တိုက်ပွဲဖြစ်

  • Jul- 2026 -
    18 July
    တိုက်ပွဲ

    အင်းတော်ကြီးနဲ့ ဆယ်ဇင်း နေရာနှစ်ခုမှာ တိုက်ပွဲပြင်းထန်နေ

    မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ အနောက်ဘက်ဖက်ခြမ်းနဲ့ ဆယ်ဇင်းကျေးရွာအနီးတဝိုက်မှာ ရှမ်းနီအမျိုးသားတပ်မတော် SNA နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ကြားတိုက်ပွဲပြင်းထန်နေတာ ၄ ရက်ခန့်ကြာမြင့်လာပြီဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ရှမ်းနီ SNA တပ်ဖွဲ့တွေက ကချင်လွတ်လပ်ရေးတပ်မတော် KIA ရှိတဲ့ ဟဲပန်းလမ်းခွဲနေရာဘက်ကို စစ်ကြောင်းထိုးတိုက်ခိုက်နေပြီး…

    Read More »
  • Jun- 2026 -
    18 June
    သတင်း

    မန္တလေး–မြစ်ကြီးနားလမ်းပိုင်း လုံခြုံရေးစိုးရိမ်မှုများရှိနေဆဲ

    ကချင်ပြည်နယ်နဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေကို အဓိက ဆက်သွယ်ထားတဲ့ မန္တလေး–မြစ်ကြီးနား လမ်းမကြီးပေါ်မှာ ယာဉ်သွားလာမှုပြန်လည်ရှိလာပြီဖြစ်ပေမယ့် လုံခြုံရေးအခြေအနေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေကတော့ ရှိနေဆဲဖြစ်တယ်လို့ လမ်းပိုင်းကို အသုံးပြုနေတဲ့ ယာဉ်မောင်းတွေက KNG ကို ပြောပါတယ်။ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ကသာ၊ အင်းတော်၊ မော်လူးနဲ့ မိုးညှင်းဒေသတွေမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာကြောင့် အဲ့ဒီလမ်းပိုင်းဟာ မကြာခဏ ပိတ်ဆို့ခဲ့ရသလို ကုန်တင်ယာဉ်နဲ့ ခရီးသည်တင်ယာဉ် ရာနဲ့ချီပြီး လမ်းကြောင်းပေါ်မှာ ပိတ်မိခဲ့တဲ့ ဖြစ်စဉ်တွေ ရှိခဲ့တာပါ။ လမ်းကြောင်းပေါ်မှာ ယာဉ်သွားလာမှုတွေ ပြန်ရှိလာပေမယ့် လုံခြုံရေးအခြေအနေနဲ့ ပတ်သက်ပြီးတော့ စိုးရိမ်မှုတွေကတော့ ရှိနေဆဲဖြစ်တယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။ “အခုက လုံခြုံမှုခံစားရပြီလားဆိုရင်တော့ အဲ့လိုပြောဖို့တော့ စောပါသေးတယ်။ အဲ့လိုကြီးလည်း မဟုတ်သေးဘူး။ ပုံမှန်လိုပဲ ကျနော်တို့ သွားနေတဲ့အတိုင်းပေါ့။ လုံခြုံမှုရှိလားဆိုရင်တော့ လောလောဆယ်တော့ အရမ်းကြီး မခံစားရသေးဘူး။ စိုးရိမ်မှုတွေတော့ ရှိသေးတာပေါ့”လို့ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။ လက်ရှိမှာတော့ မန္တလေး–မြစ်ကြီးနား လမ်းမကြီးတစ်လျှောက် စစ်ကောင်စီတပ်ဘက်က ကသာ၊ အင်းတော်၊ မော်လူးနဲ့ မိုးညှင်းဘက်တွေမှာ တပ်အင်အားတွေ ဆက်လက်ချထားသလို အဓိကလမ်းဆုံတွေ၊ တံတားတွေနဲ့ စစ်ရေးအရ အရေးပါတဲ့ နေရာတွေမှာလည်း လုံခြုံရေးယူထားဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် လမ်းကြောင်းကို ပြန်လည်အသုံးပြုနိုင်နေပြီဖြစ်ပေမယ့် စစ်တပ်ရဲ့ စစ်ယာဉ်တန်းတွေနဲ့ ထောက်ပို့ယာဉ်တန်းတွေ လမ်းကြောင်းပေါ်မှာ ဆက်လက် သွားလာနေသေးတာကြောင့် အရပ်သားယာဉ်တွေကလည်း ပုံမှန်ထက် နှေးကွေးစွာသွားလာ နေရတယ်လို့ သိရပါတယ်။ “အခုက