သတင်း

အင်းတော်ကြီး ဒေသတွင် စက်ယန္တရားကြီးများဖြင့်ရွှေတူးဖော် မှုကြောင့်ဒေသခံများ သောက်သုံးရေအခက်တွေ့

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် အင်းတော်ကြီးဒေသတွင် စက်ယန္တရားကြီးများဖြင့် အလွန်အကျွံ ရွှေတူးဖော်နေမှုကြောင့် ဒေသခံများ သောက်သုံးရေး ပြဿနာကြုံတွေ့နေရကြောင်း သိရသည်။

စစ်အာဏာသိမ်းသည့် နောက်ပိုင်း လုံးတုံမြို့၊ မမုံကိုင်းကျေးရွာ ၊ မိုင်းနောင်ကျေးရွာသည့်ကျေးရွာဧရိယာများတွင် စက်ယန္တယားကြီးများဖြင့် အလွန်အကျွံရွှေတူးဖော်မှုကြောင့် ယခုလို သောက်သုံးရေပြဿနာ ကြုံတွေ့နေရကြောင်း မမုံကိုင်ကျေးရွာ နေအမျိုသားတစ်ဦးက ယခုကဲ့သို့ပြောသည်။

စက်ကြီးတွေနဲ့ရွှေတူးတော့ရေကြောတွေလွဲကုန်တာလေး။ အရင်က ၁၅ပေ၊ ပေ ၂၀ ဆိုရင် ရေကောင်းကောင်းရတယ်။ အခုနောက်ပိုင်းက ရေကြောတွေလွဲတော့ ရေကခန်းကုန်တာ ရေကောင်းကောင်းရချင် ပေ ၂၀ ပေ ၃၀ ဆယ်လောက်ကို ထပ်တူးရတယ်ဟုပြောသည်။

စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှု မတိုင်မှီတွင် ပေ ၂၀ အနက်တူးလျှင်ရေကြည် ၊ ရေသန့်ရနိုင်ပြီး ရွှေတူးဖော်မှုများလာသည့် နောက်ပိုင်းမှစ၍ ပေ ၂၀ အနက်တွင်ရေမရနိုင်ခြင်း၊ ရေနောက်ခြင်းစသည့် အခက်အခဲများကြုံတွေ့ရကြောင်း ဒေသခံများထံမှ သိရသည်။

တချို့နေရာတွေကတော့ ပေ ၂၀ လောက်ဆိုရေကရသေးတယ် တာပေမယ့်မသန့်ဘူးအရင်ကလောက် နည်းနည်းနောက်တယ် တချို့နေရာဆို ရေကြောလွဲသွားတော့ ပေ ၂၀ ဆိုအရင်ကလိုရေမရတော့ဘူးရေခန်းသွားတာ အဲ့ကြောင့် ရေတွင်းကိုထပ်တူးရတာဟု အင်းတော်ကြီးဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

အင်းတော်ကြီးဒေသ၌ စက်ယန္တရားကြီးများဖြင့် ကြီးကြီးမားမားရွှေတူးဖော်မှုသည် စစ်အာဏာသိမ်းပြီး သုံးလအခန့်အကြာ စတင်ခဲ့ပြီး ယင်းနောက်ပိုင်းကတည်းက ဒေသခံများရေခက်ခဲသည့်ပြသနာများကိုကြုံတွေ့ခဲ့ရကြောင်းသိရသည်။

အာဏာသိမ်းနောက်ပိုင်းအင်းတော်ကြီးဒေသ၌ ကြီးကြီးမားမားရွှေတူးဖော်မှုမှာ မမုံကိုင်ကျေးရွာနောက်ကြာ၊ မမုံကိုင်ကျေးရွာနဲ့ မိုင်းနောင်ကျေးရွာကြား သစ်တောဧရိယာများ၊ အင်းတော်ကြီးဖားကန့်လမ်းပိုင်း တစ်လျောက်နဲ့ လုံးတုံနဲ့မိုင် ၂၀ ခန့်ဝေးသည့် နန့်ရင်းချောင်းဖျား သည့်နေရာများသည် စက်ယန္တားကြီးများဖြင့် အလွန်အကျွံ တူးဖော်ခဲ့ပြီး အခြားနေရာများတွင်လည်း ရှိသေးကြောင်းသိရသည်။

စစ်အာဏာသိမ်းသည့်နောက်ပိုင်းတွင် စက်ယန္တရားကြီး များဖြင့်ကြီးကြီးမားမား ရွှေတူးဖော်မှုသည် အင်းတော်ကြီးဒေသနဲ့အတူ မြစ်ကြီးနား၊ ဝိုင်းမှော်၊ ချီဖွေ၊ ပူတာအိို တနိုင်းဒေသ စသည့်နေရာများတွင်လည်း ပိုမိုများပြားလာနေသည်။

Show More

Related Articles

Back to top button