ဗန်းမော်

  • Oct- 2023 -
    20 October
    သတင်း

    ဗန်းမော်မှာ စစ်တပ်ကမြို့အဝင်အထွက်တင်းကြပ်လို့ စစ်ဘေးရှောင်တွေ အခက်ခဲဖြစ်နေ

    ဗန်းမော်မြို့အဝင်အထွက်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေတာကြောင့် ဗန်မော်မြို့တွင်းက စစ်ဘေးရှောင်တွေ လုပ်ကိုင်စားသောက်ရန် အခက်အခဲတွေရှိနေတယ်လို့ စစ်ရှောင်တာဝန်ခံတွေဆီကနေ သိရပါတယ်။ စစ်ဘေးရှောင်တွေဟာ အရင် ဗန်းမော်မြို့ပြင်ထွက်ပြီး တောင်ယာလုပ်ငန်းတွေအပြင် ရွှေလုပ်ကွက်တွေမှာ နေ့စားဝင်လုပ်ပြီး စားဝတ်နေရေးဖြေရှင်းလို့ရပေမယ့် ဒီနှစ်အစောပိုင်းကနေစပြီး စစ်ကောင်စီတပ်တွေဟာ မြို့အဝင်အထွက်မှာ အင်အားဖြည့်တင်းပြီးလမ်းသွားလမ်းလာပြည်သူတွေကို စစ်ဆေးတာ မသင်္ကာရင်ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေတဲ့အတွက် စစ်ဘေးရှောင်များ မြို့ပြင်ထွက်ပြီး လုပ်ကိုင်စားသောက်ဖို့ ခက်ခဲလာတာဖြစ်တယ်လို့ စစ်ရှောင်တာဝန်ခံတစ်ယောက်က ပြောပါတယ်။ “ကျွန်တော်တို့အခုချိန်မှာ သွားရေးလာရေးတွေအရမ်းခက်ခဲနေတယ်၊လုပ်ကိုင်စားသောက်ဖို့အပြင်လည်းမထွက်နိုင်ဘူး၊ စစ်ကောင်စီတပ်ဘက်ကဖမ်းလိုက်၊ KIA ဘက်က တပ်သားလိုက်စုနဲ့ အဲတာတွေကြောင့် မြို့ပြင်မထွက်ဘဲကျပန်းအလုပ်တွေလုပ်ပြီး ဘဲနေနေကြပါတယ်”ဟုပြောပါတယ်။ လက်ရှိစစ်ဘေးရှောင်တွေဟာ ဗန်းမော်မြို့တွင်းမှာဘဲ ကြုံရာကျပန်း အလုပ်တွေသာလုပ်ကိုင်ပြီး နေထိုင်စားသောက်ဖို့အတွက် ဖြေရှင်းနေကြရတယ်လို့ ရောဘတ်စစ်ရှောင်စခန်းတာဝန်ခံက KNG ကိုပြောပါတယ်။ စစ်ရှောင်တွေအတွက် WFP ( ကမ္ဘာ့စားနက်ရိက္ခာ)…

    Read More »
  • 20 October
    သတင်း

    ဗန်းမော် အောင်သီရိရတနာဆိုင် ဓားပြတိုက်ခိုက်ခံရ

    ကချင်ပြည်နယ် ဗန်းမော်မြို့ အရှေ့ညောင်ပင်ရပ်ကွက်ရှိတဲ့ အောင်သီရိရတနာဆိုင်မှာ ကာလတန်ဖိုးသိန်းတစ်သောင်းနီးပါးရှိတဲ့ ရွေထည်လက်ဝတ်ရတနာတွေ ဓားပြတိုက်ခံလိုက်ရတယ်လို့ ဆိုင်ဝန်ထမ်းတွေဆီကနေ သိရပါတယ်။ အောက်တိုဘာလ ၂၀ ရက်နေ့ ဒီကနေ့မနက် ၈ နာရီလောက်မှာ maskတပ်ထားတဲ့ လူ ၆ ယောက် ဆိုင်ကယ် ၃ စီးနဲ့ဝင်ရောက်လာပြီး ဆိုင်ရှင်အမျိုးသမီးကိုသေနတ်ထောက်ပြီး လုယူသွားတာဖြစ်တယ်လို့ ဆိုင်ဝန်ထမ်းတစ်ယောက်က KNG ခုလိုပြောပါတယ်။ “သေနတ်နဲ့ဝင်လာပြီးတော့…

