မိုးညှင်း
-
Feb- 2024 -26 Februaryသတင်း
နန့်ရင်းချောင်းကူးတံတားပေါ်မှာ ကတုတ်ကျင်းတူးပြီး တပ်ချဖို့ ပြင်ဆင်နေ
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် ဟိုပင်မြို့အရှေ့ဘက် နန့်ရင်းကျေးရွာနီးမှာရှိတဲ့ နန့်ရင်းချောင်းကူးတံတားထိပ်နှစ်ဖက်စလုံးကို စစ်ကောင်စီတပ်တွေကဘတ်ဖိုးနဲ့ကတုတ်ကျင်းတူးပြီး အထိုင်ချတပ်စွဲဖို့ ပြင်နေတယ်လို့ ကချင်ပြည်သူ့ကာကွယ်ရေးတပ် ( Hopin KPDF ) တာဝန်ရှိသူတွေဆီကနေ သိရပါတယ်။ ဖေဖော်ဝါရီလ ၂၃ ရက်နေ့စပြီး မိုးညှင်းမြို့နယ် နန်းခွင်နဲ့ပွင့်ဖြူကျေးရွာကြားမှာရှိတဲ့ ခလရ ၅၂၁ တပ်နဲ့ ရှမ်းနီအမျိုးသားများတပ်မတော် SNA ပူးပေါင်းတပ်အင်အား ၁၀၀ ကျော်ရှိတဲ့ စစ်ကြောင်းတွေဟာ ဟိုပင်မြို့ နန့်ရင်းကျေးရွာ အရှေ့ဘက်ကွင်းနားက နန့်ရင်းချောင်းကူးတံတားထိပ်နှစ်ဖက်စလုံး ကတုတ်ကျင်းတူးပြီး အထိုင်ချဖို့ ပြင်ဆင်နေတာကြောင့် နှစ်ဖက်စစ်ရေးတင်းမာတဲ့အခြေနေရှိနေတယ်လို့ Hopin KPDF တာဝန်ရှိသူတစ်ဦးက KNG ကိုခုလိုပြောပါတယ်။ “လောလောဆယ်အခြေနေက နှစ်ဖက်တင်းမာနေတယ် မနေ့ကတော့ထိတွေ့ဖြစ်တယ် သူတို့လည်း တိုးလာမလိုဆုတ်မလိုလုပ်နေတာ ခုလက်ရှိလည်း လက်နက်ကြီးတွေထုနေတယ်။ ပြီးတော့ တံတားကိုကျဖျက်တာတော့မဟုတ်ဘူး တံတားထိပ်တွေနေရာမှာ သွားလာလို့မရအောင် ကတုတ်ကျင်းတူးထားကြတာ တပ်စွဲချင်တဲ့သဘောပြင်ဆင်နေတာ” လို့ ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ စစ်မှုထမ်းဥပဒေထုတ်ပြန်လိုက်ပြီးတဲ့နောက် မိုးညှင်းမြို့နယ် နန်းခွင်တစ်လျှောက် လူငယ်တွေကိုဖမ်းဆီးမှုလုပ်ဆောင်နေတဲ့အပြင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ကစပြီး ဟိုပင်မြို့နယ် နန့်ရင်းရွာက နန့်ရင်းချောင်းကူးတံတားထိပ်မှာ ခုလိုလုပ်လာတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ တံတားမှာကတုတ်ကျင်းတူးပြီးအထိုင်ချဖို့ပြင်ဆင်နေတဲ့အပြင် နန့်ရင်းချောင်တစ်ဖက်ထိ စစ်ရေးလှုပ်ရှားတာတွေလုပ်ဆောင်လာတာကြောင့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နန့်ရင်းချောင်းတစ်လျှောက် ဟိုပင်ကာကွယ်ရေးတပ်တွေနဲ့ နှစ်ဖက်ပစ်ခတ်တာတွေရှိခဲ့ပြီး စစ်တပ်ဘက်က ခုလိုတံတားထိပ်တွေမှာအထိုင်ချဖို့ပြင်ဆင်လာတာဟာ ကြိုတင်နေရာယူထားတဲ့အနေထားဖြစ်တယ်လို့လည်း Hopin KPDF တာဝန်ရှိသူက ဆက်ပြောပါတယ်။ “မနေ့ကဖြစ်တာက နန့်ရင်းချောင်းကူးလာလို့ပစ်ကြတာ နောက်တစ်ခုက ဘာလို့တံတားထိပ်မှာဒီလိုလုပ်လာကြတာလဲဆိုရင် ကျနော်တို့ဘက်ကလည်း အဲတံတားဘက်ကများသောအားဖြင့် အသုံးပြုတယ် သူတို့က အဲဒါကိုသိလို့တားဆီးထားတဲ့သဘောလို့မြင်တယ် ကြိုပြီးနေရာယူထားတဲ့အခြေနေလို့ ပြောလို့ရတယ်။ နောက်တစ်ခုက ကိုယ်မဦးရင်သူဦးသွားမယ်ဆိုတဲ့အနေထားနဲ့ နယ်မြေတွေမှာ လှုပ်ရှားပြနေတာလို့လည်းမြင်တယ်။ SNA ကလည်း တော်တော်များလာတယ် ဘယ်ကဘယ်က ပို့လာသလဲဆိုတာတော့ ကျနော်တို့ဘက်ကလည်း အချက်လက်တွေတော့ ဆက်ပြီးစုံစမ်းနေတယ” လို့ ပြောပါတယ်။ လက်ရှိ စစ်ကောင်စီတပ်တွေဟာ နန့်ရင်းကျေးရွာတစ်လျှောက် စစ်ရေးလှုပ်ရှားတာအပြင် ရွာမှာရှိတဲ့ ဘုန်းကြီးကျောင်းတွေမှာ ကင်းပုန်းချထားတာ၊ ရွာတွင်း ရွာပြင် တပ်ဖြန့်နေရာယူထားတဲ့အပြင် စစ်တပ်ဘက်က ခုလိုတံတားထိပ်နှစ်ဖက်လုံးမှာ အထိုင်ချလာခဲ့မယ်ဆိုရင် နန့်ရင်းဒေသခံတွေအနေနဲ့ လယ်ယာလုပ်ကိုင်စားသောက်ဖို့ သွားလာရေးမှာ ခက်ခဲလာနိုင်တယ်လို့ ပြောပါတယ်။ နန့်ရင်းကျေးရွာဒေသခံတွေဟာ စစ်တပ်ဘက်က စစ်ရေးစပြီးလှုပ်ရှားလာတာကြောင့် နန့်ရင်းကျေးရွာဒေသခံများက အပြင်ထွက်တာတွေပါမရှိသလောက်နည်းလာာတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်တွေအနေနဲ့ နန့်ရင်းချောင်းကူးတံတားမှာ အခိိုင်မာတပ်စွဲဖို့ ဆက်ပြီးပြင်ဆင်လာပါက Hopin KPDF တွေအနေနဲ့ လုပ်သင့်တာကို ဆက်လုပ်သွားဖို့ရှိတယ်လို့လည်း ဆိုပါတယ်။ ဟိုပင်မြို့နဲ့ နှစ်မိုင်ခန့်ကွာဝေးတဲ့ နန့်ရင်းကျေးရွာ ချောင်းတစ်ဖက်ကမ်းမှာ ပြီးခဲ့တဲ့နှစ် ၂၀၂၃ ခုနှစ် မတ်လ ၁၉ ရက်နေ့မှာလည်း လက်နက်ကြီး လက်နက်ငယ်ပတ်ခတ်သံများဖြစ်ပွားခဲ့တဲ့အတွက် နန့်ရင်းကျေးရွာနေ ပြည်သူများက စျေးဆိုင်များ ပိတ်ကာ ၂ ရက်ခန့်ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတဲ့ အခြေနေတွေလည်းရှိခဲ့တာဖြစ်ပါတယ်။ မိုးညှင်းမြို့နယ်တစ်လျှောက် ဒီရက်ပိုင်း စစ်ကောင်စီတပ်တွေဟာ အင်အားအများအပြား ပို့ဆောင်ထားပြီး တပ်ဖြန့်လှုပ်ရှားတာတွေ ခပ်စိပ်စိပ်လုပ်နေတဲ့အတွက် လမ်းသွားလမ်းလာခရီးသွားပြည်သူတွေအနေနဲ့ သတိထားပြီးသွားလာကြဖို့ကိုလည်း Hopin…
Read More » -
3 Februaryသတင်း
မိုးညှင်းမြို့ အမှိုက်ပုံမီးလောင်နေတာကို အမြန်ဆုံးဖြေရှင်းပေးဖို့ ဒေသခံများတောင်းဆို
အဲဒီအမှိုက်ပုံဟာ မိုးညှင်းမြို့တရုတ်သချိုင်းဘေးနားမှာရှိပြီး မြို့တစ်မြို့လုံးရဲ့ အမှိုက်တွေ စွန့်ပစ်တဲ့နေရာဖြစ်ရာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကနေ မီးရှို့ခံထားရတာလို့သိရပါတယ်။
