ဖမ်းဆီးမှု
-
Apr- 2024 -23 Aprilသတင်း
စစ်တပ်ကဖမ်းဆီးသွားတဲ့ မော်ဖောင်းကျေးရွာက ဘာသာရေးဆရာ ၃ ဦးနဲ့ ကျောင်းစောင့် ၂ ဦးလွတ်မြောက်လာ
မြစ်ကြီးနားမြို့နယ် မော်ဖောင်းကျေးရွာက ဖမ်းခံသွားရတဲ့ ဘာသာရေးဆရာ ၃ ဦးနဲ့ ကျောင်းစောင့် ၂ ဦး လွတ်မြောက်လာပြီလို့ အသင်းတော်နဲ့နီးစပ်သူတွေကနေ သိရပါတယ်။ ဧပြီ ၂၂ ရက် မနေ့ည ၇ နာရီလောက်မှာ ဖမ်းဆီးခံရတဲ့ ဘာသာရေးအမှုတော်ဆောင် ဆရာ ၃ ဦးနဲ့အတူ ကျောင်းစောင့် ၂ ဦး ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG ရဲ့အာမခံချက်နဲ့ လွတ်လာပြီဖြစ်တယ်လို့ မော်ဖောင်းရွာ ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။ “မနေ့ည PCG ကတာဝန်ရှိသူတွေကိုယ်တိုင် ဘုရားကျောင်းဝင်းထိ လာပို့ပြီ အားလုံးလွတ်မြောက်ပြီ။ ဖမ်းထားတဲ့အချိန် စစ်ဆေးရာမှလည်း ခြေပါ၊လက်ပါ မလုပ်ဘူးတဲ့။ ကောင်းကောင်းမွန်မွန်နဲ့ ပြန်လွတ်လာတာပေါ့။ PCG ကနေမှ အာမခံချက်ပေးပြီး လွတ်မြောက်လာပြီ”ဟု နီးစပ်သူအသင်းသားတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်နေ့ည ၁၀ နာခွဲဝန်းကျင် KBC နှစ်ခြင်းခရစ်ယန်ဘုရားထဲမှာရှိနေတဲ့ သင်းအုပ်နဲ့အတူ အမှုတော်ဆောင်ဆရာ ၁ ဦး၊ ကျောင်းစောင့် ၁ ဦးနဲ့ ကတ်သလစ်အသင်းတော်ဘုရားကျောင်းက တရားဟောဆရာနဲ့အတူ နောက်ထပ် ကျောင်းစောင့် ၁ ဦး၊ စုစုပေါင်း ၅ ဦး ကို စစ်တပ်ကဖမ်းခေါ်သွားတာဖြစ်ပါတယ်။…
Read More » -
19 Aprilသတင်း
သိက္ခာတော်ရ ဒေါက်တာ ခလမ်ဆမ်ဆွန်ကို စစ်ဆေးမှု မလုပ်သေးဘဲ အကျယ်ချုပ်ထားဆဲ
မြစ်ကြီးနားအကျဉ်းထောင်ကနေ လွတ်မြောက်ခဲ့ပေမယ့် တစ်ရက်မပြည့်ခင် ပြန်ပြီးဖမ်းဆီးခံရတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဋ္ဌဟောင်း Rev. Dr Hkalam Sam Son ကို စစ်တပ်က ဒီနေ့ထိ စစ်ဆေးမှု မပြုလုပ်ဘဲ အကျယ်ချုပ်နဲ့ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ မြစ်ကြီးနားအကျဉ်းထောင်ထဲကနေ ဧပြီလ ၁၇ ရက်နေ့ လွတ်မြောက်လာတဲ့ ဆရာတော် ခလမ်ဆမ်ဆွန်ဟာ ဧပြီလ ၁၈ ရက်နေ့ မနက်ပိုင်း ၂ နာရီဝန်းကျင် စစ်တပ်က လုံခြုံရေးအရ ခေတ္တစစ်ဆေးဖို့ဆိုပြီး