တိုက်ပွဲသတင်း

မဘိန်း- ငအို ကားလမ်းပိုင်းမှာ စစ်ကောင်စီဗုံးကျဲခံရမှုကြောင့် လိုင်းကားတစ်စီးထိမှန်ပြီး အရပ်သား ၂ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ

ကချင်ရှမ်းပြည်နယ်အစပ် ရှမ်းမြောက်ဒေသ မဘိန်းမြို့နယ်ထဲက ငအိုးမဘိန်းကားလမ်းပိုင်းမှာ စစ်ကောင်စီတပ်ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် ခရီးသည်တင်ကားတစ်စီးထိမှန်ပြီး အရပ်သား ၂ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရသွားတယ်လို့ မံဝင်းဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီတပ်က KIA တပ်ရင်း ၁၂ နယ်မြေ မဘိန်းငအိုးကားလမ်းပေါ် ခိုတာကျေးရွာအနီးမှာ မနေ့က ဒီဇင်ဘာ ၆ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်မှာ ဂျက်ဖိုက်တာတစ်စီးနဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် မဘိန်းမြို့ထဲသွားမယ့် ခရီးသည်တင်ကားတစ်စီးထိမှန်ခဲ့ပြီး အရပ်သားပြည်သူ ၅ ယောက် ထိခိုက် သေဆုံးမှုရှိခဲ့တယ်လို့  မဘိန်းဘက်ကိုခရီးသွားခဲ့တဲ့ မျက်မြင်တွေ့ခဲ့ရတဲ့ ရွှေကူနယ် မံဝင်းကျေးရွာ ဒေသခံအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။

အလွတ်ကြီးလာကျဲချသွားတာ ကျဲတာက ၂လုံးကျဲတယ် ကားလမ်းပေါ်မှာပဲကျဲသွားတာ လိုင်းကားတစ်စီးမှန်သွားတော့ ကားထဲက ကားစပယ်ယာကောပွဲချင်းပြီး၊နောက်ကားဆရာကောပွဲချင်းပြီး သေတာက ၂ယောက် ကျန်တဲ့မိန်းခလေးသုံးယောက်ကတော့ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတယ်လို့ ပြောပါတယ်။

သေဆုံးသွားတဲ့ အမျိုးသား ၂ဦးကတော့ ကသာမြို့နယ် ပျဥ်ထောင်လေးကျေးရွာထဲက ကားသမားတစ်ဦးနဲ့ ကျောက်ထုံးကြီးကျေးရွာထဲက ကားပစယ်ယာဆိုသူဖြစ်ပြီး အမည်နာမကိုတော့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ဒဏ်ရာရသွားတဲ့အမျိုးသမီး ၃ယောက်က အသက် ၄၀ ဝန်းကျင်လောက်တွေပဲ ထီးချိုင့်လမ်းပိတ်နေလို့ ဒီဘက်လမ်းကနေပတ်ပြီးလာတာလို့ပြောတယ် ။တစ်ယောက်ကတော့ခြေနေအတော်လေးဆိုးတယ် စစ်ကိုင်းဘက်ကိုပဲပြန်သယ်သွားတယ်။ ဒဏ်ရာရတဲ့သူတွေကိုလို့ အထက်မှာဖော်ပြခဲ့တဲ့ အမျိုးသားကဆက်ပြောပါတယ်။

စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပဲ အခုလိုဗုံးကျဲခဲ့တာနဲ့ပတ်သက်ပြီး KIA တပ်ရင်း ၁၂ လက်အောက်ခံ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကအခုလိုပြောပါတယ်။

အဲ့ဘက်က ရင်း ၁၂ နယ်မြေဆိုပေမယ့် AA လည်းလှုပ်ရှားတာရှိတယ်လေး အဲ့တာမနေ့က ကြားတာတော့ AA ထောက်ပို့လမ်းကြောင်းရှိလို့တဲ့ အဲ့ထောက်ပို့လမ်းကြောင်းကိုလှမ်းပစ်တာလို့ပြောတယ်လို့ ပြောပါတယ်။

အလားတူ မဘိန်းဘကိကို ဗုံးကျဲချသွားတဲ့ ဂျက်ဖိုက်တာဟာ မဘိန်းနယ်ထဲက ခေါတောကျေးရွာ၊ရမ်ဘိုကျေးရွာအထက်နဲ့အောက် စတဲ့ကျေးရွာတွေဘက်မှာလည်း ဝဲပျံခဲ့တယ်လို့သိရပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button