Read More » -
Jan- 2024 -29 Januaryသတင်း
နန်းမားမှာ လက်နက်ကြီးထိမှန်ပြီး အရပ်သားတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ နန်းမားမြို့မှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြောင့် အရပ်သား တစ်ယောက်သေဆုံးပြီး တစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More » -
25 Januaryသတင်း
နန့်မွန်းဒေသခံ ထောင်ချီ ပိတ်မိနေပြီး အရပ်သားတစ်ချို့ကို ဖမ်းဆီးခံထားရ
ကချင်ပြည်နယ် မိုးညှင်းခရိုင် အင်းတော်ကြီးဒေသ နန့်မွန်းမြို့မှာ စစ်ကောင်စီတပ်ဖွဲ့တွေက အဝင်အထွက် လမ်းပိတ်ထားတဲ့အတွက် တိုက်ပွဲကြောင့် တိမ်းရှောင်လိုတဲ့ ဒေသခံထောင်ချီ ထွက်ခွာလို့မရဘဲ ပိတ်မိနေကြတယ်လို့ သိရပါတယ်။ ဇန်နဝါရီလ ၂၃ ရက်နေ့ နန့်မွန်းမြို့ထဲ ပြည်သူ့စစ်တပ်ဖွဲ့တည်ရှိတဲ့နေရာတွေမှာ တိုက်ပွဲဖြစ်ပွားလာပြီး မနေ့ညနေပိုင်းမှာတော့ နန့်မွန်း စစ်တပ်ကုန်းကနေ လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေ ပြောပါတယ်။…
Read More » -
15 Januaryသတင်း
နန့်မွန်းမှာ NLD ပါတီးဟောင်းတစ်ဦး ပစ်သတ်ခံရ
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ နန့်မွန်းမြို့ အမှတ် (၂)ရပ်ကွက်နေအိမ်မှာ ပစ်သတ်ခံလိုက်ရတဲ့ NLD ပါတီဝင်ဟောင်းရဲ့ရုပ်အလောင်းကို ဒီနေ့မြှုပ်နှံသဂြိုလ်လိုက်ကြောင်းသိရပါတယ်။ ပစ်သတ်ခံရတဲ့ NLD ပါတီဝင်ဟောင်းဟာ အသက် ၄၀ နှစ်ရှိသူ ဦးဆန်းလင်းဦးဆိုသူဖြစ်ပြီး ဇန်နဝါရီ ၁၃ ရက်နေ့…
Read More » -
Dec- 2023 -6 Decemberသတင်း
မိုးညှင်းမှာ လက်နက်ကြီးကျည်ထိလို့ ၆ နှစ်ကျော်အရွယ်ကလေးတစ်ယောက်သေဆုံး
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မိုးညှင်းတက္ကသိုလ်နဲ့ ထန်းတပင်ရွာလမ်းဆုံမှာအနီး လက်နက်ကြီးပေါက်ကွဲခဲ့တဲ့အတွက် ၆ နှစ်ကျော် အရွယ်ကလေးတစ်ယောက်သေဆုံးပြီး နောက်ထပ်ကလေး ငယ်တစ်ယောက်လည်း ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ မိုးညှင်းဒေသခံတွေကပြောပါတယ်။ ဒီဇင်ဘာလ ၆ ရက်နေ့ ဒီကနေ့မနက်ပိုင်း ၈ နာရီလောက်မှာပဲ မိုးညှင်းတက္ကသိုလ်အနီး မိသားစုတစ်စုလမ်း ထွက်လျှောက်နေချိန် လက်နက်ကြီးတစ်လုံးပေါက်ကွဲခဲ့တာဖြစ်တယ်လို့ အသက်…
Read More » -
Nov- 2023 -11 Novemberသတင်း
