သတင်း

မြစ်ကြီးနားတွင် အမျိုးသားတစ်ဦး မူးယစ်ဆေးဝါ ရှော့ဖြစ်ပြီး သေဆုံးနေသည့် ရုပ်အလောင်းတွေ့ရှိ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်တွင် အမျိုးသားတစ်ဦး မူးယစ်ဆေးဝါးသုံးစွဲပြီး ရှော့ဖြစ်ကာ သေဆုံးနေသည့် ရုပ်အလောင်းတွေ့ရှိရကြောင်း ရပ်ကွက်နေပြည်သူများထံမှသိရသည်။

ယနေ့နံနက် ၈နာရီဝန်းကျင် ခေမာသီရိရပ်ကွက် ခေမာစီဝံဘုန်းကြီးကျောင်းလမ်းကြားတွင် အသက် ၃၀ နှစ်အရွယ် အမျိုးသားတစ်ဦးသေဆုံးနေကြောင်း ရပ်ကွက်နေ ပြည်သူတစ်ဦး KNG ကိုပြောသည်။

နံပါတ် ဖိုးထိုးရင်း ဆေးလွန်လို့သေတာ။ ပါးစပ်မှာလည်း အမြုပ်တွေတောင်ထွက်တယ်။  တခြားဘာဒဏ်ရာမှတော့မတွေ့ဘူး။ သူ့ဘေးမှာ မီးခြစ်ရယ်ဆေးထိုးအပ်တစ်ချောင်းရယ် တွေ့တယ်။ ဆေးထိုးအပ်ကတော့သွေးနည်းနည်းကျန်နေတယ်အထဲမှာ အ့ကြောင့်ဆေးလွန်ပြီးသေတာဟုဆိုသည်။

မူးယစ်ရှော့ဖြစ် သေဆုံးသွားသည့်သူမှာ မည်သူမည်ဝါဖြစ်ကြောင်း မသိရှိရသေးသဖြင့် ရုပ်အလောင်းပိုင်ရှင်ကိုလည်း ဆက်သွယ်စုံစမ်းနေဆဲ ဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် သေဆုံးသူ၏ ရုပ်အလောင်းကို လူမှုကူညီရေးအသင်း၏ ကူညီမှုဖြင့် ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်းသိရသသည်။

မြစ်ကြီးနားတွင် ယခုနောက်ပိုင်း ယခင်ကထက် မူးယစ်ဆေးဝါးအလွန်အကျွံသုံးစွဲသူများ အလွန်းများပြားလာပြီး မူးယစ်ဆေးဝါး ရှော့ဖြစ်ကာသေဆုံးသူများ လစဉ်ပုံမှန်မြင်တွေ့ရကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။

Show More

Related Articles

Back to top button