ရွှေကူ

  • Sep- 2024 -
    10 September
    သတင်း

    ရွှေကူမှာ စစ်တပ် ရဟတ်ယာဉ်အသုံးပြုပြီး  တန်ချိန် တစ်တန်ခန့်ရှိတဲ့ ပိုက်ဆံအိတ်တွေချသွားတယ်လို့ဆို

    ကချင်ပြည်နယ် ရွှေကူမြို့အခြေစိုက် ခြေမြန်တပ်ရင်း (ခမရ) ၆၀၂ နဲ့ ခြေလျင်တပ်ရင်း (ခလရ) ၅၆ တပ်ရင်းဌာနချုပ်မှာ စစ်တပ်က ရဟတ်ယာဉ် ၂ စီးအသုံးပြုပြီး တန်ချိန် တစ်တန်ခန့်ရှိတဲ့ ပိုက်ဆံအိတ်လာချသွားတယ်လို့ တပ်နဲ့နီးစပ်သူတွေ ပြောပါတယ်။ စက်တင်ဘာလ ၅ ရက်နေ့ ရဟတ်ယာဉ်  ၄ စီးနဲ့ရောက်လာပြီး ၂ စီးလုံခြုံရေးယူပေးကာ နောက်ထပ် ၂ စီးက ပိုက်ဆံထည့်ထားတဲ့ ဆာလာအိတ်တွေချသွားတာဖြစ်တယ်လို့ ရွှေကူဒေသခံ တပ်နဲ့နီးစပ်သူတစ်ဦး ခုလိုပြောပါတယ်။ “ပြီးခဲ့တဲ့ ၂ ရက်နေ့ လာချသွားတာ ရဟတ်ယာဉ် ၂ စီးနဲ့ချသွားတာ တန်ချိန် တစ်တန်လောက်ရှိတယ်လို့ ခန့်မှန်းရတယ် ပိုက်ဆံတွေရောက်မှ လစာထုတ်ကြတာ”လို့ ပြောပါတယ်။ တပ်နဲ့နီးစပ်သူတွေပြောဆိုချက်အရ ရွှေကူမြို့နယ်ထဲမှာရှိတဲ့ စစ်တပ်အသိုင်းအဝိုင်းနဲ့ ဝန်ထမ်းမိသားစုဝင်တွေဟာ လစာမရရှိတာကြာပြီး စက်တင်ဘာလ ၅ ရက်နေ့ ရဟတ်ယာဉ်နဲ့ ပိုက်ဆံလာချပြီးနောက်မှသာ လစာထုတ်ကြတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။ ဩဂုတ်လ ၁၄ ရက်နေ့ နောက်ပိုင်း ကချင်– စစ်ကိုင်းအစပ်မှာ စစ်တပ်နဲ့  KIA ပူးပေါင်းတပ်အကြား တိုက်ပွဲပြင်းထန်နေတဲ့အတွက်  ကုန်းကြောင်းကနေ ဝင်ရောက်ဖို့ခက်ခဲနေတဲ့ စစ်တပ်ဟာ လေကြောင်းအသုံးပြုပြီး လစာထုတ်နိုင်ဖို့ ပိုက်ဆံလာချပေးတာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် လက်ရှိ ရွှေကူမြို့ ဆိပ်ကမ်းမှာလည်း စစ်တပ်ရဲ့ ရိက္ခာတင်သင်္ဘောနဲ့ စစ်လက်နက်တင်ထားတဲဲ့သင်္ဘောတွေအပါအဝင် သံခွန်မော်တော်ယာဉ်စုစုပေါင်း ၈ စင်းရောက်နေပြီး ရိက္ခာချနေကြတယ်လို့ သိရပါတယ်။ ဒါဟာ ၂၀၂၄ ခုနှစ်အတွင်း စစ်တပ်က ကချင်ပြည်နယ်ကို ပထမဆုံးအကြိမ်ရိက္ခာလာပို့်နေတာဖြစ်ပြီး ဒီတစ်ခေါက်ရောက်လာတဲ့ ရိက္ခာတွေဟာ တစ်နှစ်စာအတွက် လုံလောက်နိုင်တဲ့ ရိက္ခာတွေဖြစ်တယ်လို့ သိရပါတယ်။ “အဓိက တင်လာတာက ရိက္ခာတစ်နှစ်စာလောက်တယ်လို့တောင် သိရတယ်။ ပြီးတော့ စစ်လက်နက်ပစ္စည်း စစ်အင်အားတော့ သင်္ဘောလုံခြုံရေးယူပေးသလောက်ဘဲပါလာတယ် သင်္ဘောကတော့ ပစ္စည်းချနေတုန်း”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ရိက္ခာတွေချနေချိန်အတွင်းမှာလည်း မြစ်ကမ်းနံဘေးသွားလာခွင့်ပိတ်ထားတဲ့အပြင် ဒေသခံပြည်သူတွေ မြစ်ထဲဆင်းတာ၊ စက်လှေအသေးတွေနဲ့ငါးရှာထွက်တာကိုလည်း တားမြစ်ထားတယ်လို့ သိရပါတယ်။ ဒါကြောင့် ပြည်သူတွေဟာ စစ်တပ်ဘက်က ရိက္ခာချနေချိန်အတွင်း သွားလာခွင့်မရတာကြောင့် ခက်ခဲနေကြတယ်လို့ ဒေသခံတွေ ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ မန္တလေးဂေါဝိန်ဆိပ်ကမ်းကနေ ဩဂုတ်လ နောက်ဆံးအပတ်မှာ လက်နက်တင်ထားတဲ့ စစ်သင်္ဘော  ၂ စီးအပါအဝင် ရိက္ခာတင်သင်္ဘောအကြီး ၂ စင်းနဲ့နောက်ထပ် သံခွန်မော်တော်ယာဉ် ၄ စင်း စုစုပေါင်း ၈ စင်းတက်လာတာဖြစ်ပါတယ်။ ဒါပေမယ့် မြစ်ကြောင်းတစ်လျှောက် ကာကွယ်ရေးတပ်တွေရဲ့တိုက်ခိုက်ခံရတဲ့အတွက် သင်္ဘော ၂ စင်းပျက်စီးသွားပေမယ့်  သံခွန်မော်တော်ယာဉ် ၄ စီးကိုသုံးပြီး တွဲကာဆန်တက်လာတာဖြစ်တယ်လို့ ကာကွယ်ရေးတပ်ဘက်က ပြောပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဟာ မြန်မာပြည်မြောက်ဖျားပိုင်း ကချင်ဒေသကို စစ်အင်အား၊လက်နက်ရိက္ခာတွေပို့ဖို့ ကုန်းကြောင်း၊ရေကြောင်းကနေ ပို့ဆောင်ပေမယ့် ကုန်းကြောင်းမှာ စစ်ကိုင်းဒေသကိုဖြတ်ချိန် မကြာခနတိုက်ခိုက်ခံရတာကြောင့် ၂၀၂၂ ခုနှစ်နောက်ပိုင်း လေကြောင်းအကာအကွယ်နဲ့ ရေကြောင်းကိုအဓိကအသုံးပြုပြီး စစ်လက်နက်ရိက္ခာ ပို့ဆောင်နေတာလည်းဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ကြိမ် ရိက္ခာတင်ပို့လာချိန်မှာလည်း စစ်ရဟတ်ယာဉ်၊ တိုက်လေယာဉ်တွေနဲ့ လုံခြုံရေးယူပြီး မန်းလေးကနေ ရွှေကူအထိ ဆန်တက်ထားနိုင်ပြီဖြစ်ပါတယ်။ ဒိီစစ်လက်နက်ရိက္ခာတွေ သင်္ဘောဟာ ဗန်းမော်အထိဆန်တက်နိုင်တယ်လို့လည်း ဒေသခံတွေ ခန့်မှန်းပြောဆိုနေကြပါတယ်။ စစ်တပ်ရဲ့သင်္ဘောတက်လာချိန်တိုင်း ကာကွယ်တပ်ဘက်က တိုက်ခိုက်သလို စစ်တပ်ဘက်ကလည်း လေကြောင်းကနေပစ်ခတ်တာ၊ စစ်သင်္ဘောပေါ်မှာ လက်နက်ကြီးအထိုင်ချလာပြီး ကမ်းဘက်ကို ယမ်းသမ်းပစ်ခတ်တာတွေကြောင့် အရပ်သားထိခိုက်တာတွေ ပုံမှန်ရှိနေပါတယ်။ ဒါပေမယ့် ဖုန်း၊အင်တာနက်ဖြတ်တောက်ခံထားရတဲ့အတွက် အရပ်သားထိခိုက်သေဆုံးမှုအသေးစိတ်ကို သိနိုင်ဖို့ ခက်ခဲနေဆဲလည်း ဖြစ်ပါတယ်။ By – Zami