ဆားမှော်မှာ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံတစ်ယောက်သေဆုံးပြီး နေအိမ် ၄ အိမ်ပျက်စီး
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ဆာမှော်ကျေးရွာမှာ စစ်ကောင်စီတပ် ခလရ ၁၀၅ တပ်ရင်း ဒရုန်းနဲ့ ပစ်ခတ်ခံမှုဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်က တန်ပြန်ပစ်ခတ်မှုတွေကြောင့် နေအိမ်တစ်ချို့ နဲ့ ဒေသခံပြည်သူ တစ်ယောက်သေဆုံးပြီး နောက်ထပ် ဒေသခံ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။ နိုဝင်ဘာလ ၁၁…
Read More » -
Sep- 2023 -9 Septemberသတင်း
မိုင်းနောင် နဲ့ မမုံကိုင် ကျေးရွာ နောက်ဘက်မှာ ရွှေတူးတဲ့ စက်သံကြားရင် ပစ်မယ်လို့ စစ်ကောင်စီတပ် သတိပေး
ကချင်ပြည်နယ် မိုးညင်းမြို့နယ် အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာ နဲ့ မမုံကိုင်ကျေးရွာ အနောက်ဘက်မှာ လက်ရှိ စစ်ကောင်စီတပ် ဝင်ရောက်နေပြီး ရွှေတူးတဲ့စက်သံကြားရင် ပစ်ခတ်မယ်လို့ သတိပေးထားတဲ့အတွက် ရွှေတူးဖော်တဲ့လုပ်ငန်းတွေ ရပ်နားနေတယ်လို့ အင်းတော်ဒေသခံတွေက ပြောပါတယ်။ စက်တင်ဘာလ ၅ ရက်နေ့ အင်အား ၅၀ ကျော်ပါဝင်တဲ့ စစ်ကြောင်းဟာ မိုင်းနောင် နဲ့…
Read More » -
6 Septemberသတင်း
မိုးညှင်းမှာ စစ်တပ်သတင်ပေး အမျိုသားတစ်ယောက် ပစ်သတ်ခံရ
ကချင်ပြည်နယ် မိုးညှင်းမြို့ အရှေ့စုရပ်ကွက်မှာ နေထိုင်တဲ့ စစ်တပ်သတင်းပေး အမျိုးသားတစ်ယောက် စက်တင်ဘာလ ၄ ရက်နေ့က ပစ်သတ်ခံရတယ်လို့ မိုးညှင်းဒေသခံတစ်ယောက်က ပြောပါတယ်။ ပစ်သတ်ခံရသူဟာ သန်းထွန်းအောင် (ခ)အားဖူ ကလောင်နာမည် မင်းရာဇာဆိုသူဖြစ်ပြီး မိုးညှင်းမြို့နယ် ထွေအုပ်ရုံးနားမှာ ဇနီးဖြစ်သူနဲ့ ဆိုင်ကယ်အတူစီးလာချိန်…
Read More » -
Aug- 2023 -24 Augustသတင်း
ဟိုပင်မှာ ပြည်သူ ၂ ယောက် သတ်ဖြတ်ခံရတဲ့အမှု KIA က ငွေကြေးသိန်းသုံးရာပေးပြီး အပြီးသတ်
မိုးညှင်းမြို့နယ် ဟိုပင်မြို့ရဲ့အရှေ့ဘက်ခြမ်း ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၄၁ နယ်မြေမှာ သတ်ဖြတ်ခံ လိုက်ရတဲ့ KIA တပ်သားနဲ့ ဇနီးဖြစ်သူ အဓမ္မပြုကျင့်သတ်ဖြတ်ခံလိုက်တဲ့အမှုကို KIA ဘက်နေ ငွေကြေးပေးပြီး အပြီးသတ်ဆောင်ရွက်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ KIA ဘက်ကနေ သတ်ဖြတ်ခံလိုက်ရတဲ့ မိသားစုဝင်တွေကို နစ်နာကြေးငွေ သိန်း ၃၀၀ ပေးဆောင်ပြီး ဩဂုတ်လဆန်းပိုင်းမှာပဲ…
Read More »









