,
ကချင်ပြည်နယ် တနိုင်းလီဒိုလမ်းမပေါ် ရှဒူးဇွပ်ကျေးရွာတွင် ရွှေတူးဖော်သူမရှိအောင် ကချင်လွတ်လပ်ရေးတပ်မတော် KIA က တားမြစ်မှုများပြုလုပ်နေသော်လည်း စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့မှာ လက်ရှိအချိန်အထိ ရွှေတူးဖော်မှုရှိနေသည့်အတွက် ဒေသခံများက မေးခွန်းထုတ်နေကြသည်။ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းမှစတင်ကာ ရှဒူးဇွပ်ဒေသရှိ ရွှေမှော်များဖြစ်ကြသည့် ကနွယ်သူ၊ ချောင်းဆုံ၊ ဘန်ကောက်၊ ဂျာဝမ်နှင့် ကိုင်းတောနေရာတို့တွင် ရွှေတူးဖော်နေသည့် လုပ်ငန်းရှင်များကို ၁၀ ရက်အတွင်း အမြန်ထွက်ခွာသွားကြရန် KIA ဘက်က လိုက်လံ သတိပေးပြောဆိုခဲ့သည်။ ထို့နောက် ဇန်နဝါရီလ ၁၀ ရက်မတိုင်မှီ အဆိုပါ ရွှေမှော်များမှ လုပ်သားအားလုံး
ရှဒူးဇွပ် စံပြကျေးရွာ ပြည်သူများကြား စခန်းချထားသော စံပြပြည်သူ့စစ်စခန်းကို KIA မှ တစ်ဖန် ပြန်လာတိုက်မည်ဆိုပါကပြည်သူ လူထုကို ငဲ့ညှာသွားမည် မဟုတ်ဘဲ အသက်အန္တရာယ်ထိပါးသည့်အထိ လုပ်ဆောင်သွားမည်ဟု ပြည်သူ့စစ်ခေါင်းဆောင် မင်းဇင်သန့်က ပြောဆိုလိုက်သည်။ ယနေ့ နံနက်ပိုင်း ၁၀ နာရီခွဲဝန်းကျင်တွင် စံပြနှင့် အောင်ရာ ကျေးရွာမှ ရပ်မိရပ်ဖ ၃ ဦးကို ၎င်းတို့၏ စံပြ ပြည်သူ့စစ် စခန်းသို့ ခေါ်ယူပြီးနောက် ယခုလို သတိပေးပြောဆိုခဲ့ကြောင်း ရပ်မိ
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာ ပြည်သူ့စစ်လို့ခေါ်တဲ့ စစ်ကောင်စီတပ်တွေဖွင့်ထားတဲ့ အဖွဲ့တွေအများကြီး ရှိတဲ့အထဲ ကချင်လွတ်လပ်ရေးတပ်မတော် KIA ကို တိုက်ခိုက်လာတဲ့ အဖွဲ့တစ်ဖွဲ့ ထွက်ပေါ်လာပြီ ဖြစ်တယ်။ အဲဒီအဖွဲ့က ဟူးကောင်းဒေသ လီဒိုလမ်းမကြီးအပေါ် ရှဒူးဇွပ်ရွာမှာ လွန်ခဲ့တဲ့ ၂၀၁၆ နှစ်လောက်မှာ ရှမ်းနီစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဆိုပြီး ဖွင့်ခဲ့ပြီး အခုချိန် ဝါရာဇွပ် ပြည်သူ့စစ်လို့ခေါ်တဲ့ မင်းဇင်သန့် ဦးဆောင်တဲ့အဖွဲ့တွေ ဖြစ်ပါတယ်။ စာပေယဉ်ကျေးမှုအဖွဲ့ကနေ ပြည်သူ့စစ်အဖွဲ့ဖြစ်လာတာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ဒေသခံတစ်ဦးက အခုလို ပြောပါတယ်။
