စစ်ရေးသတင်း

မြစ်ကြီးနားမြို့မှာ ဘာတွေဖြစ်နေလဲ

အိမ်တောင်လှုပ်ပါတယ်ဆို အမိုးတွေကအစ တော်တော်ကိုကျယ်တယ်ကြီးတယ်၊ ဘာလက်နက်လည်း တော့လည်းခန့်မှန်းလို့တောင်မရပါဘူး ၃ ရက်ရှိပြီ ဒီမနက်လည်းကြားတယ်၊ ဒီမနက်လည်းတော်တော်ကို ကျယ်တယ်၊ ညလည်းတစ်ညလုံးပဲ မနေ့ကဆို နေ့ကို တစ်နေကုန်ပဲဆော်နေတာ

ဒါ့ကတော့ ဒီရက်ပိုင်းအတွင်း မြစ်ကြီးမြို့တစ်မြို့နယ်လုံးနီးပါးကနေ လက်နက်ကြီးသံတွေဆက်တိုက်ကြားနေရတဲ့အခြေနေကို မြစ်ကြီးနားမြို့ဒေသခံတစ်ယောက်ပြောပြတာပါ။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တစ်မြို့နယ်လုံးနီးပါး ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့ကစလို့ လက်နက်ကြီးသံတွေ ဆက်တိုက်ကြားနေရတယ်လို့ မြစ်ကြီးနားမြို့ဒေသခံတွေဆီကသိရပါတယ်။

ဒီလက်နက်ကြီးသံတွေစတင်ကြားတဲ့နေ့ကတော့ ဝိုင်းမော်မြို့နယ် အောင်မြေ ၁၊ အောင်မြေ ၂ အပါအဝင် ကဇူးရွာကတပ်စခန်း၊ ရွှေညောင်ပင်ရွာက ခလရ၃၂၁ တို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပူးပေါင်းအဖွဲ့တွေက တစ်ပြိုင်တည်းစတင်တိုက်ခိုက်တဲ့ မေလ ၁၈ ရက်နေ့ကဖြစ်ပါတယ်။

တိုက်ပွဲပြင်းထန်လာတာနဲ့အမျှ ဝိုင်းမော်၊ မြစ်ကြီးနားတို့မှာရှိတဲ့ စစ်ကောင်စီတပ်‌တွေဟာတပ်စခန်းတွေနဲ့ အရပ်သားရှ်ိတဲ့ နေလက်ရာတစ်ချို့မှာ လနက်ကြီးအထိုင်ချထားပြီး နေ့ည မပြတ်ပစ်နေတာလို့ မြစ်ကြီးနားမြို့တွင်းက ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။

သူတို့ပစ်တဲ့လက်နက်ကြီးကတော့ ၁၂၀ မမ များတယ် သူတို့ပစ်နေတာကိုအသံနားထောင်ရင်သိသာတယ်။ ပြီးတော့ နေရာတွေကတော့ ကြက်ပေါင်ခြံရပ်ကွက်က ကြံ့ခိုင်ရေးရုံးမှာလက်နက်ကြီးထောင်ထားတယ်လည်းကြားတယ်၊ ပြီးရင် အမြှောက်တပ်က လက်နက်ကြီးတွေကိုလည်း မပခထဲရွှေ့ထားတယ်ပြောတယ်လို့မြစ်ကြီးနားမြို့တွင်းလှုပ်ရှားနေတဲ့ ကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။

လက်ရှိကြားနေရတဲ့ လက်နက်ကြီးသံတွေကတော့ ဝိုင်းမော်မြို့နယ် ခလရ ၅၈ တပ်ရင်း၊ မြစ်ကြီးနားမြို့ ကြက်ပေါင်ခြံ ရပ်ကွက်မှာရှိတဲ့ ကြံ့ခိုင်ရေးရုံးမှာ ပြီးခဲ့တဲ့လအနည်းငယ်ကပဲအထိုင်ချထားတဲ့လက်နက်ကြီးအပြင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် နဲ့ မော်ဖောင်းအနောက်ဘက်က အမြှောက်တပ်တို့ကနေ ပစ်ခတ်နေ ကြတာလို့ ကာကွယ်ရေးတပ်တွေဘက်ကပြောပါတယ်။