    Read More »
  • 4 September
    သတင်း

    ကသာမှာရပ်ထားတဲ့ စစ်သင်္ဘောတွေ လေကြောင်းပစ်ကူနဲ့  ရွှေကူမြို့ဘက်ဦးတည်ထွက်ခွာ

    စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်ကို ရောက်ရှိလာတဲ့ စစ်သင်္ဘော ၅ စီးလုံး ဝေဟင်ကနေ ဂျက်ဖိုက်တာနဲ့ ဆက်တိုက်ပစ်ကူပြီးတော့ ကချင်ပြည်နယ်ရွှေကူမြို့ဘက်ဦးတည်ထွက်ခွာနေပြီလို့ ကသာမြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ ဆီကသိရပါတယ်။ စက်တင်ဘာလ၄ရက်နေ့ ဒီကနေ့မနက်ပိုင်း၉နာရီဝန်းကျင်လောက်မှာ ကသာမြို့နယ် သဖန်းကိုင်ရွာဆိပ်ကမ်း ကနေ ရွှေကူမြို့ဆီဦးတည်ထွက်ခွာနေတာဖြစ်ပြီး ကသာမြို့နယ်အဆုံးကရွာဖြစ်တဲ့ မိုးတားလေးတစ်ဝှိုက်ကို ရောက်ရှိနေပြီလို့ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ “ မိုးတားလေးအထက်နားရောက်ပြီ ကသာနယ်ဆုံးတော့မှာ။ မနက်က ၉ နာရီကစထွက်တာ လေယာဥ်က လည်း ၈ စင်းလောက်သုံးသွားတယ်။ လေယာဥ်က ဗုံးတွေချလိုက်တာတွေရော စုံတယ် စက်သေနတ်တွေ နဲ့ရောပစ်တာ”လို့ပြောပါတယ်။ ကသာမြို့နယ်ထဲက ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေကလည်း တက်လာတဲ့စစ်သင်္ဘောတွေနဲ့ အပြန် အလှန်ပစ်ခတ်မှုတွေဆက်တိုက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းပစ်ကူဆက်တိုက်အသုံး ပြုတာတွေကြောင့် မရပ်တန့်နိုင်ခဲ့ဘူးလို့ ကာကွယ်ရေးတပ်ဘက်ကပြောပါတယ်။ စစ်ကောင်စီတပ်ဘက်က စစ်သင်္ဘောပေါ်ကရော လေကြောင်းကနေပါ ရမ်းသမ်းပစ်ခတ်မှုတွေလုပ်ခဲ့တဲ့ အတွက် ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက်ကကျေးရွာနေအိမ်တစ်ချို့တော့ပျက်ဆီးနိုင်တယ်လို့ ဆိုပါ တယ်။ “ လောလောဆယ်တော့ ဒေသခံတွေအခြေနေမကြားသေးဘူး။ မြစ်ကမ်းဘေးကရွာတွေကတော့ ကြိုပြီး ရှောင်ခိုင်းထားတယ်။ ဒီနေ့တော့ထိခိုက်မှုမရှိလောက်ဘူးထင်ပါတယ်။ အဆောက်အဦးတွေကတော့ ပျက်ဆီးနိုင်တယ်”လို့ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ စစ်လက်နက်ရိက္ခာတွေအဓိကသယ်လာတဲ့ အဲ့ဒီစစ်သင်္ဘော ၅ စီးဟာ ကသာမြို့နယ် သဖန်းကိုင်ဆိပ်ကမ်း တွင် ၂ ညအိပ်ပြီး ကသာမြို့နယ်ထဲက စစ်သားအင်အားတွေလည်းဖြည့်တင်းသွားတယ်လို့ ကာကွယ်ရေးတပ် တွေဘက်ကပြောပါတယ်။ အဲ့ဒီ စစ်သင်္ဘောတက်လာတဲ့ လမ်းတစ်လျှောက်လုံးမှာလည်း လေကြောင်းပစ်ကူတွေဆက်တိုက်အသုံးပြုမှု စစ်သင်္ဘောပေါ်ကနေလက်နက်ကြီးတွေရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ဧရာဝတီမြစ်ကမ်းဘေးကမြို့တွေ ဖြစ်တဲ့ ထီးချိုင့်မြို့နယ် မောင်းကုန်းရွာနဲ့ကသာမြို့နယ် ကလုံ၊ညောင်ခြေထောက်ရွာတို့မှာ အရပ်သားတွေ ထိမှန်ပြီး ၁၁ ယောက်ထက်မနည်းသေဆုံးခဲ့ရပြီဖြစ်ပါတယ်။ စစ်သင်္ဘောတွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လနောက်ဆုံးအပတ်ကစတင်လို့ မန္တလေးတိုင်း ဂေါဝန်ဆိပ်ကမ်းကနေ ထွက်လာတာဖြစ်ပြီး စတင်ထွက်ခွာလာချိန် ၈ စီးရှိပေမဲ့ ၃ စီးကတော့ သပိတ်ကျင်းမြို့နယ်မှာကျန်နေခဲ့တာ လို့ သိရပါတယ်။ သပိတ်ကျင်းမြို့နယ်ကနေတော့ စစ်သင်္ဘော ၅ စီးထွက်ခွာလာတာဖြစ်ပြီး စက်တင်ဘာလ ၁ ရက်နေ့ ထီးချိုင့် နဲ့ မြတောင်ရွာအကြားမှာ ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် တစ်ညအိပ်ရပ်နားပြီး စက်တင်ဘာ ၂ ရက်နေ့မှာ ကသာမြို့နယ်ကိုရောက်ရှိလာတာဖြစ်ပါတယ်။ ဒီတစ်ကြိမ်ဆန်တက်လာတဲ့ စစ်သင်္ဘောတွေဟာ ဘယ်အထိဦးတည်ဆန်တက်မယ်ဆိုတော့မသိရသေးပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်း ဒီနှစ်မတိုင်ခင်ကာလတွေမှာတော့ ကချင်ပြည်နယ် ဗန်းမော်မြို့နယ်အထိဆန် တက်ပြီး ရိက္ခာရောလူအင်အားပါဖြည့်တင်းလေ့ရှိတာဖြစ်ပါတယ်။ သို့ပေမဲ့ ပြီးခဲ့တဲ့ မတ်လက KIA နဲ့ပူးပေါင်းအဖွဲ့တို့ဆောင်ရွက်ခဲ့တဲ့ ကချင်ပြည်နယ်တစ်ပြည်နယ် လုံး အတိုင်းအတာ အရှိန်မြင့်စစ်ဆင်ရေးအတွင်း ဧရာဝတီမြစ်ကြောင်းက အရေးပါတဲ့နေရာတစ်ချို့ကို KIA ပူးပေါင်းအဖွဲ့တွေက ထိန်းချုပ်ထားတာကြောင့် ကချင်ပြည်နယ်ထဲဝင်ရောက်နိုင်ဖို့မလွယ်ဘူးလို့ စစ်ရေး ကျွမ်းကျင်သူတွေကတော့သုံးသပ်ထားပါတယ်။ By – အမိုး