စစ်တပ်ယာဉ်တန်းက ပြန်လာတယ်။ မိုးညှင်း မော်ဟဲရွာကနေ မန္တလေးဘက်ကို ပြန်လာတာ။ မနေ့ကပဲ ကားသမား တစ်ယောက်က လှမ်းပြောတယ်။ ယာဉ်တန်းတွေဆင်းသွားနေတယ်၊ ဂရုစိုက်ကြပါပေါ့။ ဒီနေ့တောင် စဉ့်ကူး လက်ပံလှကို ရောက်နေပြီ”လို့ သူက ဆက်ပြောပါတယ်။ မန္တလေး–မြစ်ကြီးနား လမ်းမကြီးဟာ ကချင်ပြည်နယ်အတွင်းကို ဝင်ရောက်လာတဲ့ စားသောက်ကုန်၊ လူသုံးကုန်နဲ့ စက်သုံးဆီ အများစုကို အဓိက သယ်ယူပို့ဆောင်နေတဲ့ လမ်းကြောင်းတစ်ခုလည်း ဖြစ်ပါတယ်။ တိုက်ပွဲတွေကြောင့် လနဲ့ချီပြီး သွားလာရေးခက်ခဲခဲ့တဲ့ အဲ့ဒီလမ်းပိုင်းကို ပြန်လည်အသုံးပြုနိုင်ဖို့ စစ်ကောင်စီဘက်ကတော့ ကသာ၊ အင်းတော်၊ မော်လူးနဲ့ မိုးညှင်းဒေသတွေမှာ စစ်အင်အားတိုးချထားတာ၊ ထောက်ပို့ယာဉ်တန်းတွေ စေလွှတ်တာနဲ့ လမ်းကြောင်း တစ်လျှောက် လုံခြုံရေးယူတာတွေ ဆက်တိုက်လုပ်ဆောင်လာခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ ယာဉ်မောင်းတွေကြားမှာတော့ အခု မန္တလေးဘက်ကို ပြန်ဆင်းလာနေတဲ့ ယာဉ်တန်းတွေဟာ ကချင်ဒေသတွေနဲ့ မန္တလေး–မြစ်ကြီးနား လမ်းပိုင်းတစ်လျှောက် လိုအပ်တဲ့ ထောက်ပို့ပစ္စည်းတွေ ပို့ဆောင်ပြီးနောက် ပြန်လာတာဖြစ်နိုင်တယ်လို့ ပြောဆိုနေကြပါတယ်။ “အဲ့ဒီ တက်သွားတဲ့ ယာဉ်တန်းက ပြန်လာတာလားတော့ မသိဘူး။ နေရာချစရာတွေ ချပြီးတော့ ပြန်လာတာ ထင်ပါတယ်။ အဓိကကတော့ သူတို့က ရုံးတွေပြန်ဖွင့်ဖို့၊ ပြန်လည်ထူထောင်ရေးလုပ်ဖို့၊ ဝန်ထမ်းတွေသွားပို့ဖို့၊ ကျောင်းဖွင့်တာဆိုရင် စာအုပ်တွေ စာရွက်စာတမ်းတွေ သယ်တာပေါ့။ အဲ့လိုလုပ်နေတာလို့ ကျနော်တို့ ကြားပါတယ်”လို့ နောက်ထပ် ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။ ဒါပေမယ့် အဆိုပါ ယာဉ်တန်းတွေရဲ့ တိကျတဲ့တာဝန်နဲ့ သယ်ဆောင်လာတဲ့ ပစ္စည်းတွေကိုတော့ KNG အနေနဲ့ သီးခြား အတည်ပြု နိုင်ခြင်းတော့မရှိသေးပါဘူး။ ဒါကြောင့် လမ်းကြောင်းပေါ်မှာ ယာဉ်သွားလာမှုတွေ ပြန်လည်ရှိလာပေမယ့်လည်း နှစ်ဖက်စစ်ရေးတင်းမာမှုတွေကတော့ လုံးဝ လျော့ကျသွားတာမျိုး မရှိသေးဘူးလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒါ့အပြင် မန္တလေးဘက်ကနေ မြစ်ကြီးနားဘက်ကို စစ်ယာဉ်တန်းတွေနဲ့ ထောက်ပို့ယာဉ်တန်းတွေကို အကြိမ်ကြိမ် စေလွှတ်ခဲ့ရာ လက်ရှိအချိန်အထိ အနည်းဆုံး ၃ ကြိမ်ခန့် ဖြတ်သန်းသွားလာနိုင်ခဲ့တယ်လို့ လမ်းကြောင်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။ By – အမိုး

    Read More »
  • 5 June
    စစ်ရေး

    တစ်လကျော်ကြာ ထိုးစစ်ဆင်နေပေမယ့် ရွှေကူမြို့ထဲ စစ်ကြောင်းမဝင်နိုင်သေး

    ကချင်ပြည်နယ် ရွှေကူ–ငအိုးလမ်းကြောတစ်လျှောက်မှာ ဒီနေ့အထိ တိုက်ပွဲတွေ နေ့တိုင်းလိုလို ဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်စစ်ကြောင်းဟာလည်း ရွှေကူမြို့ထဲကို အခုချိန်ထိ ဝင်ရောက်နိုင်ခြင်း မရှိသေးဘူးလို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