    Read More »
  • 19 October
    သတင်း

    ဗန်းမော်မှာ KIO အရာရှိဟောင်း တစ်ဦး အပါအဝင် မိသားစုဝင် ၃ ဦးဖမ်းဆီးခံရ

    ကချင်ပြည်နယ် ဗန်းမော်မြို့ အရှေ့ညောင်ပင်ရပ် ရပ်ကွက်မှာနေထိုင်တဲ့ KIO အရာရှိဟောင်းတစ်ဦး နဲ့ မိသားစုဝင် ၃ ဦးအား စစ်ကောင်စီတပ်တွေက အောက်တိုဘာလ ၁၇ ရက်ညနေပိုင်းမှာ နေအိမ်ကနေ လာရောက်ဖမ်းဆီးသွားတယ်လို့ ဗန်းမော်ဒေသခံတစ်ဦးက ပြောပါတယ်။ ဗန်းမော်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲဌာနချုပ် စကခ– ၂၁ နဲ့ ရဲတပ်ဖွဲ့ဝင်တွေပေါင်းပြီးတော့ အောက်တိုဘာလ…

    Read More »
  • 14 October
    သတင်း

    လုံဂျုံယန်ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံရ

    ဗန်းမော်မြို့နယ် ဒေါ့ဖုန်းယန်အနီး လုံဂျုံယန်ကျေးရွာကို စစ်ကောင်စီစစ်ကြောင်းမှ ရွာလုံးကျွတ်နီးပါး မီးရှုံ့ဖျက်ဆီးလိုက်ပြီး ဒေသခံရွာသားများ ဘေးလွတ်ရာကို တိမ်းရှောင်နေရကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့ ညနေပိုင်း ၃ နာရီခန့်က ဗန်းမော်ကနေ ဒေါ့ဖုန်းယန်ကို ဝင်ရောက်ဖို့…

    Read More »
  • 2 October
    စစ်ပြေးဒုက္ခသည်များ

    နမ်ဆန်ယန်စစ်ရှောင်တွေ အောင်မြေ (၁) ကျေးရွာဘက် ပြောင်းရွေ့

    မြစ်ကြီးနား–ဗန်းမော် ကားလမ်းမပေါ် ၊ ကဇူးရွာမှာစစ်ရှောင်နေတဲ့ နမ်ဆန်ယန်ဒေသခံစစ်ရှောင်များ အောင်မြေ(၁)ကျေးရွာဘက်ကို ပြောင်းရွှေ့နေထိုင်နေပြီလို့ စစ်ရှောင်ကူညီနေသူတွေဆီကနေ သိရပါတယ်။ လက်ရှိ ပြောင်းရွေ့နေထိုင်တဲ့ အောင်မြေ (၁) ကျေးရွာမှာ စစ်ရှောင်နေရာကို ဩဂုတ်လကတည်းကနေ သက်ဆိုင်ရာ KBC အသင်းတော် ဇုံနယ်တာဝန်ရှိသူတွေကနေ ကြိုတင်ပြင်ဆင်ထားတာဖြစ်တယ်လို့ ကဇူးရွာခံတစ်ယောက်က ပြောပါတယ်။ “မနေ့ညနေကနေ စရွှေ့ပြီ အိမ်ထောင်…

    Read More »
  • Sep- 2023 -
    27 September
    စစ်ပြေးဒုက္ခသည်များ

    ကဇူးကျေးရွာမှာ ထွက်ပြေးနေတဲ့ စစ်ရှောင်တွေကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်

    မြစ်ကြီးနား–ဗန်းမော်ကားလမ်းမပေါ် ၊ ကဇူးကျေးရွာ ခရစ်ယာန်ဘုရားကျောင်းဝင်းမှာခိုလှုံနေတဲ့ နမ်ဆန်ယန် စစ်ရှောင်ပြည်သူ ၈ ဦးကို စစ်တပ်ကောင်စီနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ စက်တင်ဘာ ၂၇၊ ယနေ့ မွန်းလွဲ ၁ နာရီခန့်က ဘုရားကျောင်းဝင်းထဲကို ပြည်သူ့စစ်အဖွဲ့က ကား ၁ စီးနဲ့ ဝင်လာပြီး စစ်ရှောင် ၈ ဦးကို လာရောက်ဖမ်းခေါ်သွားတာ ဖြစ်တယ်လို့ ကျေးရွာဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။…

    Read More »
  • 19 September
    ငြိမ်းချမ်းရေးဆွေးနွေးမှု

    ဒေါ့ဖုန်းယန်စစ်ရှောင်စခန်းက စစ်ရှောင်အမျိုးသမီးတွေအတွက် အမျိုးသမီးအသုံးဆောင်များ ကူညီထောက်ပံ့မှုတွေလိုအပ်နေ

    မြစ်ကြီးနား– ဗန်းမော်လမ်းမပေါ်တစ်လျှောက်တိုက်ပွဲကြောင့် ဒေ့ါဖုန်းယန်စစ်ရှောင်စခန်းမှာ လာရောက်တိမ်းရှောင်နေကြတဲ့ စစ်ရှောင်တွေဟာ ရေချိုးခန်း၊အိမ်သာ လုံလောက်မှုမရှိတဲ့အပြင် စစ်ရှောင်အမျိုးသမီးတွေမှာလည်း အမျိုးသမီးအသုံးအဆောင်မရှိတဲ့အတွက် ကူညီထောက်ပံ့မှုတွေလိုအပ်နေတယ်လို့ စစ်ရှောင်တာဝန်ခံတွေကပြောပါတယ်။ ဒေါ့ဖုန်းယန် ကချင်နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းဝင်းထဲမှာ ၂ လ ကျော်လောက်အကြာ တိမ်းရှောင်နေကြတဲ့ စစ်ရှောင်တွေမှာ ရေချိုးခန်၊ အိမ်သာနဲ့…

    Read More »
  • 18 September
    ဖမ်းဆီးခံရမှု

    ဗန်းမော်မှာ လူငယ် ၁၀ ယောက်ကျော် ဖမ်းဆီးခံရ

    ကချင်ပြည်နယ် ဗန်းမော်မြို့မှာ စစ်ကောင်စီတပ်က လူသာဒိုင်းအသုံးပြုဖို့ရန်အတွက် လမ်းမပေါ်မှာ သွားလာတဲ့ လူငယ်အများအပြားကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၁၈ ရက် ဒီနေ့ ညပိုင်းလောက်ကနေ ဗန်းမော်မြို့အဝင်ပေါက် ဂေါက်ကွင်းလမ်းတောင့်နေရာတွေမှာ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့တွေက ပူးပေါင်းပြီး လမ်းသွားလာတဲ့…

    Read More »
  • 16 September
    သတင်း

    တိုက်ပွဲ ဒေသဖြစ်နေတဲ့ ဗန်းမော်မှာ မနောပွဲကျင်းပဖို့ စီစဉ်နေ

    ကချင်ပြည်နယ် ဗန်းမော်မြို့ အောင်သာရပ်ကွက်မှာ လာမယ့် နိုဝင်ဘာလထဲ မနောပွဲတော်ကြီးကျင်းပဖို့ စီစဉ်နေတဲ့အပေါ်မှာ ဒေသခံတစ်ချို့က မလုပ်ဖို့ တောင်းဆို ကန့်ကွက်တာတွေရှိပေမယ့် စစ်ကောင်စီနဲ့ညှိနှိုင်းပြီး ၅ ရက်သာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။ မနောပွဲတော်ကြီးကို ဗန်းမော်ခရိုင် ကချင်တိုင်းရင်းသားစာပေနှင့်ရိုးရာယဉ်ကျေးမှုကော်မတီကနေ ဦးဆောင်ပြီးတော့…

    Read More »
  • 13 September
    သတင်း

    စစ်ကောင်စီတပ်က စင်းခန်းရွာကနေ လက်နက်ကြီး ၅ လုံးပစ်ခတ်ခဲ့

    ကချင်ပြည်နယ် ဗန်းမော်မြို့နယ် စင်းခန်းကျေးရွာတံတားထိပ်ကနေ စစ်ကောင်စီတပ်က ဒီကနေ့မနက်ပိုင်းမှာ လက်နက်ကြီးတွေရမ်းသမ်းပစ်ခတ်ခဲ့လို့  ကျေးရွာတွင်း ကျရောက်ပေါက်ကွဲတာတွေရှိခဲ့တယ်လို့ စင်းခန်းဒေသခံတွေက ပြောပါတယ်။ စင်းခန်းကျေးရွာမှာ တပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီတပ်က ဒီကနေ့ မနက် ၉ နာရီ ၁၀ မိနစ်ခန့်ကနေစပြီး စင်းခန်းတံတားထိပ်ကနေ ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းနဲ့ အနောက်ဘက်ခြမ်းနေရာတွေကို လက်နက်ကြီး ၅…

    Read More »
Back to top button