မြစ်ကြီးနားမြို့

  • Jul- 2024 -
    31 July
    သတင်း

    မြစ်ကြီးနားမှာ ဖုန်း၊ အင်တာနက်လိုင်းပြတ်တောက်နေချိန် စစ်တပ်က စစ်ရေးပြင်ဆင်နေ

    ကချင်တစ်ပြည်နယ်လုံ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ပြတ်တောက်နေချိန် စစ်ကောင်စီတပ်ဟာ မြစ်ကြီးနားမြို့တွင်း မြို့ပြင် စစ်ရေးပြင်ဆင်တာတွေလုပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ လက်ရှိ မြစ်ကြီးနား – ဆွမ်ပရာဘွမ်လမ်း ပလနကျေးရွာနဲ့ နောင်နန်းကျေးရွာတစ်ဝိုက် စစ်ကောင်စီဘက်က တပ်ချနေရာယူပြီး လက်နက်ကြီးတပ်ဆင်ထားတဲ့အပြင် နောင်နန်းကျေးရွာ ၁၀ မိုင် အထက်တန်းကျောင်းနဲ့ ဂျော်ဘွမ်ဆုတောင်း တောင်မှာလည်း တပ်စွဲထားတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦး  KNG ကို အခုလိုပြောပါတယ်။ “သူတို့အရင်ဆုံး KTCS ဓမ္မကောလိပ်ကျောင်းထဲကို ဝင်တယ်။ ကျောင်းကတာဝန်ရှိသူတွေက ကျောင်းထဲမှာ လူအရမ်းများပြီး နေရာမရှိကြောင်းပြောလို့ အဲကနေထွက်လာပြီး ၁၀ မိုင်စာသင်ကျောင်း မှာတစ်ဖွဲ့ နေနေတယ်။ ကျောင်းက ဆောက်လုပ်နေဆဲ အဆောင်သစ်ထဲမှာ နေနေတယ်။ ဂျော်ဘွမ်မှာလည်း အင်အား ၂၀ ၊၃၀ လောက်ရှိတယ်။ အားလုံး ၆၀၊ ၇၀ လောက်ရှိမယ်။ ဂျော်ဘွမ်မှာတပ်ချနေတဲ့ အဖွဲ့က သွားလာတဲ့ဆိုင်ကယ်တွေကို ရပ်ခိုင်းပြီး မေးတာမြန်းတာရှိတယ်။ KIA တွေလာမစရင်တော့ဘာမှမဖြစ် လောက်ဘူး။  ဘာစရင်တော့ KTCS ကျမ်းစာကျောင်းကို စစ်တပ်က နှောက်ယှက်လိမ့်မယ်။” လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ ဇူလိုင် ၂၉ ရက်နေ့မနက်ကစပြီး အင်အား ၆၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ကချင်နှစ်ခြင်းခရစ်ယာန် ဓမ္မကောလိပ်ကျောင်း KTCS ဝင်းထဲ ဝင်ရောက်လာပြီး တပ်ချနေရာယူဖို့ ပြင်ဆင်လာတာလို့ ဆိုပါတယ်။ ဒါပေမဲ့ KTCS ဓမ္မကောလိပ်ကျောင်းဝင်းထဲ ကျောင်းသား၊သူများတာကြောင့် နေရာမရှိတဲ့အတွက် လက်ရှိ ဂျော်ဘွမ်ဆုတောင်းတောင်မှာတစ်ဖွဲ့ ၊ နောင်နန်း ၁၀ မိုင်အထက်တန်းကျောင်းထဲမှာတစ်ဖွဲ့ စသဖြင့် နှစ်ဖွဲ့ခွဲပြီး တပ်ချနေရာယူထားတယ်လို့ သိရပါတယ်။ လက်ရှိ ၁၀ မိုင်အထက်တန်း စာသင်ကျောင်းမှာ ကလေးတွေကျောင်းတက်နေပေမဲ့ စစ်တပ်က တပ်ချနေရာယူထားပြီး ဂျော်မဆတ်နှစ်ခြင်းဘုရားကျောင်းနဲ့  KTCS ဓမ္မကောလိပ်ကျမ်းစာကျောင်းနဲ့ အနီးဆုံးမှာလည်း နေရာယူထားတယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဟာ မြစ်ကြီးနား – ဆွမ်ပရာဘွမ်လမ်း ပလန မရောက်ခင် ရွှေစက်ရပ် ကွက် လမ်းမဘေး ဘုန်းကြီးကျောင်းထဲမှာလည်း လက်နက်တပ်ဆင်ထားပြီး ပလနမီးသတ်ရုံးနဲ့ ရဲစခန်းနေရာတစ် လျှောက် နေရာယူအင်အားဖြည့်ထားတယ်လို့ ဆက်သိရပါတယ်။ လတ်တလော မြစ်ကြီးနားမြို့ထဲမှာ စစ်ကောင်စီတပ်ဟာ ညတိုင်း ကင်းလှည့်လှုပ်ရှားတာတွေ၊ မြို့ပြင်ဘက်တွေမှာ နေရာယူ တပ်ချထားပြီး လုံခြုံရေးတင်းကြပ်ထားတယ်လို့ သိရပါတယ်။   ကချင်တစ်ပြည်နယ်လုံးအတိုင်းအတာ ဖုန်းလိုင်း၊အင်တာနက်အားလုံး ပြတ်တောက်နေတာနဲ့ပတ်သက်ပြီး စစ်ကောင်စီလက်အောက် ကချင်ပြည်နယ်ဝန်ကြီးချူပ် ဦးခက်ထိန်နန်က ကချင်သတင်းဌာန KNG ကိုအခုလိုပြောပါတယ်။…

