မြစ်ကြီးနား
-
May- 2024 -23 Mayသတင်း
မြစ်ကြီးနားမြို့က အခြေခံပညာရေးကျောင်းများ ကျောင်းစတင်အပ်နှံ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ စစ်ကောင်စီလက်အောက် ၂၀၂၄– ၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာစာသင်ကျောင်းများအားလုံး ကျောင်းစတင်အပ်နှံနေကြပြီဖြစ်တယ်လို့ မြစ်ကြီးနား ဒေသခံတွေဆီကနေ သိရပါတယ်။ ကျောင်းအပ်နှံမယ့်ကာလကို မေလ ၂၃ရက်နေ့ကနေ ဇွန်လ ၁ ရက်နေ့အထိ အပ်နှံလို့ရကြောင်း သိရပြီး မြစ်ကြီးနားမြို့မှာရှိတဲ့ စာသင်ကျောင်း အကုန်လုံးနီးပါးကျောင်းအပ်နေကြပြီလို့ မြစ်ကြီးနားဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။ “ကျနော်တို့ မန်ခိန်ဘက်မှာတော့အပ်နေကြပြီ။ ဒီမနက် မြို့ထဲသွားတော့လည်း ကျောင်းတွေတော်တော်များများ မှာကျောင်းအပ်နေကြတာတွေ့ခဲ့တယ်“လို့ ဆိုပါတယ်။ ကျောင်းအပ်တဲ့အချိန်ကတော့ မနက်ပိုင်း ၉နာရီ လောက်ကနေ နေ့လည် ၁၂နာရီထိဖြစ်ပြီး ကျောင်းသား၊သူအဟောင်း လက်ခံပြီးမှသာ ကျောင်းသားသစ်လက်ခံမယ်လို့ သိရပါတယ်။ ကျောင်းသူ၊သားအသစ်တွေအနေနဲ့ ကျောင်းပြောင်းလက်မှတ်တွေလိုအပ်တဲ့အပြင် အထက်တန်းဖြစ်ပါက ကျောင်းပြောင်းလက်မှတ်အပြင် အမှတ်စာရင်းပေါင်းချုုပ်(TC)လည်း လိုအပ်တယ်လို့ မြစ်ကြီးနားမြို့က ဆရာမတစ်ဦးက ခုလိုပြောပြပါတယ်။ “မနှစ်ကတည်းကနေ ဒီကျောင်းဘဲတက်ထားတဲ့ သူဆိုရင်တော့ ဘာမမလိုဘူး တကယ်လို့ ကျောင်းသားသစ်ဆိုရင် မြို့ကျောင်းတက်မယ်ဆိုရင် ရန်ပုံငွေတွေထည့်ရတာတွေရှိတယ် အကြီးတန်းတွေဆို TC တွေလိုတယ်”လို့ ဆိုပါတယ်။ လက်ရှိအချိန်မှာကတော့ ကချင်ပြည်နယ် ဝိုင်းမော် မြို့မှာ KIA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေတဲ့အတွက် ဝိုင်းမော်မြို့နယ်ဒေသခံတွေ မြစ်ကြီးနားမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြပြီး စာသင်အရွယ်ကလေးငယ်တွေ ကျောင်းတက်နိုင်ဖို့ခက်ခဲတာတွေ အများအပြားရှိနေတယ်လို့ သိရပါတယ်။ ကချင်ပြည်နယ်မှာ အာဏာစသိမ်းတဲ့ ၂၀၂၀–၂၀၂၁ ပညာသင်နှစ် ကချင်ပြည်နယ်အတွင်းမှာ ပညာရေးဝန်ကြီးဌာနအောက် အခြေခံပညာဦးစီးဌာနရဲ့ အထက်တန်းအဆင့် ကျောင်းပေါင်း (၁၉၄) ကျောင်းရှိပြီး ကိုယ်ပိုင်ဘာသာရပ်သင် အထက်တန်းကျောင်းပေါင်း (၅၃)ကျောင်းရှိတာဖြစ်ပါတယ်။ By – Hope
Read More » -
22 Mayစစ်ပြေးဒုက္ခသည်များ
မြစ်ကြီးနားမြို့ခံများ အိမ်ငှားရမ်းခစျေးလျော့ပေးကြဖို့ စစ်ရှောင်အရေးကူညီပေးနေသူများတောင်းဆို
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ဘက်မှာ တိုက်ပွဲတွေပြင်းထန်လာတာကြောင့် ဝိုင်းမော်မြို့နယ်အတွင်း နေထိုင်ကြတဲ့ပြည်သူတွေဟာ ဧရာဝတီမြစ်တစ်ဖက်ကမ်းမှာရှိတဲ့ မြစ်ကြီးနားမြို့ဘက်ကိုအဓိကထွက် ပြေးတိမ်းရှောင်နေကြတာဖြစ်ပါတယ်။ စစ်ဘေးရှောင်တစ်နေ့ထက်တစ်နေ့မြင့်တက်နေတဲ့ မြစ်ကြီးနားမြို့မှာ ငွေကြေးတတ်နိုင်သူတွေအနေနဲ့ ငှားရမ်းထားတဲ့စျေးအတိုင်း ငှားနိုင်ပေမယ့် တစ်ချို့စစ်ရှောင်တွေဟာ ငွေကြေးမတတ်နိုင်တာကြောင့် မြို့ခံတွေအနေနဲ့ စစ်ရှောင်တွေကို လူသားချင်းစာနာသောအားဖြင့် သက်သက်သာသာနဲ့ငှားရမ်းပေးကြဖို့လို မြစ်ကြီးနားမြို့မှာနေထိုင်တစ်ချို့ကလည်း သုံးသပ်ပြောဆိုနေကြပါတယ်။ လက်ရှိ မြစ်ကြီးနားမြို့တွင်း နေစရာငှားရမ်းခတွေက ဈေးနှုန်းမြှင့်တက်သွားတာမျိုးတော့မရှိပေမဲ့ လက်ရှိဈေးနှုန်းကို စစ်ဘေးရှောင်တွေကတတ်နိုင်မှာမဟုတ်တဲ့အတွက် ဈေးလျော့ပေးတာဖြစ်ဖြစ် တတ်နိုင်ရင် အခကြေးမယူပဲနဲ့ကူညီသင့်ကြောင်း စစ်ရှောင်တွေကို ကူညီပေးနေတဲ့ မြစ်ကြီးနားမြို့ခံတစ်ဦးကပြောပါတယ်။ “ဈေးနှုန်းတွေကတော့မြှင့်တက်သွားတာတော့မဟုတ်ဘူး ပုံမှန်ဈေးနှုန်းနဲ့ငှားရမ်းနေတာတော့ဟုတ်တယ်။ စစ်ရှောင်တွေနဲ့ ငွေကြေးမတတ်နိုင်တဲ့သူတွေအတွက်တော့မလွယ်ဘူးလေ တစ်ယောက်နဲ့တစ်ယောက် လူသားချင်းစနာပြီးတော့ ဒုက္ခရောက်တဲ့အချိန်တွေမှာတော့ အိမ်ငှားခလက်ရှိဈေးနှုန်းကိုတစ်ဝက်လောက် ချပြီး ငှားစေချင်တာပေါ့”လို့ပြောပါတယ်။ မြစ်ကြီးနားမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ဘေးရှောင်တစ်ချို့ဟာ နေရာထိုင်ခင်းအခက်အခဲတွေရှိနေသေးတာကြောင့် မြစ်ကြီးနားမြို့ခံတွေအနေနဲ့ တတ်နိုင်ပါက အိမ်ငှားရမ်းခစျေးလျော့ပေးတာ၊ အခကြေးငွေမယူပဲကူညီပေးကြဖို့အတွက် ဒေသခံတစ်ချို့ကတောင်းဆိုနေကြပါတယ်။ တစ်ဖက်မှာတော့ အခုလို မြစ်ကြီးနားဘက်ကို စစ်ဘေးရှောင်တွေများပြားလာတဲ့အတွက် ခရစ်ယာန် ဘာသာရေးကျောင်း၊ ဘုန်းကြီးကျောင်းတွေဘက်ကလည်း လာရောက်တည်းခိုလို့ရကြောင်း ကြေညာနေတာတွေလည်းရှိပါတယ်။ လက်ရှိ ဝိုင်းမော်မြို့နယ်က ဒေသခံတွေအများစုဟာ မြစ်ကြီးနားမြို့ပေါ်မှာရှိတဲ့ နဂိုရှိပြီးသား စစ်ဘေးရှောင်စခန်းတစ်ချို့နဲ့နီးစပ်ရာဆွေမျိုးတွေဆီမှာ အဓိကတိမ်းရှောင်နေကြတယ်လို့ ဝိုင်းမော်မြို့ကနေ မြစ်ကြီးနားဘက်စစ်ဘေးရှောင်နေရတဲ့အမျိုးသမီးတစ်ဦးက ပြောပါတယ်။ “မြစ်ကြီးနားဘက်ကိုရှောင်ကြတာပိုများပါတယ်။ သူတို့ကတော့ အရင်တုန်းကတည်းက ရှိတဲ့ camp တွေ ပေါ့အဲ့မှာနေကြတယ် တစ်ချို့တွေကတော့ ကိုယ့်ဆွေမျိုးအိမ်တွေမှာနေကြတယ်။ စစ်ရှောင်တွေကိုကူညီပေး ကြပါလို့ပြောချင်တယ်။ အိမ်ငှားတဲ့သူတွေအနေနဲ့လည်း ဈေးနှုန်းအတတ်နိုင်ဆုံးလျော့ပေးဖို့ပေါ့ ကူညီတဲ့ အနေနဲ့ပေါ့ သူတို့ကလည်း အကြာကြီးရှောင်မှာမဟုတ်ဘူးလေနော်”လို့ပြောပါတယ်။ လက်ရှိ မြစ်ကြီးနားမြို့ပေါ် အိမ်ဌားခနဲ့ပတ်သက်ပြီး အိမ်အမျိုးအစားပေါ်မူတည်ပြီး စျေးအမျိုးမျိုးရှိနေတဲ့အပြင် အိမ်ငှားခကို အနည်းဆုံး ၆ လစာအပြတ်ပေးပြီးချုပ်ဆိုကြတာတွေလည်း ရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် စစ်ဘေးရှောင်တွေအနေနဲ့ ငွေအလုံးအရင်း စာချုပ်နိုင်ဖို့အဆင်မပြေတာတွေကြောင့် တစ်လချင်းပေးချုပ်စေတာမျိုးလည်း ကူညီပေးကြဖို့ တောင်းဆိုနေကြတာပါ။ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းအဖွဲ့တွေဟာ ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့ကစတင်လို့ ဝိုင်းမော်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းနဲ့ပြည်သူ့စစ်တပ်စခန်းတွေကို တကျော့ပြန်တိုက်ခိုက်နေတာ ဖြစ်ပြီးတော့ မနေ့ည မေလ ၂၁ ရက်နေ့ကပဲ ဝိုင်းမော်မြို့ရဲ့ မြို့စောင့်တပ် ခမရ ၃၂၁ ကို အပြီးသတ်သိမ်းပိုက် နိုင်ခဲ့ပြီဖြစ်ပါတယ်။ အဲ့ဒီတပ်ရင်းနဲ့ တပ်စခန်းတွေကို သိမ်းပိုက်တဲ့တိုက်ပွဲအတွင်း နှစ်ဖက်အပြန်အလှန်တိုက်ပွဲပြင်းထန်ခဲ့ပြီးတော့ နှစ်ဖက်တပ်တွေက အသုံးပြုတဲ့လက်နက်ကြီးနဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားသေဆုံးမှုတွေလည်းရှိနေတာဖြစ်ပါတယ်။ လက်ရှိမှာတော့ အဲ့ဒီတိုက်ပွဲတွေကြောင့် ဝိုင်းမော်မြို့က အရပ်သားတွေလည်း မြစ်ကြီးနားမြို့အပြင် ဘေးလွှတ်ရာနေရာတွေကိုတိမ်းရှောင်နေကြပြီး ဝိုင်းမော်မြို့ပြင်မှာရှိတဲ့ ရွာပေါင်း ၂၀ ကျော် ဘေးလွှတ်ရာ မှာထွက်ပြေးနေကြပြီဖြစ်ပါတယ်။ By – အမိုး
Read More » -
21 Mayသတင်း
မြစ်ကြီးနားမြို့ပေါ် စစ်ကောင်စီတပ်စစ်ဆေးရေးတွေတင်းကြပ်ပြီး ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေ
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်လာတာနဲ့အတူ မြစ်ကြီးနားမြို့ပေါ်မှာ ဒီရက်ပိုင်းအတွင်းစစ်ကောင်စီတပ်ဘက်က လုံခြုံရေးတွေတိုးမြှင့်ပြီး ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့က ဝိုင်းမော်မြို့နယ် ပြည်သူ့စစ်တပ်စခန်းတစ်ချို့နဲ့ ကာကင်းစခန်းအပါအဝင် ရွှေညောင်ပင်ရွာက ခမရ ၃၂၁ တပ်ရင်းတို့ကို ကေအိုင်အေနဲ့ပူးပေါင်းအဖွဲ့တွေက တစ်ပြိုင်တည်းတိုက်ခိုက်နေတာဖြစ်ပါတယ်။ အဲ့ဒီနေ့ကစ မြစ်ကြီးနားမြို့ပေါ်မှာ စစ်ဆေးရေးတွေတင်းကြပ်လာတာဖြစ်ပြီး စိမ်းမြဧရာပန်းခြံတစ်ဝှိုက်နဲ့ မြို့ထဲကိုလာတဲ့ လမ်းမကြီးတွေရဲ့ လမ်းထောင့်တိုင်းမှာလိုလို ယူနီဖောင်းအပြည့်နဲ့ စောင့်ပြီးစစ်ဆေးဖမ်းဆီးနေတယ်လို့ မြစ်ကြီးနားမြို့ခံတစ်ယောက်ကပြောပါတယ်။ “ရဲတွေကတော့ ကားကြီးတွေပေါ့ လူကြီးကားကားအမြင့်တွေ လန်ခရူဇာတို့ဘာတို့တွေကိုပေါ့ စိမ်းမြဧရာ ကစားကွင်းနားတွေ မြို့ပတ်ပတ်လည်လို့ပြောလို့ရမှာပေါ့ကွာ မြို့ထဲကိုလာတဲ့နေရာ သံလမ်းကူးနားလောက် မှာ ယူနီဖောင်းကအပြည့်နဲ့ မျက်မြင်တောင်မှ ၁၀ ယောက် ၁၅ ယောက် ထောင့်တိုင်းထောင့်တိုင်းမှာ ရှိတယ်”လို့ ပြောပါတယ်။ မေလ ၂၁ ရက်နေ့ ဒီနေ့နေ့လည်ပိုင်းမှာ မြစ်ကြီးနား မြို့သစ်ကြီးရပ်ကွက်အပါအဝင် နေရာအတော်များများမှာ စစ်ဆေးဖမ်းဆီးတာတွေလုပ်နေပြီး လူငယ်တစ်ချို့ဖမ်းဆီးခံသွားရတယ်လို့ ပြောဆိုကြပေမယ့် အသေးစိတ်မသိရသေးပါဘူး။ တစ်ဖက်မှာ ဝိုင်းမော်မြို့နယ်အတွင်းဖြစ်နေတဲ့တိုက်ပွဲအတွင်း မြစ်ကြီးနားမြို့ဘက်အခြမ်းကနေ လက်နက်ကြီးတွေနဲ့ဆက်တိုက်ပစ်ကူနေသလို လေကြောင်းအသုံးပြုတိုက်ခိုက်တာတွေကြောင့် အရပ်သားသေဆုံးမှုတွေလည်းရှိနေပါတယ်။ စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းအဖွဲ့တွေရဲ့ နှစ်ဖက်တိုက်ပွဲဟာ ဝိုင်းမော်မြို့ဘက်နဲ့နီးလာတာနဲ့အမျှ ဝိုင်းမော်မြို့တွင်းက ဒေသခံတစ်ချို့ မြစ်ကြီးနားမြို့ဘက်ကို တိမ်းရှောင်တာမျိုးတွေ လည်းမြင်လာရတယ်လို့ ဝိုင်းမော်မြို့ခံတစ်ယောက်ကပြောပါတယ်။ “ကေအိုင်အေနဲ့စစ်တပ်နဲ့ကလည်းနီးလာတော့ ပြည်သူတွေကစိုးရိမ်ပြီးမြစ်ကြီးနားကိုပြောင်းကြတာပေါ့ အိမ်တွေပိတ်ပြီးပေါ့ အိမ်စောင့်လောက်ပဲကျန်တော့တာ မြို့လုံးဝစွန့်ကြတာလည်းမဟုတ်ဘူး မြို့ကတော် တော်တော့ခြောက်ကပ်သွားပြီ” လို့ပြောပါတယ်။ ဒါ့အပြင် ဒီရက်ပိုင်းအတွင်း မြစ်ကြီးနားမြို့ဘက်ခြမ်းကနေ ပစ်ခတ်တဲ့လက်နက်ကြီးတွေကတော့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ မော်ဖောင်းရွာအနောက်ဖက်ကအမြှောက်တပ် နဲ့ ကြက်ပေါက်ခြံ ရပ်ကွက်မှာရှိတဲ့ ကြံ့ခိုင်ရေးရုံး မှာ လက်နက်ကြီးအထိုင်ချပြီးပစ်ခတ်နေတာလို့ မြစ်ကြီးနားမြို့တွင်းက ကာကွယ်ရေးတပ်ဘက်ကပြောပါ တယ်။ “သူတို့ပစ်တဲ့လက်နက်ကြီးကတော့ ၁၂၀ မမ များတယ် သူတို့ပစ်နေတာကိုအသံနားထောင်ရင် သိသာ တယ်။ ပြီးတော့ နေရာတွေကတော့ ကြက်ပေါင်ခြံရပ်ကွက်က ကြံ့ခိုင်ရေးရုံးမှာလက်နက်ကြီး ထောင်ထားတယ် လည်းကြားတယ်၊ ပြီးရင် အမြှောက်တပ်က လက်နက်ကြီးတွေကိုလည်း မပခထဲ ရွှေ့ထားတယ်ပြောတယ်” ကချင်လွတ်လပ်ရေးတပ်တော် KIA နဲ့ ပူးပေါင်အဖွဲ့တွေဟာ ဒီကနေ့ မေလ ၂၁ ရက်နေ့အထိ ရွှေညောင်ပင် ခလရ ၃၂၁ တပ်စခန်းကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဒဘတ်ချောင်းအနီးတစ်ဝှိုက်မှာရှိတဲ့ စခန်း ၉ ခုလောက်ကို သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။ လက်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းအဖွဲ့တွေရဲ့ စစ်ဆင်ရေးအရ ဝိုင်းမော်မြို့ပေါ် ဘက်ကို စစ်ရေးကဦးတည်လာနေပြီးတော့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်တယ်လို့ စစ်ရေးသတင်းရင်းမြစ် တွေကသုံးသပ်နေကြပါတယ်။ By – အမိုး
Read More » -
20 Mayစစ်ရေး
မြစ်ကြီးနားမြို့မှာ ဘာတွေဖြစ်နေလဲ
“အိမ်တောင်လှုပ်ပါတယ်ဆို အမိုးတွေကအစ တော်တော်ကိုကျယ်တယ်ကြီးတယ်၊ ဘာလက်နက်လည်း တော့လည်းခန့်မှန်းလို့တောင်မရပါဘူး ၃ ရက်ရှိပြီ ဒီမနက်လည်းကြားတယ်၊ ဒီမနက်လည်းတော်တော်ကို ကျယ်တယ်၊ ညလည်းတစ်ညလုံးပဲ မနေ့ကဆို နေ့ကို တစ်နေကုန်ပဲဆော်နေတာ” ဒါ့ကတော့ ဒီရက်ပိုင်းအတွင်း မြစ်ကြီးမြို့တစ်မြို့နယ်လုံးနီးပါးကနေ လက်နက်ကြီးသံတွေဆက်တိုက်ကြားနေရတဲ့အခြေနေကို မြစ်ကြီးနားမြို့ဒေသခံတစ်ယောက်ပြောပြတာပါ။ ကချင်ပြည်နယ်…
Read More » -
20 Mayတိုက်ပွဲ
တာလောကြီးကျေးရွာကို စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲ
မြစ်ကြီးနားမြို့နယ် တာလောကြီးကျေးရွာကို စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။ မေလ ၂၀ ရက်နေ့လည် ၁ နာရီခွဲအချိန်ခန့်မှာ စစ်ကောင်စီက ဂျက်လေယာဉ် တစ်စီးနဲ့ ဗုံး ၃ လုံးကြဲခဲ့တာဖြစ်ပြီး တာလောကြီးကျေးရွာက အရင်ရဲစခန်းဟောင်းနဲ့…
Read More » -
20 Mayသတင်း
မြစ်ဆုံအထက် တယန်ဇွပ်တစ်ဝိုက်မှာ စစ်ကောင်စီတပ်နဲ့ KIO ရဲ့ ခွင့်ပြုချက်နဲ့ လုပ်ငန်းရှင်တချို့ မရပ်မနားသစ်ထုတ်လုပ်