    Read More »
  • Jun- 2024 -
    3 June
    သတင်း

    ရွှေကူ တိုက်နယ်ဆေးရုံလေကြောင်းတိုက် ခိုက်ခံရမှုမှာ ကလေးတစ်ဦးသေဆုံး၊ အရပ်သား ၇ ဦးဒဏ်ရာရ

    ကချင်ပြည်နယ် ရွှေကူမြို့နယ်က မြို့ကုန်းတိုက်နယ်ဆေးရုံကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးခဲ့ပြီး နောက်ထပ် အရပ်သား ၇ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ဖြစ်စဥ်ကတော့ ဇွန်လ ၁ ရက်နေ့ စနေနေ့ညသန်းခေါင်ယံ…

    Read More »
  • Mar- 2024 -
    4 March
    သတင်း

    KIA တပ်ရင်း ၁၂ ဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ် တစ်ရက်ထဲ ၂ ကြိမ်တိုက်ခိုက်ခံရပြီး အထိနာ

    အဲဒီစစ်ကြောင်းဟာ မတ်လ ၃ ရက် မနေ့က နေ့မနက်ပိုင်းမှာ ရွှေကူမြို့ဘက်ကနေ မြို့အထက် နန့်ဖာဘက်ကို အင်အား ၈၀ ကျော်နဲ့ စစ်ကြောင်းထိုးဝင်ရောက်လာချိန် လမ်းကူးကျေးရွာနဲ့ မီတာ ၂၀၀ ကျော်အကွာ (ဒေသအခေါ် )ကျောက်ကွင်းစခန်းအနီးမှာ  KIAနဲ့ KPDF ၊LPDF ပူးပေါင်းတပ်တွေတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ရွှေကူနယ် LPDF တာဝန်ရှိသူတစ်ဦးက KNG ကိုပြောပါတယ်။

    Read More »
  • Feb- 2024 -
    26 February
    သတင်း

    ရွှေကူအထက်လေးလမ်းဆုံ ဂိတ်ကိုလာတိုက်တဲ့ စစ်ကောင်စီတပ်အထိနာပြီး ပြန်ဆုတ်ခွာ

    ကချင်ပြည်နယ် ရွှေကူမြို့အထွက် ရွှေကူနယ်ဒေသကာကွယ်ရေးတပ်ဖွဲ့ (LPDF) တွေထိန်းချုပ်ထားတဲ့ အထက်လေးလမ်းဆုံဂိတ်ကို လာရောက်တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းတွေက အထိနာပြီး ပြန်လည်ဆုတ်ခွာသွားတယ် LPDF အဖွဲ့က သိရပါတယ်။ ရွှေကူ – ဗန်းမော်–မန္တလေးကားလမ်းပိုင်းမှာရှိတဲ့ LPDF တွေရဲ့ အထက်လေးလမ်းဆုံဂိတ်ကို စစ်ကောင်စီတပ်အင်အား…

    Read More »
  • 23 February
    သတင်း

    ၃ ရက်အတွင်း လက်နက်ချဖို့ KIA ကစာပို့ခဲ့လို့မြို့လှတပ် စခန်းစွန့်ခွာ

    ကချင်ပြည်နယ် ရွှေကူမြို့နယ် မြို့လှမြို့က စစ်ကောင်စီရဲ့ ဗျူဟာကုန်းတပ်စခန်း စခန်းစွန့်ခွာသွားတဲ့ နောက် မြို့လှမြို့နဲ့ စခန်းကုန်းကိုပါ ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ ကာကွယ်ရေးပူး ပေါင်းတပ်တွေ ပြန်လည်ထိန်းချုပ်လိုက်ပြီလို့ မြို့လှ PDF က ဒီကနေ့ပဲထုတ်ပြန်လိုက်ပါတယ်။ အဲ့ဒီဗျူဟာကုန်းတပ်စခန်းမှာ…

