ရှမ်းပြည်နယ်

  • Jan- 2024 -
    15 January
    သတင်း

    နမ့်ဖတ်ကာ ခလရ ၁၂၃ တပ်ရင်းကို KIA တိုက်ခိုက် သိမ်းပိုက်

    ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာ အထိုင်တပ်ဖြစ်တဲ့ ခလရ ၁၂၃ တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ပြီလို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ အဲဒီတပ်စခန်းကို KIA က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၉ ရက်ကတည်းက တိုက်ခိုက်နေတာဖြစ်ပြီး ဒီမနက် ဇန်နဝါရီ ၁၅ ရက်နေ့ မနက် ၉ နာရီခွဲလောက်မှာ နမ့်ဖတ်ကာ တပ်ရင်းစခန်းထဲကို KIA က ဝင်ရောက်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် စစ်ကောင်စီက လေယာဉ်နဲ့ ဆက်လက်ပစ်ခတ်နေတဲ့အတွက် နယ်မြေရှင်းလင်းဖို့ လိုအပ်နေသေးတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက KNG ကို အခုလို ပြောပါတယ်။ “သတင်းကတော့ မှန်ပါတယ်။ ဒီမနက် ၅ နာရီလောက်ကနေ အပြင်းအထန်ပြန်တိုက်ပြီး ဒီမနက် ၉နာရီ ၂၄ မိနစ်မှာ သိမ်းပိုက်နိုင်ပြီ။ အပြီးစီးတော့ မဟုတ်သေးဘူးပေါ့။ စစ်တပ်စခန်းထဲ ဝင်ရောက်စီးနင်းနိုင်ပြီ သိမ်းနေဆဲအခြေအနေပေါ့ ဒါပေမဲ့အခြေအနေက မပြီးစီးသေးဘူး”လို့ KIA တပ်မဟာ ၄ ၊ ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက KNG ကိုပါတယ်။ နမ့်ဖတ်ကာ ခလရ ၁၂၃ တပ်စခန်းကြီးကို KIA အပြီးသတ်သိမ်းပိုက်နိုင်ပြီလို့ သတင်းတွေထွက်ပေါ်နေတာနဲ့ပတ်သက်ပြီး KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို KNG က ဆက်သွယ်မေးမြန်းရာမှာတော့“သိမ်းပိုက်ရရှိပြီလို့ သတင်းတော့ ကျနော်တို့ဆီမှာ မရောက်လာသေးဘူး။ ပြီးခဲ့တဲ့ ရက်ကတည်းက နမ့်ဖတ်ကာမှာ တိုက်ပွဲတော်တော်ပြင်းထန်နေဆဲအခြေအနေတော့ ဟုတ်တယ်။” လို့ ပြောပါတယ်။ နမ့်ဖတ်ကာ ခလရ ၁၂၃ တပ်ရင်းကို KIA တပ်မဟာ ၄ ၊ တပ်မဟာ ၆ နဲ့ တပ်မဟာ ၁၀ ပူးပေါင်းတပ်ဖွဲ့တွေက ရက်ပေါင်း ၂၀ ရက်နီးပါး ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး စစ်တပ်ဘက်ကလည်း လေယာဉ်နဲ့ အပြင်းအထန်လာရောက် ဗုံးကြဲခဲ့တဲ့အတွက် ဒေသခံပြည်သူ  ၇ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေလည်း ရှိပါတယ်။ လေယာဉ်ဗုံးကျဲမှုကြောင့် နမ့်ဖတ်ကာကျေးရွာထဲက…

    Read More »
  • 13 January
    သတင်း

    သိမ်းပိုက်နိုင်ခဲ့တဲ့ မြို့တွေမှာ TNLA အုပ်ချုပ်ရေးစတင်မယ်လို့ PSLF/TNLA ဥက္ကဌဒုတိယ ဗိုလ်မှူးကြီး တားအိုက်ဘုန်းပြော

