မြစ်ကြီးနား
-
May- 2025 -27 Mayသတင်း
မန္တလေး-မြစ်ကြီးနားလမ်းပိုင်း ကွင်းလမ်းအသုံးပြုနေရဆဲဖြစ်တဲ့အတွက် ကုန်စျေးနှုန်းဆက်မြင့်တက်နေ
မန္တလေး–မြစ်ကြီးနားကားလမ်းပိုင်းမှာ ကွင်းလမ်းအသုံးပြုပြီးသွားလာနေရဆဲဖြစ်တာကြောင့် ကချင်ပြည်နယ်ဘက်မှာ စားသောက်ကုန်တစ်ချို့ပြတ်လပ်လာပြီး ကုန်စျေးလည်း မြင့်တက်လာနေတယ်လို့ ဒေသခံတွေပြောပါတယ်။ ကချင်ပြည်အတွက် အဓိကကုန်သွယ်ရေးလမ်းမကြီးဖြစ်တဲ့ မန္တလေး –မြစ်ကြီးနားဗျူဟာကားလမ်းမကြီးကို စစ်ကောင်စီတပ်က ကန့်ဘလူမြို့နယ် ပေကြီး၊ဇီးကုန်းနဲ့စပယ်နံ့သာကျေးရွာတစ်လျှောက်မှာ ပိတ်ထားတာကြောင့် ကုန်ကားနဲ့ခရီးသည်ကားအားလုံး ကွင်းလမ်းလို့ခေါ်တဲ့ (မိုင် ၄၀ )လမ်းကို အသုံးပြုသွားလာနေရပြီး ခရီးကြန့်ကြာမှုကြုံနေရတယ်လို့ မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်နေအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “အခုပိတ်ထားတဲ့ကွင်းလမ်းက အရင်အင်းတော်ကွင်းလမ်းထက်ဆိုးတယ်ပြောတယ် အဲ့ကြောင့်ကုန်တခါတခါရောက်ဖို့မလွယ်ဘူး။ အခုကုန်ကားတွေမဝင်တာအတော်ကြာပြီ မြို့ထဲမှာ ကွမ်းရွက်တွေ၊လက်ဖက်ရည်ဆိုင်သုံးပစ္စည်းတွေတချို့ပြတ်နေကြတယ်ဗျ ပစ္စည်းမရောက်လို့တဲ့”လို့ အသက် ၄၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။ လက်ရှိအသုံးပြုနေတဲ့ကွင်းလမ်းဟာ မိုင်းပေါင်း ၄၀ ကျော်ဝေးပြီး မြေသားလမ်းဖြစ်တာကြောင့် မိုးရွာသွန်းတဲ့အချိန်တွေမှာ လမ်းပိုင်းဆိုးဆိုးဝါးဝါးပျက်စီးလို့ သွားလာရခက်ခဲတာကြောင့် လမ်းမှာ တစ်ပတ်ကျော်ကြာတယ်လို့သိရပါတယ်။ “အရင်အင်းတော်ကွင်းလမ်းပိတ်တဲ့အချိန်ဆိုရင် တစ်ပတ် ၊တစ်ပတ်ကျော်ကျော်ဆိုမြစ်ကြီးနားရောက်ပြီ အခုက ပြီးခဲ့တဲ့ ၁၈ ရက်နေ့က မန္တလေးဂိတ်ကိုတင်ထားတာအခုထိမြစ်ကြီးနားဂိတ်ကိုမရောက်လာသေးဘူးပစ္စည်းကဆယ်ရက်တောင်ရှိပြီ “လို့ လူသုံးကုန်နဲ့စားသောက်ကုန်ရောင်းနေတဲ့မြစ်ကြီးနားမြို့တပ်ကုန်းရပ်ကွက်နေအမျိုးသမီးတစ်ဦးက ပြောပါတယ်။ အခုလိုကွင်းလမ်းအသုံးပြုသွားလာနေရတာကြောင့် မြစ်ကြီးနား၊ပူတာအိုနဲ့အခြားမြို့နယ်တွေဘက်မှာ စားသုံးသူအများဆုံးကုန်တွေဖြစ်တဲ့ ကွမ်းရွက်၊ လက်ဖက်ရည်ဆိုင်သုံးဂျုံမုန့်၊ စားဆီ၊ ခရမ်းချဥ်သီးတွေနဲ့အခြားကုန်ပစ္စည်းတွေပြတ်လပ်တာစျေးတက်တာတွေရှိနေတယ်လို့သိရပါတယ်။ “ပြည့်ဝ(စားဆီ) ငါးဆယ်သားနဲ့တပိဿဗူးတွေဆိုပြတ်နေပြီ လူတိုင်းနီးပါးကဗူးသေးပဲဝယ်သုံးကြတာ စျေးလည်းတက်တယ် ခါတိုင်းတစ်သောင်းပဲအခု ၁၂၀၀၀ ရှိတယ် ရွှေဝါဆပ်ပြာလည်းအဝယ်များတော့ ကုန်ကလည်းထပ်မရောက်ဆိုတော့စျေးတင်ရောင်းကြတယ် ၅၀၀၊ ၆၀၀ အထိထပ်တက်တယ်”မြို့ ခံအမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။ စစ်ကောင်စီတပ်နဲ့ပျူစောထီးပူးပေါင်းတပ်တွေ ကန့်ဘလူမြို့နယ်ထဲက မြစ်ကြီနား– မန္တလေးဗျူဟာကားလမ်းပိုင်းမှာ ယခုနှစ်ဖေဖော်ဝါရီလကတည်းက ခြေကုပ်တပ်စွဲထားပြီး မတ်လကနေ ယင်းကားလမ်းပိုင်းကိုပိတ်ထားတာဖြစ်ပါတယ်။ လက်ရှိအသုံးပြုနေတဲ့ကွင်းလမ်းတလျှောက်ကိုတော့ ကာကွယ်ရေးတပ်တွေဘက်က ထိန်းချုပ်ထားတယ်လို့လည်းသိရပါတယ်။ စစ်ကောင်စီတပ်ဟာ မန္တလေး– မြစ်ကြီးနားကားလမ်းပိုင်းကို ၂၀၂၄ ခုနှစ် သြဂုတ်လကစပြီး အင်းတော်မြို့မသိမ်းခင် ၂၀၂၅ ဧပြီလအထိ အင်းတော်မြို့ထဲကနေပိတ်ထားခဲ့ပါတယ်။…