မြစ်ကြီးနား – ဆွမ်ပရာဘွမ်လမ်း မြစ်ဆုံအထက် တယန်ဇွပ်တစ်ဝိုက်မှာ စစ်ကောင်စီတပ်နဲ့ KIO ရဲ့ ခွင့်ပြုချက်နဲ့ လုပ်ငန်းရှင်တချို့ မရပ်မနားသစ်ထုတ်လုပ်နေပြီး ကားလမ်းပိတ်ထားပေမယ့် သစ်ကားကြီးတွေက ညတိုင်သွားလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “တန်ဖရဲရွာကနေကျော်တက်သွားပြီး အခုတော့ ဟိုး..အထက်ဘက် ဆက်ထုတ်နေတယ်။ ဆွမ်ပရာဘွမ်လမ်းဘက် ထုတ်နေတယ်။ မရပ်မနား ဆက်တိုက်ပါပဲ။ ညပဲဖြတ်တယ်။ အဲဒီသစ်ကားကြီးတွေက အရှိန်နဲ့ အရမ်းမြန်မောင်းတယ်လေ။ သူတို့သစ်ကားဖြတ်ပြီဆို လူကိုလည်း တိုက်ပစ်လိုက်တယ်၊ ကျွဲ၊နွားတွေကိုလည်း တိုက်ပစ်လိုက်တယ်။ တစ်ညတည်းမှာ နွား ၂ ကောင်ကို ကားနဲ့တိုက်သွားတာရှိတယ်။ သူတို့ အဲလိုကားနဲ့တိုက်တာကြောင့် ရွာက နွားတွေတောင် တော်တော်သေတယ်။ ညပဲသွားတယ်။ နေ့ဆို လုံး၀ မတွေ့ဘူး။ ည ၁၀ နာရီဆိုတာနဲ့သွားပြီ။ တစ်ညမှာ ကားအစီး ၂၀ ကျော်လောက်ဖြတ်တယ်”လို့ တယန်ဇွပ်ဒေသခံတစ်ဦးက ပြောပါတယ်။ မြစ်ကြီးနား – ဆွမ်ပရာဘွမ်လမ်းပိတ်ထားတာ ၂ လကျော်ကြာလာပြီဖြစ်ပြီး တခြားခရီးသွားကားနဲ့ ကုန်တင်ကားတွေ ဖြတ်သန်းသွားလာခွင့်မရပေမဲ့လည်း သစ်ကားကြီးတွေတော့ မှောင်ခိုပုံစံနဲ့ ညအချိန်မှာသာ သယ်ထုတ်နေပြီး သစ်ကားတိုက်မှုကြောင့် ကျွဲ၊ နွားသေဆုံးတဲ့အပြင် လူထိခိုက်တာတွေပါ ရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။ လက်ရှိ သစ်ထုတ်လုပ်မှုလုပ်ငန်းကို စစ်ကောင်စီကတော့ လမ်းကြောင်းသွားလာခွင့်ပြုထားပြီး ကချင်လွတ်လပ်ရေးအစိုးရအဖွဲ့(KIO)ကတော့ အခွန်နဲ့လုပ်ကိုင်ခွင့်ပြုထားတာဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။ မြစ်ဆုံဒေသမှာ လုပ်ငန်းရှင် ခရိုနီတချို့ အရင်ကတည်းက ကျွန်းသစ်နဲ့ တခြားသစ်မာတွေကို ဆက်တိုက်ထုတ်ယူခဲ့ပြီး လက်ရှိမှာတော့ မြစ်ဆုံဒေသ၊ ဖုန်အင်၊ အင်ဆော့–စတဲ့ကျေးရွာတစ်လျှောက် သစ်ပင်ကြီးတွေကုန်သလောက်ဖြစ်သွားပြီလို့ သိရပါတယ်။ ဒါကြောင့် မြစ်ဆုံအထက်ဘက် ဆွမ်ပရာဘွမ်လမ်း တယန်ဇွပ်ဘက်မှာ ဆက်လက်ထုတ်ယူနေပြီး လမ်းပိတ်ထားတဲ့ပြီးခဲ့တဲ့ ၂ လတာအတွင်း ပိုမိုဆိုးရွားစွာ အလွန်အကျွံ သစ်ထုတ်ယူနေကာ တစ်ညမှာ သစ်ကားကြီးအစီး ၂၀ ကျော် ပုံမှန်ဖြတ်နေတယ်လို့ ဆိုပါတယ်။ “အရင်ကလည်း သစ်ထုတ်တာတော့ အရမ်းထုတ်တယ်။ နေ့ ၊ ညမပြတ် သစ်ကားတွေဖြတ်တယ်။ ဒါပေမဲ့ အခုတော့ အခြားကားတွေ၊ ခရီးသည်၊ ကုန်ကားတွေတော့ မဖြတ်ခိုင်းပြီး သူတို့ သစ်ကားကြီးတွေပဲ ညတိုင်းဖြတ်တာ။ နေခင်းဆို အို..တောချောင်တွေထဲ တန်းစီပုန်းထားပြီး ညရောက်ပြီဆိုတာနဲ့ ဆင်းလာပြီ။ တန်းစီဖြတ်လာပြီ”လို့ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အရေးယူပေးမယ့်သူမရှိတာကြောင့် ဒေသခံတွေကတော့ ဒီလုပ်ရပ်တွေကို အလိုမရှိပေမဲ့ အရေးယူပေးဖို့အတွက် ဘယ်အဖွဲ့ကိုတောင်းဆိုရမှန်းမသိတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဆိုပါတယ်။ Kachin Environmental Group(KEG)အဖွဲ့က