ပြန်ခေါ်ဆောင်သွားတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေ့ ၁၉ ရက်နေ့အထိ စစ်ဆေးမှုမလုပ်သေးဘဲ ဖမ်းဆီးထားဆဲဖြစ်တယ်လို့ မြစ်ကြီးနားအကျဉ်းထောင်နဲ့ နီးစပ်တဲ့တာဝန်ရှိသူတစ်ဦးက KNG ကို ပြောပါတယ်။ “လုံခြုံရေးအရ ဆိုပြီး ပြန်ခေါ်သွားတယ်။ အခုချိန်အထိ ပြန်လည်စစ်ဆေးတာတို့ ဘာမှမရှိသေးဘူး။ အကျဉ်းဦးစီးကနေ သတ်မှတ်ပေးထားတဲ့ တည်နေရာမှာရှိနေပါတယ်။ မိသားစုတွေနဲ့ကတော့ တွေ့ခွင့်ပေးထားတယ်”လို့ပြောပါတယ်။ ဆရာဒေါက်တာခလာဆမ်ဆွမ်ကို ထပ်မံ ဖမ်းဆီးသွားပြီးနောက် အကျဉ်းထောင်ကိုပို့လိုက်ပြီလို့ သတင်းတွေထွက်ပေါ်နေပေမယ့် လက်ရှိမှာတော့ မြစ်ကြီးနားအကျဉ်းထောင်ဦးစီးရဲ့ သတ်မှတ်ပေးထားတဲ့နေရာမှာ ထိန်းသိမ်းခံထားရတာဖြစ်ပြီး ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG ရဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးလမိုင်ဂွမ်ဂျာလည်း ဆရာခလမ်ဆမ်ဆွန်နဲ့အတူ စောင့်ကြည့်ပေးနေတယ်လို့လည်း သိရပါတယ်။ ခုလို ဆရာဒေါက်တာခလမ်ဆမ်ဆွမ် ပြန်လည်…
Read More » -
11 Aprilသတင်း
ဆော့လော် ဒု-တပ်ရင်းမှူးကို ဖမ်းဆီးပြီးနောက် ဆော့လော် ပြည်သူ့စစ်စခန်းတစ်ခု KIA တိုက်ခိုက်သိမ်းပိုက်
ကချင်ပြည်နယ် ဆော့လော်မြို့နယ်််မှာ စစ်ကောင်စီတပ် အဝင်အထွက်ပြုလုပ်နေတဲ့ ပြည်သူ့စစ်တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က သွားရောက်တိုက်ခိုက်သိမ်းပိုက်ပြီး ပြည်သူ့စစ်တပ်သား ၆ ဦးနဲ့တကွ လက်နက်ခဲယမ်းတွေကို သိမ်းဆည်ရမိခဲ့တယ်လို့ သိရပါတယ်။ ချီဖွေမြို့ကနေ ဆော့လော်ကိုသွားတဲ့ လမ်းပိုင်း၊ ဆော့လော်မရောက်မှီ ၅ မိုင်လောက်အကွာမှာတပ်ချထားတဲ့ မျောမော(Myaw Maw)ကျေးရွာမှာရှိတဲ့ ပြည်သူ့စစ်တပ်စခန်းကို KIA က ဧပြီလ ၁၁ ရက်နေ့ ဒီနေ့ မနက်ပိုင်း ၆ နာရီလောက်မှာသွားရောက် တိုက်ခိုက် ရှင်းလင်းခဲ့တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကို ပြောပါတယ်။ “သူက စစ်တပ်စခန်း မဟုတ်ဘူး။ ပြည်သူ့စစ်စခန်းကို သွားသိမ်းတာဟုတ်တယ်။ ပြည်သူ့စစ်တပ်သား ၆ ယောက်ကို ဖမ်းဆီးရမိတယ်။ ပြီးရင် လက်နက်ခဲယမ်းတွေလည်းပါတယ်။ တခြား ပြည်သူ့စစ်စခန်းတွေလည်း ကျန်သေးတယ်။ အခုသိမ်းလိုက်တဲ့ ပြည်သူ့စစ်စခန်းက ဆော့လော်နဲ့ အနီးဆုံးဖြစ်တဲ့နေရာက…