    ရှမ်းပြည်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးအတွင်း တအာင်းတပ်မတော် TNLA သိမ်းပိုက်နိုင်ခဲ့တဲ့ မြို့တွေမှာ TNLA အုပ်ချုပ်ရေးယန္တရားသစ် စတင်လည်ပတ်နိုင်အောင် ဆောင်ရွက်သွားမယ်လို့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ဥက္ကဌ ဒုတိယဗိုလ်မှူးကြီးတားအိုက်ဘုန်းကပြောပါတယ်။ ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ကျရောက်တဲ့…

    Read More »
  • Nov- 2023 -
    23 November
    သတင်း

    ကချင်လူငယ်တွေကို တော်လှန်ရေးမှာပါဝင်ဖို့ လူအင်အားဖိတ်ခေါ်တဲ့ KIO ရဲ့ ထုတ်ပြန်ချက်အပေါ် အမြင်များ

    ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်လွတ်လပ်ရေးအဖွဲ့ KIO တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေ ကချင်လူငယ်တွေကို တော်လှန်ရေးမှာအတူ ပါဝင်ကြဖို့ ဖိတ်ခေါ်တဲ့စာကို နိုဝင်ဘာ ၂၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒီထုတ်ပြန်ချက်ဟာ KIO ဗဟိုဌာနချုပ်ထုတ်ပြန်ချက် မဟုတ်ပေမယ့် KIO/KIA ကို စတင်တည်ထောင်ခဲ့တဲ့ဒေသလည်းဖြစ် လက်ရှိ…

    Read More »
  • 2 November
    သတင်း

    ကွတ်ခိုင်မြို့နယ်မှာ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် အရပ်သားနှစ်ယောက်သေဆုံး

    ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ ကာလိုင်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ အမျိုးသမီးတစ်ယောက်သေဆုံးခဲ့သလို နမ့်ဖတ်ကာရွာ မှာလည်း လက်နက်ကြီးကျရောက် ပေါက်ကွဲလို့ အမျိုးသမီးတစ်ယောက် သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။   ဒီကနေ့ နိုဝင်ဘာလ ၂ ရက်နေ့…

    Read More »
  • 2 November
    သတင်း

    မြို့၄ မြို့ကို အလုံးစုံထိန်းချုပ်ထားနိုင်ပြီလို့ဆို ညီနောင်မဟာမိတ်ထုတ်ပြန်

    ၁၀၂၇ စစ်ဆင်ရေး ၇ ရက်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့ ၄ မြို့ကို အပြီးသတ်ထိန်းချုပ်လိုက်နိုင်ပြီလို့ ညီနောင်မဟာမိတ်အဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်လာပါတယ်။ ညီနောင်မဟာမိတ်၃ဖွဲ့ဘက်က ထိန်းချုပ်ထားနိုင်တဲ့မြို့နယ်တွေဟာ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ကြူကုတ်(ပန်ဆိုင်း) အပါ အဝင် သိန္နီမြို့တို့ဖြစ်ပြီး အလုံးစုံထိန်းချုပ်နိုင်ပြီလို့ ဒီကနေ့ နိုဝင်ဘာ…

