြင် ဒီတစ်ကြိမ်မှာလည်း အနည်းဆုံး ၁၀ ရက်ထက်ကြာမြင့်နိုင်တယ်လို့ ကားသမားတွေက သုံးသပ်ပြောဆိုနေကြပါတယ်။ By – Zaw Zaw

    Read More »
Back to top button