    Read More »
  • 4 July
    အင်တာဗျူး

    ဧရာဝတီ မြစ်ရေစံချိန်ကျော်မြင့်တက်ခဲ့တဲ့ မြစ်ကြီးနားမြို့ အခြေအနေ မေးမြန်းချက်

    မြစ်ကြီးနားမြို့မှာ ဇွန်လ ၃၀ ရက်နေ့ကစပြီးဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ် ၁၂၀၀ စင်တီမီတာထက် ၆ ပေကျော်မြင့်တက်ခဲ့ပြီး တစ်မြို့လုံးနီးပါးရေဘေးဒဏ်ကြုံခဲ့ပါတယ်။ 

    Read More »
  • Jun- 2024 -
    3 June
    သတင်း

    ရမ်ပူရပ်ကွက်မှာ ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်မှာ ဒီကနေ့ မနက်ပိုင်း ၁၀ နာရီလောက်က ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ရမ်ပူရပ်ကွက် လမ်းသွယ်၂၁၊ ၂၃ မှာရှိတဲ့ ရွှေမင်းသမီးအမည်ရှိတဲ့ ရွှေဆိုင်ကို သေနတ်ကိုင်ထားတဲ့ လူငယ် ၃ ဦးက…

    Read More »
  • May- 2023 -
    25 May
    သတင်း

    မြစ်ကြီးနားတွင် အမျိုးသားတစ်ဦး သေနတ်ပစ်သတ်ခံရ

    မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် ကုန်တင်ကုန်ချ ယာဉ်ရပ်နားစခန်းအနီးတွင် ယနေ့ နေ့လည် ၁ နာရီဝန်းကျင်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ “လမ်းမှာသွေးတွေနဲ့သေနေတဲ့လူတစ်ယောက်တွေ့ခဲ့တယ် အစတော့ ဆိုင်ကယ်တိုက်တာလို့ ထင်နေတာ အဲနားကလူတွေကို မေးကြည့်တော့မှ ပစ်သတ်ခံရတာတဲ့”…

    Read More »
  • Jan- 2023 -
    20 January
    စစ်ပြေးဒုက္ခသည်များ

    ရွေးကောက်ပွဲအတွက် စစ်ဘေးရှောင်စခန်း‌တွေမှာ လူဦးရေစာရင်း စတင်ကောက်ခံနေ

    အာဏာသိမ်းစစ်ကောင်စီတပ်ကနေ ဦးဆောင်ပြီး လာမယ့် ဩဂုတ်လမှာကျင်းပမယ့် အထွေအထွေရွေးကောက်ပွဲအတွက် မြစ်ကြီးနားမြို့ပေါ်က စစ်ရှောင်စခန်းတွေမှာ လူဦးရေစာရင်း စတင် ကောက်ခံနေပြီလို့ သိရပါတယ်။  အဲ့ဒီလူဦးရေစာရင်းကိုတော့ ဇန်နဝါရီလ ၉ ရက်ကနေ ၃၀ ရက်အတွင်းကောက်ယူပေးဖို့ စစ်ကောင်စီတပ်က စစ်ဘေးရှောင်တာဝန်ခံတွေကို ညွှန်ကြားထားတာလို့ မြစ်ကြီးနား မြို့ပေါ်က စခန်းနာမည် မဖော်လိုတဲ့ စစ်ရှောင်တစ်ဦးက…

    Read More »
  • Nov- 2022 -
    16 November
    သတင်း

    အူဗျစ် ကျေးရွာမှ နေအိမ်တစ်အိမ်ကို စစ်ကောင်စီတပ်က ဘက်ဟိုးဖြင့် ဖျက်ဆီးဖြိုချ

    မြစ်ကြီးနားမြို့ အူဗစ် (U Byit) ကျေးရွာတွင် ဖမ်းဆီးခံရသူ KIO အရာရှိများထဲမှ တစ်ဦး၏ ဆွေမျိုးနေအိမ်ကို စစ်ကောင်စီတပ်မှ ယနေ့ နံနက်ပိုင်းတွင် ဘက်ဟိုးဖြင့် သွားရောက်ဖျက်ဆီးလိုက်သည်ဟု သိရသည်။ နိုဝင်ဘာ ၁၆ ရက် ယနေ့နံနက် ၅ နာရီအချိန်တွင် စစ်ကောင်စီကား ၅ စီးဖြင့် အင်အား ၅၀ ကျော်ခန့်ဖြင့်…