    Read More »
  • 1 November
    သတင်း

    ပန်ဆိုင်းမြို့ စစ်တပ်နဲ့ရဲစခန်း ညီနောင်မဟာမိတ်တိုက်ခိုက်သိမ်းပိုက်

    ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြို့က စစ်ကောင်စီတပ်စခန်းနဲ့ ရဲစခန်းကို ညီနောင်မဟာမိတ်တွေက အောက်တိုဘာ ၃၁ မနေ့ည ၈ နာရီမှာ ဝင်ရောက်တိုက်သိမ်းပိုက်ပြီး ရဲစခန်းလည်း မီးလောင်သွားပြီလို့ဒေသခံတွေဆီကနေ သိရပါတယ်။ အဲဒီနောက်နိုဝင်ဘာလ ၁ ရက် ဒီနေ့မနက် ၈ နာရီမှာတော့ စစ်တပ်က ဂျက်လေယာဉ် တစ်စီးနဲ့ ရဲစခန်းတဝိုက်လာရောက်ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူ ၄ ဦးထိခိုက်ထိခိုက်ဒဏ်ရာရရှိထားပြီး နေအိမ်တစ်ချို့လည်းထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “မနေ့ည ပန်ဆိုင်းရဲစခန်းကိုတော့ ညီနောင်ကိုးကန့်တွေသိမ်းပိုက်လိုက်ပြီ။ စခန်းကိုလည်း မီးရှို့လိုက်ပြီပြောတယ်။ စစ်တပ်စခန်းကိုတော့ မသိမ်းနိုင်သေးဘူး။ ဒီမနက် ၈ နာရီလောက်မှာ လေယာဉ်နဲ့ လာပစ်သွားတယ်။ ရပ်ကွက် ၄ က နေအိမ်တစ်အိမ်ထိပြီး ပြည်သူ ၄ ဦးမှာ ထိသွားတယ်။” လို့  ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ စစ်တပ်လေယာဉ်နဲ့ဗုံးကြဲတာကြောင့်  ဒေသခံအမျိုးသား ၁ ဦး ၊ အမျိုးသမီး ၂ ဦး၊ ၇ နှစ်ဝန်းကျင်အရွယ် ကလေးငယ်တစ်ဦး စုစုပေါင်း ၄ ဦးထိခိုကဒဏ်ရာရရှိခဲ့ပါတယ်။  ကြူကုတ်ပန်ဆိုင်းမြို့က စစ်ကောင်စီတပ်စခန်းနဲ့ မြို့မရဲစခန်းကို ညီနောင်မဟာမိတ်အဖွဲ့ ကိုးကန့် MNDAA ၊ တအာင်း TNLA အပါအဝင် AA တို့ အောက်တိုဘာ ၃၀ ရက်နေ့ကစပြီး ဒရုန်းစစ်ဆင်ရေးနဲ့ စတင်တိုက်ခိုက်နေတာဖြစ်ပါတယ်။ အဲ့ဒီလို တိုက်ခိုက်နေရာမှ ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေလည်း ထွက်ပြေးသွားပြီး ရဲစခန်းကိုလည်း  မဟာမိတ်အဖွဲ့တွေဝင်စီးကာ မီးရှို့ဖျက်ဆီးလိုက်တာဖြစ်ပါတယ်။ လက်ရှိထိ ပန်ဆိုင်းမြို့ထဲ ညီနောင်မဟာမိတ်အဖွဲ့တွေ ဝင်ရောက်စီးနင်းနေပြီဖြစ်သလို စစ်ကောင်စီတပ်စခန်းကိုလည်း တိုက်ခိုက်နေဆဲဖြစ်ကြောင်းသိရပါတယ်။  ဒေသခံတွေ ပြောဆိုချက်အရ ပန်ဆိုင်းမြို့က အဲ့ဒီရဲစခန်းနဲ့ စစ်ကောင်စီစခန်းကို သိမ်းပိုက်ရရှိပါက ပန်ဆိုင်းမြို့ကို သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း ပြောပါတယ်။ “ပန်ဆိုင်းက အဲ့ဒီ စစ်တပ်စခန်းနဲ့ ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ပြီဆိုရင်တော့ ပန်ဆိုင်းက ကိုးကန့်လက်ထဲဖြစ်ပြီ။ အခုလည်း မြို့ထဲဝင်စီးနေပြီး။ ပန်ဆိုင်းစစ်တပ်စခန်းတွေလည်း ရှိနေသေးတယ်။ ကိုးကန့်ဘက်က ဒရုန်းနဲ့အဲ့ဒီစစ်တပ်စခန်းကုန်းကို ပစ်ခတ်တိုက်ခိုက်နေတုန်း။” လို့ ဒီနေ့ ၁၁ နာရီလောက်မှာ အဲ့ဒီဒေသခံအမျိုးသားက ကချင်သတင်းဌာနကို ဖြေဆိုခဲ့ပါတယ်။ လက်ရှိမှာ ပန်ဆိုင်းမြို့က ဒေသခံပြည်သူအားလုံးနီးပါးကတော့ အောက်တိုဘာ ၃၀ ရက်နေ့ကတည်းက တရုတ်ဘက်ကို ညှိနှိုင်းတောင်းဆိုပြီး တရုတ်ဘက်ခြမ်းကို စစ်ရှောင်ခိုလှုံနေကြတယ်လို့ ဆက်လက်သိရပါတယ်။ ရှမ်းမြောက်မှာ အောက်တိုဘာလ ၂၇ ရက်နေ့ကနေ…