လက်နက်ကြီးတွေအထိုင်ချပြီးပစ်ခတ်တဲ့နေရာတွေအရ အသုံးပြုတဲ့လက်နက်ကြီး ၁၂၀ မမ အရဆိုရင် မြစ်ကြီးနားမြို့တွင်းနဲ့ မြို့နယ်နေရာအတော်များများကို ကျယ်ကျယ်လောင်လောင်ကြားစေသလို နေအိမ်တွေလှုပ်ခပ်သွားလောက်အောင် ကျယ်လောင်တဲ့ တုန်ခါမှုဖြစ်စေနိုင်တယ်လို့ ကာကွယ်ရေးတပ်တွေဘက် ကပြောပါတယ်။

၁၂၀ မမဆိုတာက ပစ်လိုက်တဲ့အချိန်မှာ သူ့ရဲ့တုန်ခါမှု သူရဲ့ပေါက်ကွဲမှုအားက တစ်မြို့လုံးကြားနိုင်တယ် ဒါ့ ကြောင့် အတော်ကျယ်ကျယ်ကြားရတယ်လို့ကာကွယ်ရေးတပ်ဘက်က လက်နက်ကြီးတပ်ဖွဲ့ဝင်တစ်ယောက်ကပြောပါတယ်။

လက်ရှိ တိုက်ပွဲဖြစ်နေတဲ့ ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်တစ်ဝှိုက်ဟာ မြစ်ကြီးနားမြို့ဧရာဝတီမြစ်ရဲ့တစ်ဖက်ကမ်းမှာပဲတည်ရှိတာဖြစ်ပြီး လက်နက်ကြီးတွေပစ်ခတ်နေတဲ့ မြစ်ကြီးနားမြို့ ကြက်ပေါင်ခြံရပ်ကွက်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့နဲ့ ဧရာဝတီမြစ်သာခြားပါတယ်။

ဒါ့ကြောင့် ကြက်ပေါင်ခြံရပ်ကွက် ကြံ့ခိုင်ရေးရုံးမှာအထိုင်ချထားတဲ့ လက်နက်ကြီး၊ မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ်တို့ကနေ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌တိုက်ပွဲပြင်းထန်နေတဲ့ ရွှေညောင်ပင်ရွာဘက်ကိုလက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ကူနေတာလို့ သိရပါတယ်။

တစ်ဖက်မှာတော့ လယ်ကုန်းရပ်ကွက်ပေါ်ဦးဘုန်းကြီးကျောင်း၊ လေတပ်နဲ့စန်းကားကြားမှာရှိတဲ့ရေလယ်ကျွန်းတို့မှာလည်း လက်နက်ကြီးတွေအထိုင်ချထားတယ်လို့ ကာကွယ်ရေးတပ်တွေဆီကဆိုပေမဲ့ အဲ့ဒီနေရာအနီးတစ်ဝှိုက်နေထိုင်တဲ့ဒေသခံတွေကို ဆက်သွယ်ကြည့်ရာ ဒီနေရာတစ်ဝှိုက်ကနေတော့ လက်နက်ကြီးတွေပစ်ခတ်တာမရှိဘူးလို့ပြောပါတယ်။

အခုလို စစ်ကောင်စီတပ်တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းအဖွဲ့တွေအကြား တိုက်ပွဲပြင်း ထန်လာတာနဲ့အမျှ မြစ်ကြီးနားမြို့တွင်း စစ်ဆေးရေးတင်းကြပ်လာတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီရက်ပိုင်း ရဲတွေကတော့ မြစ်ကြီးနားမြို့တွင်းထဲမှာ ကားအမြင့်တွေ ပါဂျဲရိုတို့၊ လန်ခရူဇာ တို့ပုံစံတွေပေါ့ အဲ့ကားတွေကိုစစ်နေတယ် မြို့ပတ်ပတ်လည်ပဲပြောရမယ် မျက်မြင်တောင်မှ ၁၀ ယောက်လောက် မြို့တွင်း လမ်းထောင့်တိုင်းမှာလိုစစ်နေတာ နေ့တိုင်းလိုလိုကိုစစ်နေတာ ၃ ရက်လောက်ရှိပြီ ဘာ့ကြောင့်စစ်လဲတော့ မသိပေမဲ့ အခုလိုရက်ပိုင်းကတော့ပိုစစ်မှာပဲလေလို့ မြစ်ကြီးနားမြို့တွင်းဒေသခံတစ်ယောက်ကပြောပါတယ်။

