အရပ်သား

  • Dec- 2025 -
    8 December
    သတင်း

    ဗန်းမောက်က ရွှေလုပ်ကွက်ဗုံးကြဲခံရလို့ အရပ်သားတစ်ဦးသေဆုံး ၆ ဦးဒဏ်ရာရ

    စစ်ကိုင်းနဲ့ကချင်အစပ် ဗန်းမောက်မြို့နယ်က ‌ရွှေလုပ်ကွက်တစ်ခု မနေ့က ဒီဇင်ဘာလ ၇ ရက်နေ့က လေကြောင်းကနေဗုံးကြဲ တိုက်ခိုက်ခံရလို့ အရပ်သားတစ်ဦးသေဆုံးခဲ့ရပြီး ၆ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ မနေ့က မွန်းလွှဲ ၂ နာရီဝန်းကျင်လောက်မှာ ဗန်းမောက်မြို့နဲ့ မိုင်၂၀အကွာ တောင်ပိုင်းတစ်နေရာက ရွှေလုပ်ကွက်ကို ဂျက်ဖိုက်တာ နှစ်စီးနဲ့ ဗုံးကြဲခံခဲ့ရတာဖြစ်ပြီး အသက် ၃၃ နှစ်အရွယ် ကိုငြိမ်းဆိုသူသေဆုံးခဲ့ရတာဖြစ်တယ်လို့ အခြေနေသိရှိတဲ့ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “မနေ့ညနေမှာကြဲသွားတာ။ ဂျက်ဖိုက်တာနှစ်စီးနဲ့ ဗုံးက ၈ လုံးကြဲသွားတာလို့သိရတယ်။ ၂ လုံးတစ်ခါနဲ့  ၄ကြိမ်ကြဲသွားတာ။ ကြဲသွားတာက ရွှေလုပ်ကွက်ထဲ ဂိတ်စောင့်တဲ့အရပ်သားတစ်ယောက်သေသွားတယ်။ ၆ ယောက်ဒဏ်ရာရတယ်။ ၆ယောက်ထဲမှာ ၂ ယောက်က တရုတ်လူမျိုး ဗမာစကားလုံးဝမတတ်ဘူး”လို့ပြောပါတယ်။ ဗန်းမောက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်အရ လေကြောင်းတိုက်ခိုက်ခံရတဲ့နေရာဟာ ဗန်းမောက်၊ အင်းတော် နဲ့ ဝန်းသိုမြို့နယ်၃ခုဆုံတဲ့ သုံးမြေဆုံနေရာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားနေတဲ့ ဗန်းမောက်မြို့နဲ့ မိုင် ၂၀ အကွာမှာတည်ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် တိုက်ပွဲဧရိယာမဟုတ်ဘဲ အကြောင်းမဲ့သက်သက်အရပ်သားတွေ ရွှေတူးဖော်တဲ့နေရာကို လေကြောင်းတိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်း ဗန်းမောက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကဆိုထားပါတယ်။ တစ်ဖက်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက်နေ့ကစတင်ကာ တော်လှန်ရေးအင်အားစုများသိမ်းပိုက်ထားတာမကြာသေးတဲ့ ဗန်းမော်ြမို့ပေါ်ကို ရှမ်းနီအမျိုးသားတပ်မတော် SNA နဲ့ စစ်ကောင်စီပူးပေါင်းတပ်တွေက ဆက်တိုက်ထိုးစစ်ဆင်နေတဲ့အပြင် လေကြောင်းအသုံးပြုတိုက်ခိုက်မှုတွေနေ့စဥ်ရှိနေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေကပြောပါတယ်။ “ဗန်းမောက်မြို့ပေါ်ကိုက နေ့တိုင်းကြဲနေတာ။ မနေ့ကအထိပေါ့ ။မြေပြင်စစ်ကြောင်းကတိုးမရလို့ လေကြောင်းနဲ့ဘဲ တောက်လျှောက်ကြဲနေတာ တစ်ပတ်လောက်ရှိပြီ”လို့ကာကွယ်ရေးတပ်ဖွဲ့ဝင်အမျိုးသားတစ်ဦးက ဗန်းမောက်လက်ရှိစစ်ရေးအခြေနေကိုပြောပြပါတယ်။ ဗန်းမောက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း ဗန်းမောက်မြို့တိုက်ပွဲအတွင်း စစ်ကောင်စီက တစ်ရက်ကို ဗုံးအလုံး ၃၀ ကျော် ကြဲချနေတာ ၆ ရက်ဆက်တိုက်ရှိပြီဖြစ်ကြောင်း ဒီဇင်ဘာလ ၆ ရက်နေ့ကပဲထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့နိုဝင်ဘာလ ၃၀ ရက်နေ့နဲ့ ဒီဇင်ဘာ ၁ ရက်နေ့ကလည်း ကချင်ပြည်နယ်ရဲ့ဒုတိယမြို့တော် ဗန်းမော်မြို့ကရွှေလုပ်ကွက်တချို့ကိုလေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သား ၃ ဦးသေဆုံးခဲ့ရပါသေးတယ်။ By – အမိုး