Read More » -
3 Aprilသတင်း
ကသာမှာ အမျိုးသားတစ်ဦးဖမ်းဆီးခံရ
စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့ မတ်လ ၃ ရက်နေ့ မနက်ပိုင်း ၁၁နာရီဝန်းကျင်မှာအမျိုးသားတစ်ဦး စစ်ကောင်စီရဲ့ဖမ်းဆီးတာခံခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ကသာမြို့ပေါ် ဇေယျာချောင် ရပ်ကွက်( ၅) မှာရှိတဲ့ လက်ဖက်ရည်ဆိုင်တစ်ခုမှာထိုင်နေတဲ့အချိန် စစ်ကောင်စီဘက်ကဝင်ရောက်စီးနင်းပြီး ဖမ်းဆီးသွားခဲ့တာလို့ ဒေသခံတစ်ဦးကပြောပါတယ်။ “မနေ့ကပေါ့ ရဲဘော်တော့မဟုတ်ဘူး…
Read More » -
Mar- 2024 -10 Marchသတင်း
ဗန်းမော် ရောဘတ်စစ်ရှောင်စခန်းက အမှုတော်ဆောင် ဆရာတစ်ပါး အပါအဝင် စစ်ရှောင်အမျိုးသား ၁၇ ဦးကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်
ကချင်ပြည်နယ် ဗန်းမော်မြို့၊ ရောဘတ်စစ်ရှောင်စခန်းက အမှုတော်ဆရာတစ်ပါး အပါအဝင် စစ်ရှောင်အမျိုးသား ၁၇ ဦးကို စစ်တပ်က မနေ့ညမှာ ဖမ်းဆီးသွားတယ်လို့ စစ်ရှောင်နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။ မတ်လ ၉ ရက်ည ၁၂ နာရီဝန်းကျင် စစ်ကောင်စီတပ်တွေဟာ…
Read More » -
8 Marchသတင်း
ရွှေမြစ်ဆုံဟိုတယ်ပိုင်ရှင်နဲ့ ဝန်ထမ်းတွေအပါအဝင် တည်းခိုနေတဲ့ဧည့်သည်တွေအားလုံး စစ်တပ်ဖမ်းဆီးသွား
ဗန်းမော်မြို့ သာစည်ရပ်ကွက်မှာရှိတဲ့ ရွှေမြစ်ဆုံဟိုတယ်က ဟိုတယ်ပိုင်ရှင်နဲ့ဝန်ထမ်းများအားလုံးအပါအဝင် ဟိုတယ်မှာလာရောက်တည်းခိုနေတဲ့ဧည့်သည်တွေကို စစ်တပ်ကဖမ်းဆီးသွားတယ်လို့ ဗန်းမော်မြို့ခံတွေကပြောပါတယ်။ မတ်လ ၈ ရက်နေ့ ဒီကနေ့ နေ့လည် ၁၂ နာရီဝန်းကျင်ကစပြီး စစ်ကောင်စီတပ်တွေဟာ ဗန်းမော်မြို့ထဲမှာရှိတဲ့ ဟိုတယ်၊တည်းခိုခန်းအားလုံးရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ပြီးနောက် မြစ်ဆုံဟိုတယ်က တည်းခိုကိုဝင်ရောက်လာပြီး ဖမ်းဆီးသွားတာဖြစ်တယ်လို့ ဗန်းမော်မြို့ခံတစ်ဦးက KNG ကိုပြောပါတယ်။ “အရင်ဆုံးက ဟိုတယ်က ဝန်ထမ်းယောကျာ်းလေး ၃ ယောက်အရင်ဖမ်းသွားတာ တအောင့်နေတော့ ပြန်လာပြီး အားလုံး ယောကျာ်းလေးမှန်သမျှ ဝန်ထမ်းရော