တနိုင်း လီဒိုလမ်းမပေါ် ရှဒူးဇွပ် KBC စစ်ရှောင်စခန်းပြည်သူများသည် လက်ရှိစခန်းတွင် နေထိုင်ရန်ခက်ခဲလာသောကြောင့် နေရာအသစ်တွင် ပြောင်းရွေ့နေထိုင်ရန်အတွက် ဆောက်လုပ်ရေး လုပ်ငန်းများ စတင်နေပြီဟု သိရသည်။ ဧပြီလ ၂၉ ရက်နေ့မှစတင်ပြီး ပြန်လည်ရွေ့ပြောင်းနေထိုင်မည့် မြေနေရာတွင် ပန္နက်ရိုက် ဆုတောင်းပွဲပြုလုပ်ကာ အဆောက်အဦးများ စတင်ဆောက်လုပ်နေပြီဖြစ်သည်ဟု စစ်ရှောင်တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနကို ပြောဆိုသည်။ “၂၉ ရက်နေ့ နံနက်ပိုင်းမှာဘဲ ဆုတောင်းပြီး လုပ်ငန်း စတင်နေပြီ။ ရရှိထားတဲ့ငွေပမာဏနဲ့ ရသလောက်အရင်ဆောင်သွားဖို့ စီစဉ်ထားတယ်။
ဖားကန့်မြို့နယ် လီဒိုလမ်းမပေါ် ရှဒူးဇွပ်ကျေးရွာအနီး စံပြကျေးရွာ၏ အနောက်ဘက်ခြမ်း လမ်း ၄ ဆုံနေရာတွင် ယနေ့နံနက် ၁၁ နာရီဝန်းကျင်ခန့်က စစ်ကောင်စီအောက် ပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြည်သူ့စစ်အဖွဲ့သည် KIA အဖွဲ့ရှိရာ လောဒ်ဂျာမှော်ဘက်အထိ စစ်ရေးလှုပ်ရှားမှုများပြုလုပ်လာသည်သာမက ပြည်သူများထံမှ ငွေကြေးကောက်ခံမှုများပြုလုပ်နေသဖြင့် KIA တပ်ရင်း (၁၄)အဖွဲ့မှ သွားရောက်ပစ်ခတ်ခဲ့သည်ဟု ဒေသခံပြည်သူတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။ "ကျနော်တို့မှာ စံပြကျေးရွာရဲ့
တနိုင်း လီဒိုလမ်းမပေါ် ရှဒူးဇွပ်ကျေးရွာအနီးရှိ ပြည်သူ့စစ်အဖွဲ့ စိုးမိုးကာ အကျိုးအမြတ်ရနေသော ရွှေတူးဖော်ရေးလုပ်ငန်းအားလုံးကို အောက်တိုဘာ ၁၅ ရက်နေ့မှစတင်ကာ ရပ်ဆိုင်းလိုက်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA က ညွန်ကြားထားသည်ဟု သိရသည်။ (more…)
တနိုင်း လီဒိုလမ်းမပေါ် စစ်ကောင်စီ ယာဉ်တန်းကို လုံခြုံရေးပေးရန် ရောက်နေသောတပ်ဖွဲ့ ကို ယနေ့ နံနက်ပိုင်းက နေရာ ၂ ခုတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၄ က တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ (more…)
ဟူးကောင်းချိုင့်ဝှမ်းဒေသ လီဒိုလမ်းမပေါ်ရှိ ရှဒူးဇွပ်ကျေးရွာဒေသခံများကို မလိုအပ်ဘဲ ကျေးရွာအပြင်််််််််််််််််ထွက်ခြင်းမပြုရန် အာဏာသိမ်းစစ်တပ်က သတိပေးထားသည်ဟု သိရသည်။ (more…)
ဖားကန့်မြို့နယ် ၊ ရှဒူးဇွပ်ကျေးရွာ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းဝင်းအတွင်းရှိ စစ်ရှောင်များက မြေနေရာ အသစ်တစ်ခုတွင် ရွှေ့ပြောင်းနေထိုင်ရန် ခုတ်ထွင်ရှင်းလင်းရန် လုပ်ငန်းများ စတင်တော့မည်ကြောင်း သိရသည်။ (more…)
ဆိုးရွားသည့် ရေကြီးရေလျံမှုကြောင့် ရေဘေးဒဏ်ကြုံတွေ့ရသော လီဒိုလမ်းမပေါ် ရှဒူးဇွပ်ကျေးရွာတွင် ချောင်းရှင်းလင်းရေးလုပ်ငန်းဆောင်ရွက်မည်ဖြစ်သော်လည်း ဒေသခံများ၏ သဘောတူညီမှုနှင့် ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်သည်ဟု ဒေသခံများ ပြောသည်။ (more…)