Read More » -
26 Mayသတင်း
ကားတိုက်ဒဏ်ရာကြောင့် သားဖြစ်သူသေဆုံးပြီး ဆယ်ရက်အကြာ ဖခင်ဖြစ်သူ သေဆုံး
မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့ ဖြစ်ပွားခဲ့တဲ့ သားအဖနှစ်ယောက် ကားတိုက်ခံရမှုမှာ အဖေဖြစ်သူလည်း သေဆုံးသွားပြီ ဖြစ်တယ်လို့ မိသားစုနဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့ ည ၉ နာရီဝန်းကျင်အချိန်…
Read More » -
23 Mayသတင်း
မြစ်ကြီးနားမြို့တွင်း စစ်တပ်က စစ်ဆေးရေးတင်းကြပ်တာ ၂ ရက်ရှိလာ
ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့တွင်း မေလ ၂၀ ရက်နေ့ကစလို့ ဒီရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က စစ်ဆေးရေး တင်းကြပ်တာတွေလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ မြစ်ကြီးနားမြို့တွင်းရဲ့ အချက်အချာကျတဲ့နေရာတွေမှာ အခုလိုစစ်ကောင်စီတပ်က စစ်ဆေးရေးတင်းကြပ်တာပုံမှန်ဖြစ်ပေမဲ့ ဒီရက်ပိုင်းအတွင်းကတော့ မြို့ရဲ့နေရာတော်တော်များများမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မသင်္ကာသူတွေ၊ လမ်းသွားလမ်း လာတွေကို…
Read More » -
21 Mayသတင်း
ပူတာအို-မြစ်ကြီးနားကားခ အဆ မတန်မြင့်တက်
ကချင်ပြည်နယ် ပူတာအို–မြစ်ကြီးနား လမ်းပိုင်းမှာ ကားခအဆမတန်မြင့်တက်လာတယ်လို့ ခရီးသွားသူတွေဆီကသိရပါတယ်။ ဒီနှစ် ဇန်နဝါရီလစလို့ ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်းမှာ အဆင်းခရီးသည်တစ်ဦးလျှင် ကားခ ကျပ် ၁၂၀၀၀၀ ( တစ်သိန်းနှစ်သောင်း)၊ အတက်ခရီးသည်တစ်ဦး ကျပ် ၂၀၀၀၀၀ ( နှစ်သိန်း)အထိစျေးတက်သွားတယ်လို့ ပူတာအိုမြို့ခံအမျိုးသားတစ်ဦး KNG…
Read More » -
19 Mayသတင်း
အမျိုးသားတစ်ဦး သစ်ပင်ကို ဆိုင်ကယ်ဝင်တိုက်မိပြီး ပွဲချင်း ပြီးသေဆုံး
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အမျိုးသားတစ်ဦး ဆိုင်ကယ်စီးလာရင်း သစ်ပင်ကိုဝင်တိုက်မိပြီး ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဧရာဝတီဂရုဏာလူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။ ဖြစ်စဉ်မှာ မေလ ၁၈ ရက် ည ၈ နာရီခွဲအချိန် မြို့သစ်ရပ်ကွက် Morning Cafe ဆိုင်ရှေ့ရှိ…
Read More » -
13 Mayသတင်း
မြစ်ကြီးနားလေဆိပ် စစ်တပ်က လုံခြုံရေးတင်းကြပ်
ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊အများပြည်သူသုံးလေဆိပ်ကို စစ်ကောင်စီတပ်က လုံခြုံရေးတင်းကြပ်ထားကြောင်း မြို့ခံပြည်သူတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၁၀ရက်ကစပြီးလေဆိပ်အဝင်၊အထွက်နေရာတွေနဲ့လေဆိပ်အတွင်းပိုင်းနေရာ တွေမှာ စစ်သားအင်အား ၂၀ ခန့်ချထားပြီးလုံခြုံရေးတင်းကြပ်ထားတယ်လို့ မြစ်ကြီးနားမြို့ခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “လေဆိပ်ထဲမှာကော မျော်စင်ပေါ်မှာကော စစ်သားတွေချထားတယ် ပြီးတော့…
Read More » -
8 Mayသတင်း
မြစ်ကြီးနားမြို့မှာ နေအိမ် ဖောက်ထွင်းတဲ့ သူခိုးတစ်ဦးဖမ်းဆီးရမိ
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင်းရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင်း ဖုန်းဝင်ခိုးတဲ့ သူခိုးတစ်ဦးကို ရပ်ကွက်နေပြည်သူတွေ ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။ မေလ ၈ ရက် ယနေ့မနက် ၈ နာရီဂျန်မိုင်ကောင်ရပ်ကွက် ညဈေးအနီးမှာရှိတဲ့နေအိမ်မှာ ဆိုင်ကယ်နဲ့လူကယ်နှစ်ဦးရောက်လာပြီးဖုန်းဝင်ခိုးသွားတာဖြစ်တယ်လို့ ဒေသခံအမျိုးသမီးတစ်ဦး KNG ကို…
Read More » -
7 Mayသတင်း
စစ်ရေးအခြေနေကြောင့် မြစ်ကြီးနား – တနိုင်းလမ်းပိုင်း ခရီးသွားပြည်သူများအခက်ကြုံ
ကချင်ပြည်နယ် မြစ်ကြီးနား– တနိုင်းလီဒိုလမ်းမတစ်လျှောက် KIA ပူးပေါင်းတပ်နဲ့ မင်းဇေသန့်ပြည်သူ့စစ်တပ်ဖွဲ့တို့ကြား စစ်ရေးတင်းမာမှုရှိနေသေးတာကြောင့် ခရီးသွားပြည်သူများ သွားလာရေးမှာ အခက်အခဲကြုံနေရတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်ကစပြီး လီဒိုလမ်းမတစ်လျှောက် လက်နက်ကိုင်နှစ်ဖက်တပ်အကြား တိုက်ပွဲပြင်းထန်ခဲ့ရာကနေ ဒီနေ့ထိစစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့ မြစ်ကြီးနားကားဂိတ်မှတာဝန်ရှိသူတစ်ဦး…
Read More » -
1 Mayသတင်း
မြစ်ကြီးနားမြို့မှာ နေအိမ်တစ်လုံးမီးလောင်ပျက်စီး
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်မှာ နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ Myanmar Fire Services Department ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ မေလ ၁ ရက် ဒီမနက် ၄း ၅၅ မိနစ်မှာ လယ်ကုန်းရပ်ကွက်…
Read More » -
1 Mayသတင်း
မြစ်ကြီးနား – မန္တလေးလမ်းပိုင်း မိုးရွာသွန်းမှုကြောင့် လမ်းခရီးနှောင့်နှေး
စစ်ရေးအခြေနေကြောင့် ကွင်းလမ်းအသုံးပြုပြီးသွားလာနေရတဲ့ မြစ်ကြီးနား–မန္တလေးလမ်းပိုင်း မိုးရွာသွန်းမှုကြောင့်လမ်းပိုင်းချော်လို့ ခရီးစဥ်နှောင့်နှေးမှုရှိနေတယ်လို့ ကားသမားတွေကပြောပါတယ်။ အင်းတော်မြို့သိမ်းတိုက်ပွဲကြောင့် ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ် ဩဂုတ်လကစလို့ မြစ်ကြီးနား–မန္တလေးပြည်ထောင်စုလမ်းမကြီးကို ကာကွယ်ရေးတပ်တွေဘက်ကပိတ်ထားခဲ့တာ ဒီနေ့အထိဖြစ်ပါတယ်။ မိုးရွာသွန်းမှုကြောင့် အဲ့ဒီကွင်းလမ်းနေရာတစ်ဝှိုက်တွေက လမ်းချော်မှုတွေ ဖြစ်နေပြီး ပုံမှန်ဆို နှစ်ရက်ခန့်သာကြာမြင့်တဲ့ လမ်းခရီးကို…
Read More »









