ဖားကန့်
-
Oct- 2023 -18 Octoberသတင်း
အနန့်ပါ ဗုံးကြဲတိုက်ခိုက်မှုဟာ စစ်တပ်က ဖားကန့်တိုက်ပွဲအထိနာလို့ တန်ပြန်တိုက်ခိုက်တာလို့ KIO ပြော
KIA တပ်မဟာ ၉ ဌာနချူပ်နဲ့ အနန့်ပါနေရာကို စစ်ကောင်စီတပ် ဗုံးကျဲတိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဖားကန့်လမ်းတစ်လျှောက် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေရှိခဲ့တာကြောင့် အခုလို တန်ပြန်တိုက်ခိုက်တာဖြစ်တယ်လို့ KIO ဘက်ကပြောပါတယ်။ “ရက်ပိုင်းမှာပဲ ဖားကန့်ဘက်ကနေ ဆင်းလာတဲ့ စစ်ကြောင်းတွေက နန့်ယားဘက်ကနေ ကားမိုင်းဘက်ကို…
Read More » -
14 Octoberသတင်း
မအူပင်မှာ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်တွေ နေအိမ်မီးရှို့တာတွေလုပ်ဆောင်နေ
ဖားကန့်သွားလမ်း ကားမိုင်းအထွက် မအူပင်ကျေးရွာမှာ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် တိုက်ပွဲပြင်းထန်နေပြီး နေအိမ်တစ်ချို့လည်း မီးရှို့ဖျက်ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။ အောက်တိုဘာလ ၁၄ ရက် ဒီကနေ့ မနက် ၄ နာရီဝန်းကျင်လောက်မှာ စစ်ကောင်စီစစ်ကြောင်းဟာ နန့်ယားစစ်တပ်ကုန်းကနေ ခြေလျင်နဲ့…
Read More » -
11 Octoberသတင်း
လုံးခင်း တိုက်နယ်ဆေးရုံကြီးရဲ့ အမိုးအကာတွေ ခိုးယူခံနေရ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာမှာရှိတဲ့ လုံးခင်းတိုက်နယ်ဆေးရုံကြီးရဲ့ အမိုးအကာတွေနဲ့ ပရိဘောဂပစ္စည်းတွေ ခိုးယူခံနေရလို့ ကုန်သလောက်ဖြစ်နေပြီလို့ လုံးခင်းရွာမှာနေထိုင်သူတွေက ပြောပါတယ်။ စစ်အာဏာသိမ်းနောက်ပိုင်း ဆရာဝန်တွေနဲ့ သူနာပြုအများအပြား CDM ပြုလုပ်သွားတာကြောင့် ပိတ်ခဲ့ရတဲ့ လုံးခင်းတိုက်နယ်ဆေးရုံကြီးရဲ့ အကာတွေနဲ့ သွပ်အမိုးတွေကို မူးယစ်ဆေးဝါးသမားတွေက ခိုးယူပြီး ရောင်းစားနေတာကြောင့် လက်ရှိအဲ့ ဒီဆေးရုံကြီးဟာလုံးဝပျက်စီးသွားတဲ့ အနေအထားရောက်သွားပြီလို့ လုံးခင်းကျေးရွာနေ အမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။…
Read More » -
11 Octoberသတင်း
ခွန်စိုင်ဇွပ် ဒေသခံ ၂ ယောက်ကို စစ်ကောင်စီဖမ်းဆီးသွားပြီး ငွေသား သိန်း ၂၀၀ ကျော် လုယူသွား
ဖားကန်သွားလမ်းမပေါ်မှာရှိတဲ့ ကပ်မှော်အုပ်စု ခွန်စိုင်ဇွပ်ကျေးရွာမှာ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက ဒေသခံ ၂ ယောက်ကို ဖမ်းဆီးသွားတဲ့အပြင် ငွေကျပ် သိန်း ၂၀၀ ကျော် ကိုပါ လုယူသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အောက်တိုဘာလ ၁၁ ရက်နေ့…
Read More » -
11 Octoberသတင်း
ဖားကန့်မှာ သတ်ဖြတ်ခံရတာတွေ ခပ်စိပ်စိပ်များလာ
ဖားကန့်ဒေသမှာ လမ်းသွားလမ်းလာရင်း သတ်ဖြတ်ခံရတဲ့သူတွေ ပိုများလာတယ်လို့ ဖားကန့်မှာနေထိုင်သူတွေက ပြောပါတယ်။ သတ်ဖြတ်ခံရတဲ့သူတွေထဲမှာ စစ်ကောင်စီရဲ့ သတင်းပေးအဖြစ် စျေးသည်ယောင်ဆောင်ပြီး သွားလာတဲ့သူတွေ၊ပိုင်ရှင်မဲ့အလောင်းတွေ အပါအဝင် ဓါးမြတိုက်ခံရလို့သတ်ဖြတ်ခံရတာတွေဖြစ်တယ်လို့ ဖားကန့် ဒေသခံအမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။ “အလကားနေရင်းတော့ သတ်လို့မရဘူးလေ။ ဖားကန့်မှာက လူမျိုးပေါင်းစုံရှိတယ် အဲထဲမှာမှ အခုသတ်ခံရတဲ့သူတွေ က…
Read More » -
11 Octoberသတင်း
ဖားကန့်မှာ အခွန်ဦးစီးရုံးက အရာရှိအဆင့်ဝန်ထမ်းနှစ်ဦး ဖမ်းဆီးခံရ
ကချင်ပြည်နယ် ဖားကန့်မြို့မှာ မြို့နယ်အခွန် ဦးစီးဌာနရုံးက အရာရှိအဆင့်ဝန်ထမ်း အမျိုးသား ၂ ဦးဖမ်းဆီးခံလိုက်ရတယ်လို့ အခွန်ရုံးနဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ဖားကန့်မြို့နယ် အခွန်ဦးစီးဌာနရုံးက ဒုဦးစီးမှူးတစ်ဦးနဲ့ လက်ထောက်ဦးစီးတစ်ဦးတို့ကို မနေ့က အောက်တိုဘာ ၁၀ ရက်နေ့ညပိုင်းမှာ လူတစ်စုကဖမ်းဆီးသွားတယ်လို့ ဖားကန့်အခွန်ဦးစီးရုံးနဲ့နီးစပ်တဲ့အမျိုးသားတစ်ဦးက KNG ကိုအတည်ပြု ပြောကြားပါတယ်။…
Read More » -
10 Octoberသတင်း
ဖားကန့်မှာ ၇ နှစ်အရွယ်ကလေးငယ် တစ်ဦးရေနစ်သေဆုံး
ဖားကန်မြို့ လုံးခင်းရပ်ကွက်မှာရှိတဲ့ မြစိမ်းမြေဂေါက်ကလပ်ကွင်း ကျင်းနံပါတ် ၃ ရေကန်မှာ အသက် ၇ နှစ်အရွယ်ကလေးတစ်ဦး ရေနစ်သေဆုံးတယ်လို့ မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့ကနေ သိရပါတယ်။ အောက်တိုဘာလ ၉ ရက်နေ့ ညနေ ၄ နာရီဝန်းကျင် ရေနစ်သေဆုံးတဲ့ ကလေးငယ်တစ်ဦးအပါအဝင်…
Read More » -
5 Octoberသတင်း
ဖားကန့်မှာ မြေစာပြိုကျပိမိရာမှ ရေမဆေးကျောက်ရှာဖွေသူတစ်ဦး သေဆုံး
ဖားကန့်မြို့ လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာအပိုင် ( ဒေသအခေါ်) သာယာကုန်းကျောက်ကမ်းပါး မြေစာပြိုကျပြီး ပိမိရာမှ ရေမဆေးကျောက်ရှာဖွေသူတစ်ဦး သေဆုံးခဲ့တယ်လို့ လူမူကူညီရေးအသင်းကနေ သိရပါတယ်။ အောက်တိုဘာလ ၅ ရက်နေ့ ဒီကနေ့ ညနေ ၄ နာရီလောက်မှာ အသက်…
Read More » -
5 Octoberသတင်း
မိုးရတနာရွှေဆိုင် ဓါးမြတိုက်ခံရ
ဖားကန့်မြို့၊ လုံးခင်းကျေးရွာရှိ မိုးရတနာရွှေဆိုင် ဒီက နေ့ နေ့လည် ၂ နာရီလောက်မှာ ဓါးပြတိုက်ခံရတယ်လို့ ဆိုင်တာဝန်ရှိသူကနေ သိရပါတယ်။ ဖြစ်စဉ်မှာ အသက် ၂၅ နှစ်အရွယ်လူငယ်လေးဦးဟာဆိုင်ကယ် ၂ စီးနဲ့ဆိုင်ထဲ ဝင်ရောက်လာပြီး ကောင်တာထိုင်နေတဲ့ ဆိုင်ဝန်ထမ်းနဲ့…
Read More » -
5 Octoberသတင်း
ဖားကန့်မှာ အမျိုးသားနှစ်ဦးသေနတ်နဲ့ပစ်သတ်ခံရ
ဖားကန့်မြို့ မမုံရွာမှာ ဓါတ်ဆီဖြည့်နေတဲ့အမျိုးသားတစ်ယောက်နဲ့ ဆန်းကြွယ်ဘက် အားလူးကြော်လိုက်ပို့တဲ့ဈေးသည် အမျိုးသားတစ်ဦး သေနတ်ပစ်သတ်ခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဖြစ်စဉ်မှာ အောက်တိုဘာလ ၅ ရက်နေ့ နေ့လည် ၂ နာရီလောက်မှာ ဆိပ်မူကျေးရွာအုပ်စု၊မမုံကျေးရွာ ထွန်းဦးဆီဆိုင်မှာ ဆိုင်ကယ်ဆီဖြည့်နေတဲ့ အမျိုးသားတစ်ဦးအား သေနတ်နဲ့ပစ်သတ်ခံရတယ်လို့…
Read More »









