သေဆုံးမှု

  • Dec- 2023 -
    26 December
    သတင်း

    နမ္မတူမှာ စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ အရပ်သား ၂ ယောက်သေဆုံး

    ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့ ရပ်ကွက် ၃ ကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အမျိုးသား ၂ ယောက်ပွဲချင်းပြီးသေဆုံးသွားတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း TWO က သတင်းထုတ်ပြန်ပါတယ်။ ဖြစ်စဥ်ဟာ မနေ့က ညနေပိုင်း ၅ နာရီလောက်မှာ…

    Read More »
  • 8 December
    သတင်း

    နမ့်ဖတ်ကာမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၅ ဦးထက်မနည်းထိခိုက်သေဆုံး

    ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာမှာ စစ်တပ်ကလေကြောင်းနဲ့ဗုံးကျဲတိုက်ခိုက်တဲ့အပြင် လက်နက်ကြီးရမ်းသမ်းပစ်ခတ်နေတာကြောင့် အရပ်သားပြည်သူ ၅ ဦးထက်မနည်း ထပ်မံထိခိုက် သေဆုံးတဲ့အပြင် နေအိမ် ၁၀ အိမ်ခန့် ထိခိုက်ပျက်စီးခဲ့တယ်လို့ နမ့်ဖတ်ကာဒေသခံ တွေဆီကနေ သိရပါတယ်။ ဒီဇင်ဘာလ ၇ ရက် မနေ့တစ်ညလုံးထိ နမ့်ဖတ်ကာစစ်တပ်က လက်နက်ကြီးအဆက်မပြတ်ပစ်ခတ်နေတာဖြစ်ပြီး ဒီဇင်ဘာ ၆ ရက်နေ့နဲ့ ၇ ရက်နေ့ မနက်ပိုင်းထိဆိုရင် လက်နက်ကြီးကြောင့် သေဆုံးသူ ၂ ဦးနဲ့ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ “၆ ရက်နေ့ညနေပိုင်းက လေယာဉ် ၂ စီးနဲ့လာပြီး သူတို့တပ်ထဲက မိန်းမတွေနဲ့ မိသားစုဝင်တွေကို လာခေါ်ထုတ်တယ်။ အဲ့ဒီအချိန် လုံခြုံရေးယူပေးတဲ့ လေယာဉ် ၁ စီးက နမ့်ဖတ်ကာရပ်ကွက် ၄ ဘက်တစ်ခုလုံး ဗုံးကြဲသွားတယ်။ နေအိမ်တွေအများကြီးပျက်စီးသွားတယ်။ လူက ၂ ဦးထိတယ်။ အဲ့ဒီနောက် ည ၁၁ နာရီလောက်မှာ လက်နက်ကြီးနဲ့ ဆက်တိုက်ပြန်ပစ်တယ်။ အဲ့ဒီမှာ လူထပ်ပြီးထိတယ်။ စစ်တပ်က လက်နက်ကြီးမပစ်တဲ့အချိန်ကိုမရှိဘူး ခုလည်းဆက်တိုက်ပစ်နေတုန်းပဲ။” လို့ နမ့်ဖတ်ကာဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ ဒီဇင်ဘာ ၆ ရက်နေ့ ညနေပိုင်း ၅ နာရီလောက်မှာ နမ့်ဖတ်ကာ ခ.လ.