စာရင်းပြုစုထားချက်အရ ပြီးခဲ့တဲ့ ၄ လတာကာလအတွင်း သူဌေးတစ်ယောက်တည်းမှာတင် သစ်တန် ၁,၀၀၀ ခန့် ထုတ်ယူထားတယ်လို့ သိရတယ်လို့ ပြောပါတယ်။ အခုလိုသစ်ထုတ်လုပ်ဖို့ အလွန်အကျွံလုပ်ဆောင်နေတာတွေကို တာဝန်ယူဖြေရှင်းပေးဖို့ အဲဒီဒေသမှာ အုပ်ချုပ်နေသူတွေမှာ တာဝန်ရှိတယ်လို့ KEG က ထောက်ပြပြောဆိုပါတယ်။ “ဒီသစ်ထုတ်လုပ်မှုနဲ့ပတ်သက်ပြီး အဲဒီဒေသမှာ ထိန်းချုပ်၊ အုပ်ချုပ်နေတဲ့သူတွေပေါ်မှာ တာဝန်ရှိတယ်။ ဒါပေမဲ့ အခုချိန်က နိုင်ငံရေးမကောင်းတာကို အခွင့်ကောင်းယူပြီး လုပ်စားနေကြတာဆိုတော့ အရမ်းကြီး တကယ်တာဝန်ယူဖြေရှင်းပေးဖို့ ခေါင်းဆောင်တွေ ဘယ်သူမှ မရှိဘူး။ ဒါကြောင့် သူတို့က ပိုပြီးလုပ်စား ပျော်နေကြတာဖြစ်တယ်”လို့ပြောပါတယ်။ မြစ်ဆုံဒေသကို စစ်တပ်အာဏာသိမ်းပြီးနောက် လုပ်ငန်းရှင် ဦးယွပ်ဇေခေါင် က နယ်မြေပိုမိုကျယ်ပြန့်စွာ သိမ်းယူလိုက်ပြီး ရွှေတူးဖော်တဲ့အပြင် သစ်ထုတ်လုပ်မှုတွေပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ မြစ်ဆုံတစ်လျှောက် တန်ဖရဲ၊တန်ယန်ဇွပ် ဒေသမှာသစ်ထုတ်လှုပ်မှုတွေဟာ သိသိသာသာ ထုတ်ယူလာကြတာဖြစ်ပြီး အရင်နှစ်တွေထက် ၂ ဆနှုန်းနဲ့ ထုတ်ယူနေကြတာဖြစ်တယ်လို့ သိရပါတယ်။မြစ်ဆုံအထက် မြစ်ကြီးနား – ဆွမ်ပရာဘွမ်လမ်းတစ်ကြော ကျွန်းသစ်နဲ့ တခြားသစ်မာကြီးတွေထုတ်လုပ်နေသူတွေဟာ ဘယ်လုပ်ငန်းရှင်တွေဆိုတာကိုတော့ အတိအကျ သိရဖို့ KNG ကလည်း ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။ By – ဂျာဘောက်ရာ
Read More » -
17 Mayသတင်း
ကားတိုက်ခံရတဲ့ လူနာသေဆုံး
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မေလ ၁၆ ရက်ည ကားတိုက်ခံရတဲ့ အမျိုးသားတစ်ဦး ဆေးရုံတင်ထားရာ ဒီမနက်ဆုံးသွားပြီဖြစ်တယ်လို့ ချီဆောင်ခြင်းလူမှုကယ်ဆယ်ရေး အသင်းတွေ ဆီကနေသိရပါတယ်။ မေလ ၁၆ ရက် မနေ့ည ၈နာရီခွဲဝန်းကျင် အေးမြသာယာဈေးအနီး ရှမ်းရွာလမ်းကနေ ဈေးဘက်…
Read More » -
15 Mayစစ်ပြေးဒုက္ခသည်များ
စစ်ဘေးရှောင်စခန်းက ကလေးငယ်တစ်ချို့ ကျောင်းနားရမယ့် အခြေနေကြုံနေရ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရဲ့ တစ်ဖက်ကမ်း ဝိုင်းမော်မြို့နယ် ဧရာဝတီမြစ်ဘေး၊ နောင်းချိန်းကျေးရွာအုပ်စု လဘန်ရွာမှာ တိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင်တွေထဲက ကျောင်းသား/သူတွေ တစ်ချို့ ကျောင်းနားရမယ့် အခြေနေကြုံနေကြရတယ်လို့ စစ်ဘေးရှောင်စခန်းတာဝန်ရှိသူတွေဆီကသိရပါတယ်။ လဘန်ရွာက စစ်ဘေးရှောင်စခန်းမှာ ပြီးခဲ့တဲ့ မတ်လက ဖြစ်ပွားခဲ့တဲ့ ဝိုင်းမော်မြို့နယ်…
Read More » -
8 Mayသတင်း