    Read More »
  • 23 February
    သတင်း

    မြို့လှ ဗျူဟာကုန်းတပ်စခန်းက စစ်ကောင်စီတပ်သားတွေ ရွှေကူဘက်ကိုပြောင်းရွှေ့

    ကချင်ပြည်နယ် ရွှေကူမြို့နယ် မြို့လှမြို့ခွဲမှာရှိတဲ့ စစ်ကောင်စီဗျူဟာကုန်းတပ်စခန်းက စစ်ကောင်စီတပ်သားတွေအားလုံး ရွှေကူဘက်ကိုပြောင်းရွှေ့နေကြတယ်လို့ မြို့လှကာကွယ်ရေးတပ်ဖွဲ့တွေဆီ ကသိရပါတယ်။ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ မနေ့ နေ့လည်ပိုင်းလောက်ကစလို့ တပ်ပြန်ဆုတ်ဖို့အတွက် ရွှေကူမြို့က စစ်ကောင်စီတပ်ဖွဲ့တွေကပါ လုံခြုံရေးယူပေးပြီး ရေကြောင်းရော၊ ကုန်းကြောင်းပါ အသုံးပြုပြီး ရွှေ့ပြောင်းတာတွေလုပ်နေတယ်လို့ မြို့လှကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူတစ်ယောက်ကပြောပါ တယ်။ “လောလောဆယ်ကတော့ စခန်းစွန့်လာတဲ့အခြေနေကတော့ဟုတ်တယ် သူတို့အဝေးကြီးမရောက် သေးဘူး“ လို့မြို့လှကာကွယ်ရေးတပ်ဖွဲ့ကတာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။ အဲ့ဒီစစ်ကောင်စီတပ်စခန်းမှာ ခမရ ၃၈၇ နဲ့ ခလရ ၁၀ တို့အပါအဝင် ဗျူဟာမှူးပါအထိုင်ချထားတဲ့ တပ်စခန်းဖြစ်ပြီး အင်အား ၂၀၀ ကျော်လောက်ရှိနိုင်တယ်လို့ ကာကွယ်ရေးတပ်ဘက်ကခန့်မှန်းပါ တယ်။ ဒါ့အပြင် လက်ရှိ မြို့လှမြို့က စစ်ကောင်စီတပ်ဖွဲ့တွေ တပ်စခန်းစွန့်ခွာပြောင်းရွှေ့နေတဲ့အကြောင်း ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတစ်ယောက်ကအခုလိုပြောပါတယ်။ “မနေ့ကတည်းက ရွှေကူက အင်အား ၈၀ လောက်က ထွက်ကြိုတယ် ဒီနေ့ပဲ မော်တော်တွေ၊ ကားတွေနဲ့ အဲ့ဒီအထိုင် တပ်က အကုန်လုံးတပ်ဆုတ်တာပေါ့ မြို့လှမြို့ပေါ်မှာပဲတပ်စွဲထားကြတာ သူတို့တပ်စွဲထားတာ ၃ နှစ်လောက်ရှိတော့မှာပေါ့“လို့ကသာမြို့နယ်က ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက်ကပြောပါတယ်။ လက်ရှိ အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့တွေ မြို့လှမြို့ထဲက အုတ်ချည်ရွာမှာရောက်ရှိနေပြီလို့သူက ဆက်ပြောပါတယ်။ ဒါ့အပြင် အဲ့ဒီတပ်စခန်းဟာ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ရဲ့တပ်မဟာ ၈ နယ်မြေထဲမှာ တည်ရှိတာဖြစ်ပြီး စခန်းသိမ်းခံရမှာစိုးရိမ်လို့ဖြစ်နိုင်သလို ရွှေကူမြို့ကိုသိမ်းပိုက်လာမှာစိုးရိမ်လို့ လည်း တပ်ပြောင်းရွှေ့ဆုတ်ခွာတာ ဖြစ်နိုင်တယ်လို့ ကာကွယ်ရေးတပ်ဘက်က သုံးသပ်ပါတယ်။ “ဘာ့ကြောင့်ဆုတ်တာလဲဆိုတော့ ဆင်ဘိုကိုလည်းကျနော်တို့က တိုက်နေတယ်လေ အဲ့တာဆိုတော့ သူတို့ရဲ့အဓိကနေရာတွေကို ခွဲပြီး စစ်ဆင်ရေးတွေလုပ်လာတာဆိုတော့ မနေရဲတော့တာလို့ ထင်တယ် အဓိကကတော့ရွှေကူကိုစိုးရိမ်တာဖြစ်နိုင်တယ်”လို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက်ကသုံးသပ်ပါတယ်။ မြို့လှမြို့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထပ်မှာပဲ မြို့အဖြစ်သတ်မှတ်ခဲ့တာ ဖြစ်ပြီးတော့ ဗန်းမော်ခရိုင် ရွှေကူမြို့ရဲ့ မြို့နယ်ခွဲ့အဆင့်ရှိတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ အဲ့ဒီဗျူဟာကုန်းတပ်စခန်းဟာ ၂၀၀၀ ခုနှစ်လောက်ကတည်းက ထိုင်ထားတဲ့တပ်စခန်းဖြစ်ပြီး အာဏာသိမ်းစမှာ စခန်းပြန်စွန့်သွားခဲ့ရာကနေ တပ်မ ၈၈ လက်အောက်ခံတပ်ရင်းတပ်ဖွဲ့တွေက  လေကြောင်းရောမြေပြင်ပါအသုံးပြုစစ်ကြောင်းထိုးပြီးပြန်ထိုင်ထားကြတာဖြစ်တယ်လို့ သိရပါ တယ်။ မြို့လှမြို့နယ်ခွဲဟာ စစ်ကိုင်း– ကချင်အစပ်မှာရှိတာဖြစ်ပြီး အာဏာသိမ်းပြီးတဲ့နောက် အာဏာသိမ်းပြီးတဲ့နောက် မြို့လှ KPDF ကာကွယ်ရေးတပ်တွေအားကောင်းတဲ့နေရာလည်း ဖြစ်ပါတယ်။ By – အမိုး