ရ ၁၂၃ တပ်စခန်း ထဲမှာရှိတဲ့ တပ်ဖွဲ့ဝင်တွေရဲ့မိသားစုဝင်တွေကို လာခေါ်တဲ့ လေယာဉ် ၂ စီးရောက်လာချိန်မှာလည်း လုံခြုံရေးယူပေးတဲ့လေယာဉ် ၁ စီးကနေ နမ့်ဖတ်ကာကျေးရွာထဲကို ဗုံးဆက်တိုက် ကြဲချခဲ့တာလို့ သူကဆက်ပြောပါတယ်။ ခုလိုလေယာဉ်ဗုံးကျဲတာကြောင့် နမ့်ဖတ်ကာ ရပ်ကွက် ၄ မှာရှိတဲ့ နေအိမ် ၁၀ အိမ်ကျော် ထိခိုက်ပျက်စီးသွားတဲ့အပြင် အသက် ၁၁ နှစ်အရွယ်ကလေးငယ် ၁ ဦးသေဆုံးပြီး အသက် ၇၀ ကျော်အရွယ် အဘွားအိုတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ တစ်ဆက်တည်း အဲ့ဒီည ၁၁ နာရီခန့်မှာဘဲ စစ်တပ်ကလက်နက်ကြီးနဲ့ ထပ်မံရမ်း သမ်းပစ်ခတ်ခဲ့တာကြောင့် နမ့်ဖတ်ကာရပ်ကွက် ၄ ဘက်မှာကျရောက်ပေါက်ကွဲပြီး ကလေးငယ် ၁ ဦး နဲ့ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဆက်လက်သိရပါတယ်။ ဒါ့အပြင် ဒီဇင်ဘာ ၇ ရက်နေ့ကလည်း တစ်နေ့လုံးနီးပါး နမ့်ဖတ်ကာ ခလရ ၁၂၃ တပ်စခန်းက လက်နက်ကြီးနဲ့ အဆက်မပြတ်ပစ်ခတ်နေခဲ့တာကြောင့် အမျိုးသားတစ်ဦးထပ်ပြီး ထိခိုက်သေဆုံးခဲ့ကြောင်း သိရပါတယ်။ “တနေကုန်လက်နက်ကြီးပစ်လို့ ညနေပိုင်း ၄ နာရီခွဲမှာတော့ လူပြန်ထိတယ်။ ဆေးရုံကိုခေါ်သွားတယ်။ ၆ နာရီလောက်မှာတော့ သေဆုံးသွားပြီ။ ပြီးခဲ့တဲ့နေ့လည်း လေယာဉ်နဲ့ သူတို့တပ်ထဲကလူတွေကို လာခေါ်ထုတ်ရင်း တစ်ရွာကိုလုံး ဗုံးကြဲလို့ ပြည်သူထိတယ်။ အိမ်တွေလည်း အများကြီးပျက်စီးသွားပြီ။” ဟု နမ့်ဖတ်ကာဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ လက်ရှိနမ့်ခမ်းမြို့ဘက် ညီနောင်မဟာမိတ်အဖွဲ့နဲ့ စစ်ကောင်စီကြား တိုက်ပွဲဆက်တိုက်ပြင်းထန်နေပြီး နမ့်ဖတ်ကာစစ်တပ်စခန်ကုန်ကနေလည်း လက်နက်ကြီးနဲ့ နေ့တိုင်းပစ်ခတ်နေတာဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးစတင်တဲ့ အောက်တိုဘာ ၂၇ ရက်နေ့ကနေ လက်ရှိချိန်ထိ ၁ လကျော်ကာလအတွင်း နမ့်ဖတ်ကာစစ်တပ်စခန်းမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် နမ့်ဖတ်ကာဒေသခံ အရပ်သားစုစုပေါင်း ၂၀ ဝန်းကျင် ထိခိုက်သေဆုံးပြီဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။ By…

