သတင်း

စစ်ရေးအကြောင်းပြပြီး ဟုမ္မလင်းနယ် ဥရုချောင်းနံဘေးက ကျေးရွာတစ်ချို့ SNA ပြောင်းရွေ့ခိုင်း

စစ်ကိုင်းဒေသကြီး ဟုမ္မလင်းမြို့အထက်ဘက် ဥရုချောင်းနံဘေးမှာနေထိုင်တဲ့ကျေးရွာတစ်ချို့က ဒေသခံပြည်သူတွေကို ရှမ်းနီအမျိုးသားများတပ်မတော် SNA က ပြောင်းရွေ့ခိုင်းထားတယ်လို့ ဟုမ္မလင်းဒေသခံတွေဆီကနေ သိရပါတယ်။

လက်ရှိပြောင်း SNA ဘက်က ပြောင်းရွှေ့ခိုင်းနေတဲ့ရွာတွေဟာ နောင်ပိုအောင်ကျေးရွာအထက်ဘက် ဥရုချောင်းနံဘေးက နန်တော၊မန်ခဲကျေးရွာ၊ မိုင်းကိုင်းကျေးရွာတွေဖြစ်ပြီး နိုဝင်ဘာ ၁၈ ရက်နေ့ကနေ ဘေးလွတ်ရာကိုတိမ်းရှောင်ကြဖို့ အမိန့်ထုတ်ထားတယ်လို့ ဟုမ္မလင်းမြို့ခံ အမျိုးသမီးတစ်ဦးက KNG သတင်းကိုပြောပါတယ်။

တချို့လည်းဒီဘက် ဟုမ္မလင်းမြို့ပေါ်ကို ရှောင်လာကြတယ်။ တချို့လည်းနန်တောအထက်ဘက် စစ်ကြောင်းနဲ့လွတ်တဲ့ဘက်ကိုရှောင်သွားကြတယ်။ပြောင်းဖို့အမိန့်ထုတ်တာက ၃ ရက်လောက်ရှိနေပြီဆိုတော့ ပြောင်းတဲ့သူတွေကတော့ ပြောင်းနေကြပြီလို့ ပြောပါတယ်။

လက်ရှိ SNAတပ်ကပြောင်းရွေ့ခိုင်းထားတဲ့ နန်တော၊မန်ခဲ ၊မိုင်းကိုင်းကျေးရွာတွေဟာ တစ်ဆက်ထဲရှိတဲ့ကျေးရွာတွေဖြစ်ပြီး အဲ့ဒီကျေးရွာ သုံးရွာနဲ့အထက်ဘက် သက်ကယ်တောင်မှာထိုင်ထားတဲ့ SNA တပ်တွေကပြောင်းရွေ့ခိုင်းတာလို့သိရပါတယ်။

အဲ့ဒီ နန်တောတို့၊ မန်ခဲတို့မှာတော့ SNAတပ်တွေထိုင်တာမရှိဘူး ဒါပေမယ် နန်တောနားက သက်ကယ်တောင်ဆိုတာရှိတယ်။ အဲ့သက်ကယ်တောင်မှာက SNA တပ်ရဲ့ အထိုင်တပ်အကြီးကြီးရှိတယ် SNAတပ်သားတွေရာနဲ့ချီထိုင်တယ်သင်တန်းတွေဘာတွေလည်းအဲ့မှာပေးတယ် အဲ့တပ်ကပြောင်းရွေ့ခိုင်းတာတဲ့လို့ နောက်ထပ် ဟုမ္မလင်းမြို့နယ် နောင်ပိုရွာဒေသခံတစ်ဦး ကပြောပါတယ်။

SNA တပ်ဟာ နောင်ပိုအောင်၊ နန်တောဘက်တွေမှာ လက်ရှိ SNA၊ စစ်ကောင်စီပူးပေါင်းတပ်နှင့် ဟုမ္မလင်းမြို့နယ်ထဲက ဒေသကာကွယ်ရေးမဟာမိတ်ပူးပေါင်းတပ်တွေကြားတင်းမာနေတဲ့ စစ်ရေးအခြေအနေကို အကြောင်းပြပြီး ပြောင်းရွေ့ခိုင်းထားတာလို့ဒေသခံတွေကဆိုပါတယ်။

ပြောင်းရွေ့ခိုင်းထားတဲ့ကျေးရွာတွေဟာ ဟုမ္မလင်းမြို့နဲ့ မိုင်ပေါင်း ၂၀ ကျော်ဝေးပြီး အိမ်ခြေ ၈၀ ကနေ ၁၀၀ ဝန်းကျင်အထိရှိတဲ့ကျေးရွာတွေဖြစ်ပါတယ်။

နန်တော၊မန်ခဲကျေးရွာတွေအနီးက နောင်ပိုအောင်နဲ့ လွှစင်ကုန်းကျေးရွာတွေမှာ ပြီးခဲ့တဲ့တဲ့ နိုဝင်ဘာလ  ရက်နေ့ကနေ ၁၀ ရက်ကျော်အထိ SNA၊စစ်ကောင်စီပူးပေါင်းတပ်နဲ့ ဟုမ္မလင်းဒေသကာကွယ်ရေး မဟာမိတ်ပူးပေါင်းတပ်တွေကြား နှစ်ဖက်တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး SNAဘက်က ထိခိုက်ကျဆုံးများခဲ့သလို တပ်စခန်းငယ်တစ်ချို့ကိုလည်း လက်လွတ်ခဲ့ရတာတွေလည်းရှိခဲ့ပါတယ်။

နောင်ပိုအောင် ၊လွှစင်ကုန်းအနီးဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် နောင်ပိုအောင်ရွာ၊ အော်တော်ကျေးရွာ၊ အောင်ပင်ကျေးရွာနဲ့အနီးဝန်းကျင်မှာနေထိုင်တဲ့ ပြည်သူတွေထွက်ပြေးတိမ်းရှောင်ခဲ့ရသလို  ပြည်သူတစ်ချို့ကတော့ လက်ရှိချိန်ထိတိမ်းရှောင်နေဆဲ လို့သိရပါတယ်။

ဒါ့အပြင် စစ်ကိုင်းကချင်အစပ်မှာရှိတဲ့ အင်းတော်၊ထီးချိုင့်၊ဟုမ္မလင်းနယ်မှာတော့ KIA နဲ့PDF တို့အကြား နှစ်ဖက်စစ်ရေးတင်းမာနေသလို တိုက်ပွဲဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button