ပစ်ခတ်မှု
-
Sep- 2024 -19 Septemberသတင်း
ဗန်းမော်ကိုဆက်တက်ဖို့ကြိုးစားနေတဲ့ စစ်သင်္ဘော ဒုတိယမြစ်ကျဥ်းကိုမကျော်နိုင်သေး
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာဆိုက်ထားတဲ့ စစ်သင်္ဘောတွေ ကချင်ပြည်နယ်အထက်ဘက်ကို ဆန်တက်ဖို့ကြိုးစားနေပေမယ့် ဒုတိယမြစ်ကျဥ်းကိုမကျော်နိုင်သေးဘူးလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကသိရပါတယ်။ စက်တင်ဘာလ ၁၇ ရက်နေ့ မနေ့က မနက်ပိုင်းမှာ လေကြောင်းပစ်ကူတွေအသုံးပြုပြီး ရွှေကူမြို့နယ်ကနေ အထက်ဘက်ကို ဆန်တက်လာတဲ့ စစ်သင်္ဘောတွေဟာ ဇင်းဘိုကျေးရွာအရောက်မှာ ပစ်ခတ်ခံရပြီး ပြန်ဆုတ်ခွာခဲ့ရတာဖြစ်ပါတယ်။ ဒါပေမဲ့ ပစ်ခတ်ခံရပြီးမကြာခင်မှာပဲ လေကြောင်းပစ်ကူတွေဆက်တိုက်အသုံးပြုပြီး ပြန်ဆန်တက်ခဲ့ရာ ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေရဲ့ ပစ်ခတ်မှုတွေကြောင့် ဒုတိယမြစ်ကျဥ်းအနီး ဝဲမရွာတစ်ဝှိုက် ရေလယ်ခေါင်မှာသောင်တင်နေတယ်လို့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ “သင်္ဘောတွေ ဒုတိယမြစ်ကျဥ်းထဲမှာပဲ သူတို့မကျော်နိုင်သေးဘူး။ သူတို့ကျော်ဖို့ကြိုးစားနေတာပေါ့။ ကျနော်တို့တားဆီးတာကိုလည်း လေယာဥ်ပစ်ကူနဲ့ကြိုးစားတယ် ဒါပေမဲ့ ပစ်ခတ်တာက ဗန်းမော်ကားလမ်း မပေါ်ကိုကျတယ်။”လို့ပြောပါတယ်။ ဒါပေမဲ့ စစ်သင်္ဘော ၅ စီးထဲက သံခွန်ယာဥ်အသေးစား ၂ စီးကတော့ စင်းခန်းတံတားအထိဆန်တက်သွားနိုင် ပြီး အရေးကြီးတဲ့ စစ်ရိက္ခာယာဥ်သင်္ဘောတွေကတော့ ဆန်တက်နိုင်ခြင်းမရှိသေးဘူးလို့ဆိုပါတယ်။ စစ်ကောင်စီတပ်ဘက်က စစ်သင်္ဘောတွေဆန်တက်နိုင်ဖို့ မနေ့ကညတစ်ညလုံးနီးပါး ဝေဟင်ကနေ ကင်းပတ် တာတွေလုပ်သလို ဒီကနေ့ မနက်ပိုင်းမှာလည်း ဧရာဝတီမြစ်ကမ်းနဘေးရွာတွေကို သင်္ဘောပေါ်ကနေ လက်နက်ကြီးတွေနဲ့ဆက်တိုက်ပစ်ခတ်မှုတွေလုပ်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ “ကျနော်တို့ကလည်း အဲ့သင်္ဘောတွေတက်လို့မရအောင်တိုက်ခိုက်နေပါတယ်။ ဒရုန်းတွေဘာတွေလည်း သုံးမရဘူး။ လက်နက်ကြီးနဲ့ပဲပစ်ရတာ။ စစ်သင်္ဘောတွေကတော့ရေလယ်ခေါင်မှာပဲ။ လေကြောင်းက မနေ့ကတော့ပစ်တယ်။ ညလုံးပေါက်လည်းလေယာဥ်နဲ့ဝဲတယ်။ ဒီမနက်လည်းဝဲတယ်”လို့ပြောပါတယ်။ တစ်ဖက်မှာ မြေပြင်စစ်ကြောင်းထိုးဖို့ကြိုးစားနေတဲ့ ရွှေကူမြို့နယ်ထဲက အင်အား ၆၀ ပါ စစ်ကောင်စီ စစ်ကြောင်းဟာလည်း ပြန်လည်ဆုတ်ခွာသွားပြီလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။ စစ်သင်္ဘောတွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လနောက်ဆုံးအပတ်ကစတင်လို့ မန္တလေးတိုင်း ဂေါဝန်ဆိပ်ကမ်းကနေ ထွက်ခွာလာတာဖြစ်ပြီး ဆန်တက်လာတဲ့မြစ်ကြောင်းတစ်လျှောက်လည်း ကာကွယ်ရေးတပ်တွေက ဆက်တိုက်ပစ်ခတ်မှုတွေလုပ်ခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ရွှေကူမြို့နယ်အရောက်မှာ ၁၀ ရက်ခန့်ကြာရပ်နားပြီး အဘက်ဘက်က ပြန်လည်ပြင် ဆင်ပြီးမှ ဗန်းမော်မြို့နယ်ဆီပြန်လည်ဦးတည်ဆန်တက်ဖို့ကြိုးစားလာတာဖြစ်ပါတယ်။ အဲ့ဒီ စစ်သင်္ဘောတက်လာတဲ့ လမ်းတစ်လျှောက်လုံးမှာလည်း လေကြောင်းပစ်ကူတွေဆက်တိုက်အသုံးပြုမှု လက်နက်ကြီးတွေရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ဧရာဝတီမြစ်ကမ်းဘေးကမြို့ရွာတွေက အရပ်သားတွေကို ထိမှန်ပြီး ၁၁ ယောက်ထက်မနည်းသေဆုံးခဲ့ရပါသေးတယ်။ By – အမိုး
Read More » -
10 Septemberသတင်း
လားရှိုးမြို့ပြည်သူများ လေကြောင်းအန္တရယ်ကြောင့် မြို့ပြန်စွန့်ခွာရမယ့်အခြေနေထပ်ကြုံနေရ
ရှမ်းမြောက် လားရှိုးမြို့ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဆက်တိုက်ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ဒေသခံပြည်သူတွေ မြို့ကို ထပ်ပြီးစွန့်ခွာရမယ့်အခြေအနေမှာရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စက်တင်ဘာ ၉ ရက်နေ့ မနက် ၁၀ နာရီခွဲဝန်းကျင် လားရှိုးမြို့ အထွေထွေအုပ်ချုပ်ရေးရုံးအပါအဝင် နေရာ ၄ နေရာလောက်ကို စစ်တပ်က လေယာဉ်နဲ့ ဆက်တိုက်ဗုံးကြဲခဲ့တဲ့အတွက် အရပ်သားပြည်သူ ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိပြီး ၃ ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေ ပြောပါတယ်။ “ဒီလိုပဲ လေယာဉ်နဲ့ ဆက်တိုက်လာပစ်နေရင်တော့ ပြန်ထွက်ကြဖို့ ပြင်ဆင်ထားတယ်။ အခုလောလောဆယ်တော့ သူခိုးရန်ကာကွယ်ဖို့ နေ့ဆိုရင် တစ်အိမ်မှာ တစ်ယောက် နှစ်ယောက် အိမ်လာစောင့်ပြီး