    Read More »
  • 15 November
    သတင်း

    KTV ဆိုင်တွင် ဖမ်းဆီးခံရသော KIO အရာရှိများများမှတဆင့် နောက်ဆက်တွဲ ဖမ်းဆီးမှုများပြုလုပ်နေ

    မြစ်ကြီးနားမြို့ KTV ဆိုင်တွင် ဖမ်းဆီးခံရသော KIO အရာရှိများမှတဆင့် အခြား ထပ်မံ ဖမ်းဆီးခံရသူများလည်း ရှိနေကြောင်း သိရသည်။ တပ်ကုန်းရပ်ကွက် ရွှေလမ်းမကြီးပေါ်ရှိ Happy KTV ၌ နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၅ နာရီခွဲခန့်တွင် စစ်ကောင်စီ အင်အား ၂၀ ခန့်သည် KIO အုပ်ချုပ်ရေးပိုင်း အရာရှိများ ပျော်ပါးနေသော…

    Read More »
  • Sep- 2022 -
    22 September
    သတင်း

    မြစ်ကြီးနားတွင် စစ်ကောင်စီအဖွဲ့ ကင်းပုန်းချ ဖမ်းဆီးမှုလုပ်ဆောင်နေ၊ တစ်ရက်အတွင်း လူငယ် ၂ဦး ဖမ်းဆီးခံရ

    မြစ်ကြီးနားမြို့တွင် စစ်ကောင်စီတပ်နှင့်ရဲတပ်ဖွဲ့များက မြို့ပေါ်ရပ်ကွက်နေရာအနှံ့တွင် ကင်းပုန်းများချထားကာ ဖမ်းဆီးရိုက်နက် မှုများလုပ်ဆောင်နေပြီး စက်တင်ဘာလ ၂၁ရက်နေ့ တစ်ရက်အတွင်း လူငယ် ၂ဦးဖမ်းဆီးခံလိုက်ရကြောင်းသိရသည်။ ယမန်နေ့ ညနေ ၄နာရီဝန်းကျင် အထက (၂)ကျောင်းရှေ့ လူငယ် ၁ဦးကို အရပ်ဝတ်ဖြင့် ရဲတပ်သား…

    Read More »
  • 21 September
    သတင်း

    စစ်ကောင်စီဖမ်းထားသော မြစ်ကြီးနား အာလမ် ဒေသခံ ၁၀ ဦး မလွတ်မြောက်သေး

    မြစ်ကြီးနားမြို့အနီး အာလမ်ကျေးရွာအုပ်စု ဒွမ်ဂန် ရွာသား ၁၀ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးထားမှု ယနေ့ထိ မလွတ်မြောက်သေးကြောင်း ဒေသခံများပြောသည်။ ယမန်နေ့ နံနက် ၉ နာရီခန့် ဒွမ်ဂန်ကျေးရွာမှ ဒေသခံပြည်သူ ၉ ဦး နှင့်တကွ ကျေးရွာအုပ်ချူပ်ရေးမှူးကို စစ်ဆေးမေးမြန်းရန်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ယနေ့ထိ လွတ်မြောက်လာခြင်းမရှိသေးကြောင်း အမည်မဖော်လိုသူ အာလမ် (Alam) ဒေသခံတစ်ဦး…

    Read More »
  • 16 September
    သတင်း

    မြစ်ကြီးနားတွင် အမျိုးသားတစ်ဦး မူးယစ်ဆေးဝါ ရှော့ဖြစ်ပြီး သေဆုံးနေသည့် ရုပ်အလောင်းတွေ့ရှိ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်တွင် အမျိုးသားတစ်ဦး မူးယစ်ဆေးဝါးသုံးစွဲပြီး ရှော့ဖြစ်ကာ သေဆုံးနေသည့် ရုပ်အလောင်းတွေ့ရှိရကြောင်း ရပ်ကွက်နေပြည်သူများထံမှသိရသည်။ ယနေ့နံနက် ၈နာရီဝန်းကျင် ခေမာသီရိရပ်ကွက် ခေမာစီဝံဘုန်းကြီးကျောင်းလမ်းကြားတွင် အသက် ၃၀ နှစ်အရွယ် အမျိုးသားတစ်ဦးသေဆုံးနေကြောင်း ရပ်ကွက်နေ ပြည်သူတစ်ဦး KNG…

    Read More »
Back to top button