ဥရုချောင်း

  • Jul- 2024 -
    10 July
    ဆောင်းပါး

    နှစ်ပေါင်း ၄၀ အကြာမှာ တဖန်စံချိန်တင် ရေဘေးသင့်ခဲ့တဲ့ ကျောက်စိမ်းမြေ

    “အစတော့ ခါတိုင်းလိုဘဲပေါင်လယ်လောက်ဆိုရင် ကျသွားမှာဘဲဆိုပြီး ပစ္စည်းတွေကို အပေါ်ထပ်တင်ကြတယ်။ ဒါပေမယ့် ရေကမကျဘဲ ဆက်တက်လာတော့ ပြောင်းချိန်မရလိုက်ကြဘူး အချင်းချင်းအော်တော့ အော်နေကြတာဘဲ ပြင်ဆင်ချိန်က မရလိုက်ကြတော့ ဆုံးရှုံးမှုကတော်တော်ကြီးကြတယ်” လို့ ဖားကန့်မှာ နေထိုင်တဲ့ အမျိုးသားတစ်ယောက်က ပြောပါတယ်။

    Read More »
  • 9 July
    သတင်း

    ဖားကန့်မြို့နယ် ပြည်သူများ ဝမ်းပျက်ဝမ်းလျှော၊ တုပ်ကွေးနဲ့ငှက်ဖျားရောဂါအဖြစ်များနေ

    ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ဥရုချောင်းရေကြီးရေလျှံပြီးနောက်ပိုင်း ဝမ်းပျက်ဝမ်းလျှော၊ တုပ်ကွေးနဲ့ ငှက်ဖျားရောဂါအဖြစ်များနေတယ်လို့ ဖားကန့် မြို့နယ် ဒေသခံတွေဆီကနေ သိရပါတယ်။ ဖားကန့်မြို့နယ်ထဲက ဖားကန့်၊ လုံးခင်း၊ ဆိုင်းတောင်၊  ဝှေခါ၊  မမုံ၊ ဖားပြင်၊ ဆိုင်းနွယ်၊ ရှရော်ခ စတဲ့ကျေးရွာတွေမှာ လူဦးရေ ၁၀၀ မှာ ၅၀ ရာခိုင်နှုန်းကျော် ဝမ်းပျက်၊ဝမ်းလျှောနဲ့ရာသီတုပ်ကွေး၊ငှက်ဖျားဖြစ်နေကြတယ်လို့  ဖားကန့် ဒေသခံတွေက KNG ကိုပြောပါတယ်။ “ခါတိုင်းအဖျားက ဒီလောက်မရှိဘူး ခါတိုင်းဖျားတယ်ဆိုတဲ့သူရှားတယ်  တစ်ရာမှာတစ်ယောက်နှစ်ယောက်လောက်ဘဲ။ အခုက တစ်ရာမှာအယောက် ၅၀ကျော်ဖျားကြတယ်။ ဖျားပြီဆိုရင်လည်း ၅ ရက်လောက်တော့ကြာတယ်”လို့ ဖားကန့်မြို့က ရေဘေးကယ်ဆယ်ရေး အဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။ လက်ရှိချိန်ထိ ဖျားနာသူတွေများပေမယ့် ထိခိုက်သေဆုံးသူတွေတော့မရှိသေးဘူးလို့ သိရပါတယ်။ ဒါ့အပြင် ခုလို မိုးရာသီရောက်တိုင်း ဝမ်းပျက်၊ဝမ်းလျှေ၊တုပ်ကွေး၊ငှက်ဖျားရောအဖြစ်များတာဟာ ကျောက်စိမ်းနဲ့ ရွှေလုပ်ကွက်ဟောင်းအပြင် ရေဝပ်တဲ့နေရာတွေမှာ ခြင်ပေါက်ဖွားပြီး အဲဒီခြင်ကိုက်ရာကနေတစ်ဆင့်  တုပ်ကွေး၊ငှက်ဖျားဖြစ်တာလို့ ကချင်နယ်လှည့်ကျန်းမာရေးလုပ်သားအဖွဲ့ (Kachin Backpack) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။ ဒါကြောင့် ဝမ်းပျက်၊ဝမ်းလျှော၊တုပ်ကွေး၊ငှက်ဖျားဖြစ်သူတွေအနေနဲ့ ဆေးမှီတိုနဲ့ကုသခြင်းမဟုတ်ဘဲ သက်ဆိုင်ရာဆရာဝန်တွေနဲ့ဆေးခန်းသေချာပြသင့်တယ်လို့လည်း ကချင်နယ်လှည့်ကျန်းမာရေးလုပ်သားအဖွဲ့ (Kachin Backpack) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ “အဓိကတော့ ပိုးလောက်လောင်းတွေကို နှိမ်နှင်းရမှာပေါ့ ရေတွင်းရေကန်တွေမှာ ပိုးသေစေနိုင်တဲ့ ကလိုရင်းဆေးရည်တွေကို ရေနဲ့ချိန်ဆပြီးထည့်ပေးတာမျိုးပေါ့ တကယ်လို့ ဘယ်လိုမှ နှိမ်နှင်းလို့ မရတော့ဘူးဆိုရင် ခြင်အကိုက်မခံရအောင် ခြင်ထောင်ပြီးအိပ်တာတို့ အလုပ်လုပ်တဲ့အချိန် လက်ရှည်တွေဝတ်ပြီး လုပ်တာမျိုးလုပ်ဆောင်သင့်တယ်”လို့ ပြောပါတယ်။ လတ်တလော အဖြစ်များနေတဲ့ တုပ်ကွေးနဲ့ ငှက်ဖျားရောဂါ ဆိုရင်လည်း ခြင်ကတစ်ဆင့် ကူးစက်တာဖြစ်ပြီး နေ့လည်ကိုက်တဲ့ခြင်က တုပ်ကွေးဖြစ်နိုင်ပြီး ညကိုက်တဲ့ ခြင်က ငှက်ဖျားရောဂါကို ဖြစ်စေနိုင်တယ်လို့ ကျန်းမာရေးအဖွဲ့ကဆိုပါတယ်။ ဒါ့အပြင် ဥရုချောင်းရေကြီးရေလျှံဖြစ်ခဲ့တဲ့နောက် မသန့်ရှင်းတဲ့ရေတွေကြောင့်လည်း ဝမ်းပျက်၊ဝမ်းလျှောဖြစ်ကြတာလို့ ဖားကန့်ပြည်သူတွေကပြောပါတယ်။ လက်ရှိဖားကန့်မြို့နယ်မှာ နိုင်ငံရေးအခြေအနေနဲ့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် အခြေခံစားသောက်ကုန်ဈေးနှုန်းတွေသာမက ဆေးဝါးတွေလည်း သာမန်ထက် ဈေး ၂ ဆ ၃ ဆလောက် စျေးမြင့်တက်နေတယ်လို့ ဖားကန့်ဒေသခံတွေက ဆိုပါတယ်။ ဖားကန့်မြို့နယ်ဟာ စတုရန်းမိုင် ၂၂၃၈.၈၇ ကျယ်ဝန်းပြီး မြို့နယ်(၁)ခု၊ မြို့(၁)မြို့၊ ရပ်ကွက် ၆ခု၊ ကျေးရွာအုပ်စု ၁၅ခုနဲ့ ကျေးရွာ ၅၄ခုထိရှိတဲ့ မြို့ဘဲ ဖြစ်ပါတယ်။ဒါအပြင် မြန်မာနိုင်ငံ ပြန်ကြားရေးဌာကရဲ့ ၂၀၁၉ သန်းခေါင်စာရင်းအရ လူဦးရေ ၁၃၃၈၁၅ဦးထိရှိတဲ့ မြို့ နယ် ဖြစ်ပါတယ်။ By – Hope