    Read More »
  • 16 February
    သတင်း

    ရွှေကူမှာ သတ္တုတူးဖော်နေတာကို အမြန်ဆုံးရပ်တန့်ပေးဖို့ဒေသခံများ တောင်းဆို

    ရွှေတောင် တောင်ခြေမှာရှိတဲ့ စီသောင်၊ မံဝင်း၊ စီမူကြီး၊ စီမူလေး၊ မံနား၊ မံခါးစတဲ့ကျေးရွာပေါင်း ၁၀ ရွာကျော်ကို စစ်ကောင်စီတပ်က ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှာ ကျေးရွာထဲကလူနေအိမ်တွေမီးရှို့ဖျက်ဆီးခဲ့တာကြောင့် လက်ရှိအဲ့ဒီကျေးရွာတွေဟာ ပြန်လည်ထူထောင်ရေးစလုပ်နေဆဲ ကျေးရွာတွေဖြစ်ပါတယ်။

    Read More »
  • Jan- 2024 -
    31 January
    သတင်း

    ရွှေကူမြို့နယ်မှာ NUG ထိန်းချုပ်မှုအောက် အခြေခံစာသင်ကျောင်းပေါင်း ၅၀ကျော်ဖွင့်လှစ်ထား

    ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာရေးဝန်ကြီးဌာနအောက်ကနေဖွင့်လှစ်ထားတဲ့ အခြေခံစာသင်ကျောင်းပေါင်း ၅၀ ကျော်ရှိတယ်လို့ ရွှေကူမြို့နယ်ပညာရေးဌာနက သိရပါတယ်။