ညဆိုရင်တော့ အားလုံး တစ်နေရာမှာပဲစုပြီးအိပ်တယ်။ ဒီနေ့မနက် လေယာဉ်ပျံဝဲမှုတော့ရှိပေမဲ့ ဗုံးကြဲတာတော့မရှိဘူး။”လို့ လားရှိုးဒေသခံတစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောပါတယ်။ လားရှိုးမြို့ကို စစ်တပ်ဘက်က ဩဂုတ် ၃၀ ရက်နေ့နဲ့ စက်တင်ဘာ ၈ ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်ပြုလုပ်ခဲ့ပေမယ့် အဆောက်အအုံတွေပျက်စီးတာ၊ လူထိခိုက်တာတွေမရှိခဲ့ပါဘူးလို့ သူကဆက်ပြောပါတယ်။ သို့သော် စက်တင်ဘာလ ၉ ရက် ဗုံးကြဲတိုက်ခိုက်မှုမှာ ကိုးကန့် MNDAA အရာရှိတစ်ဦးသေဆုံးတဲ့အပြင် အရပ်သား ၃ ဦးသေဆုံးပြီး ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိထားတာ ဖြစ်ပါတယ်။ လားရှိုးမြို့ကို ကိုးကန့် MNDAA တပ်ဘက်က မြို့အလုံးစုံတိုက်ခိုက်သိမ်းပိုက်လိုက်တာ ၁ လကျော်ကြာလာချိန် စစ်တပ်ဘက်က အခုလို လေယာဉ်နဲ့ဆက်တိုက်ဗုံးကြဲဆက်တိုက်လုပ်ဆောင်လာတာကြောင့် ဒေသခံပြည်သူတွေအတည်တကျ ပြန်လည်အခြေချနေထိုင်နိုင်ဖို့ ခက်ခဲနေတာဖြစ်ပါတယ်။ “ကြားရတဲ့သတင်းကတော့ ကိုးကန့် နဲ့ စစ်တပ်တို့နှစ်ဖက် သဘောတူညှိနှိုင်းမှု တစ်စုံတစ်ခုတော့ရှိနေတယ်။ စစ်တပ်ဘက်ကလည်း လားရှိုးကိုတော့ ပြန်ယူဖို့ဆိုပြီး ကောလဟာသတင်းထွက်နေတယ်။”လို့ လားရှိုးဒေသခံကဆက်ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၃ ရက်နေ့ကစပြီး လားရှိုးမြို့ကို ကိုးကန့် MNDAA တပ် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် တိုက်ပွဲငြိမ်သက်သွားပြီဖြစ်ပေမယ့် ဒေသခံပြည်သူတွေလေကြောင်းအန္တရာယ်ကို ဆက်လက်စိုးရိမ်နေရဆဲဖြစ်ပါတယ်။ ဒါကြောင့် ဒေသခံပြည်သူတစ်ချို့ ပစ္စည်းတွေလာသယ်ယူတာ၊ အိမ်ကိုခဏတဖြုတ်လာကြည့်ရုံပြီး ပြန်ထွက်ကြတာများတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့အပတ်ကပဲ မိမိနေအိမ်ကိုပြန်လာနေပြီဖြစ်တဲ့ လားရှိုးဒေသခံအမျိုးသမီးတစ်ဦးကလည်း လက်ရှိလေကြောင်းအန္တရာယ်ကြောင့် ဆက်လက်ထွက်ပြေးရမဲ့အခြေအနေကို တွေးပူနေတယ်လို့ ပြောပါတယ်။ “လောလောဆယ်က လေကြောင်းအန္တရယ်ကို သတိထားစိုးရိမ်ပြီးနေနေသေးတယ်။ ကျမတို့လည်း ပြီးခဲ့တဲ့အပတ်ကပဲ စစ်ရှောင်ကနေ ပြန်လာကြတာဟုတ်တယ်။ အခြေအနေပေါ်မူတည်ပြီး ထပ်ထွက်ပြေးရမယ်ဆိုရင်တော့ ထပ်ပြေးရမှာပဲ။ လောလောဆယ်ကတော့ ဘယ်လိုဖြစ်လာမလဲ မဆုံးဖြတ်နိုင်သေးဘူး။ အရင်က အတည်အကျနေထိုင်နိုင်ဖို့က ခက်ခဲသေးတယ်။” လို့ လားရှိုးဒေသခံအမျိုးသမီးတစ်ဦးကလည်း ပြောပါတယ်။ တစ်ဖက်မှာလည်း လားရှိုးမြို့ပေါ်မှာတော့ ကိုးကန့် MNDAA နဲ့ UWAS ၀ တပ်ဖွဲ့တို့ ပူးပေါင်းပြီး မြို့တွင်းတစ်ဖွဲ့တစ်လှည့်စီ တစ်နေ့ ၆ ကြိမ်လောက် ကင်းလှည့်ပေးနေတာလည်း ရှိတယ်လို့ဆိုပါတယ်။ လက်ရှိချိန်ထိ ကိုးကန့်ဘက်က လားရှိုးမြို့တွင်းကို အုပ်ချူပ်ရေးယန္တရားလည်ပတ်နိုင်ခြင်းမရှိသေးပေမယ့် လျှပ်စစ်မီးနဲ့ ဆေးရုံလုပ်ငန်းတွေတော့ လည်ပတ်နိုင်အောင်ကြိုးစားနေကြတယ်လို့ သိရပါတယ်။ “စာသင်ကျောင်းတွေတော့ဘယ်အချိန်မှ စလို့ရမယ်မှန်းမသိသေးလို့ ကျောင်းဆရာ၊ဆရာမတွေ နာမည်စားရင်းတွေလာ ထည့်ကြတာကိုတော့ လက်ခံနေတယ်။တချို့ကတော့ ပြန်လာပြီး ပစ္စည်းတွေ လာသိမ်းယူပြီး ပြန်ထွက်ကြတာများပါတယ်။ များသောအားဖြင့်တော့ မပြန်လာရဲသေးတာပေါ့။”လို့ နောက်ထပ်လားရှိုးဒေသခံအမျိုးသမီးတစ်ဦး က ပြောပါတယ်။ လက်ရှိ လားရှိုးမြို့ပေါ် ကိုးကန့် MNDAA တပ်ဖွဲ့ဟာ မြို့တော်ခန်းမအပါအဝင် အစိုးရနဲ့ဆိုင်တဲ့ နေရာ၊ စာသင်ကျောင်းတွေမှာ ၂၀၀၈ အခြေခံဖွဲ့စည်းပုံအရ စစ်ကောင်စီစွဲကိုင်တဲ့အလံကို ရှေ့ဦးထားပြီး အလံလွင့်ထူထားတာတွေလည်းရှိနေတယ်လို့ သိရပါတယ်။ ကိုးကန့်ဘက်က အခုလိုစစ်တပ်စွဲကိုင်တဲ့နိုင်ငံတော်အလံကို လွင့်ထူးထားရတဲ့အကြောင်းရင်းကိုတော့ မသိရှိရဘူးလို့ ဒေသခံတွေဘက်ကပြောပါတယ်။ By – ဂျာဘောက်ရာ
Read More » -
Jul- 2024 -12 Julyသတင်း
ရေဘေးသင့်နေတဲ့ ဝိုင်းမော်ဘက်ကို စစ်တပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေ
ဝိုင်းမော်မြို့နယ်မှာ ဇူလိုင် ၁၀ ရက်နေ့ နောက်ပိုင်း စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တွေကြား စစ်ရေးလှုပ်ရှားမှုတွေရှိလာသလို စစ်တပ်ဘက်ကနေလည်း မြစ်ကြီးနား ၊ ဝိုင်းမော်မြို့ကနေ လက်နက်ကြီး ပစ်ခတ်တာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဝိုင်းမော်ဒေသခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းအထိ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့တွေမှာ ရေဘေးအန္တရာယ်ကို ကြုံတွေ့နေရတာကြောင့် တစ်ပတ်ဝန်းကျင် လက်နက်ကြီးသံတွေငြိမ်သက်သွားပေမယ့် ဇူလိုင် ၁၀ ရက်နေ့ကစပြီး ဝိုင်းမော်မြို့နယ်ထဲမှာ လက်နက်ကြီးသံတွေ ဆက်တိုက်ပြန်ကြားနေသလို နှစ်ဖက်ထိတွေ့တိုက်ပွဲတွေရှိလာတယ်လို့ ဝိုင်းမော်ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ဒီရက်ပိုင်းမှာ နောင်းချိန်းနဲ့ စန်ကားရွာတွေမှာရှိနေတဲ့ စစ်ကောင်စီတပ်သားတွေကို KIA တပ်တွေက အပေါ်ကနေ ပစ်ခတ်တာတွေရှိပါတယ်။ ပစ်ခတ်ခံရတဲ့ စစ်တပ်ဘက်ကနေ ထိခိုက်တာတွေရှိတယ်လို့ကြားရတယ်။ အဲဒါကြောင့် အခု ဝိုင်းမော်မှာ လက်နက်သံတွေ ပြန်ကြားလာရတာက စစ်တပ်ဘက်ကနေ လက်နက်ကြီးတွေနဲ့ ပြန်လည် ပစ်ခတ်နေတဲ့သဘောပါ”လို့ပြောပါတယ်။ နောင်းဟီးနဲ့ စန်ကားကျေးရွာတွေမှာ တပ်စွဲရှိနေတဲ့ စစ်ကောင်စီတပ်သားတစ်ချို့ KIA ပူးပေါင်းတပ်တွေရဲ့ ဒရုန်းတိုက်ခိုက်ခံရတာတွေရှိနေတာကြောင့် စစ်တပ်ဘက်ကနေ KIA တပ်တွေရှိနိုင်တဲ့ အောင်မြေ(၁)၊ အောင်မြေ(၂)၊ ခါးရှီ၊ နောင်စီပေါ၊ စတဲ့ကျေးရွာတွေကို ဇူလိုင် ၁၀၊ ၁၁ ရက်နေ့တွေမှာ ည၊ မနက်၊ နေ့လည် တစ်ရက်ကို သုံးကြိမ်ထက်မနည်း လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်နေတာဖြစ်တယ်လို့ ပြောပါတယ်။ ဒါကြောင့် အောင်မြေ(၂)၊ ခါးရှီ ကျေးရွာတွေမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲတာတွေရှိနေပြီး အဲဒီကျေးရွာတွေမှာရှိတဲ့ ကျေးရွာနေပြည်သူတွေက ရွာလုံးကျွတ် စစ်ဘေးရှောင်နေတာကြောင့် ထိခိုက်ဒဏ်ရာမရှိတာလည်းဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီတပ်ဘက်နေ ဝိုင်းမော်မြို့ ခလရ ၅၈ တပ်ရင်းနဲ့ မြစ်ကြီးနားမြို့ဘက်က မြောက်ပိုင်းတိုင်းစစ်ဌာချုပ်(မပခ)ကနေ လက်နက်ကြီးပစ်ခတ်နေတာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်တပ်ဘက်နေ မြစ်ကြီးနားမြို့ထဲက မြေမြင့်ရပ်ကွက်နဲ့ အေးမြသာယာရပ်ကွက်နေရာတွေမှာ လက်နက်ကြီးတွေထားပြီး ဝိုင်းမော်ဘက်ကို ပစ်ခတ်နေတယ်လို့လည်း မြေမြင့်ရပ်ကွက်နဲ့ နီးစပ်တဲ့ ပြည်သူတွေကပြောပါတယ်။ အခုလို စစ်တပ်ဘက်ကနေ လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်နေတာကြောင့် ရက်ပိုင်းအတွင်း ရေဘေးကြုံတွေ့နေရတဲ့ ဝိုင်းမော်ဒေသခံပြည်သူတွေက တိုက်ပွဲပြန်လည် ဖြစ်ပွားလာမှာကို စိုးရိမ်နေကြတာလည်းဖြစ်ပါတယ်။ ဝိုင်းမော်မြို့နယ်မှာ ပြီးခဲ့တဲ့ မတ်လနဲ့ မေလ တွေမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် အောင်မြေ(၁)၊ အောင်မြေ(၂)၊ လမြန်၊ မုတ်ကျိတ်၊ နန်ဝါ၊ လဘန်၊ ဝူယန် ၊ စန်ကား ၊ နောင်ဟီး၊ ခါးရှီ၊ အင်းလေး စတဲ့ ကျေးရွာတွေမှာရှိတဲ့ ပြည်သူတွေက ကျေးရွာထဲကနေ တိမ်းရှောင်နေကြတာလည်းဖြစ်ပါတယ်။ ဇူလိုင် ၁ ရက်နေ့ ကစပြီး တစ်ပတ်ဝန်းကျင်လောက် အဆက်မပြတ်မိုးရွာသွန်းခဲ့တာကြောင့် ဝိုင်းမော်မြို့နယ်ထဲမှာ ရေကြီးရေလျှံဖြစ်ပြီး ဝိုင်းမော်ပြည်သူတွေ စစ်ဘေးရှောင်နေတဲ့ စစ်ရှောင်စခန်းနေရာတွေမှာ ရေဝင်ရောက်ခဲ့တာကြောင့် စစ်ဘေးအပြင် ရေဘေးအန္တရာယ်ပါ ကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
Dec- 2023 -4 Decemberသတင်း
မရန်ကထောင်ရွာထဲ ပစ်ခတ်မှုဖြစ်ပေါ်လာပါက ကျေးရွာမီးရှို့မယ်လို့ စစ်ကောင်စီခြိမ်းခြောက်
မိုးကောင်းမြို့နယ် လွယ်လီယာန်အုပ်စု မရန်ကထောင်ကျေးရွာထဲမှာ ပစ်ခတ်မှုတွေထပ်ပြီးဖြစ်လာခဲ့ရင် နေအိမ်တွေကို မီးရှို့ဖျက်စီးပစ်မယ်လို့ စစ်ကောင်စီဘက်ကနေ ခြိမ်းခြောက်ပြောဆိုထားတာကြောင့် ဒေသခံတွေက တိမ်းရှောင်နေကြဆဲဖြစ်တယ်လို့ သိရပါတယ်။ နမ္မတီးမြို့အဝင် မရန်ကထောင်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီ စစ်တပ်ဂိတ်နဲ့တပ်စခန်းနေရာ ပစ်ခတ်ခံရတဲ့နောက်ပိုင်း တိုက်ပွဲထပ်မံဖြစ်ပွားလာမှာကို စိုးရိမ်တဲ့အတွက် စစ်တပ်ကပါ ခြိမ်းခြောက်နေတာကြောင့်အိမ်ထောင်စု ၅၀…
Read More » -
Nov- 2023 -1 Novemberသတင်း
စစ်ကောင်စီတပ်က လိုင်ဇာမြို့ကို လေကြောင်းနဲ့ပစ်ခတ်တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေ
မြစ်ကြီနား– ဗန်းမော်လမ်းမပေါ်မှာရှိတဲ့ စစ်တပ်ရဲ့ဆယ်စုနှစ်တစ်စုကြာအထိုင်တပ်စခန်းတွေ ဆက်တိုက်လက်လွတ်လာနေရတဲ့ စစ်ကောင်စီတပ်တွေဟာ အောက်တိုဘာာလ ၃၁ ရက်နေ့ကစပြီး KIOဌာနချုပ်ရှိတဲ့ လိုင်ဇာမြို့ကို လေကြောင်းနဲ့ပစ်မှတ်ထားတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေတယ်လို့ လိုင်ဇာဒေသခံတွေက ပြောပါတယ်။ “ဒီနေ့ဆို ၂ ရက်ဆက်တိုက်ရှိပြီ ဒီလိုင်ဇာနားက အလျမ့်ဘွမ် (Alen…