    Read More »
  • 4 July
    သတင်း

    ဉရုချောင်းရေကြီးမှုကြောင့် တံတားနှစ်စင်းအပါအဝင် နေအိမ်တစ်ချို့ ထိခိုက်ပျက်စီး

    ကချင်ပြည်နယ် ဖားကန့်မြို့  ဉရုချောင်း ရေကြီးရေလျှံ မှုကြောင့် တံတားနှစ်စင်း အပါအဝင် နေအိမ်တချို့ ပျက်စီးခဲ့တယ်လို့ ဖားကန့် ဒေသခံပြည်သူတွေဆီကနေ သိရပါတယ်။ ဖားကန့်မြို့နယ်မှာ  ဇွန်၂၉ ရက်ဝန်းကျင်လောက်ကတည်းကနေ ၅ရက်အကြာ မိုးသန်းထန်စွာ ရွာသွန်းခဲ့တဲ့အတွက် ဉရုချောင်းရေ ရေကြီး…

    Read More »
  • 3 July
    သတင်း

    ဖားကန့်မှာ ရပ်ကွက် ၄ ခုရေဘေးသင့်နေဆဲဖြစ်ပြီး တစ်မြို့လုံးလျှပ်စစ်မီးပြတ်တောက်နေ

    ကချင်ပြည်နယ် ဖားကန့်မြို့ ဉရုချောင်းရေကြီးရေလျှံမှုကြောင့် မြို့ပေါ်ရက်ကွက် ၄ ခု ရေဘေးသင့်နေဆဲဖြစ်တယ်လို့ ရေဘေးကယ်ဆယ်ရေးအဖွဲ့တွေကနေ သိရပါတယ်။ ဇွန်လ ၃၀ ရက်နေ့ကနေစပြီး ဖားကန့်မှာ မိုးသည်းထန်စွာရွာသွန်းပြီး ဉရုချောင်းရေကြီးရေလျှံလာတာကြောင့်  မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ မြို့မရပ်ကွက် ၊ငှက်ပျောတောရပ်ကွက် ၊မရှီကတောင်ရပ်ကွက်၊ အေးမြသာယာရပ်ကွက်တွေမှာရေဝင်ရောက်ပြီး ပြည်သူတွေရေဘေးသင့်နေတာ  ၃ ရက်ကြာရှိသွားပြီဖြစ်တယ်လို့ ရေဘေးကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။ လက်ရှိအချိန်မှာတော့ ဖားကန့်မှာမိုးတိတ်ပြီး ဥရုချောင်းရေ ၅ ပေလောက်ကျသွားပေမယ့်လည်း အထက်ဖော်ပြပါရပ်ကွက် ၄ ခုရဲ့တစ်ချို့နေရာမှာ ရေအနက်လူတစ်ရပ်ကျော်ထိရှိဆဲဖြစ်တယ်လို့ သိရပါတယ်။ အခုလို ချောင်းရေတွေအမြန်မကျရတာဟာ ဉရုချောင်းကြမ်းပြင် မြင့်တက်လာတာကြောင့်ဖြစ်တယ်လို့ ရေဘေးကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ခုလိုပြောပါတယ်။ “ဒီမှာက ရတနာနယ်မြေဆိုတော့ ချောင်းကြမ်းပြင်ကမြေကြီးတွေ တူးတာဆွတာတွေဆိုတော့ ရေကဘယ်လောက်ကြီးကြီး အပေါ်ကိုဘဲလျှံထွက်လာတာလေအဲလိုဖြစ်တာ”လို့ ဆိုပါတယ်။ ဖားကန့်မြို့ဟာ ကမ္ဘာ့အကောင်းဆုံးကျောက်စိမ်းထွက်ရှိရာဒေသဖြစ်တာကြောင့် ကျောက်တူးဖော်မှုတွေဟာ ဆယ်စုနှစ်တစ်စုကြာလာနေတဲ့အပြင် ကျောက်စိမ်းကုမ္မဏီကနေစွန်ပစ်တဲ့မြေစာတွေဟာလည်း ချောင်းနံဘေးတွေမှာသာ အများပိုင်းစွန့်ပစ်ကြတာဖြစ်ပါတယ်။ ချောင်းနံဘေးကမြေစာပုံတွေဟာ မိုးရာသီရောက်လာချိန်မှာတော့ မိုးရေနဲ့အတူချောင်းထဲစီးဝင်သွားတာကြောင့်  နှုံးတွေစုပုံလာတဲ့အတွက် ချောင်းကြမ်းပြင်ပိုမြင့်တက်လာတဲ့အတွက် နှစ်တိုင်းရေကြီးရေလျှံမှုတွေဟာ ပိုပြီးဆိုးရွားလာနေတာဘဲဖြစ်ပါတယ်။ ရေဘေးသင့်ပြည်သူတွေကိုတော့ ကွန်ဖောင်းဒေးရှင်းပရဟိသလူငယ်အသင်းကနေပြီးတော့ ရလာတဲ့ အလှူငွေတွေကို စီမံခန့်ခွဲပြီး တစ်နေ့ကို နှစ်ကြိမ် ထမင်းထုပ်နဲ့သောက်ရေတွေကို အိမ်တိုင်ရာရောက် လှေတွေနဲ့ ပို့ဆောင်ပေးနေတယ်လို့ သိရပြီး ရေဘေးသင့် ပြည်သူတွေထဲက ၉၀ရာခိုင်နှုန်းဝန်းကျင်ဟာ နေအိမ်တွင်းမှာဘဲ ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် တစ်ဖက်မှာလည်း ရေကြီးရေလျှံမှုကြောင့် မီးတိုင်တွေပျက်စီးပြီး လျှပ်စစ်မီးပျက်နေတာ ၅ ရက်လောက်ရှိပြီလို့ သိရပြီး ပြန်လည်ပြုပြင်ဖို့ အချိန် တစ်လလောက်ကြာမြင့်နိုင်တယ်လို့ ဖားကန့်မြို့နေ ပြည်သူတွေဆီကနေ ဆိုပါတယ်။ ခုလို အခြေအနေတွေကြောင့် ဖားကန့်မြို့ထဲက ပြည်သူတွေဟာ ဖုန်းအားတွေကုန်ပြီး  တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ဖို့ခက်ခဲလာသလို အစားအသောက်ချက်ပြတ်ရာမှာလည်း  အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ဖားကန့်မြို့နေ အမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။ “အခြေကတော့ တော်တော်ဆိုးရွားတယ်ဗျ မီးပျက်တဲ့ အခါကျတော့ မီးစက်တွေ နိုးဖို့ အတွက်ဆိုရင်လည်း ဆီဈေးတွေလည်း ဈေးကြီးတော့ ဓာတ်ဆီတွေလည်း လုံလုံလောက်လောက်မရ”လို့ပြောပါတယ်။ လက်ရှိဖားကန့်မြို့မှာ ဆီဈေး တစ်ဂါလံကို ၃ သောင်းဝန်းကျင်ရှိပြီး ဆန်တစ်အိတ်ကို အနည်း ဆုံး ၁ သိန်းဝန်းကျင်နဲ့ ကြက်သွန်နီ တစ်ပိဿာကို တစ်သောင်းနှစ်ထောင်ထိ မြင့်တက်နေတယ်လို့ ဖားကန့်မြို့နေ ပြည်သူကပြောပါတယ်။ ဒါအပြင် ကွန်ဖောင်ဒေးရှင်း ပရဟိသ လူငယ်အသင်းရဲ့ ဖော်ပြချက်အရ ရေဘေးသင့်ပြည်သူ ဦးရေဟာ မြို့မရပ်ကွက် ၅၃၄ ဦး၊ ငှက်ပျောတောရပ်ကွက် ၇၅၀ ဦး၊ မရှီကတောင်ရပ်ကွက် ၂၅၀ ဦးနဲ့ အေးမြသာယာရပ်ကွက် ၇၂၄ဦး ထိရှိနေတာဘဲ ဖြစ်ပါတယ်။ By – Hope