    Read More »
  • 6 December
    သတင်း

    ဝိုင်းမော်မှာ လက်နက်ကြီးထိမှန်မှုကြောင့် အရပ်သားပြည်သူတစ်ဦးသေဆုံး

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အောင်မြေ(၁)ကျေးရွာမှာ ဦးရွှေမင်း ဦးဆောင်တဲ့ လီဆူပြည်သူ့စစ်အဖွဲ့ က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် လီဆူအမျိုးသားတစ်ယောက် သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ သေဆုံးသွားတဲ့အမျိုးသားဟာ အသက် ၄၀ နှစ်ရွယ် လာဆာရူးခေါ်သူဖြစ်ပြီး ဒီဇင်ဘာလ ၅…

    Read More »
  • Nov- 2023 -
    14 November
    သတင်း

    ကသာမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ မြေးအဖွားနှစ်ယောက်သေဆုံး

    စစ်ကိုင်းတိုင်း ကသာမြို့နယ်မှာ မနေ့က နိုဝင်ဘာလ ၁၃ ရက်နေ့ညပိုင်း ၁၁ နာရီလောက်က စစ်ကောင်စီ တပ်ဘက်က လက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်လို့ မြေးအဖွားတော်စပ်သူ၂ယောက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ ကသာမြို့ပေါ်က ခမရ ၃၀၉ တပ်ရင်းကနေ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာဖြစ်ပြီး ကသာမြို့ပေါ်…

    Read More »
  • 11 November
    သတင်း

    ဆားမှော်မှာ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံတစ်ယောက်သေဆုံးပြီး နေအိမ် ၄ အိမ်ပျက်စီး

    ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ဆာမှော်ကျေးရွာမှာ စစ်ကောင်စီတပ် ခလရ ၁၀၅ တပ်ရင်း ဒရုန်းနဲ့ ပစ်ခတ်ခံမှုဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်က တန်ပြန်ပစ်ခတ်မှုတွေကြောင့် နေအိမ်တစ်ချို့ နဲ့ ဒေသခံပြည်သူ တစ်ယောက်သေဆုံးပြီး နောက်ထပ် ဒေသခံ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။ နိုဝင်ဘာလ ၁၁…

    Read More »
  • 8 November
    သတင်း

    ကသာတိုက်ပွဲမှာ စစ်တပ်ဘက်က ၁၀ ယောက်ထက်မနည်းသေဆုံး

    စစ်ကိုင်းတိုင်း ကသာမြို့နယ်မှာ ရွှေကူမြို့နယ်ကနေ ဧရာဝတီမြစ်ကြောင်းအတိုင် စုန်ဆင်းလာတဲ့ သံခွန်မော်တော်ယာဥ်ပေါ်က စစ်ကောင်စီတပ်ဖွဲ့တွေ နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေအကြားတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ နိုဝင်ဘာလ ၈ ရက်နေ့ ဒီကနေ့ မနက်ပိုင်း ၇ နာရီလောက်ကစစ်အင်အား ၆၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ရွှေကူမြို့နယ်…

    Read More »
  • 6 November
    သတင်း

    ကချင်ပြည်နယ် မြို့နယ်တစ်ချို့မှာ ကျွှဲ၊နွားသေဆုံးမှုမြင့်တက်လာ

    ကချင်ပြည်နယ် မြို့နယ်တစ်ချို့က ကျွဲ၊ နွားတွေမှာ လည်ချောင်းကွဲကူးစက် ရောဂါဖြစ်ပွားနေတဲ့အတွက် ကျွှဲ၊ နွားသေဆုံးတာတွေပိုများလာနေတယ်လို့ မြစ်ကြီးနားက တိရစ္ဆာန်ကုဆရာဝန် (တိကုဆရာ) တစ်ယောက်က ပြောပါတယ်။ လက်ရှိ မိုးကောင်းနဲ့ ဖားကန့်မြို့နယ်ရှိ ကျေးရွာတစ်လျှောက် ကျွဲ၊ နွားတွေမှာ လည်ချောင်းကွဲရောဂါကြောင့်သေဆုံးတာတွေဖြစ်နေပြီး လက်ရှိထိအကောင် ၁၀၀ သေဆုံးနေပြီလို့ တိကုဆရာက KNG ကိုပြောပါတယ်။ “ကျွန်တော်တို့ လိုက်ကုပေးတာနဲ့ တစ်ချို့ ဆေးဆရာတွေ ရဲ့ပြောတာတွေအရဆိုရင်ပေါ့နော်၊ မိုးကောင်းမြို့နယ်မှာဘဲဆိုရင်တောင်ရှေ့ပိုင်းမှာဖြစ်တာက မြေမြုပ်ဖို့အတွက်‌တောင်…