မြို့တွင်းစစ်ဆေးနေတဲ့ စစ်ကောင်စီအဖွဲ့တွေဟာ ယူနီဖောင်းအပြည့်အစုံတွေနဲ့စစ်ဆေးနေတာဖြစ်ပြီးတော့ မြို့တွင်းမှကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့လည်းဖမ်းဆီးခံရတာတွေရှိတယ်လို့သိရပါတယ်။

ဒါ့အပြင် ခေမာသီရိရပ်ကွက်ထဲမှာရှိတဲ့ အမှတ် ၂ ရဲစခန်း၊ ပြည်နယ်အရံရဲစခန်း၊ လယ်ကုန်း ရပ်ကွက်ရှိ ရဲတပ်ရင်း၃၀ နဲ့ အကျဥ်းထောင်ဘက်ကနေလည်း လက်နက်ငယ်တွေပစ်ခတ်တာတွေရှိသလို ဒီရက်ပိုင်း ကင်းထောက် ဒရုန်းတွေဝဲပြီး လုံခြုံရေးအတွက် မြို့တွင်းအနှံ့စောင့်ကြည့်တာတွေလုပ်နေတယ်လို့ ဆိုပါတယ်။

တစ်ဖက်မှာ မြစ်ကြီးနားမြို့နယ်အတွင်း မာရှယ်လောထုတ်ထားတယ်လို့ ကောလဟာလသတင်းတွေ ထွက်နေသလို အဲ့ဒီသတင်းနဲ့အတူ ည၁၀နာရီထွက်ရင် ပစ်မိန့်ပေးထားတယ်ဆိုတဲ့ သတင်းတွေလည်းထွက်နေပေမဲ့ ဒီအခြေနေနဲ့ပတ်သက်လို့တော့ စစ်ကောင်စီဘက်က အတိအကျသတင်းထုတ်ပြန်လာတာတော့ မရှိသေးပါဘူး။

မြစ်ကြီးနားမြို့တွင်းမှာ အမှတ် ၁ မြို့မရဲစခန်း၊ ခေမာသီရိရပ်ကွက်မှာရှိတဲ့ အမှတ် ၂ ရဲစခန်း၊ ခရိုင်ရဲတပ်ဖွဲ့ရုံး၊ ပလနယ်မြေမှာရှိတဲ့ နယ်မြေရဲစခန်း( အမှတ် ၃ ရဲစခန်း)၊ သီတာရပ်ကွက် ဂေါက်ကွင်းရှေ့ အရံရဲတပ်ဖွဲ့၊ မြို့မရပ်ကွက် မိုးလုံလေလုံအားကစားကွင်းရှေ့က ပြည်နယ်ရဲတပ်ဖွဲ့ရုံး နဲ့ အလယ်ကုန်းရပ်ကွက်မှာရှိတဲ့ ရဲတပ်ရင်း ၃၀ စတဲ့ ရဲတပ်ဖွဲ့တွေအထိုင်ချရာစခန်းတွေရှိပါတယ်။

ဒီရဲတပ်ရင်းတပ်ဖွဲ့တွေအထိုင်ချရာစခန်းတွေကိုလည်း မြစ်ကြီးနားမြို့တွင်း ပြောက်ကျားစစ်ရေးလှုပ်ရှားတဲ့ ကာကွယ်ရေးတပ်တွေဘက်က ပြီးခဲ့တဲ့နှစ်တွေမှာ အလှစ်အငိုက်တိုက်ခိုက်တာတွေရှိခဲ့ပါတယ်။

တစ်ဖက်မှာ မြစ်ကြီးနားမြို့တွင်းနေထိုင်တဲ့ဒေသခံတွေအနေနဲ့တော့ ဒီရဲတပ်ရင်းတပ်စခန်းတွေထဲက လက်နက်ကြီးတွေရမ်းသမ်းပစ်ခတ်နေတာလားဆိုပြီး ပြောဆိုနေကြပေမဲ့ ကာကွယ်ရေးတပ်ဘက်ကတော့ အခုလိုပြောပါတယ်။

