ရှမ်းပြည်မြောက်ပိုင်း
-
Nov- 2024 -19 Novemberသတင်း
မူဆယ်မြို့ရှိ တရုတ်-မြန်မာနယ်စပ်ဂိတ်ကနေ ကုန်ပစ္စည်းသယ်ခွင့်ပိတ်ထားလို့ မူဆယ်မှာ အခြေခံစားသောက်ကုန်ပြတ်လပ်
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ရှိ တရုတ်–မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ်တွေကနေ ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်ခွင့်ပိတ်ပင်ထားတာကြောင့် မူဆယ်မြို့ထဲမှာ အခြေခံစားသောက်ကုန်တွေပြတ်လပ်နေပြီး အခက်ကြုံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နယ်စပ်ဂိတ်တွေကနေ ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်ခွင့်ကို နှစ်ဖက်အာဏာပိုင်တွေဘက်က ပိတ်ပင်ထားတာ တစ်ပတ်ခန့်ရှိလာပြီဖြစ်ပြီး မူဆယ်မြို့ထဲမှာ ကုန်စျေးနှုန်းတွေမြင့်တက်ကာ အခြေခံစားသောက်ကုန်တွေ ပြတ်လပ်နေပြီလို့ ဒေသခံအမျိုးသားတစ်ဦးက ကချင်သတင်းဌာန KNG ကိုပြောပါတယ်။ “တရုတ်ဘက်က ကုန်ပစ္စည်းတွေကို မန့်ဝိန်းဂိတ်ကနေပဲ သယ်ယူခွင့်ပေးတော့မယ်။ ဆိုတော့ ကုန်သည်တွေအားလုံးကလည်း အဲဘက်ကနေဝင်ဖို့ ဦးတည် သွားစောင့်နေတာပေါ့။ ဒါပေမဲ့ မန့်ဝိန်းဂိတ်ကို မြန်မာဘက်က မဖွင့်ပေးသေးတာ။ အဝင်အထွက်လက်မခံသေးတာပေါ့။ အခု အခြေခံစားသောက်ကုန်တွေ အဝင်မရှိဖြတ်သန်းခွင့် မရနေတာကြောင့် မူဆယ်ထဲ စားသောက်ကုန်တွေပြတ်လာတယ်။ နာရေး၊ သာရေး အစီအစဉ်ကြီးတွေလုပ်ဖို့ ပြင်ဆင်ထားသူတွေလည်း တရုတ်ဘက်က ကုန်ပစ္စည်းတွေပဲအဓိက သုံးကြတာဆိုတော့ ငါးရှာတာတောင် မတွေ့တော့ဘူး။ အာလူးလိုက်ရှာနေသူတွေ၊ ဥနီလိုက်ရှာဝယ်တာတွေ ရှာဝယ်လို့ မရတော့တာကြောင့် ခက်နေကြတာတော်တော်များပဲ။ ဒီလိုပဲ ကြာကြာပိတ်နေရင်တော့ ဒီဘက်မှာ စားသောက်ကုန်တွေ ပိုခက်လာဖို့ပဲရှိတယ်”လို့ မူဆယ်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ မူဆယ်မြို့က အဓိက တရုတ်–မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ် ၃ ခုဖြစ်တဲ့ ဆင်ဖြူဂိတ်၊ နန်းတော်ဂိတ်နဲ့ မန့်ဝိန်းဂိတ်တွေ ပုံမှန်လည်ပတ်နေတဲ့အထဲ မန့်ဝိန်းဂိတ်ကိုပိတ်လိုက်ပြီး ဆင်ဖြူဂိတ်နဲ့ နန်းတော်ဂိတ်ကိုသာ ပုံမှန်ဖွင့်ထားတာဖြစ်ပါတယ်။ နန်းတော်–ဂျေဂေါင်ဂိတ်ကနေ လူပဲဖြတ်သန်းခွင့်ပြုထားပြီး ဆင်ဖြူဂိတ်ကနေတော့ အခြေခံစားသောက်ကုန်တွေလောက်သာ သယ်ယူပို့ဆောင်ခွင့်ပြုထားတာဖြစ်ပါတယ်။ လက်ရှိမှာ တရုတ်အာဏာပိုင်တွေဘက်က အခြေခံစားသောက်ကုန်ပစ္စည်းတွေသာ သယ်ယူခွင့်ရနေတဲ့ ဆင်ဖြူဂိတ်ကို ပိတ်လိုက်ကာ နိုဝင်ဘာလ ၁၁ ရက်နေ့ကစပြီး မန့်ဝိန်းဂိတ်ကနေပဲ စားသောက်ကုန်ပစ္စည်းတွေကို သယ်ယူပို့ဆောင်ဖို့ ခွင့်ပြုလိုက်တာဖြစ်ပါတယ်။ ခုလို တရုတ်ဘက်ကနေ ဖွင့်ပေးပေမဲ့ မြန်မာဘက်က မန့်ဝိန်းဂိတ်ကို ဆက်လက်ပိတ်ထားတဲ့အတွက် တရုတ်ဘက်ကနေဝင်လာမယ့် ကုန်တင်ကားတွေကို အဝင်မခံသေးတာကြောင့် ကုန်သည်တွေအတွက် အခက်ကြုံနေတာလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ နယ်စပ်ဂိတ် ၃ ခုစလုံးကနေ ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်လို့မရတာကြောင့် ကုန်သည်တွေအခက်ကြုံနေသလို မူဆယ်မြို့တွင်းမှာလည်း အခြေခံစားသောက်ကုန်တွေ ပြတ်လပ်လာနေပြီလို့ မူဆယ်ဒေသခံတွေက ပြောပါတယ်။ “ဂျေဂေါင်ဂိတ်ကနေတော့ လူအဝင်အထွက်တွေလုပ်လို့ ရနေတယ်။ ကုန်ပစ္စည်းတွေပဲ သယ်ယူပို့ဆောင်ခွင့်မရတော့တာ။ တရုတ်ဘက်ကနေ အခြေခံစားသောက်ကုန်တွေ ဝင်လို့မရတော့တာ။ အဝတ်အစားတွေလည်း အသစ်ထုတ်တွေ တစ်ခုမှ ဝင်လို့မရဘူး။ မူဆယ်မှာ အခု စားသုံးဆီတော်တော်ခက်နေတယ်။ တစ်ပိဿာကို ၇၀,၀၀၀ ရောက်နေပြီ။ အစက ၃၀,၀၀၀ လောက်ပဲရှိတာကို အခုက ၇၀,၀၀၀ ရောက်နေပြီ”လို့ မူဆယ်ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ မူဆယ်မြို့က ကုန်ပစ္စည်းသယ်ယူခွင့်ပြုထားတဲ့ ဆင်ဖြူဂိတ်နဲ့မန့်ဝိန်းဂိတ်ကို ပိတ်ထားတာကြောင့် ကုန်ပစ္စည်းတွေသယ်ယူပို့ဆောင်ခွင့်မရဘဲ နယ်စပ်ဂိတ်နားမှာ စောင့်ဆိုင်းနေတဲ့ ကုန်စိမ်းတင်ကားတွေမှာ ကုန်စိမ်းအားလုံးပျက်စီးပြီး အလကားဖြန့်ဝေလိုက်ရတာတွေလည်းရှိတယ်လို့ သိရပါတယ်။ ဒေသခံတချို့ပြောပြချက်အရ အခုလို နယ်စပ်ဂိတ်တွေပိတ်ထားတာ တစ်ပတ်လောက်ကြာနိုင်မယ်လို့ ပြောဆိုနေတာတွေရှိသလို နယ်စပ်ဂိတ်တွေကို အချိန်ကြာကြာပိတ်ထားရင် ဒေသခံတွေနဲ့ ကုန်သည်တွေအတွက် ပိုမိုကျပ်တည်းလာမှာကိုလည်း စိုးရိမ်နေကြတယ်လို့လည်း ပြောပါတယ်။ By – ဂျာဘောက်ရာ
Read More » -
Jul- 2024 -5 Julyသတင်း
လားရှိုးမြို့ နှစ်ဖက်တိုက်ပွဲတွေမှာ အရပ်သားသေဆုံးမှု ၁၃ ဦးအထိရှိလာ