    Read More »
  • Jan- 2024 -
    2 January
    ဆောင်းပါး

    လုံးခင်းရွာနားက ဂျုံးဂျုံးဂျက်တံတား

    ဖားကန့်မြို့ရဲ့ သက်တမ်းအကြာဆုံး ဥရုချောင်းကို ဖြတ်ပြီးသွယ်တန်းတည်ဆောက်ထားတဲ့ တံတားတွေထဲမှာ လုံးခင်းရွာနားက တံတားလည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒီတံတားကို ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီအစိုးရ လက်ထက်တည်ဆောက်ပေးခဲ့တာဖြစ်ပြီး တံတားလေး ခုဆိုရင် နှစ်ပေါင်း ၆၂ နှစ်ကြာမြင့်ခဲ့ပြီလို့ သိရပါတယ်။ နှစ်ပေါင်းကြာမြင့်နေပြီဖြစ်တဲ့အတွက် တံတားမှာယိုယွင်းပျက်စီးနေပြီး ထိန်းသိမ်းမှုအားနည်းတာကြောင့် ခုဆိုရင်…

    Read More »
  • Nov- 2023 -
    21 November
    သတင်း

    စစ်ရေးအကြောင်းပြပြီး ဟုမ္မလင်းနယ် ဥရုချောင်းနံဘေးက ကျေးရွာတစ်ချို့ SNA ပြောင်းရွေ့ခိုင်း

    စစ်ကိုင်းဒေသကြီး ဟုမ္မလင်းမြို့အထက်ဘက် ဥရုချောင်းနံဘေးမှာနေထိုင်တဲ့ကျေးရွာတစ်ချို့က ဒေသခံပြည်သူတွေကို ရှမ်းနီအမျိုးသားများတပ်မတော် SNA က ပြောင်းရွေ့ခိုင်းထားတယ်လို့ ဟုမ္မလင်းဒေသခံတွေဆီကနေ သိရပါတယ်။ လက်ရှိပြောင်း SNA ဘက်က ပြောင်းရွှေ့ခိုင်းနေတဲ့ရွာတွေဟာ နောင်ပိုအောင်ကျေးရွာအထက်ဘက် ဥရုချောင်းနံဘေးက နန်တော၊မန်ခဲကျေးရွာ၊ မိုင်းကိုင်းကျေးရွာတွေဖြစ်ပြီး နိုဝင်ဘာ ၁၈ ရက်နေ့ကနေ ဘေးလွတ်ရာကိုတိမ်းရှောင်ကြဖို့ အမိန့်ထုတ်ထားတယ်လို့ ဟုမ္မလင်းမြို့ခံ အမျိုးသမီးတစ်ဦးက KNG သတင်းကိုပြောပါတယ်။ “တချို့လည်းဒီဘက် ဟုမ္မလင်းမြို့ပေါ်ကို ရှောင်လာကြတယ်။ တချို့လည်းနန်တောအထက်ဘက် စစ်ကြောင်းနဲ့လွတ်တဲ့ဘက်ကိုရှောင်သွားကြတယ်။ပြောင်းဖို့အမိန့်ထုတ်တာက ၃ ရက်လောက်ရှိနေပြီဆိုတော့ ပြောင်းတဲ့သူတွေကတော့…

    Read More »
  • 11 November
    သတင်း

    ချင်းတွင်းတံတားနဲ့ ဥရုချောင်းတံတားကိုစစ်ကောင်စီဖြတ်သန်းသွားလာခွင့်ပိတ်

    စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့ထဲက ချင်းတွင်းတံတားနဲ့ ဥရုချောင်းကူးတံတားကို စစ်ကောင်တပ်က ပိတ်ထားတာကြောင့် ဒေသခံတွေသွားလာရခက်ခဲနေတယ်လို့ သိရပါတယ်။ ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်၊ လွှစင်ကုန်းဘက်ကိုဆက်သွယ်ထားတဲ့ ဥရုချောင်းကူးတံတားနဲ့ ကက်သက်ကျေးရွာနဲ့အခြားရှမ်းရွာတွေဘက်ကိုဆက်သွယ်ထားတဲ့ ချင်းတွင်းမြစ်ကူးတံတားကို စစ်ကောင်စီတပ်က ဖြတ်သန်းသွားလာခွင့်ပိတ်ထားလိုက်တာကြောင့် ဒေသခံတွေသွားလာရခက်ခဲနေတယ်လို့ ဟုမ္မလင်းမြို့ခံအမျိုးသမီးတစ်ဦးက KNGကိုပြောပါတယ်။ “အခုက…

