သတင်း

သင်္ကြန်အကြတ်နေ့တစ်ရက်တည်းမှာဘဲ ယာဉ်တိုက်မှု ၈ကြိမ်ဖြစ်ပွား

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဧပြီလ ၁၅ရက် သင်္ကြန်အကြတ်နေ့တစ်ရက်တည်းမှာဘဲ ယာဉ်တိုက်မှုပေါင်း ၈ကြိမ်ဖြစ်ပွားခဲ့တယ်လို့ မြစ်ကြီးနားမြို့အခြေစိုက် လူမှုကယ်ဆယ်ရေးအသင်းတွေဆီကနေ သိရပါတယ်။

မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းရဲ့ ဖော်ပြချက်မှာတော့ အဝါရောင်အဆင့် ယာဉ်တိုက်မှု ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး ဧရာဝတီဂရုဏာလူမှုကယ်ဆယ်ရေးအသင်းရဲ့ ဖော်ပြချက်မှာတော့ အနီရောင်အဆင့်ယာဉ်တိုက်မှုတစ်ကြိမ်နဲ့ အဝါရောင်အဆင့်ယာဉ်တိုက်မှု ၂ ကြိမ်ထိ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့အဖွဲ့ နဲ့ ချီဆောင်ခြင်း လူမှုကယ်ဆယ်ရေးအသင်း ဖော်ပြချက်မှာတော့ အဝါရောင်အဆင့် ယာဉ်တိုက်မှုတစ်ကြိမ်စီ ဖြစ်ပွားခဲ့တယ်လို့သိရပြီး သင်္ကြန်အကြတ်နေ့ တစ်ရက်တည်းမှာဘဲ ယာဉ်တိုက်မှုပေါင်း ၈ကြိမ်တိတိ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ယာဉ်တိုက်မှုဖြစ်သူတွေအသက် ၂၀ကျော် အရွယ် လူငယ်တွေဖြစ်ပြီး သောက်စားမူးယစ်ပြီး မောင်နှင်သူတွေအချို့လည်းပါဝင်တယ်လို့ မျိုးဆက်သစ်လူမှုကယ်ဆယ်ရေး အသင်းရဲ့ အဖွဲ့ ဝင် တစ်ဦးက ခုလိုပြောပါတယ်။

သင်္ကြန်ဆိုတော့ အချင်းချင်းပျော်ပါးကြတာလဲ ပါတာပေါ့  အချင်းချင်းတိုက်မိတာပေါ့ အရှိန်မထိန်းဘဲ မောင်းကြတာလဲပါတာပေါ့လို့ ဆိုပါတယ်။

ဒါကြောင့် ယာဉ်တိုက်မှုတွေကို လျှော့ကျလာအောင် မိဘပြည်သူတွေအနေနဲ့လည်း ယာဉ်စည်းကမ်းလမ်းစည်းကမ်းတွေကို သေချာလိုက်နာသင့်တယ်လို့ မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းရဲ့ အဖွဲ့ ဝင်တစ်ဦးက ခုလိုအကြံပြုပါတယ်။

အန္တရယ်မဖြစ်အောင် ဖြည်းဖြည်းမောင်းကြပေါ့ လမ်းခွတွေမှာရောပေါ့ အဓိကတော့ ယာဉ်မောင်းတဲ့ သူတွေအနေနဲ့ အရှိန်လျှော့ပြီး ဖြည်းဖြည်းမောင်းကြပါလို့ ပြောချင်ပါတယ်လို့ ဆိုပါတယ်။

မြစ်ကြီးနား မြို့မှာ ၂၀၂၄ခုနှစ်ကစပြီး ဇန်နဝါရီလတစ်လအတွင်း ယာဉ်တိုက်မှုပေါင်း ၅၀ကျော်မှာ သေဆုံးသူ ၄ဦးနဲ့ ဖေဖော်ဝါရီလမှာတော့ ယာဉ်တိုက်မှုပေါင်း ၃၄ ကြိမ်မှာ သေဆုံးသူ ၄ဦးထိရှိခဲ့ပြီး မတ်လမှာကတော့ ယာဉ်တိုက်မှုပေါင်း ၆၉ ကြိမ်ထိမြင့်တက်လာပြီး သေဆုံးသူ ၂ ဦးထိရှိခဲ့တာဘဲ ဖြစ်ပါတယ်။

By – ဇမီ

Show More

Related Articles

Back to top button