,

Breaking News :

ထီးချိုင့် ၉ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက် က ၃၀ ကျော်ကျဆုံး၊ စစ်ကောင်စီက ရွာ ၅ ရွာ ကို မီးရှို့

ဖားကန့်တွင် စစ်ကောင်စီအဖွဲ့ ကားလိုင်စင်များဖမ်းဆီးနေ

လုံးခင်းတွင် ဖုန်းဆိုင်တစ်ခု ဓါးပြတိုက်ခံရပြီး ငွေကျပ် သိန်း ၅၀ ဖိုးလုယူသွား

အင်ဂန်းကျေးရွာ နေအိမ်မီးလောင်ပြီး ကလေးငယ်နှင့် သက်ကြီးရွယ်အို စုစုပေါင်း ၇ ဦးသေဆုံး

ဖုန်အိန်ယာန်တွင် KIO ရွှေတူးဖော်မည့်အပေါ် ဒေသခံပြည်သူများ ကန့်ကွက်နေ

ဖားကန့်လမ်းတွင် ဒေသခံအမျိုးသား ၅၀ ဦးကို စစ်ကောင်စီဖမ်းဆီးထား

အွန်လိုင်း ငွေလိမ်လုပ်ငန်းမှာ လူကုန်ကူးခံနေရတဲ့ လူငယ်များ

နေအိမ် အလုံး ၅၀၀ ကျော်ကို KIA နှင့် PDF အဖွဲ့များ မီးရှို့ဖျက်ဆီးလိုက်သည်ဆိုသော သတင်းအမှား

အင်းတော် ရဲစခန်းရှေ့ဖြတ်သွားသည့် အသက် ၆၀ ကျော် ပြည်သူတစ်ဦး ပစ်ခတ်ဖမ်းဆီးခံရ

ရွှေဘိုတွင် တစ်ရက်အတွင်း ကျေးရွာ ၃ ရွာမှ လူနေအိမ် ၁၇၀ ခန့် မီးရှို့ခံရ

နမ္မတူမြို့နယ်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ရှောင်များ နေရပ်မပြန်နိုင်သေး

ရှမ်းပြည်မြောက်ပိုင်း တစ်နေရာတွင် မြင်တွေ့ရသော KIA စစ်သားများ

ရှမ်းမြောက် KIA တပ်မဟာ ၄ တပ်ရင်း ၈ နယ်မြေ နမ္မတူမြို့နယ် ဆင်လီကောင်ရာ ကျေးရွာအနီး စက်တင်ဘာလ ၅ ရက် ယနေ့နံနက် ၁၁ နာရီခန့်မှ တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

တိုက်ပွဲက ဆက်တိုက်ပဲ အခုမနက်လည်း တိုက်ပွဲဖြစ်နေဆဲပဲ။ စစ်ရှောင်တွေက ပြန်လို့မရသေးဘူး။ ရွာတွေနဲ့ လမ်းကြောင်းတစ်လျှောက် စစ်သားတွေပဲဆိုတော့ စစ်ရှောင်တွေကို ထမင်းပို့ဖို့တောင် ခက်နေတယ်။ ဟု နမ္မတူဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ ရက်နေ့ကစပြီး ယနေ့ထိ နမ္မတူမြို့နယ်တွင်း တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားနေသောကြောင့် ဆင်လီကောင်ရာကျေးရွာ၊ မန်ဂျတ်နှင့် ကုန်းကယားရွာများမှ ဒေသခံ စစ်ရှောင် အိမ်ထောင် ၃၀၀ ခန့် နေရပ်မပြန်နိုင်ပဲ ဆက်လက်တိမ်းရှောင်နေကြောင်း သိရသည်။

ထိုစစ်ရှောင်ပြည်သူများအတွက် နေရာထိုင်ခင်းနှင့် အစားအသောက်ခက်ခဲနေသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်မှ ယခုချိန် KIA တပ်ရင်းရှိ နယ်မြေဘက်သို့ စစ်အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သိရသည်။

တစ်ဖက်မှာ KIA ဘက်မှလည်း စစ်တပ်စခန်းများအား သွားရောက်တိုက်ခိုက် ပစ်ခတ်တာတွေ ပြုလုပ်ပြီး မန်တုံ နှင့် နမ္မတူ ဒေသတစ်လျှောက် တိုက်ပွဲဆက်တိုက် ဖြစ်ပွားနေသည်မှာ ၁၀ ရက်ကျော်လာပြီ ဖြစ်သည်။

ထို့အပြင် စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးများ ကျေးရွာများထဲ ကျရောက်ပေါက်ကွဲခြင်းကြောင့် နေအိမ်များ ထိခိုက်ပျက်စီးမှုများလည်း ရှိနေသည်။

Read Previous

ဖားကန့်တွင် ည ၈ နာရီနောက်ပိုင်း အပြင်ထွက်သူများကို ပစ်ခတ်ရန် ညွန်ကြားချက်ရရှိထားဟုဆို

Read Next

တနိုင်း ပယင်းမှော်ဘက်သို့ ဆင်များအသုံးပြုကာ ကုန်ပစ္စည်းတင်ပို့နေမှုကြောင့် လမ်းပျက်စီးနေ