ရမ်ပူရပ်ကွက်မှာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူများ အကြမ်းဖက်တာတွေပါပြုလုပ်လာ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူတွေဟာ အကြမ်းဖက်မှုတွေကိုပါပြုလုပ်လာတယ်လို့ ရမ်ပူရပ်ကွက်နေပြည်သူတွေဆီကနေ သိရပါတယ်။ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူတွေက မူးယစ်ဆေးဝါးကိုရပ်ကွက်အတွင်း လမ်းမ၊လမ်းကြားပါမကျန် ပေါ်ပေါ်တင်တင် ရောင်းဝယ်သုံးစွဲနေတာဘဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ မူးယစ်ဆေးဝါး နှိမ်နှင်းရေးမှာ တက်တက်ကြွကြွ ပါဝင်နေတဲ့ ဦးပေါက်စခေါ် ရပ်ကွက်လူကြီးတစ်ဦးကို မျက်စိတစ်ဖက်ကွယ်သွားတဲ့အထိ မူးယစ်ဆေးသမားတွေက အကြမ်းဖက်ရိုက်နှက်ခဲ့တယ်လို့ ရမ်ဘူရပ်ကွက်နေ ပြည်သူအမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။ “ဦးပေါက်စက မူးယစ်ဆေးဝါးရောင်းတဲ့ သူတွေကို မောင်းထုတ်တဲ့ ထဲမှာ တက်တက်ကြွကြွပါဝင်တော့ မကျေနပ်တော့ ဖိုးသမား ၄ယောက်က ကျောက်ခဲတွေနဲ့ ထုနှက်ရိုက်သွားတာ မျက်စိတောင်ကွယ်သွားတယ် ကုလို့တောင်မရတော့ ဘူ”လို့ဆိုပါတယ်။ အခုလို ရမ်ဘူရပ်ကွက်မှာ မူးယစ်ဆေးဝါးတွေကို ပေါ်ပေါ်တင်တင် ရောင်းဝယ်သုံးစွဲနေတာဟာဆိုရင် နှစ်နှစ်ဝန်းကျင်ရှိလာပြီ ဖြစ်တယ်လို့ လည်း ဒေသခံတွေကဆိုပါတယ်။ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေဟာ ပေးဆပ်သူလူမှုကယ်ဆယ်ရေး လမ်းကြားတည့်တည့် မှာရှိတဲ့ ကုန်းတံတားနဲ့ ခင်မာသီရိလမ်းသွယ်၂၄ ကြား မှာ နေ့တိုင်း မနက်၅နာရီလောက်ကနေ ည ၁၂နာရီ ဝန်းကျင်လောက်ထိရှိနေတတ်တယ်လို့ သိရပါတယ်။ ဒါအပြင် ရပ်ကွက်နေပြည်သူတွေအပြင် ရပ်ကွက်ထဲဝင်လာသူတိုင်းကို မူးယစ်ဆေးဝါးဝယ်ယူဖို့ ဖျားယောင်းသွေးဆောင်မှုတွေကို ပေါ်ပေါ်တင်တင်လုပ်ဆောင်နေသလို တစ်ဖက်မှာလည်း လူမြင်ကွင်းရှေတွေမှာဘဲ မူယစ်ဆေးဝါးသုံးစွဲနေကြတယ်လို့ ရပ်ဘူရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ခုလိုပြောပါတယ်။ “သူတို့က လူမြင်ကွင်းမှာဘဲ ဘောင်းဘီတွေချွတ်ပြီး ယောက်ကျားလေး အင်္ဂါတွေမှာ ထိုးသွင်းနေကြတာ မြင်ရတာ လုံးဝ အဆင်မပြေဘူး အမျိုးသား အချင်းချင်းတောင် မြင်ရတာ အဆင်မပြေဘူး”လို့ ဆိုပါတယ်။ မူးယစ်ဆေးဝါးရောင်းဝယ် သုံးစွဲတဲ့သူတွေကို ရပ်ကွက်တွင်း ခုလိုလုပ်ရပ်မျိုးတွေ မလုပ်ဖို့ ကောင်းကောင်းမွန်မွန်ပြောဆိုပေမယ့်လည်း နားမထောင်တဲ့ အပြင် ရပ်ကွကနေပြည်သူတွေကိုပါ ရန်ပြုလာတယ်လို့ သိရပါတယ်။ ဒီမူးယစ်ဆေးဝါးကိစ္စနဲ့ပတ်သက်ပြီး ရဲစခန်းကိုတိုင်တန်းခဲ့ပေမယ့် ထိထိရောက်ရောက်အရေးယူပေးတာမရှိဘူးလို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။လက်ရှိမှာတော့ ရမ်ဘူရပ်ကွက်နေ ပြည်သူတွေကဘဲ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေကို မောင်းထုတ်တာတွေကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်အနှံ့မှာ လည်း လောင်းကစားရုံတွေ အပြင်၊ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုတွေ များလာတာနဲ့ အတူ ခိုးဆိုးလုနှိုက်တွေ များပြားလာတာဘဲ ဖြစ်ပါတယ်။ By – Hope
Read More » -
6 Mayသတင်း
ဆွမ်ပရာဘွမ်မြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ရုပ်အလောင်း ၁၅ လောင်းတွေ့ရှိ
