စစ်ပြေးဒုက္ခသည်များသတင်း

နမ်ဆန်ယန်စစ်ရှောင်တွေ အောင်မြေ (၁) ကျေးရွာဘက် ပြောင်းရွေ့

မြစ်ကြီးနားဗန်းမော် ကားလမ်းမပေါ်  ကဇူးရွာမှာစစ်ရှောင်နေတဲ့ နမ်ဆန်ယန်ဒေသခံစစ်ရှောင်များ အောင်မြေ()ကျေးရွာဘက်ကို ပြောင်းရွှေ့နေထိုင်နေပြီလို့ စစ်ရှောင်ကူညီနေသူတွေဆီကနေ သိရပါတယ်။

လက်ရှိ ပြောင်းရွေ့နေထိုင်တဲ့ အောင်မြေ () ကျေးရွာမှာ စစ်ရှောင်နေရာကို ဩဂုတ်လကတည်းကနေ သက်ဆိုင်ရာ KBC အသင်းတော် ဇုံနယ်တာဝန်ရှိသူတွေကနေ ကြိုတင်ပြင်ဆင်ထားတာဖြစ်တယ်လို့ ကဇူးရွာခံတစ်ယောက်က ပြောပါတယ်။

မနေ့ညနေကနေ စရွှေ့ပြီ အိမ်ထောင် ၄ အိမ် အရင်ရွှေ့နှင့်ပြီး ဒီမနက်တော့ အားလုံးအကုန် အပြီးအစီးရွှေ့ပြောင်းပြီ။ ရွှေညောင်ပင် ဘက်က နေ ကား ၅ စီလောက် နဲ့ လာခေါ်တယ်။ အစကတည်းက သူတို့လည်း အခြားနေရာကိုတော့ စစ်ရှောင်ဖို့လုပ်ပေမဲ့ ကျနော်တို့ဘက်က အခြားနေရာတွေမှာ မပြင်ဆင်ပေးနိုင်သေးတော့ ကစူးမှာပဲ ခဏထားထားပြီး စစ်ရှောင်နေရာထိုင်ခင်းပြင်ဆင်ပေးနေတဲ့အတောအတွင်း အခုလို အရေးပေါ် စစ်ကြောင်းတွေ ကြောင်း လုံခြုံမှုကင်းမဲ့လာတော့ အရေးပေါ်အပြန်ပြောင်းဖို့လုပ်ရာကနေ ပြည်နယ်ဝန်ကြီးဘက်ကလည်း အမိန့်ညွှန်ကြားချက်ရောက်တော့ အမြန်ဆုံး ပြောင်းရွှေ့သွားတာပေါ့။” လို့ စစ်ရှောင်ကူညီနေသူ ကဇူးကျေးရွာဒေသခံက ပြောပါတယ်။

စစ်ရှောင်တွေအတွက် နေရာထိုင်ခင်းတွေ ဆောက်လုပ်တာမပြီးစီးသေးပေမယ့် လုံခြုံရေးအခြေအနေအရ အမြန်ပြောင်းရွေ့လိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ် စစ်ကောင်စီရဲ့ နယ်လုံဝန်ကြီးဘက်ကလည်း နမ်ဆန်ယန်စစ်ရှောင်တွေကို ကဇူးကျေးရွာကနေ အောင်မြေ()ဘက်ကို ပြောင်းရွှေ့ဖို့ ညွန်ကြားလာတာကြောင့် စစ်ရှောင် အိမ်ထောင်စု ၂၀  လူဦးရေ ၅၀ ခန့် ပြောင်းရွှေ့နေထိုင်တာဖြစ်တယ်လို့ ဆိုပါတယ်။

အခက်အခဲရှိတယ်။ မိသားစုလိုက်လိုက် နေဖို့ အဆင်မပြေဘူး။ နေရာအရမ်းကျဉ်းတယ်။ ပစ္စည်းတွေထားလိုက်တာနဲ့ လူကအိမ်မရတော့ဘူး။ မီးဖိုချောင်လည်းမပြီးစီးတော့ နေရာကျဉ်းကျဉ်းလေးပဲ။ ပြီးစီးဖို့တော်တော်များများတော့လိုသေးတော့ အခက်အခဲရှိတယ်။ တန်းယန်းအဆောင်ဆောက်ပေးထားတာဟုတ်တယ်။ လုံးချင်းတော့မဟုတ်ဘူး။ တစ်ခန်းကို ၁၂ ပေ ၈ ပေ လောက်ရှိမယ်။ လို့ ကဇူးဒေသခံတစ်ဦးက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၇ ရက်နေ့၊ မွန်းလွဲ ၁ နာရီမှာ ကဇူးကျေးရွာ KBC အသင်းတော်ဝင်းထဲ စစ်ရှောင်နေကြတဲ့ နမ်ဆန်ယန် စစ်ရှောင်တွေကို ပြည်သူ့စစ်တပ်ဖွဲ့တွေက ကားနဲ့ဝင်လာပြီး လူသားဒိုင်းအဖြစ် စစ်ရှောင်အမျိုးသား ၈ ယောက်ကို ဆွဲခေါ် ဖမ်းဆီးသွားတာဖြစ်ပါတယ်။

အဲ့ဒီဖမ်းဆီးသွားတဲ့နေ့မှာပဲ အသင်းတော်တာဝန်ရှိသူတွေက လိုက်လံတောင်းဆိုတဲ့အတွက် ည ၇ နာရီမှာ ၈ ယောက်လုံး ပြန်လွတ်လာပြီး တစ်ဦးကတော့ ခြေထောက်မှာ မိုင်းထိဒဏ်ရာ ရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် လဆန်းပိုင်း စစ်တပ်က နမ်ဆန်ယန်ဘက်ကို ဝင်ရောက်ဖို့ကြိုးစားလာချိန်ကတည်းက တိုက်ပွဲဖြစ်ပွားလာတဲ့အတွက် ဒေသခံတွေဟာ ဝိုင်းမော်မြို့နဲ့မြစ်ကြီးနားမြို့ဘက်ကို ထွက်ပြေးခိုလှုံနေရတာလည်းဖြစ်ပါတယ်။

အဲဒီထဲမှာ အနည်းစုကတော့ နမ်ဆန်ယန်ရွာနဲ့အနီးဝန်းကျင်မှာရှိတဲ့ ကဇူးရွာမှာ တိမ်းရှောင်နေကြတာဖြစ်ပြီး လက်ရှိမှာတော့ အောင်မြေ ၁ ဘက်ကို ပြောင်းရွေ့လိုက်ရတာလည်း ဖြစ်ပါတယ်။

လက်ရှိ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား KIO ဌာနချူပ်အနီး နမ်ဆန်ယန်ဘက်မှာ တိုက်ပွဲအခြေအနေ တင်းမာနေဆဲဖြစ်ပြီး စစ်ကောင်စီဘက်က မြစ်ကြီးနားဗန်းမော်လမ်း နှစ်ဖက်ကနေ စစ်ကြောင်းများ ထိုးစစ်ဆင်နေတာကြောင့် အဲ့ဒီလမ်းပိုင်းမှာရှိတဲ့ ဒေသခံတွေဟာ လုံခြုံရေးအတွက် စိုးရိမ်နေကြရတာလည်း ဖြစ်ပါတယ်။

Show More

Related Articles

Back to top button