သတင်း

မြစ်ကြီးနားမြို့မှာ တစ်လအတွင်း ယာဉ်တိုက်မှုပေါင်းအကြိမ် ၇၀ နီးပါးဖြစ်ပွား

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့မတ်လ တစ်လအတွင်း ယာဉ်တိုက်မှုပေါင်း ၇၀ နီးပါး ဖြစ်ပွားခဲ့တယ်လို့ မြစ်ကြီးနားအခြေစိုက်လူမှုကယ်ဆယ်ရေး အသင်းတွေဆီကနေ သိရပါတယ်။

မြစ်ကြီးနား မြို့အခြေစိုက် လူမှုကယ်ဆယ်ရေးအသင်းတွေဖြစ်ကြတဲ့ ဧရာဝတီဂရုဏာလူမှုကယ်ဆယ်ရေး အသင်းရဲ့ဖော်ပြချက်မှာတော့ ယာဉ်တိုက်မှုပေါင်း ၁၀ကြိမ်မှာ သေဆုံးသူ တစ်ဦး၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရဲ့ ဖော်ပြချက်မှာတော့ ယာဉ်တိုက်မှုပေါင်း ၁၂ကြိမ်မှာ သေဆုံးသူတစ်ဦး၊ ချီဆောင်ခြင်းလူမှုကယ်ဆယ်ရေးအသင်းရဲ့ ဖော်ပြချက်မှာတော့ ယာဉ်တိုက်မှုပေါင်း ၅ကြိမ်နဲ့ မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းရဲ့ ဖော်ပြချက်မှာတော့ ယာဉ်တိုက်မှုပေါင်း ၄၂ကြိမ်မှာ အနီရောင်အဆင့်ယာဉ်တိုက်မှုဖြစ်စဉ်()ကြိမ်ဖြစ်ပြီး တစ်လအတွင်း စုစုပေါင်း ယာဉ်တိုက်မှု ၆၉ကြိမ်ထိဖြစ်ပွားခဲ့တာဘဲ ဖြစ်ပါတယ်။

အခုလိုယာဉ်တိုက်မှုတွေ မကြာခနဖြစ်နေရတဲ့ အကြောင်းရင်းကို မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းရဲ့ အဖွဲ့ဝင်တစ်ဦးကခုလိုပြောပါတယ်။

ကျွန်တော်တို့သွားကောက်တဲ့ ထဲမှာတော့နေ့ပိုင်းထက် ညပိုင်းကပိုအဖြစ်များတယ် သောက်စားတာတွေရောပါမှာပေါ့ ပြီးတော့ ယာဉ်စည်းကမ်းလမ်းစည်းကမ်းမလိုက်နာတာတွေ လမ်းဆုံလမ်းဂွတွေမှာ သေချာမမောင်း ဆိုင်ကယ်ဦးထုပ်မစောင်းတာတွေပါတယ်လို့ ဆိုပါတယ်။

ဒါအပြင်ယာဉ်တိုက်မှုတွေက ညပိုင်းနဲ့ သောက်စားမူးယစ်တဲ့ ၂၀ကျော်လူငယ်တွေပိုအဖြစ်များတာ ဖြစ်တယ်လို့ ကချင်ပြည်နယ် အခြေစိုက် လူမှုကယ်ဆယ်ရေး အသင်းတွေဆီကနေ သိရပါတယ်။

ဒီအပေါ်မှာ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့အဖွဲ့ဝင် တစ်ဦးက ယာဉ်တိုက်မှုတွေလျှော့နည်းလာအောင် ပြည်သူတွေအနေနဲ့ လုပ်ဆောင်သင့်တဲ့ အချက်တွေနဲ့ ပက်သက်ပြီး ခုလိုအကြံပြုပါတယ်။

အဲတာနဲ့ ပက်သက်ပြီးတော့က ယာဉ်စည်းကမ်း လမ်းစည်းကမ်းကို သေချာလိုက်နာပြီး ကား ဆိုင်ကယ်တွေမောင်းတဲ့ အချိန်တွေမှာလည်း သောက်စားမူးယစ်ပြီး မောင်းနှင်တာမျိုးကို ရှောင်ကြဉ်နိုင်ရင်တော့ ပိုမိုကောင်းမွန်လာပြီး ယာဉ်တိုက်မှုတွေလည်း လျှော့နည်းလာမယ်လို့ မြင်မိတယ်လို့ ဆိုပါတယ်။

မြစ်ကြီးနား မြို့မှာ ၂၀၂၄ခုနှစ်ကစပြီး ဇန်နဝါရီလတစ်လအတွင်း ယာဉ်တိုက်မှုပေါင်း ၅၀ကျော်မှာ သေဆုံးသူ ၄ဦးနဲ့ ဖေဖော်ဝါရီလမှာတော့ ယာဉ်တိုက်မှုပေါင်း ၃၄ကြိမ်မှာ သေဆုံးသူ ၄ဦးထိရှိခဲ့တာဘဲ ဖြစ်ပါတယ်။

By – Hope

Show More

Related Articles

Back to top button