    Read More »
  • Oct- 2023 -
    31 October
    သတင်း

    ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေးအဖြစ် မြို့ ၂ မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး ၅ ရက်မြောက်အဖြစ် စစ်ဆင်ရေးများဆက်လက် ဆောင်ရွက်နေ

    ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အောက်တိုဘာ ၂၇ ရက်နေ့က စတင်ခဲ့တဲ့ ညီနောင်မဟာမိတ်၃ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင် ရေး ၅ ရက်အတွင်း ကိုးကန့် အထူးဒေသ ၁ အတွင်းမှာရှိတဲ့ ချင်းရွှေဟော်၊ ဖောင်းဆိုင်တို့ကို အပြီးသတ် သိမ်းပိုင်းနိုင်ခဲ့သလို သိန္နီမြို့ကိုလည်း…

    Read More »
  • 30 October
    သတင်း

    နမ့်ဖတ်ကာမှာ လက်နက်ကြီးကျလို့ အရပ်သား ၃ ယောက်သေဆုံး

    တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဖတ်ကာမှာ ဒီကနေ့ အောက်တိုဘာလ ၃၀ ရက်နေ့ ညနေပိုင်းမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အမျိုးသမီး တစ်ယောက်အပါအဝင် ၃ ယောက် သေဆုံး ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ လာရှိုး–မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်မှာရှိတဲ့ နမ့်ဖတ်ကာ ရပ်ကွက်…

    Read More »
  • 27 October
    သတင်း

    နမ့်ဖတ်ကာမှာ လက်နက်ကြီးထိမှန်လို့ အမျိုးသမီးတစ်ယောက်နဲ့ ကလေးငယ်တစ်ယောက်သေဆုံး  ၆ ယောက်ထိခိုက်ဒဏ်ရာပြင်းထန်

    ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာမှာ စစ်ကောင်စီတပ်ကပစ်ခတ်တဲ့လက် နက်ကြီးကြောင့် အမျိုးသမီးတစ်ယောက်နဲ့ ကလေးငယ်တစ်ယောက်ကျည်ထိမှန် သေဆုံးပြီး နောက်ထပ် ၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ တွေကပြောပါတယ်။ အောက်တိုဘာလ ၂၇ ရက်နေ့ ဒီကနေ့ မနက်ပိုင်း ၈နာရီဝန်းကျင်မှာ နမ့်ဖတ်ကာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီ ခလရ ၁၇ တပ်တွေက အရပ်သားတွေနေထိုင်တဲ့ နေရာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာဖြစ်ပြီး နမ့်ဖတ်ကာ ရပ်ကွက်…

    Read More »
  • Jun- 2023 -
    21 June
    သတင်း

    နမ်ဖတ်ကာကျေးရွာတွင် စစ်ကောင်စီအောက် ဖွင့်လှစ်နေသည့် စာသင်ကျောင်းများ ပိတ်ရန် KIO ညွှန်ကြားစာထုတ်ပြန်

    ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ်ဖတ်ကာကျေးရွာတွင် စစ်ကောင်စီလက်အောက် ဖွင့်လှစ်သင်ကြားနေသည့် စာသင်ကျောင်းများကို သင်ကြားခွင့်မပြုဘဲ ပိတ်ရန် KIO ဘက်မှ တားမြစ်စာများ ပို့ထားပြီးနောက် ကျောင်းလာတက်သည့် ကျောင်းသားများ နည်းပါးသွားသည်ဟု  ဒေသခံများပြောသည်။ ဇွန်လ ၁၂ ရက်နေ့တွင် နမ်ဖတ်ကာ…

    Read More »
Back to top button