အင်းတော်

  • May- 2023 -
    2 May
    သတင်း

    အင်းတော်ကြီး ဒေသတွင် စက်ယန္တရားကြီးများဖြင့်ရွှေတူးဖော် မှုကြောင့်ဒေသခံများ သောက်သုံးရေအခက်တွေ့

    ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် အင်းတော်ကြီးဒေသတွင် စက်ယန္တရားကြီးများဖြင့် အလွန်အကျွံ ရွှေတူးဖော်နေမှုကြောင့် ဒေသခံများ သောက်သုံးရေး ပြဿနာကြုံတွေ့နေရကြောင်း သိရသည်။ စစ်အာဏာသိမ်းသည့် နောက်ပိုင်း လုံးတုံမြို့၊ မမုံကိုင်းကျေးရွာ ၊ မိုင်းနောင်ကျေးရွာသည့်ကျေးရွာဧရိယာများတွင် စက်ယန္တယားကြီးများဖြင့် အလွန်အကျွံရွှေတူးဖော်မှုကြောင့် ယခုလို သောက်သုံးရေပြဿနာ ကြုံတွေ့နေရကြောင်း…

    Read More »
  • Apr- 2023 -
    26 April
    သတင်း

    အင်းတော်တွင် စစ်ကောင်စီတပ် သတ်ဖြတ်ထားသည့် အရပ်သားပြည်သူ ၅ ဦး၏ ရုပ်အလောင်းတွေ့ရှိ

    စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ ဖမ်းဆီးသွားသည့် အရပ်သားပြည်သူ ၅ဦး တစ်လကျော်ခန့်အကြာမှ သတ်ဖြတ်ထားသည့် ရုပ်အလောင်းပြန်လည်တွေ့ရှိခဲ့ကြောင်းသိရသည်။ ပြီးခဲ့သော မတ်လ ၂၄ ရက်နေ့ စစ်အင်အား ၇၀ ဝန်းကျင်ရှိသော စစ်ကောင်စီတပ်ဖွဲ့သည် မံဟဲကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့စဉ် အမျိုးသား…

    Read More »
  • 25 April
    သတင်း

    အောင်းကုန်းကျေးရွာတွင် စစ်ကောင်စီတပ်မှ လူနေအိမ်များကို လိုက်လံမီးရှို့ဖျက်ဆီးနေ

    စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်ရှိ အောင်းကုန်းကျေးရွာတွင် စစ်ကောင်စီတပ်မှ နေအိမ်အချို့ကို  ၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးမှုများ လိုက်လံလုပ်ဆောင်နေသည်ဟု အင်းတော်ကာကွယ်ရေးတပ်မှ သိရသည်။ စစ်အင်အား ၇၀ နီးပါးရှိသည့်စစ်ကောင်စီစစ်ကြောင်းသည် ပြီခဲ့သော ဧပြီလ ၂၁ ရက်နေ့မှစပြီး အင်းတော်မြို့ အောင်းကုန်းကျေးရွာအတွင်းသို့…

    Read More »
  • 5 April
    သတင်း

    အင်းတော်တွင် အမျိုးသမီး ၃ ဦးကို စစ်ကောင်စီက ထောင်ဒဏ်တစ်သက် တစ်ကျွန်း ချမှတ်

    ကချင် စစ်ကိုင်းနယ်စပ် အင်းတော်မြို့တွင် ဧပြီလ ၃ ရက်နေ့တွင် အမျိုးသမီးသုံးဦးကို စစ်ကောင်စီက ထောင်ဒဏ် တစ်သက်တစ်ကျွန်းထပ်မံ ချမှတ်လိုက်ကြောင်း သိရသည်။ အင်းတော်ဒေသခံ CDM ကျောင်းဆရာမ ဒေါ်သိန်းလှ အသက် ၄၀ နှင့် စျေးသည် ဒေါ်ခင်ပြည့်ပြည့်ထွန်း၊ ဒေါ်အေးအေးတို့ကို အင်းတော်မြို့နယ် စစ်ခုံရုံမှ အကြမ်းဖက်ပုဒ်မတို့ဖြင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်လိုက်ကြောင်း…

    Read More »
  • 4 April
    သတင်း

    အင်းတော် ဒေသခံတစ်ဦး ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခံရ

    ကချင် စစ်ကိုင်းနယ်စပ် အင်းတော်မြို့နယ် နတ်မဟုတ် ကလေးကျေးရွာတွင် ပြည်သူ့ကာကွယ်ရေးတပ် PDF ထောက်ပို့ဟုဆိုကာ စစ်ကောင်စီတပ်ဖမ်းဆီးထားသော ဒေသခံတစ်ဦးကို စစ်ကောင်စီက ဧပြီလ ၁ ရက်နေ့တွင် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်လိုက်ကြောင်း သိရသည်။ အသက် ၂၄ နှစ်အရွယ် ကိုအေးမင်းထွန်းသည် ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့ အရပ်ဝတ်ဖြင့် ကျေးရွာသို့…