မြစ်ကြီးနား – ပူတာအိုလမ်းမပေါ် ရှိ ဆွမ်ပရာဘွမ်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ KPDF၊KPF ပူးပေါင်းတပ်က အပြီးသတ်သိမ်းပိုက်ထိန်းချူပ်လိုက်ပြီး စခန်းသိမ်းတိုက်ပွဲအတွင်း စစ်တပ်အလောင်း ၁၅ လောင်းခန့်တွေ့ရှိတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေပြောပါတယ်။ ဆွမ်ပရာဘွမ် စစ်ကောင်စီဗျူဟာတပ် ခလရ ၄၆ တပ်ရင်းကို KIA ပူးပေါင်းတပ်ဘက်က မေလ ၄ ရက်နေ့ မနက် ၆နာရီကစပြီး တစ်ဖန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်ရာစစ်ကောင်စီတပ်သားတွေ ခုခံနိုင်စွမ်းမရှိတော့တာကြောင့် တပ်ရင်းမှူး ၂ ဦးနဲ့အတူတပ်သားတစ်ချို့ ထွက်ပြေးသွားပြီးနောက် KIA ဘက်က မတ်လ ၅ ရက်နေ့ မနက်ပိုင်း အပြီးသတ်ဝင်သိမ်းလိုက်တယ်လို့ ဆိုပါတယ်။ တိုက်ပွဲ ၂လအတွင်း စစ်တပ်ဘက်က အစာရေစာရိက္ခာပြတ်လပ်ပြီး ငှက်ပျော်အူတွေသာ စားနေရတဲ့အခြေနေရှိနေတာကိုလည်း တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။ “စစ်တပ်က အစာရေစာငတ်ပြတ်သွားပြီး သူတို့တပ်စခန်းထဲက ငှက်ပျောအူတွေကိုပဲ နုတ်စားပြီးနေကြတော့တာဆန်တွေလည်း တစ်စိမျှမရှိဘူး။ သူတို့ ရိက္ခာပြတ်ပြီး အစာငတ်ပြတ်နေတာ ၁ လကျော်ပြီလေ။တပ်ရင်းမှူးက ကျနော်တို့ဝင်တိုက်လာတဲ့အချိန်မှာပဲ ညကြီးမိုးချူပ် သူ့တပ်သားတွေနဲ့ ထွက်ပြေးသွားတယ်။ ၄၆ တပ်ရင်းမှူးနဲ့ ၃၇ တပ်ရင်း ၂ ယောက်ပါတယ်။ စခန်းထဲ စစ်တပ်အလောင်း ၁၅ လောင်းခုလောက်တွေ့တယ်” လို့ ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ကချင်သတင်းဌာန KNG ကိုပြောပါတယ်။ ဆွမ်ပရာဘွမ်ကို အပြီးသတ်သိမ်းပိုက်ဖို့ မေလ ၄ ရက်နေ့ မနက်အစောပိုင်းကစပြီး KIA ဘက်က စစ်တပ်ထဲကို ဒရုန်း၊ လက်နက်ကြီးတွေနဲ့ အရင်ဆုံးပစ်ခတ်ခဲ့ပြီးနောက် ညနေ ၂ နာရီခွဲမှာတော့ ခြေလျင်နဲ့ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သူကဆက်ပြောပါတယ်။ အဲဒီနောက် ည ၁၁ နာရီလောက်မှာတော့ စစ်တပ်စခန်းထဲကို ဝင်ရောက်နေရာယူရှင်းလင်းလိုက်နိုင်ပြီး မေလ ၅ ရက်နေ့ မနက် ၅ နာရီကစ ဆွမ်ပရာဘွမ်ခြေကုတ်စခန်းကို အကာအကွယ်ပေးနေတဲ့ ရှေ့တန်းစခန်းငယ်အားလုံးကိုရှင်းလင်းကာမနက် ၉ ခွဲမှာတော့ အားလုံးအပြီးသတ်ရှင်းလင်းသိမ်းပိုက်လိုက်တာဖြစ်တယ်လို့ ပြောပါတယ်။ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီး၊လက်နက်ငယ် စုစုပေါင်း ၆၀ ကျော်သိမ်းဆည်းရမိပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုရှိတယ်လို့ ဆက်လက်သိရပါတယ်။ ဆွမ်ပရာဘွမ်စစ်တပ်စခန်းကို KIA ဘက်က အပြီးသတ်ထိုးစစ်ဆင် တိုက်ခိုက်ချိန် စစ်ကောင်စီအင်အား ၄၀ ဝန်းကျင်သာ စခန်းထဲမှာကျန်ရှိတော့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်ကျော်ကစပြီး ဆွမ်ပရာဘွမ်ခလရ ၄၆ တပ်ရင်း ဗျူဟာမြောက်စခန်းကုန်းကြီးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ KPDF ၊ KPF တပ်ပေါင်းစုတွေ စတင်တိုက်ခိုက်ခဲ့ရာ ၂ လ နီးပါးအကြာ မေလ ၅ ရက်နေ့ မနေ့က မနက် ၉ နာရီခန့်မှာပဲ အပြီးသတ်သိမ်းပိုက်လိုက်ခြင်းဖြစ်ပါတယ်။…
Read More »