Read More » -
Oct- 2023 -9 Octoberသတင်း
နန်းကင်ရွာက လူငယ် ၂ ဦး စစ်ကောင်စီတပ်ပစ်ခတ် ဖမ်းဆီး
စစ်ကိုင်းဒေသကြီး အင်းတော်မြို့နယ် မဲဇာဒေသက နန်းကင်ကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ချိန် လူငယ် အမျိုးသား ၂ ဦး ပစ်ခတ်ဖမ်းဆီးသွားတယ်လို့ အင်းတော်ဒေသခံတွေဆီကနေ သိရပါတယ်။ စစ်ကောင်စီစစ်သားနဲ့ ပျူစောထီးတွေပါဝင်တဲ့ အင်အား ၂၀ ကျော်ပါ စစ်ကြောင်းတစ်ကြောင်းဟာ အောက်တိုဘာလ မနေ့က ည ၅ နာရီခွဲအချိန် နန်းကင်ကျေးရွာထဲကို ဝင်ရောက်စီးနှင်းရှာဖွေတာတွေပြုလုပ်ခဲ့ပြီး အင်းတော်ဘက်ကပြန်လာတဲ့ လူငယ်အမျိုးသားနှစ်ဦးကိုပစ်ခတ်ဖမ်းဆီးသွားတာဖြစ်တယ်လို့…
Read More » -
Sep- 2023 -4 Septemberသတင်း
ဆားလင်းကြီးမှာ ဈေးသည်အမျိုးသားတစ်ယောက် ပစ်သတ်ခံရ
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ ဒီကနေ့ ဩဂုတ်လ ၄ ရက်နေ့ မနက်ပိုင်း ၁၁ နာရီလောက်မှာ စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် ဆိတ်သားရောင်းတဲ့ ဈေးသည်တစ်ယောက်သေဆုံးခဲ့ရတယ်လို့ အညာပစ်တိုင်းထောင် လေးများအဖွဲ့ဆီကသိရပါတယ်။ အဲဒီအမျိုးသားဟာ ဆားလင်းကြီးမြို့နယ် ကံကုန်းရွာတောင်ဘက် စစ်ကောင်စီတပ် ကင်းပုန်းချထားတဲ့ အက်စစ်စက်ရုံဘက်ဖြတ်သွားတဲ့သူတွေကိုပစ်ခတ်ခဲ့ရာ ကနေ ကျည်ဆန်ထိမှန်သေဆုံးခဲ့ရတာလို့ အညာပစ်တိုင်းထောင်လေးများ အဖွဲ့က တာဝန်ရှိသူ တစ်ယောက် ကပြောပါတယ်။ “ကံကုန်းရွာက ဆိတ်သားရောင်းတဲ့ဈေးသည်လို့ပြောတယ် ပွဲချင်းပြီးလို့သိရတယ်။ အလောင်းတောင်ကောက်လို့မရသေးဘူး ကံကုန်းရွာတောင်ဘက်က အက်စစ်စက်ရုံ…
Read More » -
4 Septemberသတင်း
ရွှေကူရဲစခန်း ဒရုန်းနဲ့ ၂ ကြိမ် ထပ်ပြီးပစ်ခံရ
