အင်တာဗျူး
-
Jul- 2025 -2 Julyအင်တာဗျူး
မြို့သိမ်းတိုက်ပွဲ ၇ လခန့်မြင့်လာတဲ့ဗန်းမော်တိုက်ပွဲ နောက်ဆုံးအခြေအနေကို ဆက်သွယ်မေးမြန်းချက်
ကချင်ပြည်နယ်ရဲ့ ကြီးမားတဲ့ မြို့သိမ်းတိုက်ပွဲအဖြစ် ကချင်လွတ်လပ်ရေးတပ်မတော် KIA က ထိုးစစ်ဆင် တိုက်ပွဲဆင်နွှဲနေတဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲဟာ ဒီဇူလိုင်ထဲမှာဆိုရင် တိုက်ပွဲကာလ ၇ လခန့်ကြာမြင့်လာပြီဖြစ်ပါတယ်။ KIA နဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းရှိ…
Read More » -
Jun- 2025 -19 Juneအင်တာဗျူး
KIO/KIA အစိုးရသိမ်းပိုက်ထားတဲ့နယ်မြေတွင်း ပညာရေးအခြေနေ
ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ တိုက်ခိုက်သိမ်းပိုက်ရရှိတဲ့ နေရာဒေသတွေများလာတာနဲ့အတူ အဲဒီနေရာဒေသတွင်းမှာလည်း စာသင်ကျောင်းတွေ ပိုမိုတိုးချဲ့ဖွင့်လှစ်လာနိုင်ပြီဖြစ်ပါတယ်။ ပြီးခဲ့ ၂၀၂၄– ၂၅ ပညာသင်နှစ်အထိ KIO အစိုးရအောက် အထက်တန်းကျောင်း ၂၅ ကျောင်း၊ အလယ်တန်းကျောင်း ၄၅ ကျောင်း၊ မူလတန်းကျောင်း ၁၇၁ ကျောင်း ပြန်လည်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ကျောင်းပေါင်း ၄၄၄ ကျောင်းထိရှိလာခဲ့တာဘဲ ဖြစ်ပါတယ်။ ဒီနှစ်၂၀၂၅–၂၆ စာသင်နှစ်မှာတော့ စာသင်ကျောင်းတွေ ဘယ်လောက်ထိထပ်တိုးထားနိုင်ပြီလဲ။ KIO အစိုးရအောက် ပညာရေးဌာနကနေပြီးတော့ ဘယ်လိုသင်ကြားမှုပုံစံတွေနဲ့သင်ကြားနေလဲဆိုတာနဲ့ ပတ်သက်ပြီး KIO ပညာရေးဌာန ဒုတာဝန်ခံ ဆရာကြီး မလန်ဘရန်တောင်( Malang Brang Tawng) ကို KNG ကနေပြီးတော့ ဆက်သွယ်မေးမြန်းထားပါတယ်။ မေး။ ။ ပထမဦးဆုံးအနေနဲ့ ၂၀၂၅–၂၆ပညာသင်နှစ်မှာ စာသင်ကျောင်းတွေဘယ်လောက်ထိပြန်လည်တိုးချဲ့ ဖွင့်လှစ်ထားနိုင်ပြီလဲ ဆရာ။ ဖြေ။ ။ အထက်တန်းကျောင်းအနေနဲ့ကတော့ ကေအိုင်အို ထိန်းချုပ်ရာ အရှေ့မြောက်ဒေသ(ချီဖွေ ပန်ဝါဒေသ)မှာ အထက်တန်းကျောင်း ၂ကျောင်း၊ အနောက်တောင်ဒေသ (တာမခံ၊ဆယ်ဇင်း)ဘက် ၂ကျောင်း၊ တပ်မဟာ၉(ဖားကန့်ဒေသ) ၁ကျောင်း၊ တပ်မဟာ ၁၁( မန်းဝင်းကြီးဒေသ)မှာ ၅ကျောင်း၊ ကေအိုင်အို ဗဟိုဌာနချုပ် ဒေသတစ်ဝိုက် ၃ကျောင်းထိ အသစ်ပြန်လည်ဖွင့်လှစ်ထားတယ်။ အလယ်တန်းကျောင်းကတော့ အရှေ့မြောက်ဒေသ(ချီဖွေ ၊ ပန်ဝါဒေသ)မှာ ၇ကျောင်း၊ တပ်မဟာ၉ (ဖားကန့်ဒေသ) ၃ကျောင်း၊ တပ်မဟာ၁၁(မန်းဝင်းကြီးဒေသ)ဘက်မှာတော့ ၁၅ကျောင်း၊, ဗဟိုဌာကချုပ်ဒေသ ဒေသတစ်ဝိုက် ၈ကျောင်း၊ တပ်မဟာ၁ မြောက်ပိုင်းဒေသ( ဆွမ်ပရာဘွမ်)ဘက်မှာတော့၂ကျောင်းထိ တိုးချဲ့ဖွင့်လှစ်ထားပါတယ်။ မူလတန်းကျောင်းတော့ အရမ်းများတော့ အတိအကျ မသိဘူး ၆၀ ဝန်းကျင်လောက်တော့ ရှိမယ်ထင်တယ်။ မေး။ ။ ဒီနှစ်ကျောင်းတက်မယ့်သူတွေအနေနဲ့ကော ကျောင်းအပ်ခတွေသွင်းရလားဗျ အဲတာနဲ့ ပက်သက်ပြီးတော့မှကော ဘယ်လိုညွှန်ကြားထားလဲ။ ဖြေ။ ။ ကျောင်းအပ်ခဆိုတာက ကျွန်တော်တို့အနေနဲ့ ကျောင်းခန်းမှာ လိုအပ်တဲ့ဟာသုံးဖို့အတွက် လုံလုံလောက်လောက်တော့ မပေးနိုင်ဘူး။ဒါကြောင့် ကျောင်းတိုင်းမှာ ကျောင်းကော်မတီဆိုတာရှိတယ်။ အဲဒီကျောင်းကော်မတီကနေပြီးတော့ ကျောင်းသားတစ်ဦးကိုတော့ ဘယ်လောက်လေးတော့ ထည့်ဝင်ခိုင်းရအောင်ဆိုပြီး ဆုံးဖြတ်တာမျိုးတော့ ရှိပါတယ်။ လုံးဝပိုက်ဆံ မကောက်ဘဲ ကျောင်းတက်နိုင်အောင် အရမ်းတော့ ကြိုးစားကြည့်ပေမယ့် မဖြစ်နိုင်ဘူး။ ကျွန်တော်တို့ရုံးက ပိုက်ဆံက လုံလောက်စွာ မထုတ်ပေးနိုင်တဲ့အတွက် ကျောင်းလည်ပတ်နိုင်ဖို့အတွက်တော့ကျောင်းသားတွေဆီက နည်းနည်းပါးပါးတော့ကောက်ဖို့ လုပ်ထားပါတယ်။ ကျောင်းစာအုပ်တွေလည်း တချို့ အလကားပေးလို့ရတဲ့ဟာတွေ ရှိသလို အလကားပေးလို့ မရတဲ့စာအုပ်တွေကိုတော့ ပရင့်ပြန်ရိုက်ရတဲ့အတွက် ပရင့်တဲ့ကြေးကောက်တာတွေရှိပါတယ်။ မေး။ ။…
Read More » -
May- 2025 -6 Mayအင်တာဗျူး
ငလျင်ဒဏ်သင့်ပြည်သူတွေ နောက်ဆက်တွဲကျန်းမာရေးပြသာနာ ဘာတွေရှိနေလဲ
စစ်ကိုင်းနဲ့မန္တလေးမြို့တွေကို အဓိကဗဟိုပြုပြီးလှုပ်ခတ်သွားတဲ့ ၇ ဒဿမ ၇ အင်အားပြင်းငလျင်ဒဏ်ကြောင့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်က နေအိမ်အဆောက်အဦးတွေအပါအဝင် စစ်ကိုင်းတံတား၊ သမိုင်းဝင်အဆောက်အဦးများ ပြိုကျပျက်စီးခဲ့ရတာဘဲ ဖြစ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ အဲဒီဒေသတွေမှာနေထိုင်ကြတဲ့ ပြည်သူတွေဟာ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရှိလာတဲ့အတွက် ကုသမှုတွေလိုအပ်နေတာ…
Read More » -
Mar- 2025 -10 Marchအင်တာဗျူး
မြစ်ကြီးနား၊ ဝိုင်းမော်မှာ အရပ်သား သတ်ဖြတ်ခံရသူ ၇ ဦးထိရှိလာတဲ့အတွက် ဘယ်လိုအခြအနေ ရှိနေလဲ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နဲ့ဝိုင်းမော်မြို့မှာ တစ်လအတွင်းအရပ်သားသတ်ဖြတ်ခံရသူ ၇ ဦးထိရှိပြီး အဲဒီထဲမှာအမျိုးသမီး ၄ ဦးပါဝင်ကြောင်း လူမှုကယ်ဆယ်ရေးအသင်းတွေဆီကနေ စုံစမ်းသိရှိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့ ဝိုင်းမော်မြို့ အမှတ် ၅ ရက်ကွက် အမျိုးသမီးတစ်ဦး လည်ပင်းဓားထိုးဒဏ်ရာနဲ့ သတ်ဖြတ်ခံရမှု၊ မတ်လ ၄ ရက် မြစ်ကြီးနားမြို့ အင်ဂျန်ဒုံရပ်ကွက်၊ အမှတ်၆ ကျောင်းရှေ့ အမှိုက်ပုံမှာ စွန့်ပစ်ထားတဲ့ အမျိုးသမီးရုပ်အလောင်းတွေ့ရှိမှု၊ မတ်လ ၃ ရက် မြစ်ကြီးနားမြို့ ရမ်ပူအောက်ချိုင့် ချမ်းသာကြီးဘုန်းကြီးကျောင်းအနီး နေအိမ်တစ်ခုမှာ လင်မယားနှစ်ဦးရန်ဖြစ်ပြီး အမျိုးသားဖြစ်သူက အမျိုးသမီးကို ပုဆိန်နဲ့ ခုတ်သတ်မှု၊ ဖေဖော်ဝါရီ ၂၈ ရက် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် အမျိုးသမီးတစ်ဦး ဓားဖြင့်ခုတ်သတ်ခံရမှု၊ ဖေဖော်ဝါရီ ၁၉ ရက် ဝိုင်းမော်မြို့ အာလူးဘာရီကျေးရွာ အသက်…
Read More » -
Feb- 2025 -26 Februaryအင်တာဗျူး
အမေရိကန် မူဝါဒအပြောင်းအလဲကြား မလေးရှားရောက် ကချင်ဒုက္ခသည်များ အခြေအနေ မေးမြန်းချက်
မလေးရှားနိုင်ငံမှာ တတိယနိုင်ငံကို ရွှေ့ပြောင်းနေထိုင်ဖို့ စောင့်ဆိုင်းနေတဲ့ မြန်မာနိုင်ငံသားအများအပြားရှိပြီး သူတို့ထဲမှာ တရားဝင်အထောက်အထားနဲ့ နေထိုင်သူတွေရှိသလို တရားမဝင် ပုံစုံမျိုးနဲ့ နေထိုင်ပြီး အဖမ်းခံရသူတွေလည်း ရှိနေပါတယ်။ UNHCR ဖော်ပြချက်အရ ၂၀၂၅ ဇန်နဝါရီလကုန်ပိုင်းအထိ မလေးရှားနိုင်ငံမှာ UNHCR မှတ်ပုံတင်ထားတဲ့ မြန်မာနိုင်ငံသား ဒုက္ခသည် နဲ့ နိုင်ငံရေးခိုလှုံနေသူ ၁၇၀,၉၂၀ ဦးထိ ရှိပြီး သူတို့ထဲမှာ ရိုဟင်ဂျာ ၁၁၁,၉၈၀ ဦး၊ ချင်းလူမျိုး…
Read More » -
Aug- 2024 -12 Augustအင်တာဗျူး
တိုက်ပွဲဒေသဖြစ်နေတဲ့ ဗန်းမော်မြို့အခြေအနေ ဆက်သွယ်မေးမြန်းချက်
ဒါကြောင့် တိုက်ပွဲဇုန်နဲ့အနီးဆုံးမှာရှိနေတဲ့ ဗန်းမော်မြို့အခြေနေကို ဗန်းမော်ကနေ တစ်ခြားနေရာကို ဒီမနက်ရောက်ရှိနေတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးကို KNG ကဆက်သွယ်မေးမြန်းထားပါတယ်။
Read More » -
Oct- 2023 -20 Octoberအင်တာဗျူး
အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်ကလူငယ်တစ်ချို့ဘယ်လိုရုန်းကန်နေကြလဲ (ဆက်သွယ်မေးမြန်းချက်)
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးနောက် အလုပ်အကိုင်ရှားပါးမှုတွေက အရင် ကထက် သိသိသာသာ လျော့နည်းလာနေတဲ့အပြင် ၂၀၂၃ ခုနှစ်အတွင်း အလုပ်လက်မဲ့နှုန်း ပိုမိုမြင့်တက်လာနိုင်တယ်လို့ ကမ္ဘာ့နိုင်ငံပေါင်း ၁၉၆ နိုင်ငံမှ စီးပွားရေးဆိုင်ရာ အညွှန်းကိန်းများအတွက် လိုအပ်တဲ့ အချက်အလက်များ မျှဝေကူညီပေးနေတဲ့ အဖွဲ့အစည်း Trading economics ရဲ့ လူမူကွန်ယက်စာမျက်နှာနဲ့ဝဒ်ဆိုက်တွေမှာ ဒီနှစ်…