    Read More »
  • Sep- 2025 -
    1 September
    သတင်း

    ဖားကန့်မှာ ၃ ရက်အတွင်း ဖမ်းဆီးခံရသူ ၃၅ ဦးအထိရှိလာ

    ကချင်ပြည်နယ် ဖားကန့်မြို့မှာ စစ်တပ်က စစ်ဆေးရေးကို တင်းတင်းကြပ်ကြပ် စတင်လုပ်ဆောင်လာနေပြီး သုံးရက်အတွင်းမှာ ဖမ်းဆီးခံရတဲ့ လူငယ် ၃၅ ဦးအထိရှိလာတယ်လို့ ဖားကန့်ပြည်သူတွေဆီကနေ သိရပါတယ်။ ဩဂုတ် ၂၈ ရက်နေ့ကစတင်ပြီး ပန်းတင်တံတားမှာ လူငယ် ၁၀ ဦး၊…

    Read More »
  • Jul- 2025 -
    4 July
    သတင်း

    ကချင်မှာ စစ်တပ်ရဲ့တိုက်ခိုက်မှုကြောင့် သေဆုံးသူအရပ်သား ၂၃၀ ဦးထိရှိလာ

    ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ၂၀၂၃ ဇန်နဝါရီလကနေ  ၂၀၂၅ ဇွန်လထိ သေဆုံးသူ ၂၃၀ ဦးထိရှိခဲ့တယ်လို့ Kachin Human Rights Watch(KHRW) ကနေသိရပါတယ်။ ထိခိုက်သေဆုံးသူတွေထဲမှာ မွေးကင်းစကလေးအရွယ်ကနေ သက်ကြီးရွယ်အိုအထိပါဝင်ပြီး အသက် ၁၈ နှစ်အထက် အမျိုးသားသေဆုံးမှု အများဆုံးဖြစ်ပြီး ဖြစ်စဉ်တွေထဲမှာ လေကြောင်းပစ်ခတ်မှုကြောင့်…

    Read More »
  • Jun- 2025 -
    19 June
    သတင်း

    စစ်ကောင်စီတပ် ဖားကန့်မြို့သို့ ထိုးဖောက်ဝင်ရောက်လာပြီးနောက် အရပ်သားသေဆုံးမှု နဲ့ ဒဏ်ရာ ရရှိမှု များပြားလာ

    ဖားကန့်မြို့သို့ စစ်ကောင်စီတပ် စစ်ကြောင်း ပထမဆုံး ထိုးဖောက်ဝင်ရောက်သွားတဲ့ ရက်သတ္တပတ် နှစ်ပတ်ကျော်အတွင်းမှာ အရပ်သား ထိခိုက်ဒဏ်ရာရရှိသူ နဲ့ သေဆုံးသူ စုစုပေါင်း ၁၀၀ ကျော်အထိ ရှိလာတယ်လို့ ဖားကန့်ပြည်သူတွေ ပြောပါတယ်။ လဝါး – ကားမိုင်း…

    Read More »
  • Feb- 2025 -
    10 February
    သတင်း

    လန်ဆယ်ကျေးရွာကို စစ်ကောင်စီကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်

    ဆော့လော်မြို့နယ် လန်ဆယ်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံနေအိမ်တွေ ထိခိုက်ပျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလ ၇ ရက်နေ့ ညနေပိုင်း ၄ နာရီဝန်းကျင်လောက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အရပ်သား တွေနေထိုင်တဲ့ ဘက်ကို တိုက်ခိုက်ခဲ့တာလို့ ဒေသခံတစ်ဦးက…