ကချင်ပြည်နယ် ရွှေကူမြို့မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ မြို့မရဲစခန်းကို ရွှေကူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ K-PDF ဘက်က ဒရုန်းနဲ့ ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရွှေကူဒေသခံတွေက ပြောပါတယ်။ အမှတ် ၄ရပ်ကွက်မှာရှိတဲ့ အဲဒီမြို့မရဲစခန်းကို KPDF တပ်ရင်း ၅ တပ်ဖွဲ့တွေက စက်တင်ဘာ ၃ရက်နေ့ မနေ့က မနက်ပိုင်းမှာတစ်ကြိမ်နဲ့ စက်တင်ဘာလ ၄ ရက် ဒီမနက် ၇နာရီမှာတစ်ကြိမ် ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာ မှန်ကန်ကြောင်း ရွှေကူ K- PDF တာဝန်ရှိသူတစ်ယောက်က အခုလိုပြောပါတယ်။ “အဓိက သူတို့ဘက်က တစ်ခုခုလုပ်နေမှမဟုတ်ဘူးကွာ တော်လှန်ရေးလုပ်နေပြီဆိုကတည်းက ကျွန်တော်တို့ဘက်ကတော့…
Read More » -
Aug- 2023 -23 Augustသတင်း
ကသာအမှတ် ၁ ရဲစခန်း ဒရုန်းနဲ့တိုက်ခိုက်ခံရ ရဲ ၁ ယောက်လက်ပြတ် ၃ ယောက်ကျည်ထိမှန်
စစ်ကိုင်းတိုင်း ကသာမြို့ အမှတ် ၁ ရဲစခန်းဝင်း ဒရုန်းနဲ့ပစ်ခတ်ခံရပြီး ရဲ ၁ ယောက်လက်ပြတ်ပြီး နောက်ထပ် ၃ ယောက်ကျည်ထိမှန်ထားတယ်လို့ ကသာကာကွယ်ရေးတပ်နဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။ ဩဂုတ်လ ၂၃ ရက် ဒီမနေ့မနက် ၆နာရီခွဲလောက်က ရဲစခန်းဝင်းမှာရှိတဲ့ ရဲဝန်ထမ်းလိုင်းခန်းနားမှာ ဒရုန်းနဲ့ ဗုံး၂ လုံးပစ်ချခံရတာဖြစ်တယ်လို့ ကသာမြို့ခံတစ်ယောက်က KNG ကိုပြောပါတယ်။ “မနက်အစောကြီး ဗုံး ၂ လုံးကွဲသံကြားရတယ်၊ တစခန်းလုံး ဆူညံပွက်လောရိုက်နေတာ၊ ရဲသုံးယောက် ထိသွားတယ်တဲ့ အရေးပေါ်ကားနဲ့…
Read More » -
9 Augustသတင်း
ခင်ဦးမှာ ၁၀ နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ ၄ ဦး လက်နက်ကြီးထိမှန်
စစ်ကိုင်းတိုင်း ခင်ဦးမှာ စစ်ကောင်စီတပ်က ဒီကနေ့မနက်ပိုင်းမှာစစ်ကြောင်းနှစ်ကြောင်းနဲ့ ရွာတွေကိုဝင်ရောက်ပြီး လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် ၁၀နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ ၄ ဦးလက်နက်ကြီးထိမှန် ဒဏ်ရာရခဲ့တယ်လို့ စစ်ဘေးရှောင်ကူညီနေတဲ့အဖွဲ့တွေဆီကနေ သိရပါတယ်။ “ခင်ဦးနယ်အနောက်ခြမ်းမှာတော့ စစ်တပ်က စစ်ကြောင်းထိုးရင်း လက်နက်ကြီးတွေနဲ့ပစ်တယ် ၁၀ ချက် မကဘူး အဲ့မှာလက်နက်ကြီးက မရမ်းအင်းရွာထဲကျတယ်။ ဒေသခံ၄ဦးထိခိုက် ဒဏ်ရာရတယ်ပေါ့နော် အဲ့ဒီထဲမှာ ၁၀နှစ်သားအရွယ်ကလေးငယ်တစ်ဦးလည်းပါတယ်”လို့…
Read More »