တည်းခိုတဲ့ဧည့်သည်ယောကျ်ားလေးတစ်ယောက်မကျန်ဖမ်းသွားတယ်လို့ သိရတယ်။ နေ့လည် ၁၂ နာရီကနေ တစ်မြို့လုံးမှာရှိတဲ့ ဟိုတယ်၊တည်းခိုခန်းအားလုံကိုစစ်တာတဲ့ ဒါပေမယ့် ကျန်တဲ့ဟိုတယ်တွေက ဖမ်းဆီးတာမကြားမိဘူး မြစ်ဆုံဟိုတယ်တစ်ခုတည်းကိုဘဲ ရွေးပြီးဖမ်းသွားတာလို့ သိရတယ်”လို့ ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ မြို့ထဲမှာရှိတဲ့ ဟိုတယ်အားလုံးကိုစစ်ဆေးခဲ့ပေမေယ့် ရွှေမြစ်ဆုံဟိုတယ်က ဝန်ထမ်း၊ဧည့်သည်တွေကိုသာ စစ်ဆေးဖမ်းဆီးသွားတာဟာ မင်္သကာတာတစ်ခုခုရှိနိုင်တာကြောင့်ဖြစ်နိုင်တယ်လို့လည်း သူကဆက်ပြောပါတယ်။ ဖမ်းဆီးခံသွားရသူတွေရဲ့ လူဦးရေစာရင်းတိတိကျကျကိုလည်းမသိရသေးတဲ့အပြင် လက်ရှိချိန်ထိဘယ်နေရာမှာထိန်းသိမ်းထားလဲဆိုတာကိုလည်း မသိရသေးဘူးလို့ မြို့ခံတွေကပြောပါတယ်။ မတ်လ ၇ ရက်နေ့ မနေ့ကစပြီး မြစ်ကြီးနား– ဗန်းမော်လမ်းတစ်လျှောက် စစ်တပ်စခန်းကို KIA၊ KPDF ပူးပေါင်းတပ်တွေဘက်က စခန်းသိမ်းစစ်ဆင်ရေးလုပ်ဆောင်နေပြီး စစ်တပ်စခန်းအများအပြားကိုလည်း KIA၊KPDF ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိိုက်နေပြီဖြစ်ပါတယ်။ ဒါကြောင့် စစ်တပ်အနေနဲ့ ကြိုတင်ပြင်ဆင်နေတာဖြစ်သလို ဗန်းမော်မြို့ထဲကိုလည်း ကာကွယ်ရေးတပ်ဖွဲ့တွေဝင်ရောက်နေပြီဆိုတဲ့ သတင်းတွေရရှိထားတာကြောင့် ခုလိုလိုက်လံစစ်ဆေးဖမ်းဆီးတာတွေလုပ်နေတာဖြစ်တယ်လို့လည်း ဗန်းမော်ဒေသခံတွေကပြောဆိုနေကြပါတယ်။ “ခုတိုက်ပွဲက နီးလာတော့ ဗန်းမော်မြို့ထဲတပ်ကလည်း ၂ ရက်ရှိပြီ လက်နက်ကြီးနဲ့ထုနေတာ ပစ်လိုက်နားလိုက်နဲ့ ခုလည်း မြို့ထဲ PDF တွေဝင်နေပြီဆိုတဲ့သတင်းမျိုးကြားတာထင်တယ် စစ်ဆေးတာတွေဆက်တိုက်လုပ်နေတယ်”လို့ ပြောပါတယ်။ ဒါ့အပြင် ဗန်းမော်မြို့တက္ကသိုလ်ကျောင်းက ဝန်ထမ်းတွေနဲ့ကျောင်းသား၊သူတွေကိုလည်း မနေ့ညမှာ နေရာပြောင်းရွှေ့ထွက်သွားခိုင်းပြိးနောက် စစ်တပ်က ကျောင်းမှာတပ်စွဲနေပြီလို့လည်း သိရပါတယ်။ လက်ရှိ ဗန်းမော်မြို့နဲ့အနီးတစ်ဝိုက်မှာရှိတဲ့ မိုးမောက်မြို့ဘက်ကိုလည်း KIA ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။ By – Alaxia
Read More » -
6 Marchသတင်း