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ထဲက ကိုးကန့်တပ် MNDAA တို့ နှစ်ဖက်ပစ်ခတ်မှုတွေအကြား သေဆုံးခဲ့ရတဲ့ အရပ်သား ၁၃ ဦးအထိရှိလာပြီလို့ တအာင်း တပ်မတော် TNLA သတင်းထုတ်ပြန်ချက်တွေနဲ့ ဒေသခံတွေဆီကသိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့ နဲ့ မနေ့ကအထိ နှစ်ရက်အတွင်း မိသားစု ၆ဦး ပွဲချင်းပြီးသေဆုံးခဲ့ရတဲ့ ဖြစ်စဉ်အပါအဝင် ကလေးငယ် နဲ့အမျိုးသမီးတွေပါသေဆုံးခဲ့ရပြီး နှစ်ရက်အတွင်းမှာပဲ သေဆုံးသူက ၁၃ ဦးအထိ ရှိလာတာဖြစ်ပါတယ်။ TNLA ရဲ့သတင်းထုတ်ပြန်ချက်တွေအရ လားရှိုးမြို့နယ်ထဲက ရပ်ကွက် ၁၊ရပ်ကွက် ၉၊ နမ့်ပေါင်ရွာ၊ ရပ်ကွက် ၁၁ နဲ့ ရပ်ကွက် ၅ တို့က ဒေသခံတွေ သေဆုံးခဲ့ရတာဖြစ်ပါတယ်။ မနေ့က မနက်ပိုင်း ၇ နာရီခွဲဝန်းကျင်လောက်မှာတော့ စစ်ကောင်စီတပ်ဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ရပ်ကွက် ၉ က…
Read More » -
Feb- 2024 -29 Februaryသတင်း
တိုက်ပွဲကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ ပြည်သူတွေကို ကူညီကြဖို့ ကချင်စာပေနှင့်ရိုးရာယဉ်ကျေးမှု လူငယ်အဖွဲ့ကတောင်းဆို
ရှမ်းမြောက်မှာ တိုက်ပွဲတွေကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ပြည်သူတွေအတွက် နေအိမ်တွေပြန်ပြီးဆောက်လုပ်ဖို့ ကူညီထောက်ပံ့ပေးမှုတွေ လိုအပ်နေတယ်လို့ ရှမ်းပြည်မြောက်ပိုင်း ကချင်စာပေနှင့်ရိုးရာယဉ်ကျေးမှု လူငယ်အဖွဲ့က ပြောပါတယ်။ တိုက်ပွဲကြောင့် နေအိမ်တွေပြန်ပြီးဆောက်လုပ်ဖို့လိုအပ်နေတဲ့ စစ်ရှောင်တွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့ကစပြီး ရှမ်မြောက်ကချင်စာပေနဲ့ ယှဉ်ကျေးမှုလူငယ်အဖွဲ့က လိုက်လံကူညီပေးနေတဲ့အပြင် အားလုံးရဲ့ဝိုင်းဝန်းအားဖြည့်မှု လိုအပ်နေတယ်လို့ ဆိုပါတယ်။ “အခု ကျနော်တို့က အိမ်တွေပျက်စီးသွားလို့ နေစရာမရှိတော့တဲ့ စစ်ရှောင်တွေကို အဓိက ကူညီဖို့ ရည်ရွယ်ချက်နဲ့ အခုလို အွန်လိုင်းပေါ် စာတင်ထားတာဖြစ်ပါတယ်။ ကျနော်တို့ လူငယ်တွေလည်းလူကြီးတွေတာဝန်ပေးမှုနဲ့ ဒေတာအချက်အလက်တွေ လိုက်ကောက်ပြီး လုပ်တယ်။ အခုလောလောဆယ်က ဒေတာလိုက်ကောက်တယ်။ အလှူတွေလိုက်ကောက်တယ်။အကူအညီလိုက်တောင်းတယ်။ ဒီလိုတွေပြီးပြီဆိုရင်တော့ ၂၄ ရက်ကစပြီး တိုက်ပွဲဖြစ်တဲ့နေရာတွေကို ကျနော်တို့ ကိုယ်တိုင်သွားပြီး အကူအညီ လိုက်ပေးပါတယ်” လို့ SWLHR အဖွဲ့ တာဝန်ရှိသူတစ်ဦး က ပြောပါတယ်။ ပျက်စီးဆုံးရှုံးသွားတဲ့ လူနေအိမ်များ ဒါ့အပြင် ရှမ်းပြည်မြောက်ပိုင်း