    Read More »
  • May- 2023 -
    27 May
    သတင်း

    ဖားကန့် ဥရုချောင်းရှင်းလင်းရေးလုပ်ငန်းစဉ် နှောင့်နှေးမှု ရှိနေ

    ဖားကန့် ရေကြီးရေလျှံမှု အန္တရာယ်ကိုကာကွယ်ရန်အတွက် ဥရုချောင်းရှင်းလင်းရေးကို ပြီးခဲ့သော ဧပြီလပိုင်းမှ စတင်ခဲ့သော်လည်း လက်နက်ကိုင်အဖွဲ့အစည်းများကြား ညှိနှိုင်းဆောင်ရွက်မှုနေရသောကြောင့် နှောင့်နှေးကြန့်ကြာမှုဖြစ်ပေါ်စေသည်ဟု သိရသည်။ ယန္တရားနှင့် အင်အားအသုံးပြုခွင့်နည်းပါးသည့်အတွက် အဓိက ရေကြီးရေလျှံ ဖြစ်ပေါ်စေနိုင်သော ၉ နေရာတွင်သာ အဓိကထား လုပ်ဆောင်နေသည်ဟု ချောင်းရှင်းလင်းရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။ “အရင်နှစ်တွေထက်စာရင်…

    Read More »
  • 11 May
    သတင်း

    ဥရုချောင်းတံတားထိပ်တွင် လူငယ်လေးဦး PDF ဟု စွပ်စွဲကာ စစ်ကောင်စီတပ် ပိတ်ဆို့ဖမ်းဆီး

    ဖားကန့်မြို့တွင်း ဥရုချောင်းတံတားလမ်းထိပ်နေရာတွင် လူငယ်အမျိူးသား ၄ ဦးကို စစ်ကောင်စီတပ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ PDF ဖြစ်သည်ဟု စွပ်စွဲကာ ပိတ်ဆို့ပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။ မေလ ၁၀ ရက်နေ့ ည ၄ နာရီအချိန်တွင် ငှက်ပျောတောရပ်ကွက်ဘက်မှလာသည့် အသက် ၂၀ ကျော်အရွယ် လူငယ်အမျိုးသား…

    Read More »
  • 3 May
    သတင်း

    ဉရုချောင်းဘေးကပ်လျက် ကျောက်ကျင်းတူးနေမှုကြောင့် တွင်းရေများခမ်းခြောက်ပြီး သောက်သုံးရေပြတ်လပ်လာ

    ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ဥရုချောင်းဘေးကပ်လျက် ကျောက်ကျင်းတူးဖော်နေမှုကြောင့် တွင်းရေများ ခမ်းခြောက်ကာ အနီးပတ်ဝန်းကျင်တွင်နေထိုင်သည့် ပြည်သူများ သောက်သုံးရေ ပြတ်လပ်သည့် ပြဿနာကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလပိုင်းမှစကာ ဖားကန့်မြို့နယ် ကျောက်မျက်လုပ်ငန်းရှင်များအသင်းမှ မှော်စီကျေးရွာဘက်ခြမ်း၊ ဉရုချောင်းနှင့်ကပ်လျက်တွင် ဥရုချောင်းကူးတံတားဆောက်လုပ်ရန်ဆိုသည့် အကြောင်းပြချက်ဖြင့် ကျောက်ကျင်းတူးဖော်မှုပြုလုပ်လာကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “တွင်းတွေဆို ဖင်အနည်ထိုင်တဲ့ထိ ခမ်းတယ်။ အဲတော့ ထမ်းရောင်းတဲ့သူတွေရှိတယ် ၃ထမ်းတစ်ထောင်နဲ့ဝယ်သုံးရတယ်။ တစ်ချို့ကျတော့ ဘုံဘိုင်ရှိတယ် အဲကနေလည်းဝိုင်းသုံးကြတာရှိတယ်။ ပြီးတော့ကျောက်တူးနေရာကမှောစီဇာဘက်ခြမ်းဆိုပေမယ့် တစ်ဖက်ကမလန်းကျေးရွာနဲ့ ငြိမ်းချမ်းသာယာကျေးရွာရှိတာ၊ အဲ့ဒီနားအိမ်ခြေ(၆၀၀)ဝန်းကျင်ရှိတယ်၊ ကျင်းတူးနေတော့ သောက်သုံးရေခမ်းတာဗျ၊ ရေရရှိရေး ပြန်လုပ်ပေးမယ့်အစီအစဉ်လည်း မရှိဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။ ဒေသခံများ၏ ပြောဆိုချက်အရ အဆိုပါ ကျောက်ကျင်း တူးဖော်နေသည့်နေရာအနီး မှော်စီစာနှင့် ငြိမ်းချမ်းသာယာ၊ မလန်းကျေးရွာတို့ ဆက်သွယ်မည့် ဉရုချောင်းကူးတံတားဆောက်လုပ်ရန်နှင့် ဟိုတယ်ကဲ့သို့အဆောက်အဦးဆောက်လုပ်ရန်ဆိုသည့် စီမံကိန်းဖြင့် အုတ်ရိုးကာရန်အတွက် တူးဖော်နေခြင်းဖြစ်သည်ဟုအကြောင်းပြကာ တစ်ဖက်တွင် ကျောက်စိမ်းတူးဖော်နေကြောင်း သိရသည်။ သို့သော်လည်း KNG သတင်းဌာနအနေဖြင့် အဆိုပါအချက်ကို အတည်ပြုနိုင် ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရသေးပေ။ ရေ ရရှိရန် လိုအပ်ချက်များကို ကုမ္ပဏီမှ ဆောင်ရွက်ပေးစေလိုကြောင်း ဒေသခံများပြောသည်။ “ကျနော်တို့ကတော့ သောက်သုံးရေရရှိရေး စီစဉ်ပေးစေချင်တယ်၊သူတို့အနေနဲ့ ဘက်ဟိုးယန္တရားကြီးတွေနဲ့ ကျင်းတောင်တူးကြသေးတာ၊ ရေရရှိရေးလုပ်ပေးဖို့က မခက်ခဲပါဘူး၊ ကျင်းတူးကြတာတော့ တူးပေါ့ သူများတွေကို မထိခိုက်စေသင့်ဘူး”ဟု ဒေသခံ တစ်ဦး က ဆိုသည်။ လက်ရှိတူးဖော်နေသည့် အဆိုပါကျောက်ကျင်းသည် ဥရုချောင်းတွင်းသို့ တစ်ဝက်နီးပါးခန့် နိုက်ယူတူးဖော်နေသည့်အပြင် ယင်းတူးဖော်မှုမှထွက်ရှိလာသည့် မြေစာများကိုလည်း ဥရုချောင်းဘေးတွင်သာ စုပုံထားသောကြောင့် ဥရုချောင်းရေစီးလမ်းကြောင်း ပိတ်ပြီး ရေကြီးရေလျှံမှုပြသာနာများလည်းဖြစ်လာနိုင်ကြောင်း ဒေသခံများကပြောသည်။ “ဉရုချောင်းကို တစ်ဝက်လောက်နိုက်တူးနေတာ မြေဖို့တော့လည်း ချောင်းထဲပဲဆိုတော့ လာမယ့်မိုးတွင်းဆိုရင်အထက်ဘက်ဖြစ်တဲ့ လုံးခင်းတော့ ရေကြီးမယ့်အန္တရာယ်ရှိနိုင်တာပေါ့”ဟု ဒေသခံတစ်ဦးက ထောက်ပြသည်။ ယင်းကျောက်ကျင်းတူးဖော်မှုကို လက်ရှိဖားကန့်မြို့နယ် ကျောက်မျက်လုပ်ငန်းရှင်များအသင်းမှ လုပ်ဆောင်နေပြီး ဒေသခံရေမဆေးများကို ရှာဖွေခွင့်မပြုကြောင်း သိရသည်။

    Read More »
Back to top button