မြစ်ကြီးနားမြို့မှာ စစ်ကောင်စီက အရပ်သားတစ်ချို့ဖမ်းဆီးသွား
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အေးစေတီရပ်ကွက်မှာ အရပ်သားတစ်ချို့ဖမ်းဆီးခံရတယ်လို့ အမည်မဖော်လို့တဲ့ သတင်းရင်းမြစ်တစ်ဦးဆီကနေ သိရပါတယ်။ မတ်လ ၅ ရက်နေ့ ညနေ ၆ ခွဲဝန်းကျင် အေးစေတီရပ်ကွက် ဖက်တီးမ စားသောက်ဆိုင်နဲ့ စာသင်ကျောင်းနားက လောင်းကစားရုံတစ်ခုမှာ စစ်ကောင်စီဘက်က ကားသုံးစီးနဲ့ရောက်လာပြီး…
Read More » -
Feb- 2024 -29 Februaryသတင်း
မိုးညှင်းနဲ့ မိုးကောင်းဒေသ စစ်တပ်နဲ့ SNA တပ်က ဖမ်းဆီးမှုပိုမိုလုပ်ဆောင်လာ
မိုးညှင်းနဲ့ မိုးကောင်း မြို့နယ်အတွင်းရှိကြတဲ့ ကျေးရွာတစ်ချို့နေရာတွေမှာ စစ်ကောင်စီတပ်နဲ့ ရှမ်းနီအမျိုးသားတပ်မတော် SNA တပ်တွေက ခရီးသွားပြည်သူတွေကို သွားလာရေးခက်ခဲအောင်လုပ်ဆောင်နေပြီး ဖမ်းဆီးစစ်ဆေးတာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကနေ မိုးညှင်း၊ ဟိုပင်၊ နမ္မန၊ မင်းကုန်း၊…
Read More » -
27 Februaryသတင်း
မိုးကောင်း ၈ မိုင်ရွာမှာ စစ်တပ်က လက်နက်ကြီးပစ်ခတ်
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ၈ မိုင်ကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့တွေက ကျေးရွာအတွင်း စစ်ရေးလှုပ်ရှားမှုတွေရှိနေပြီး လူနေအိမ်တွေပါ ဝင်ရောက်စစ်ဆေးနေတာကြောင့် အရပ်သားပြည်သူတစ်ချို့ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဖေဖော်ဝါရီလ ၂၇ ရက် ဒီကနေ့ မနက်ပိုင်းကနေ မိုးကောင်းမြို့နဲ့ ၅ မိုင်အကွာရှိတဲ့…
Read More » -
26 Februaryသတင်း
ဖမ်းဆီးခံထားရတဲ့ အရပ်သား ၁၄ ဦးပြန်လည်လွှတ်မြောက်
ဗန်းမော်မြို့ စီဟဲရွာ ၅ မိုင်ဂိတ်မှာ ဖမ်းဆီးခံထားရတဲ့ အရပ်သား ၁၄ ဦးကို ပြန်လွတ်ပေးလိုက်ပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အဲဒီအရပ်သား ၁၄ ဦးဟာပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ စီခမ်းကြီးစခန်းသိမ်းတိုက်ပွဲတွင်း စစ်တပ်ရဲ့လေကြောင်းပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် စီခမ်းကြီးရွာရဲ့တစ်ဖက်ကမ်းမှာရှိတဲ့…
Read More »