    Read More »
  • 6 February
    သတင်း

    ကချင်မှာ အာဏာသိမ်း လေးနှစ်တာအတွင်း အရပ်သားသေဆုံးမှု ၅၆၀ ဦး ခန့်အထိ ရှိခဲ့

    စစ်တပ် အာဏာသိမ်းကာလ လေးနှစ်အတွင်း ကချင်ဒေသမှာ စစ်တပ်ရဲ့ အရပ်သားများအပေါ် လေကြောင်းပစ်ခတ်မှု၊ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သားသေဆုံးမှု ၅၆၀ ဦးခန့်အထိ ရှိခဲ့တယ်လို့ သိရပါတယ်။ လေကြောင်းတိုက်ခိုက်မှု၊ တိုက်ပွဲဖြစ်ပွားမှုနဲ့  လက်နက်ကြီးပစ်ခတ်မှုဖြစ်စဉ်တွေကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စုစုပေါင်း သေဆုံးသူ ၇၇၅၇ ဦး အထိရှိခဲ့ရာ ကချင်ဒေသမှာ ၅၆၀ ဦးရှိခဲ့တာဖြစ်တယ်လို့ Myanmar Pace…

    Read More »
  • Jan- 2025 -
    14 January
    အင်တာဗျူး

    ကချင်ဒေသက ကျောက်စိမ်းနဲ့  ရွှေမှော်ဒေသတွေကို စစ်ကောင်စီပစ်မှတ်ထားတိုက်ခိုက်လာတာဘာကြောင့်လဲ

    ကချင်ပြည်နယ်မှာ စစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်ဟာ ယခု ၂၀၂၅ နှစ်ဆန်းပိုင်းအတွင်းမှာပဲ ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ အဓိက ဝင်ငွေစီးဆင်းနေတဲ့ ကျောက်စိမ်းမှော် နဲ့ ရွှေမှော်ဒေသတွေကို ပစ်မှတ်ထားပြီး လေကြောင်းပြင်းပြင်းထန်ထန် တိုက်ခိုက်လာတဲ့အတွက် အပြစ်မဲ့ပြည်သူတွေ အသက်သေဆုံးမှုတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။…

    Read More »
  • Sep- 2024 -
    17 September
    သတင်း

    ဖားကန့်မှာ နေအိမ်မီးရှို့တဲ့ မူးယစ်ဆေးသမားအပါအဝင် အရပ်သား ၂၀၀ ကျော်ကို ဖမ်းဆီးထားတယ်လို့ KIO ပြော

