ငအိုး
-
Jul- 2026 -29 Julyသတင်း
တံတားတွေ ဗုံးခွဲဖျက်ဆီးခံနေရတဲ့အတွက် သွားလာရေးအခက်တွေ့
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်း စစ်တပ်နဲ့KIA ပူးပေါင်းတပ်တို့ စစ်ရေးတင်းမာနေဆဲဖြစ်သလို တံတားတွေကိုလည်း ဒရုန်းနဲ့ ဗုံးခွဲဖျက်ဆီးနေတာကြောင့ ပြည်သူတွေ သွားလာရေး အခက်ခဲဖြစ်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ပထမအပတ်မှာ ရွှေကူမြို့တွင်းကနေ ငအိုး၊ ငါးလမ်းဆုံဘက်ကို ထိုးစစ်ဆင်တိုက်ခိုက်လာပေမယ့် KIA…
Read More » -
8 Julyတိုက်ပွဲ
ရွှေကူမှာ စစ်ကောင်စီတပ် စစ်ကြောင်းအများစု ပြန်ဆုတ်
ရွှေကူမြို့နယ်ထဲမှာ ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီစစ်ကြောင်းအများစုဟာ ပြီးခဲ့တဲ့ ဇူလိုင် ၄ ရက်ကစပြီး ရွှေကူမြို့ဘက်ကို ပြန်ဆုတ်သွားပြီလို့ ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။ စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ဇွန်လကတည်းက KIA ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ ရွှေကူ–ဗန်းမော်လမ်းနဲ့ ရွှေကူ–ငအိုးလမ်းပိုင်းဘက်ကို စစ်အင်အားအများအပြားနဲ့ ထိုးစစ်ဆင်ခဲ့တာပါ။ ဒါပေမယ့် KIA ပူးပေါင်းတပ်တွေရဲ့ တန်ပြန်တိုက်ခိုက်မှုကြောင့် အများစုက ရွှေကူမြို့ဘက်ကို ပြန်ဆုတ်သွားရတာဖြစ်တယ်လို့ ရွှေကူမြို့နယ် ပ.က.ဖ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ “အားလုံးဆုတ်သွားကုန်ပြီ ရွှေကူဘက်ကိုဆုတ်သွားတာဗျ ငအိုး– ကသာဘက်ကိုပိတ်ထားပေးတယ် ရွှေကူဘက်ပဲဟပေးထားတော့အဲ့ဘက်ကိုဆုတ်သွားတယ် အခု မန်နားလေးနဲ့ ခတ်ခုံကြားမှာ စစ်ကြောင်းတစ်ခုပဲကျန်တယ် အဲ့တာ ဆုတ်သွားရင် ရွှေကူ –ငအိုးလမ်းကစကစ ကင်းစင်သွားပြီ”လို့သူကပြောပါတယ်။ စစ်တပ်က တစ်လနီးပါး ထိုးစစ်ဆင်ခဲ့တဲ့အချိန်အတွင်း ရွှေကူ–ငအိုးလမ်းပိုင်းက စကားကုန်းလမ်းခွဲ၊ ညောင်ပင်ကွေ့၊ ပွိုင့် ၁၁၇ နဲ့ ပွိုင့် ၁၁၅ စတဲ့နေရာတွေကို ယာယီထိန်းချုပ်နိုင်ခဲ့ပေမယ့် အခုတော့ KIA ပူးပေါင်းတပ်တွေက အဲဒီနေရာတွေကို ပြန်လည်သိမ်းပိုက်ထားနိုင်ပြီလို့ သိရပါတယ်။ လက်ရှိမှာတော့ မန်နားလေးနဲ့ ခတ်ခုံကျေးရွာကြားမှာ စစ်ကြောင်းတစ်ခုသာ ကျန်ရှိနေပြီး အဲဒီစစ်ကြောင်းပါ ဆုတ်သွားရင် ရွှေကူ–ငအိုးလမ်းပိုင်းမှာ စစ်ကောင်စီစစ်ကြောင်း မရှိတော့ဘူးလို့ ပြောပါတယ်။ လက်ရှိ ကျန်ရှိနေတဲ့ စစ်ကြောင်းကတော့ မန်နားလေးနဲ့ ခတ်ခုံကြားမှာ အင်အား ၈၀၀ ဝန်းကျင်နဲ့ ရှိနေဆဲဖြစ်ပြီး ကာကွယ်ရေးတပ်တွေက အဲဒီစစ်ကြောင်းကို ဆက်လက်တိုက်ခိုက်နေတယ်လို့ ပြောပါတယ်။ “မန်နားလေးဘက်ကို ရှင်းနိုင်ရင် လမ်းပိုင်းတစ်ခုလုံး ကင်းစင်သွားမှာပါ။ ဒီတစ်ရက်၊ နှစ်ရက်အတွင်း အခြေအနေပြောင်းနိုင်ပေမယ့် စောင့်ကြည့်ရဦးမယ်” လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။ ဒါ့အပြင် ရွှေကူတိုက်ပွဲမှာ KIA၊ PDF ပူးပေါင်းတပ်တွေအပြင် AA စစ်ကြောင်းတွေလည်း အားဖြည့်ပါဝင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ လတ်လောမှတော့ ကျန်ရှိနေတဲ့ စစ်ကြောင်းတွေက ကိုင်းရွာနဲ့ တော်လန်ရွာဘက်ကို မြေပြင်ထိုးစစ်ဆင်နေသလို လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ လက်ရှိ ရွှေကူမြို့နယ်ထဲမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကိုင်း၊ တော်လန်၊ ရွှေဘုန်းမြင့်၊ လမ်းကူး၊ မြိုင်သာ၊ ပန်းတင်၊ ငှက်တံတား၊ တုံးကောက်၊ စီသာ၊ မန်ဝိန်း၊ စီမူကြီး၊ ဝင်ဝ၊ မန်နားကြီး၊ နောင်လတ်ကြီး၊ ခေါလဲ၊ စင်းဖုတ်၊ စီသောင်နဲ့ တာလီကျေးရွာတွေက ဒေသခံတွေဟာ မေလကုန်နဲ့ ဇွန်လဆန်းပိုင်းကတည်းက စစ်ဘေးတိမ်းရှောင်နေကြရဆဲ ဖြစ်တယ်လို့ သိရပါတယ်။ By – Zaw Zaw
Read More » -
7 Julyတိုက်ပွဲ
ငအိုး-ရွှေကူကြားက နေရာတစ်ချို့ကို တော်လှန်ရေးပူးပေါင်းတပ်ပြန်သိမ်းပိုက်
ကချင်ပြည်နယ် ရွှေကူမြို့နယ် ငအိုး–ရွှေကူကြားက ရှေ့တန်းနေရာတစ်ချို့ကို ပြီးခဲ့တဲ့လအတွင်း စစ်တပ်ထိုးစစ်ကြောင့် ယာယီ လက်လွှတ်ခဲ့ရပေမယ့် လက်ရှိမှာ KIA နဲ့ PDF ပူးပေါင်းတပ်တွေ ပြန်လည်သိမ်းပိုက်ထားနိုင်ပြီလို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက KNG ကို ပြောပါတယ်။ လက်ရှိ ပြန်သိမ်းပိုက်ထားတဲ့နေရာတွေထဲမှာ…
Read More » -
Jun- 2026 -26 Juneတိုက်ပွဲ
ရွှေကူမြို့နယ်မှာ တိုက်ပွဲအရှိန်အမြင့်ဆုံးဖြစ်နေဟု KIA ပြော
ကချင်ပြည်နယ်အတွင်း နေရာအနှံ့အပြားမှာ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ ရွှေကူမြို့နယ်ဟာ တိုက်ပွဲအရှိန်အမြင့်ဆုံး ဖြစ်နေတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA က ပြောပါတယ်။
Read More » -
15 Juneတိုက်ပွဲ
ရွှေကူထဲရောက်နေတဲ့စစ်ကြောင်း ဗန်းမော်ကိုဆက်ဦးတည်ဖို့ကြိုးစားနေလို့ တိုက်ပွဲဖြစ်နေ
ရှမ်းပြည်မြောက်ပိုင်း မဘိန်းမြို့နယ်၊ ငအိုးရွာဘက်ကနေ ရွှေကူမြို့ကို ဦးတည်နေတဲ့ စစ်တပ်စစ်ကြောင်းရဲ့ အင်အားအများစုဟာ ရွှေကူဘက်ကို ရောက်ရှိသွားပြီ ဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
Read More » -
May- 2026 -8 Mayသတင်း
စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲလို့အရပ်သားလေးဦးထိမှန်
ကချင်ပြည်နယ် ရွှေကူ-ငအိုးကားလမ်းပိုင်းမှာရှိတဲ့ ငို့စင်ကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံးကြဲခဲ့တာကြောင့် အရပ်သားလေးဦးထိမှန်ခဲ့ကြောင်း ဒေသခံတွေက KNG ကိုပြောပါတယ်။
Read More » -
Dec- 2023 -7 Decemberတိုက်ပွဲ
မဘိန်း- ငအို ကားလမ်းပိုင်းမှာ စစ်ကောင်စီဗုံးကျဲခံရမှုကြောင့် လိုင်းကားတစ်စီးထိမှန်ပြီး အရပ်သား ၂ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ
ကချင် – ရှမ်းပြည်နယ်အစပ် ရှမ်းမြောက်ဒေသ မဘိန်းမြို့နယ်ထဲက ငအိုး–မဘိန်းကားလမ်းပိုင်းမှာ စစ်ကောင်စီတပ်ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် ခရီးသည်တင်ကားတစ်စီးထိမှန်ပြီး အရပ်သား ၂ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရသွားတယ်လို့ မံဝင်းဒေသခံတွေဆီကနေ သိရပါတယ်။ စစ်ကောင်စီတပ်က KIA တပ်ရင်း ၁၂ နယ်မြေ…
Read More »