ဒီရဲစခန်းတပ်ရင်းတွေကနေတော့ လက်နက်ကြီးတွေပစ်တာမဖြစ်နိုင်ပါဘူး ဒီရဲတပ်ရင်းတွေနားမှာက လည်း ကျနော်တို့အဖွဲ့တွေရှိပါတယ် ဒေသခံတွေထင်သလိုမဟုတ်ပါဘူး ရန်သူရဲ့ တည်နေရာက စစ်ကောင် စီတပ်က သိပြီးသားပါ သူတို့က ဒရုန်းနဲ့လိုက်ကြည့် ဖြစ်နိုင်တဲ့နေရာကို ချိန်ပြီးပစ်တာ မပခရယ် ကြက်ပေါင်ခြံက ကြံ့ ခိုင်းရေးရုံးတို့ကပစ်တာပေါ့ ပြီးရင် မော်ဖောင်းအနောက်ဖက်က အမြှောက်တပ်ပေါ့ ဒါကတော့ မြစ်ကြီးနား ဘက်ကပေါ့ ဝိုင်းမော်ကတော့ ၅၈ ကတော့ ပြောစရာမလိုဘူးပေါ့လို့ပြောပါတယ်။

ဒါ့အပြင် ဝိုင်းမော်မြို့နယ်မှာ တိုက်ပွဲစဖြစ်တဲ့ မေလ၁၈ ရက်နေ့ကစပြီး နန့်ပေါင်လေတပ်စခန်းလည်း လက်နက်ကြီးတွေနဲ့ပစ်ခတ်ခံခဲ့ရတာတွေရှိတယ်လို့ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့မနက်ပိုင်းကလည်း လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် နန့်ပေါင်လေတပ်စခန်း နဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီးက ပမ္မတီးရပ်ကွက်မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီး တစ်ယောက်အပါအဝင် ဒေသခံတစ်ချို့သေဆုံးခဲ့ရပါတယ်။

ဒါ့အပြင် စစ်ကောင်စီပစ်ခတ်တဲ့လက်နက်ကြီးတွေနဲ့အတူ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်အနီးတစ်ဝှိုက်က အရပ်သားနေအိမ်တွေထိမှန်ပျက်ဆီးတာတွေရှိသလို အရပ်သားသေဆုံးတာတွေလည်း ရှ်ိနေပါတယ်။

လက်ရှိ ကချင်လွတ်လပ်ရေးတပ်တော် KIA နဲ့ ပူးပေါင်အဖွဲ့တွေဟာ ဒီကနေ့ မေလ ၂၀ ရက်နေ့မှာတော့ ရွှေညောင်ပင် ခလရ ၃၂၁ တပ်စခန်းကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဒဘတ်ချောင်းအနီးတစ်ဝှိုက် မှာရှိတဲ့ စခန်း ၉ ခုလောက်ကို သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။

အခုလိုတိုက်ပွဲတွေပြင်းထန်လာတာနဲ့အတူ မေလ ၁၉ ရက်နေ့ကစလို့ ဝိုင်းမော်မြို့နယ် ခတ်ချိုအနီးတစ်ဝှိုက်အထိ နှစ်ဖက်တပ်တွေပစ်ခတ်မှုတွေရှိလာတဲ့အတွက် ဝိုင်းမော်မြို့ပေါ်ကဒေသခံတစ်ချို့အပါအဝင် နောင်ဟီး၊ စန်းကားကဒေသခံတွေအပါအဝင် အဲ့ဒီရွာမှာပြီးခဲ့တဲ့ရက်ပိုင်းကပဲ တိမ်းရှောင်နေကြတဲ့ အောင်မြေ ၁ ၊ အောင်မြေ ၂ ဒေသခံတွေပါထပ်မံတိမ်းရှောင်နေကြရပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပူးပေါင်းအဖွဲ့တွေဟာ ဝိုင်းမော်မြို့နယ်ထဲက စစ်ကောင်စီတပ်စခန်း တွေကို ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့မှာ တစ်ပြိုင်တည်းထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဝိုင်းမော်မြို့နယ်ထဲမှာ ကေအိုင်အေနဲ့ပူးပေါင်းအဖွဲ့တွေ မတိုက်ခိုက်ရသေးတာ ဝိုင်းမော် ခလရ ၅၈ နဲ့ ဝူယာန်ပြည်သူ့စစ်တပ်စခန်း တွေပဲကျန်တော့တာဖြစ်ပါတယ်။

လက်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းအဖွဲ့တွေရဲ့ စစ်ဆင်ရေးအရ ဝိုင်းမော်မြို့ပေါ်ဘက်ကို စစ်ရေးကဦးတည်လာနေပြီးတော့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်တယ်လို့ စစ်ရေးသတင်းရင်းမြစ် တွေကသုံးသပ်နေကြပါတယ်။

By – အမိုး

Show More

Related Articles

Back to top button