Read More » -
Sep- 2023 -27 Septemberသတင်း
စစ်တပ်ရဲ့သင်္ဘော ၆ စီးဆန်တက်ခဲ့ချိန် မြစ်ကမ်းတစ်လျှောက်ပြည်သူတွေ ဘာတွေကြုံခဲ့ရလဲ ကာကွယ်ရေးတပ်နဲ့တိုက်ပွဲအခြေနေ ဆက်သွယ်မေးမြန်းချက်
အာဏာသိမ်းစစ်ကောင်စီတပ်ဟာ စစ်ကိုင်းအထက်မှာရှိတဲ့ ကချင်ပြည်နယ်ဘက်ကို စစ်လက်နက်ရိက္ခာတင်ပို့ရာမှာ ထိခိုက်သေဆုံးမှုနည်းတဲ့ ရေကြောင်းကို သိသိသာသာအသုံးပြုလာပြီး ပြီးခဲ့တဲ့ ၂ လတာအတွင်းမှာ မန်းလေးကနေ ကချင်ပြည်နယ်ဘက်ကို စစ်လက်နက်ရိက္ခာတွေကို ၂ ကြိမ်တိတိလာရောက်ပို့ဆောင်ထားနိုင်ပြီဖြစ်ပါတယ်။ စစ်လက်နက်ရိက္ခာတွေပို့တဲ့ စစ်ကောင်စီတပ်ရဲ့သင်္ဘောတက်လာတိုင်း ကသာအထက်ပိုင်း ဧရာဝတီမြစ်ကမ်းတစ်လျှောက်ကနေ ဗန်းမော်ဆိပ်ကမ်းမရောက်ခင်အထိ…
Read More » -
26 Septemberအင်တာဗျူး
မိုးကောင်းမြို့ မှာ အရပ်သားဖမ်းဆီးခံရမှုနဲ့ပတ်သက်ပြီး ဆက်သွယ်မေးမြန်းချက်
မိုးကောင်းမြို့နယ်မှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ ရက်နေ့က စက်တင်ဘာလ လဆန်းပိုင်းအထိ ဖမ်းဆီးခံရတဲ့ အရပ်သား ၁၀၀ ကျော်ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲဒီထဲက စစ်တပ်ရဲ့ညှင်းပန်းနှိပ်စက်ခံရတာတွေကြောင့် စစ်ကြောရေးမှာ သေဆုံးသူ ၂ ယောက်ထိရှိခဲ့တဲ့အပြင် ဖမ်းဆီးခံရသူတွေထဲမှာ အာမခံနဲ့လွတ်မြောက်လာသူ တွေအနည်းအကျဉ်းရှိခဲ့ပေမေယ့် အများပိုင်းကတော့ ဖမ်းဆီးခံထားရဆဲလည်းဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဟာ ဘာကြောင့်ခုလို ဖမ်းဆီးသတ်ဖြတ်တာတွေလုပ်နေတာလဲ ဒီအခြေနေနဲ့ပတ်သက်ပြီး မိုးကောင်းမြိုခံ ရပ်မိရပ်ဖတစ်ဦးကို KNG သတင်းဌာနက မေးမြန်းထားပါတယ်။ မေး– မိုးကောင်းမှာ ဒေသခံတွေကို စစ်ကောင်စီတပ်ဘက်က ဖမ်းဆီးမှုတွေလုပ်လာတာ ဘာ့ကြောင့်လဲ။ “အချက်နှစ်ချက်လောက်တော့ရှိတယ် သူတို့ စကခ မှူးရဲ့အပြောင်းအရွေ့ပေါ့ ဒါလည်းပါတယ် ပြီးရင် တိုင်းအဆင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က တိုင်းမှူးပါပြောင်းလဲလိုက်တာပေါ့အဲ့တာတွေလည်းပါတယ်။ပြီးရင် ကျနော်တို့မြို့မှာ ဒလန်ရှင်းလင်းရေးလုပ်တဲ့ အခြေနေမှာ အခုနောက်ဆုံးဖြစ်သွားတဲ့ အထက ၁…
Read More »