    ဖားကန့် ဆိုင်းတောင်တိုက်ပွဲမှာ အရပ်သားနေအိမ်တွေကို လိုက်လံမီးရှို့ဖျက်ဆီးနေတဲ့ မူးယစ်ဆေးဝါးသမားနှင့် အရပ်သား ၂၀၀ လောက်ကို ဖမ်းဆီးရမိတယ်လို့ KIO ပြောပါတယ်။ တိုက်ပွဲကြောင့် ပြည်သူတွေ စွန့်ခွာထားတဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်ရဲ့ စေခိုင်းမှုကြောင့် မီးရှို့ဖျက်ဆီးနေတဲ့ သူတွေကို ဖမ်းဆီးရမိထားတယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူပြောပါတယ်။ “တိုက်ပွဲဖြစ်နေတဲ့အချိန်ဆိုတော့ စစ်တပ်က ရွာထဲမှာရှိတဲ့ မူးယစ်ဆေးဝါးသမားတွေကို ပြည်သူပိုင်နေအိမ်တွေကို မီးရှို့စေခိုင်းတယ်။ ဘယ်လောက်ထိသေချာလဲတော့ မသိဘူး။ ဒါပေမယ့် အခုဖမ်းဆီးထားတာ ၂၀၀ လောက်ရှိတယ်။ ဖမ်းဆီးခံထားတဲ့ သူတွေကတော့ သူတို့မလုပ်ဘူးဆိုပြီး ငြင်းဆိုနေတာတွေလည်းရှိနေတယ်”လို့ပြောပါတယ်။ အခုလို ဖမ်းဆီးတာဟာ ဆိုင်းတောင်ကျေးရွာထဲမှာ ဆက်ပြီး ဒုက္ခမပေးဖို့နဲ့ ပြည်သူလူထုတွေကို ကာကွယ်တဲ့အနေနဲ့ ဖမ်းဆီးဆောင်ရွက်တာတွေ လုပ်နေတာဖြစ်တယ်လို့သိရပြီး  ဖမ်းဆီးခံထားရတဲ့ သူတွေကိုတော့ ဖားကန့်ဒေသကို ကွပ်ကဲနေတဲ့ KIO/KIA အနေနဲ့  တာဝန်ယူဆောင်ရွက်နေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူ ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲနေရာဖြစ်နေတဲ့ ဆိုင်းတောင်ကျေးရွာထဲက Lucky Man Hotel ထဲမှာ နေရာယူထားပြီးတော့ အရပ်သားနေအိမ်တွေကို မူးယစ်ဆေးဝါးသမားတွေကို မီးရှို့စေခိုင်းနေတယ်လို့လည်း ဖားကန့်ဒေသခံတွေကပြောပါတယ်။ စက်တင်ဘာလ ၁၂ ရက်နေ့ စစ်တပ်က ဆိုင်းတောင်ကျေးရွာ ဂျက်လေယာဉ် ၂ စီးနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဆိုင်းတောင် ခါနန်ရပ်ကွက် စျေးနေရာတွေက အရပ်သားပြည်သူတွေရဲ့ နေအိမ်အများအပြား မီးလောင်ပျက်စီးသွားတာဖြစ်တယ်။ ဆိုင်းတောင်ကျေးရွာထဲမှာရှိတဲ့ အရပ်သားနေအိမ်တွေကို စစ်တပ်က နေ့တိုင်းလိုလို မီးရှို့ဖျက်ဆီးနေတာဟာ Lucky Man Hotel ထဲမှာ တစ်ပတ်လောက်အကြာရှိနေကြတဲ့ စစ်ကောင်စီတပ်သားတွေကို KIA က ပိတ်ဆို့တိုက်ခိုက်နေတာကြောင့်လည်းဖြစ်တယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၁၆ ရက်နေ့ မှာလည်း Lucky Man Hotel ထဲမှာ ရှိနေတဲ့ စစ်ကောင်စီတပ်သားတစ်ချို့အပြင်ဘက်ကို ထွက်လာတာကြောင့် KIA ရဲ့ လိုက်လံပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သား ၁၀ ဦးကျော်ထက်မနည်း သေဆုံးမှုရှိနိုင်တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်နဲ့ နီးစပ်တဲ့ ဖားကန့်ပြည်သူတစ်ဦးက ဆက်ပြောပါတယ်။ “အထဲမှာရှိနေတဲ့ စစ်ကောင်စီတပ်သား တစ်ချို့အပြင်ဘက်ကို ထွက်လာကြလို့ လိုက်ပစ်တာ ၁၀ ယောက်ကျော်လောက် သေတယ်။ KIA က လိုက်ပစ်တော့ တစ်ချို့က အထဲကို ပြန်ဝင်သွားကြတယ်။ အခုလည်း ပစ်နေဆဲဖြစ်တယ်”လို့ပြောပါတယ်။ မနေ့က တစ်ရက်ထဲမှာပဲ ဆိုင်းတောင်ကျေးရွာကို စစ်တပ်က…