ကချင်စာပေနှင့်ရိုးရာယဉ်ကျေးမှုလူငယ်ဌာနဟာ ပြန်လည်ထူထောင်ရေးမှာကူညီကြဖို့ကိုလည်း လူမူကွန်ယက်စာမျက်နှာကတစ်ဆင့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ တောင်းဆိုထားတာဖြစ်ပြီး ကူအညီပေးချင်တဲ့သူတွေအတွက် ငွေလွှဲနိုင်တဲ့ Kpay အကောင့်ကိုလည်း ထည့်သွင်းနိုင်တယ်လို့ ဖော်ပြထားပါတယ်။ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကစပြီး တိုက်ပွဲကြောင့် နေအိမ်မရှိတော့တဲ့သူတွေရဲ့စာရင်းတွေကောက်ယူပြီး စစ်ဘေးရှောင်ပြည်သူတွေဆီသွားရောက်ပြီး ကူညီပေးနိုင်အောင်ကြိုးစားသွားမယ်လို့ ပြောပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ စစ်ကောင်စီတပ်နဲ့ KIA တို့ကြား တိုက်ပွဲတွေကြောင့် ကျေးရွာတော်တော်များများမှာရှိတဲ့ နေအိမ်တွေပျက်စီးသွားတဲ့အထဲ နမ့်ဖတ်ကာကျေးရွာနဲ့ မုံးကိုးမြို့ကအပျက်အစီးအများဆုံးဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “နမ့်ဖတ်ကာမှာဆို စစ်ရှောင်တွေအများစုက ပြန်လာနေကြပြီ။ ဒါပေမဲ့ တချို့နေအိမ်တွေ အဓိက စစ်တပ်နဲ့နီးတဲ့ရပ်ကွက်က နေအိမ်တွေက ရစရာ တစ်ခုမှမရှိတော့တာ။ အိမ်ခြေ ၇၀ကျော်လောက်ရှိတယ်။ အိမ်တွေ လုံး၀ပြင်လို့လည်း မရတော့ဘူး။ သူတို့က အခု နီးစပ်ရာ ဆွေမျိုးအိမ်တွေမှာ ဆက်ခိုလှုံနေကြတယ်။ သူတို့လည်း ပြန်လည်ထူထောင်ဖို့ ပြင်ဆင်နေတာတွေရှိတယ်ဆိုတာလည်း ပြောပြချင်တယ်။ မုံးကိုးမြို့မှာက အိမ်ပျက်စီးသွားသူတွေက ဘုရားကျောင်းဝင်းမှာ ခိုလှုံနေကြတယ်”ဟု သူကဆက်ပြောပါတယ်။ ရှမ်းပြည်မြောက်ပိုင်း ကချင်စာပေနှင့်ရိုးရာယဉ်ကျေးမှုလူငယ်ဌာနက ကချင်လူမျိုးတွေရဲ့စာရင်းကို အဓိကကောက်ယူသွားမှာဖြစ်ပြီး နေအိမ်မရှိတော့တဲ့သူတွေအတွက် ဆောက်လုပ်ရေးကို အဓိကကူညီပေးသွားမှာဖြစ်တယ်လို့ ပြောပါတယ်။ “အခုလောလောဆယ် သူတို့အတွက် အရေးကြီးဆုံးက အစားအသောက်ဆိုလည်း ဘုရားကျောင်းအသင်းတော်တွေဘက်က ကူညီနေတယ်။ အသိဆွေမျိုး အသိုင်းအဝိုင်းတွေ၊ KIO အမျိုးသမီးအဖွဲ့တွေကူညီတာတွေရှိတယ်။ ဒါပေမဲ့ အခုအိမ်လုံး၀နေစရာမရှိတော့တဲ့သူတွေအတွက် အိမ်တွေ ပြန်ဆောက်ဖို့ အရေးပေါ် လိုအပ်နေတာဖြစ်တယ်”လို့ SWLHR အဖွဲ့ တာဝန်ရှိသူတစ်ဦး က ပြောပါတယ်။ ဒါ့အပြင် လက်ရှိချိန်ထိ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေကြောင့် ဒုက္ခကြုံတွေ့နေရတဲ့ ပြည်သူတွေရဲ့ ပြန်လည်တည်ထောင်ရေးမှာ ဘယ်အဖွဲ့အစည်းကမှ ကူညီထောက်ပံ့တာမရှိသေးဘူးလို့ ပြောပါတယ်။ ဒါ့ကြောင့်ခက်ခဲနေတဲ့ ကချင်လူမျိုးတွေကိုအဓိကထားပြီး ကူညီနိုင်အောင် ရှမ်းပြည်မြောက်ပိုင်း ကချင်စာပေနှင့်ရိုးရာယဉ်ကျေးမှုလူငယ်ဌာနက အားလုံးပါဝင်ကူညီနိုင်အောင် တောင်းဆိုရတာဖြစ်တယ်လို့ ပြောပါတယ်။ လက်ရှိ ရှမ်းမြောက်ဒေသ တိုက်ပွဲကြောင့် နေအိမ်တွေ ပျက်စီးဆုံးရှုံးမှုတွေရှိတဲ့ မြို့နယ်တွေဟာ မုံးကိုးမြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ နမ့်ဖတ်ကာ ၊ မုံးနဲမြို့နယ်၊ ကွတ်ခိုက်မြို့နယ်၊ သိန္နီမြို့နယ်၊ ဟိုပန်မြို့နယ်၊ ဂန်မင်းမြို့နယ်၊ နမ္မတူမြို့နယ်၊ မန်တုံမြို့နယ်၊ ကျောက်မြဲမြို့နယ်၊ နောင်ချိုမြို့နယ် ၊ မိုးမိတ်မြို့နယ်နဲ့ မုံးစီးမြို့နယ်တွေ ဖြစ်ကြောင်း သိရပါတယ်။ By – ဂျာဘောက်ရာ
Read More » -
7 Februaryသတင်း
TNLA ကအတင်းအဓမ္မ ဘက်ဟိုးနဲ့တူးထားတဲ့ နေအိမ်ခြံဝင်းအမြန်ဆုံးဖြေရှင်းပေးဖို့ ဒေသခံများတောင်းဆို
“အဲ့ကိစ္စ ကျနော်တို့က လူကြီးတွေကို တင်ပြတော့ သူတို့နဲ့ခေါ်ပြီး ရှင်းလင်းခိုင်းတယ်။ သူတို့တောင်းတဲ့ သိန်း ၅ ထောင်တော့ ကျနော်တို့ မြေကွက်နဲ့ ပြန်ရိုက်ကြည့်မယ်လေ၊ ဘယ်လောက်တန်ဖိုးရှိတယ်ပေါ့။ ဒါမှမဟုတ် သူတို့ကို အခုကျနော်တို့ မြေကွက်ရှာထားပေးတယ်။ မြေကွက်ပေးမယ်၊အိမ်အပါ အဲ့ဒါသူတို့ကိုခေါ်ပြီးပြောမှာပေါ့။ အဲ့အိမ်ပါတဲ့မြေကွက်ယူမယ်ဆိုလည်း ရတယ်။ ဒါမှမဟုတ် မြေကွက်မရချင်ဘူး။ ဒီမြေကွက်တန်ရာတန်ကြေး ကျနော်တို့တော့ ပေးရမှာပဲလေ ဒီနှစ်ခုပဲရှိတယ်။”
Read More » -
Dec- 2023 -11 Decemberသတင်း
နမ့်ဆန်နဲ့လားရှိုးက စစ်ကောင်စီရဲ့တပ်စခန်း ၃ ခုကို TNLA သိမ်းပိုက်
ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်နဲ့ လားရှိုးမြို့နယ်ထဲက စစ်ကောင်စီရဲ့တပ်စခန်း ၃ ခုကို ထပ်ပြီးတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်လိုက်ပါတယ်။ ဒီကနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ မနက်ပိုင်း ၅ နာရီလောက်မှာပဲ နမ့်ဆန်မြို့နယ်က လွယ်ဆိုင်တပ်စခန်းနဲ့ရဲစခန်းကို…
Read More » -
Nov- 2023 -21 Novemberသတင်း
အိပ်နေတဲ့အချိန် လက်နက်ကြီးကျလို့ ကလေးငယ်တစ်ယောက်သေဆုံး
ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်က အုန်းစွမ်ရွာမှာ နိုဝင်ဘာ ၂၀ ရက်နေ့ ည၁၂ နာရီခန့် လူတွေအိပ်နေတဲ့အချိန် လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ကလေးငယ်တစ်ယောက်သေဆုံးခဲ့ပြီး ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ အဲ့ဒီလက်နက်ကြီးဟာ အုန်းစွမ်ရွာကနေ ဆိုင်ကယ်နဲ့ ၄၅ မိနစ်လောက်သွားရတဲ့ စစ်ကောင်စီရဲ့ မိုင်းငေါ့တပ်စခန်းက နေ ပစ်ခတ်လိုက်တဲ့လက်နက်ကြီးဖြစ်တယ်လို့…
Read More » -
17 Novemberသတင်း
တိုက်ပွဲကျန် လက်နက်ကြီးကျည်ဆော့ကစားရာကနေ ပေါက်ကွဲလို့ ကလေး ၃ ယောက်သေဆုံး
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် ရပ်ကွက် ၆ မှာ လက်နက်ကြီးကျည်ဆော့ကစားရင်း ပေါက်ကွဲလို့ ကလေးငယ် ၃ ယောက် သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မနေ့က နိုဝင်ဘာ ၁၆ ရက်နေ့ ညနေပိုင်း ၃ နာရီလောက်မှာ…
Read More » -
Oct- 2022 -17 Octoberတိုက်ပွဲ
မန်တုံတွင် စစ်ကောင်စီ နှင့် KIA တိုက်ပွဲဆက်လက်ဖြစ်ပွား
ရှမ်းမြောက် မန်တုံမြို့တွင် အောက်တိုဘာ ၁၇ ယနေ့ နံနက် ၁၀ နာရီ မှ နေ့လည် ၁၂ နာရီခန့်ထိ စစ်ကောင်စီတပ်နှင့် KIA တို့ကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေ ကြောင်း သိရသည်။ စစ်ကောင်စီ အင်အား ၆၀ ကျော်သည် မန်တုံအထက် မုန်ဝွေ– နမ်ခမ်း…
Read More » -
5 Octoberတိုက်ပွဲ
နမ္မတူမြို့နယ်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ရှောင်များ နေရပ်မပြန်နိုင်သေး
ရှမ်းမြောက် KIA တပ်မဟာ ၄ တပ်ရင်း ၈ နယ်မြေ နမ္မတူမြို့နယ် ဆင်လီကောင်ရာ ကျေးရွာအနီး စက်တင်ဘာလ ၅ ရက် ယနေ့နံနက် ၁၁ နာရီခန့်မှ တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။ “တိုက်ပွဲက ဆက်တိုက်ပဲ အခုမနက်လည်း တိုက်ပွဲဖြစ်နေဆဲပဲ။…
Read More » -
Aug- 2022 -27 AugustCovid-19
ဝမ်တိန်မြို့တွင် ကိုဗစ် ပိုးတွေ့ရှိသဖြင့် ကုန်တင်ကား အဝင်အထွက်ကို ယာယီရပ်ဆိုင်း
ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ် ကျင်းစန်းကျော့ နှင့် ထိစပ်နေသည့် တရုတ်ဘက်ဝမ်တိန်မြို့တွင် ဩဂုတ်လ ၂၅ ရက်နေ့ ညနေပိုင်း ကိုဗစ်ပိုးတွေ့ လူနာ ၁ ဦး တွေ့ ရရှိခဲ့သဖြင့် ဝမ်တိန်အတွင်းရှိ စစ်ဆေးရေးဂိတ်မှ ကုန်တင်ကားအဝင်အထွက်ကို ယာယီရပ်ဆိုင်းထားကြောင်း နယ်စပ်ကုန်သွယ်ရေး အသိုင်းအဝိုင်းမှ…
Read More »