    Read More »
  • 2 November
    သတင်း

    မူဆယ်မှာ ဗုံးခိုကျင်းပိလို့ သားအမိနှစ်ဦးသေဆုံး 

    ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်မှာ နိုဝင်ဘာ ၁ရက်နေ့ မနေ့ကညပိုင်းမှာ ဗုံးခိုကျင်းထဲ တိမ်းရှောင်နေတဲ့ သားအမိနှစ်ယောက် ဗုံးခိုကျင်းပြိုကျလို့ သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ မူဆယ်မြို့အထွက် တိုးဂိတ်အနီး ပြည်ထောင်စုလမ်းမကြီးဘေးမှာရှိတဲ့ နမ့်ခွန်ရွာမှာ သားအမိနှစ်ဦးဟာ တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်လို့ ဗုံးခိုကျင်းထဲဝင်အိပ်ရာကနေ မြေပြိုကျပြီး…

    Read More »
  • 2 November
    သတင်း

    ကွတ်ခိုင်မြို့နယ်မှာ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် အရပ်သားနှစ်ယောက်သေဆုံး

    ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ ကာလိုင်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ အမျိုးသမီးတစ်ယောက်သေဆုံးခဲ့သလို နမ့်ဖတ်ကာရွာ မှာလည်း လက်နက်ကြီးကျရောက် ပေါက်ကွဲလို့ အမျိုးသမီးတစ်ယောက် သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။   ဒီကနေ့ နိုဝင်ဘာလ ၂ ရက်နေ့…

    Read More »
  • Oct- 2023 -
    30 October
    သတင်း

    မြစ်ကြီးနားမြို့မှာ အမျိုးသားတစ်ဦး ကားတိုက်ခံရလို့ ပွဲချင်းပြီးသေဆုံး

    မြစ်ကြီးနားမြို့ ရွှေလမ်းမပေါ်မှာရှိတဲ့  Enrich Bar ရှေ့မှာ ဆိုင်ကယ်မောင်းနှင်လာတဲ့အမျိုးသား နှစ်ဦးကို ကားတစ်စီးဝင်တိုက်ခဲ့တဲ့အတွက် အမျိုးသားတစ်ဦးပွဲချင်းပြီး သေဆုံးကြောင်း ကချင်ပြည်နယ်လူမှုကယ်ဆယ်ရေးအသင်းက တာဝန်ရှိသူ ကပြောပါတယ်။ ဖြစ်စဉ်မှာ အောက်တိုဘာလ ၂၉ ရက် ည ၈ နာရီကျော်လောက်က အဲဒီအမျိုးသားနှစ်ဦးဟာ Enrich Bar ဘားဆိုင်ကနေ ဆိုင်ကယ်နဲ့ ထွက်လာတဲ့အချိန်ကားတစ်စီးဖြတ်တိုက်သွားဖြစ်တယ်လို့ လူမူကယ်ဆယ်ရေးအသင်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ “မော်တော်ပီကေ ပြောပြတာက ဆိုင်ကယ်နဲ့ဘားကထွက်လာတဲ့အချိန် ကားကဖြတ်ဝင်တိုက်တဲ့ပုံစံဟုတ်တယ်။ သူတို့အရက်တွေလည်းသောက်ထားတဲ့အတွက် အဲနားမှာရှိတဲ့မြောင်တံတားမှာ အရင်တိုက်မိပြီး လူကကားလမ်းဘက်ကိုရောက်သွားတဲ့အချိန် ကားတိုက်သွားတာဆိုပြီးတော့ ပြောတာကြားမိတယ်လို့”ပြောပြပါတယ်။ ကားတိုက်ခံလိုက်ရလို့ သေဆုံးသွားသူဟာ ထီးကျိုင့်မြို့ဇာတိ အသက်၂၀အရွယ် မောင်ဝေဖြိုးဉီးဆိုသူဖြစ်ပြီး ဦးခေါင်းကြေတဲ့ဒဏ်ရာနဲ့ အခင်းဖြစ်တဲ့ နေရာမှာသေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။ နောက်ထပ်တစ်ဦးကတော့ မေးစေ့ကွဲ၊ ညာဒူးပြဲဒဏ်ရာတွေရရှိခဲ့ပြီး နာမည်နဲ့နေရပ်လိပ်စာတွေကို မေးမြန်းလို့မရနိုင်ခဲ့ဘူးလို့သိရပါတယ်။ လက်ရှိမှာတော့…

    Read More »
Back to top button