    Read More »
  • 19 January
    သတင်း

    ရွှေကူမှာ စစ်တပ်စခန်းနဲ့ ဂိတ်နေရာ ၄ ခု တိုက်ခိုက်ခံရ

    ကချင်ပြည်နယ် ရွှေကူမြို့မှာ စစ်ကောင်စီတပ်သားတွေရှိနေတဲ့နေရာ ၄ ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ KPDFနဲ့ LPDF တွေက တစ်ချိန်တည်းမှာပဲ တစ်ပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။ ရွှေကူမြို့အခြေစိုက် ခမရ ၆၀၂တပ်ရင်း၊ အထက်လေးလမ်းဆုံစစ်ဆေးရေးဂိတ်၊ အောက်လေးလမ်းဆုံစစ်ဆေးရေးဂိတ်အပြင် ငဘတ်ကြီးကျေးရွာ ရဲစခန်းအပါ စုစုပေါင်း ၄ နေရာစလုံးကို ဒီကနေ့ ဇန်နဝါရီလ ၁၉ရက်နေ့ မနက်ပိုင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ မြို့လှ– KPDF နဲ့ ရွှေကူနယ် LPDF ပူးပေါင်းတပ်တွေက တစ်ချိန်တည်းမှာပဲ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ရွှေကူနယ် LPDF တာဝန်ရှိသူတစ်ဦးက KNG ကိုပြောပါတယ်။ “မနက် ၄နာရီလောက်ကတည်းကပြင်ဆင်ပြီးမှမနက် ၅နာရိီထိုးတော့ အဖွဲ့တွေခွဲပြီး ငါးနေရာကို ဝင်ပစ်ခဲ့တယ် အထက်လေးလမ်းဆုံနဲ့အောက်လေးလမ်းဆုံဘက်ကို လေးလုံးလေးလုံးစီပစ်ထည့်လိုက်တယ် တပ်ထဲကိုလည်း ၂လုံး ပစ်ထည့်လိုက်တာ။ အခု ပြာယာတွေခတ်နေကြတယ်လို့ ကြားသိရတယ်”လို့ ပြောပါတယ်။ အခုလိုသွားရောက်ပစ်ခတ်ရာမှာတော့ ပဒ်ိန်လက်လုပ်သေနတ်တွေအသုံးပြုပြီးတော့ ၆၀ မမ၊ ၈၀ မမ ဗုံးသီးတွေနဲ့ ခမရ ၆၀၂ နဲ့ ခလရ ၅၆ တပ်ရင်းထဲကို ၂လုံးစီ၊ ဘငတ်ကြီးရဲစခန်းကို ၂လုံးနဲ့ အထက်လေးလမ်းဆုံနဲ့ အောက်လေးလမ်းဆုံကို ၄လုံးစီ နဲ့တစ်ပြိုင်နက်တည်းပစ်ခတ်ခဲ့တာလို့သိရပါတယ်။ ရွှေကူနယ်မှာ စစ်ကောင်စီတပ်က ခုရက်ပိုင်း ကျေးရွာတွေဘက်ကိုစစ်ကြောင်းထိုးဖို့ အထက်လေးလမ်းဆုံနဲ့ အောက်လေးလမ်းဆုံဘက်စစ်ရေးလှုပ်ရှားလာနေတာတွေရှိတာကြောင့် အခုလိုဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ထိခိုက်မှုမရှိမရှိကိုတော့စုံစမ်းနေဆဲလို့သိရပါတယ်။ “ဒီကောင်တွေ(စစ်ကောင်စီတပ်ဖွဲ့များ) က ဒီဘက်ကိုထွက်ချင်သလိုထွက်ချင်သလိုလာလုပ်နေလို့သွားပစ်တာပါ အဝေးထိန်းနဲ့ပစ်တာဆိုတော့ အထိအခိုက်ရတော့မသိရသေးဘူးအတည်ပြုတုန်း”လို့ အထက်မှာဖော်ပြပါ ရွှေကူနယ် LPDF တာဝန်ရှိသူကဆက်ပြောပါတယ်။ ဒီနေ့မနက် တစ်ချိန်တည်းမှာ နေရာစုံပစ်ခတ်သံတွေကြားခဲ့တာကြောင့်ရွှေကူမြို့ခံပြည်သူအချို့လည်း စိုးရိမ်ထိတ်လန့်မှုတွေဖြစ်ခဲ့ရတယ်လို့ဒေသခံတွေကဆ်ိုပါတယ်။ “မနက်က အိပ်ကောင်းတုန်းမှာ တဒုံးဒုံးနဲ့ကြားလိုက်တော့လန့်သွားတာပါ့ မြို့ကိုများဝင်သိမ်းနေပြီလားပေါ့ ဟိုဘက်အမှတ် ၂ ရပ်ကွက်ထိဝင်လာပြီးမှတောင်ပစ်သွားတာတဲ့ ပြေးတော့မပြေးကြဘူး ခနနဲ့ငြိမ်သွားတယ်လေး”လို့ရွှေကူမြို့ပေါ်က အမျိုးသမီးတစ်ဦး ပြောပါတယ်။ အခုလိုစစ်ကောင်စီတပ်ရှိတဲ့နေရာတွေ ပစ်ခတ်ခံရပြီးနောက် မိနစ်အနည်းငယ်အကြားမှာ ရွှေကူ ခမရ ၆၀၂ တပ်ရင်းနဲ့ ခလရ ၅၆ တပ်ရင်းတို့ကနေ ရွှေကူမြို့အရှေ့ဘက်ခြမ်းနဲ့အနောက်ဘက်ခြမ်းကကျေးရွာတွေဘက်ကို လက်နက်ကြီးလည်းပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ ရွှေကူမြို့ပေါ်က စစ်ကောင်စီတပ်စခန်း၊ ရဲစခန်းတွေနဲ့ ငဘတ်ကြီးရဲစခန်း၊ ကျောက်ကြီးရဲစခန်းတွေကို KIAတပ်ရင်း ၅ ၊KPDF၊LPDF တပ်တွေက အရင်ကလည်း မကြာခနဒရုန်းနဲ့ဝင်ရောက်ပစ်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေလည်းရှိခဲ့ပါတယ်။ By – Zaw Zaw

    Read More »
Back to top button