    Read More »
  • Jul- 2024 -
    9 July
    သတင်း

    မိုးမိတ်မှာ အရပ်သား ၃ ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံး

    ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA တို့ အကြားတိုက်ပွဲဆက်လက်ပြင်းထန်နေပြီး လက်နက်ကြီးထိမှန်လို့ အရပ်သား ၃ ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ဇူလိုင်လ ၈ ရက်နေ့ မနေ့က နေ့လည်ပိုင်း ၃ နာရီဝန်းကျင် သရက်တောကျေးရွာအနီးတစ်ဝှိုက်မှာ စစ်ကောင်စီတပ်နဲ့ TNLA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကသိရသလို တအာင်းတပ်မတော် TNLA ဘက်က မနေ့ကပဲ သတင်းထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ဇူလိုင် ၆ ရက်နေ့က လက်ခုတ်ပင်နဲ့မြောက်ပိုင်းရပ်ကွက်တို့မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် တစ်နေ့တည်းမှာ အရပ်သား ၃ ယောက်သေဆုံးခဲ့ရပြီး နေအိမ်ထိမှန် ပျက်ဆီးတာလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “မနေ့ညနေပိုင်းကတည်းကနေ ညပိုင်းအထိ သရက်တောဘက်မှာ သေနတ်သံနဲ့လက်နက်ကြီးသံ တွေကတောက်လျှောက်ပဲ လက်ခုတ်ပင်ဘက်က ဟိုတစ်နေ့ကဆိုရင် ၂ ယောက် မြောက်ပိုင်း ရပ်ကွက်က တစ်ယောက် ၃ ယောက်ပေါ့”လို့ပြောပါတယ်။ သေဆုံးခဲ့ရသူတွေဟာ လက်ခုတ်ပင် အသက် ၁၅ နှစ်အရွယ် ကလေးငယ်တစ်ယောက်အပါအဝင် ဦးကျော်ဦး ၆၅ နှစ် နဲ့ မြောက်ပိုင်းရပ်ကွက်က ကိုနိုင်ဦး ၅၅ နှစ် သေဆုံးခဲ့ရတာလို့ ဒေသခံတွေကပြောပါတယ်။ တိုက်ပွဲပြင်းထန်နေတဲ့ မိုးမိတ်မြို့နယ်မှာ လက်တလောဖုန်းလိုင်းအားလုံးပြတ်တောက်နေသလို ကုန်စည်အဝင်လည်းမရှိတော့သလို တစ်ဖက်မှာ သောင်းနဲ့ချီတဲ့ဒေသခံတွေကလည်း တိုက်ပွဲတွေနဲ့လွတ်ကင်းတဲ့နေရာတွေကို ထွက်ပြေးနေကြရပြီး ဖုန်းအဆက်အသွယ်ခက်ခဲလို့ သူတို့အခြေနေအသေးစိတ်ကိုသိရဖို့ KNG က စုံစမ်း‌နေဆဲဖြစ်ပါတယ်။ “ရှောင်ကြတာကတော့ အောက်ပိုင်းရွာတွေပါပဲပြန်ရှောင်ကြတာပေါ့ စစ်မဖြစ် နိုင်တဲ့အခြမ်းတွေ ပေါ့ မြို့ရဲ့တောင်ဘက်ခြမ်းဖြစ်နိုင်တယ်ဆိုရင် တောင်ဘက်ကိုပြေးပေါ့ ဒီလိုပဲကြည့်ပြီးရှောင်ရတာ ပေါ့ ကျနော်တို့မြို့ကကြေမှာ အထိုင်တပ်က မြို့နဲ့ ၂ မိုင်လောက်ပဲရှိတာ အဲ့ကိုကျသွားမတိုက်ကြဘူး မြို့ထဲပဲခိုပြီးတိုက်တော့ မြို့ကကြေမှာပဲ“ လို့ပြောပါတယ်။ စစ်ကောင်စီတပ်ဘက်ကတော့ လက်ခုပ်တန်း၊ ရွှေဇာလီ နဲ့မိုမိတ်တံတားတစ်ဝှိုက်မှာ အဓိက စစ်ရေး လှုပ်ရှားတာတွေရှိသလို မြေပြင်ရောလေကြောင်းကနေပါ ဗုံးကြဲတိုက်ခိုက်တာတွေရှိတယ်လို့သိရ ပါတယ်။ မိုးမိတ်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA တို့အကြား ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက် နေ့ကစလို့ တိုက်ပွဲဖြစ်နေတာဖြစ်ပြီး ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းရဲ့ စစ်ဆင်ရေးအဖြစ် တိုက်ပွဲက တကျော့ပြန်ဖြစ်ပွားနေတာဖြစ်ပါတယ်။ တအာင်းတပ်မတော် TNLA ဘက်က မိုးမိတ်မြို့အတွင်းဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း လက်ခုတ်တန်း နဲ့ လယ်ကြီးရွာဘက်က တပ်စခန်းကို ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်နေ့ညကတိုက်ခိုက်အပြီးမှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ မနေ့ကပဲ သတင်းထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက်နေ့ကလည်း စစ်ကောင်စီတပ်တွေအထိုင်ချထားတဲ့ မိုးမိတ်မြို့နယ် ထဲက ရွှေသာယာတပ်စခန်းကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါသေးတယ်။ By – အမိုး

    Read More »
  • Mar- 2024 -
    25 March
    သတင်း

    ကွတ်ခိုင်မှာ မြေမြှုပ်မိုင်းနဲ့တိုက်ပွဲကျန်လက်နက်ကြီးတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေမြင့်တက်နေ

    ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ တိုက်ပွဲကျန်လက်နက်ကြီးတွေနဲ့ မြေမြုပ်မိုင်းကြောင့် အရပ်သားထိခိုက်သေဆုံးတာတွေဆက်တိုက်မြင့်တက်နေတယ်လို့ ဒေသခံတွေနဲ့ ပရဟိတအဖွဲ့တွေ ဆီကနေသိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့ကနေ ဒီကနေ့အထိကို မိုင်းနင်းမိတဲ့အရေအတွက်ဟာ ပိုပြီးမြှင့်တက်လာ နေပြီးတော့ နှစ်ပတ်အတွင်းသေဆုံးသူက ၂ ယောက်ရှိခဲ့ပြီး ဒဏ်ရာရရှိသူက…

    Read More »
Back to top button