    Read More »
  • 3 April
    သတင်း

    မော်လူးကျေးရွာတွင် လေပြင်းတိုက်ခိုက်သဖြင့် နေအိမ် အများအပြားပျက်စီး

    အင်းတော်မြို့နယ် မော်လူးကျေးရွာတွင် ဧပြီလ ၂ ရက်နေ့ လေပြင်းတိုက်ခတ်ခဲ့သောကြောင့် လူနေအိမ်အများအပြား ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။ အင်းတော်မြို့နှင့် မိုင် ၂၀ ကျော် ကွာဝေးသော မော်လူးကျေးရွာတွင် ယမန့်နေ ညနေပိုင်း ၄ နာရီဝန်းကျင် လေပြင်းတိုက်ခတ်ခဲ့သဖြင့် လူနေအိမ် ၃၀ ထက်မနည်း ထိခိုက်ပျက်ဆီးခဲ့ကြောင်း အင်းတော်ဒေသခံ အမျိုးသားတစ်ဦးက  KNG ကို ပြောသည်။ ”နေအိမ်တွေ…

    Read More »
  • Mar- 2023 -
    23 March
    သတင်း

    မာန်ဟဲတွင် စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာပြည်သူများကို ဖမ်းဆီးပိတ်ဆို့နေ

    စစ်ကိုင်းတိုင်းဒေသ အင်းတော်မြို့နယ် မာန်ဟဲကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲထားပြီး ကျေးရွာနေပြည်သူများကို ဖမ်းဆီးပိတ်ဆို့မှုများ လုပ်ဆောင်နေသည်ဟု ဒေသသတင်းအရင်းအမြစ်များပြောသည်။ မတ်လ ၂၂ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်အချိန်  စစ်သားအင်အား ၁၀၀ ဝန်းကျင်ရှိသည့် စစ်ကြောင်းသည်…

    Read More »
  • 22 March
    သတင်း

    အင်းတော်-ကသာ လမ်းပိုင်းတွင် စစ်ကောင်စီတပ် ရိက္ခာယာဥ်တန်း ၂ ကြိမ်တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိ

    ကသာမြို့နယ် မှ အင်းတော်မြို့နယ်သို့ ရိက္ခာပို့ဆောင်သော စစ်ကောင်စီတပ်၏ ယာဥ်တန်း ၂ ကြိမ်တိုက်ခိုက်ခံရသဖြင့် စစ်သား ၁၀ ဦးခန့် သေဆုံးခဲ့ကြောင်း အင်းတော်ကာကွယ်ရေးတပ် မှ ပြောသည်။ စစ်အင်အား ၃၀၀ ဝန်းကျင်ခန့် ပါဝင်သော ရိက္ခာပို့သည့် စစ်ကောင်စီယာဉ်တန်းကို မတ်လ ၂၀ ရက်နေ့ ပထမကြိမ်စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး၊ မတ်လ…

    Read More »
  • 20 March
    မြေယာနှင့် သဘာဝပတ်ဝန်းကျင်အင်းတော်

    အင်းတော်ကြီးဒေသတွင် စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှု ပြန်လည်စတင်နေ

    ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ မမုံကိုင်ကျေးရွာနှင့် လုံးတုံကျေးရွာကြားတွင် စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုပြန်လည်စတင်နေပြီဟု ဒေသခံများ ပြောသည်။ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း အင်းတော်ကြီးဒေသတွင် ရွှေတူးဖော်မှုကြီးကြီးမားမားလုပ်ဆောင်နေသည့်အပေါ် ဒေသခံများကန့်ကွက်နေသည့်အတွက် စစ်ကောင်စီတပ်မှ ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင်အပြီးတိုင် ရပ်နားခိုင်းလိုက်ပြီဖြစ်သည်။ သို့သော် တစ်လကျော်ကြာပြီးနောက် မတ်လ ဒုတိယအပတ်မှစတင်ပြီး ထိုနေရာတွင် ရွှေတူးဖော်မှုကို စစ်တပ်ကပြန်လည် ခွင့်ပြုနေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။ “ခုရွှေပြန်တူးနေတဲ့နေရာက လုံးတုံရွာနားမှာဘဲ စစ်တပ်ရဲ့ စခန်းနဲ့ ဟိုဘက်ထိပ် ဒီဘက်ထိပ်ဘဲ မိုင်အားဖြင့်က တစ်မိုင်လောက်ဘဲရှိတာလေ သူတို့မသိဘဲနေမလား သူတို့ပြန်ခွင့်ပြုထားလို့ စစ်တပ်ကခွင့်မပြုရင် ဘယ်သူလာလုပ်ရဲမလဲ။ သူတို့ကိုအခွန်ဆောင်ပြီး လုပ်နေကြတာ”ဟုအမည်မဖော်လိုသည့် ဒေသခံတစ်ဦးကပြောသည်။ ဒေသခံများ၏ ပြောဆိုချက်အရ စစ်ကောင်စီတပ်သည် ရွှေတူးဖော်ခွင့်အတွက် ငွေကြေးကောက်ခံကာ ပြန်လည်တူးဖော်ခွင့်ပြုနေခြင်းဖြစ်သည်ဟု ပြောဆိုသည်။ လက်ရှိရွှေတူးဖော်နေသောနေရာသည် လုံးတုံနှင့် မမုံကိုင်ကြားရှိ တောထဲတွင်ဖြစ်ပြီး ရပ်ရွာတာဝန်ရှိသူများ၊ခရစ်ယာန်ဘာသာဝင်များနှင့် ဒေသခံများက ဆက်လက်တူးဖော်ခြင်းမပြုရန် သွားရောက်တားမြစ်ကြသော်လည်းရပ်နားပေးခြင်းမရှိဘဲ ညဘက်တွင် ဆက်လက်တူးဖော်နေကြောင်း သိရသည်။ အဆိုပါမြေနေရာသည် မမုံကိုင်ရွာနှင့် လုံးတုံကျေးရွာအကြားရှိ သင်္ချိုင်းမြေနဲ့အနီးဆုံးနေရာဖြစ်သည့်အပြင်ဒေသခံများစိုက်ပျိုးလုပ်ကိုင်စားသောက်နေကြသည့် လယ်မြေများနှင့်လည်း ရှိနေသည့်အတွက် ရွှေတူးဖော်မှုဆက်လက်လုပ်ဆောင်နေမည်ဆိုပါက သင်္ချိုင်းမြေနေရာ ပျက်စီးလာမည့်အပြင် လယ်မြေများလည်း ထိခိုက်လာမည်ကို ဒေသခံများ စိုးရိမ်နေကြောင်း အခြားဒေသခံတစ်ဦးက ခုလိုပြောသည်။ “မမုံကိုင်ဧရိယာထဲမှာဆိုပေမယ့် သင်္ချိုင်းကတော့ လုံးတုံခရစ်ယာန်ဘာသာဝင်တွေရဲ့သင်္ချိုင်း သူတို့ရွှေတူးနေတဲ့နေရာနဲ့ သင်္ချိုင်းကမဝေးဘူး ပေ ၃၀၀ ကျော်လောက်ပဲရှိမှာ ဓာတ်တိုင် ၂တိုင် စာပဲရှိတယ် အဲ့မှာတူးနေကြတာ။ သူတို့ဆက်တူးနေမယ်ဆိုရင်တော့အဓိက သင်္ချိုင်းမြေပျက်စီးသွားမယ် ပြီးတော့ အခုတူးနေတဲ့အနီးမှာ လယ်တွေရှိတယ်အဲ့ဒီလယ်တွေလည်းထိခိုက်မယ်နောက်တစ်ခုက လယ်တောသွားဘာသွားအသုံးပြုနေတဲ့လမ်းရှိတယ် အဲ့တာတွေပျက်စီးသွားမယ် ဒေသခံတွေကတော့ကန့်ကွက်ကြတာပေါ့”ဟုဒေသခံအမျိုးသားတစ်ဦးကပြောသည်။…

    Read More »
  • 17 March
    သတင်းအင်းတော်မြို့

    အင်းတော်မှာ စစ်အင်အား ၅၀၀ ခန့်ဖြင့် ဗျူဟာမြောက်စခန်းတစ်ခု တည်ဆောက်နေ

    ကချင် စစ်ကိုင်းနယ်စပ် စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ အင်တော်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေက ဗျူဟာမြောက်စခန်းတစ်ခု တည်ဆောက်ရန် ပြင်ဆင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဗျူဟာမြောက် စစ်တပ်စခန်း တည်ဆောက်မယ့်နေရာဟာ အင်းတော်မြို့ကနေ ၂ မိုင်ခန့်ကွာဝေးတဲ့ နေရာမှာရှိပြီး နန်းကင်ကျေးရွာနဲ့ ၁ မိုင်ခန့်သာဝေးတဲ့နေရာက…

    Read More »
Back to top button