    Read More »
  • May- 2026 -
    21 May
    တိုက်ပွဲ

    အင်းတော်မြို့နဲ့ ၂ မိုင်အကွာမှာတိုက်ပွဲဖြစ်နေ

    စစ်တပ်ဘက်က ပြန်လည်သိမ်းပိုက်ထားတာမကြာသေးတဲ့ စစ်ကိုင်းနဲ့ကချင်အစပ်က အင်းတော်မြို့နယ်မှာ မေလ ၁၇ ရက်နေ့က စလို့ ဒီနေ့အထိ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးအင်အားစုတွေအကြား တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ စစ်ရေးသတင်း ရင်းမြစ်တွေကပြောပါတယ်။

    Read More »
  • May- 2025 -
    14 May
    သတင်း

    အင်းတော်ကြီးမှာ KIA ပူးပေါင်းတပ်နဲ့ SNA တပ်တို့တိုက်ပွဲဖြစ်

    ကချင်ပြည််နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသထဲမှာ KIA ပူးပေါင်းတပ်တွေနဲ့ SNA ပူး‌ပေါင်းတပ်ကြား တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံဆီက‌နေ သိရပါတယ်။ မေလ ‌‌‌‌‌၁၄ ရက် ဒီမနက်အစောပိုင်းကစပြီး ဆနွင်းကုန်းနဲ့ အင်းသာကျေးရွာဘက်မှာ KIA ပူးပေါင်းတပ်တွေနဲ့ SNA စစ်ကောင်စီတပ်တွေကြားနှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းထန်နေတာလို့…

    Read More »
  • Mar- 2024 -
    7 March
    တိုက်ပွဲ

    တာမခံတိုက်ပွဲမှာ စစ်တပ်က ရဟတ်ယာဉ် နဲ့ စစ်အင်အားဖြည့်ပြီး ထိုးစစ်ဆင်နေ

    တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်တဲ့ တာမခံတိုက်ပွဲမှာ စစ်ကောင်စီဘက်ကနေ ထိခိုက်သေဆုံးမှုများပေမယ့် တပ်စခန်းလက်မလွတ်ရအောင် ရဟတ်ယာဉ် ၃ စီးနဲ့ စစ်အင်အားထပ်မံလာချသွားပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ မတ်လ ၆ ရက်နေ့ ညနေပိုင်း ၄ နာရီလောက်မှာ စစ်ကောင်စီတပ်တွေက ရဟတ်ယာဉ် ၃…

    Read More »
  • Feb- 2024 -
    12 February
    တိုက်ပွဲ

    ကောလင်းမြို့ကို နှစ်ဖက်တပ်တွေအပြန်အလှန်နေရာယူထားကြပြီး တိုက်ပွဲဆက်လက်ပြင်းထန်နေ

    စစ်ကိုင်း နဲ့ ကချင်အစပ်ရှိ အမျိုးသားညီညွှတ်ရေးအစိုးရ NUG ထိန်းချုပ်ထားတဲ့ ကောလင်းမြို့ကို  နှစ်ဖက်တပ်တွေအပြန်အလှန်နေရာယူထားကြပြီး တိုက်ပွဲတွေဆက်တိုက်ပြင်းထန်နေတယ်လို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကသိရပါတယ်။ ကောလင်းမြို့ထဲကို စစ်ကောင်စီတပ်ဘက်ကလည်း ဝင်ရောက်ထားနိုင်သလို တစ်ဖက်မှာကာကွယ်ရေးပူးပေါင်းတပ်တွေဘက်ကလည်းခုခံပြီး ဒီကနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့အထိ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့…

    Read More »
  • Jan- 2024 -
    25 January
    စစ်ပြေးဒုက္ခသည်များ

    စီခမ်းကြီးမှာ ဒေသခံတစ်ထောင်ကျော် ထွက်ပြေးနေရ

    ကချင်ပြည်နယ် မံစီမြို့နယ် စီခမ်းကြီးကျေးရွာထဲမှာ တိုက်ပွဲဖြစ်ပွားလာမှာကို စိုးရိမ်တဲ့အတွက် စီခမ်းကြီးကျေးရွာနေပြည်သူတစ်ထောင်ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။ ကချင် နဲ့ ရှမ်းပြည်နယ်အစပ်မှာရှိတဲ့ စီခမ်းကြီးကျေးရွာထဲ ဒေသခံပြည်သူ ၂၀၀ ကျော်ထဲက လူဦးရေ ၁၅၀၀ ကျော်လောက်ဟာ တိုက်ပွဲ ဖြစ်ပွားလာမှာကိုစိုးရိမ်တဲ့အတွက်…

    Read More »
Back to top button