သတင်း

ဖားကန့်မှာ အမျိုးသားနှစ်ဦးသေနတ်နဲ့ပစ်သတ်ခံရ

ဖားကန့်မြို့ မမုံရွာမှာ ဓါတ်ဆီဖြည့်နေတဲ့အမျိုးသားတစ်ယောက်နဲ့ ဆန်းကြွယ်ဘက် အားလူးကြော်လိုက်ပို့တဲ့ဈေးသည် အမျိုးသားတစ်ဦး သေနတ်ပစ်သတ်ခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဖြစ်စဉ်မှာ အောက်တိုဘာလ ၅ ရက်နေ့ နေ့လည် ၂ နာရီလောက်မှာ ဆိပ်မူကျေးရွာအုပ်စု၊မမုံကျေးရွာ ထွန်းဦးဆီဆိုင်မှာ ဆိုင်ကယ်ဆီဖြည့်နေတဲ့ အမျိုးသားတစ်ဦးအား သေနတ်နဲ့ပစ်သတ်ခံရတယ်လို့ မျက်မြင်ပြည်သူတစ်ဦးက KNG ကိုပြောပါတယ်။

လေးချက်ပစ်ခဲ့တာ၊ခေါင်း၊မေးစေ့မှာ ကျည်ဒဏ်ရာတွေတွေ့တယ်ဟု မျက်မြင်တွေ့တဲ့ မမုံကျေးရွာသားတစ်ဦးက ပြောပါတယ်။

ပစ်သတ်ခံရသူဟာ အသက် ၂၉ နှစ်အရွယ် ကိုချစ်ရေးထွန်းဆိုသူဖြစ်ပြီး ရခိုင်လူမျိုးဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိချိန်မှာတော့ အလောင်းကိုလူမှုကူညီရေးအသင်းများရဲ့ အကူအညီနဲ့ ဖားကန့်ဆေးရုံ(ရင်ခွဲရုံ)ကို ပို့ဆောင်ပေးထားပြီလို့ သိရပါတယ်။

အလားတူ ဖားကန့်ကနေ ဖားပြင်၊ ဆန်းကြွယ်ဘက်အာလူးကျော် မုန့်ပို့တဲ့အမျိုးသားတစ်ဦးလည်း ဆန်းကြွယ်အဝင်မှာ သေနတ်ပစ်သတ်ခံထားရတယ်လို့ သိရပါတယ်။

တစ်ဦးက မုန့်ပို့တဲ့သူ လမ်းမှာ ပစ်သတ်ထားတာ လို့ ဖားကန့်ဒေသခံတစ်ဦးက ပြောပါတယ်။

ပစ်သတ်ခံထားရတဲ့ မုန့်သည်ဟာ အသက် ၄၃ နှစ်အရွယ်ရှိ ဦးစန်းမြင့်လို့ သိရပြီး  စစ်ကိုင်းတိုင်း၊ မြင်းမူက‌နေ ဖားကန့်မှာလာရောက်နေထိုင်ပြီး မုန့်ပို့တဲ့အလုပ်နဲ့အသက်မွေးဝမ်းကျောင်းပြုနေသူဖြစ်တယ်လို့ သိရပါတယ်။

ဖားကန့်မှော်ဒေသမှာ အောက်တိုဘာလ ၅ ရက်တာအတွင်း ရေခဲချောင်းရောင်းသူတစ်ဦး၊အချဉ်ပေါင်းရောင်းသူတစ်ဦး ပစ်ခတ်သတ်ဖြတ်ခံရပြီး ဒီကနေ့ နေ့လည်မှာ အာလူးကျော်၊အကျော်စုံ လိုက်လံရောင်းချသူတစ်ဦးနဲ့ လူငယ်အမျိုးသားတစ်ဦးစုစုပေါင်း ၄ ဦးထိ  ပစ်သတ်ခံရပြီ ဖြစ်ပါတယ်။

Show More

Related Articles

Back to top button