အရပ်သား
-
Jan- 2025 -14 Januaryအင်တာဗျူး
ကချင်ဒေသက ကျောက်စိမ်းနဲ့ ရွှေမှော်ဒေသတွေကို စစ်ကောင်စီပစ်မှတ်ထားတိုက်ခိုက်လာတာဘာကြောင့်လဲ
ကချင်ပြည်နယ်မှာ စစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်ဟာ ယခု ၂၀၂၅ နှစ်ဆန်းပိုင်းအတွင်းမှာပဲ ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ အဓိက ဝင်ငွေစီးဆင်းနေတဲ့ ကျောက်စိမ်းမှော် နဲ့ ရွှေမှော်ဒေသတွေကို ပစ်မှတ်ထားပြီး လေကြောင်းပြင်းပြင်းထန်ထန် တိုက်ခိုက်လာတဲ့အတွက် အပြစ်မဲ့ပြည်သူတွေ အသက်သေဆုံးမှုတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။…
Read More » -
Sep- 2024 -17 Septemberသတင်း
ဖားကန့်မှာ နေအိမ်မီးရှို့တဲ့ မူးယစ်ဆေးသမားအပါအဝင် အရပ်သား ၂၀၀ ကျော်ကို ဖမ်းဆီးထားတယ်လို့ KIO ပြော
ဖားကန့် ဆိုင်းတောင်တိုက်ပွဲမှာ အရပ်သားနေအိမ်တွေကို လိုက်လံမီးရှို့ဖျက်ဆီးနေတဲ့ မူးယစ်ဆေးဝါးသမားနှင့် အရပ်သား ၂၀၀ လောက်ကို ဖမ်းဆီးရမိတယ်လို့ KIO ပြောပါတယ်။ တိုက်ပွဲကြောင့် ပြည်သူတွေ စွန့်ခွာထားတဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်ရဲ့ စေခိုင်းမှုကြောင့် မီးရှို့ဖျက်ဆီးနေတဲ့ သူတွေကို ဖမ်းဆီးရမိထားတယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူပြောပါတယ်။ “တိုက်ပွဲဖြစ်နေတဲ့အချိန်ဆိုတော့ စစ်တပ်က ရွာထဲမှာရှိတဲ့ မူးယစ်ဆေးဝါးသမားတွေကို ပြည်သူပိုင်နေအိမ်တွေကို မီးရှို့စေခိုင်းတယ်။ ဘယ်လောက်ထိသေချာလဲတော့ မသိဘူး။ ဒါပေမယ့် အခုဖမ်းဆီးထားတာ ၂၀၀ လောက်ရှိတယ်။ ဖမ်းဆီးခံထားတဲ့ သူတွေကတော့ သူတို့မလုပ်ဘူးဆိုပြီး ငြင်းဆိုနေတာတွေလည်းရှိနေတယ်”လို့ပြောပါတယ်။ အခုလို ဖမ်းဆီးတာဟာ ဆိုင်းတောင်ကျေးရွာထဲမှာ ဆက်ပြီး ဒုက္ခမပေးဖို့နဲ့ ပြည်သူလူထုတွေကို ကာကွယ်တဲ့အနေနဲ့ ဖမ်းဆီးဆောင်ရွက်တာတွေ လုပ်နေတာဖြစ်တယ်လို့သိရပြီး ဖမ်းဆီးခံထားရတဲ့ သူတွေကိုတော့ ဖားကန့်ဒေသကို ကွပ်ကဲနေတဲ့ KIO/KIA အနေနဲ့ တာဝန်ယူဆောင်ရွက်နေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူ ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲနေရာဖြစ်နေတဲ့ ဆိုင်းတောင်ကျေးရွာထဲက Lucky Man Hotel ထဲမှာ နေရာယူထားပြီးတော့ အရပ်သားနေအိမ်တွေကို မူးယစ်ဆေးဝါးသမားတွေကို မီးရှို့စေခိုင်းနေတယ်လို့လည်း ဖားကန့်ဒေသခံတွေကပြောပါတယ်။ စက်တင်ဘာလ ၁၂ ရက်နေ့ စစ်တပ်က ဆိုင်းတောင်ကျေးရွာ ဂျက်လေယာဉ် ၂ စီးနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဆိုင်းတောင် ခါနန်ရပ်ကွက် စျေးနေရာတွေက အရပ်သားပြည်သူတွေရဲ့ နေအိမ်အများအပြား မီးလောင်ပျက်စီးသွားတာဖြစ်တယ်။ ဆိုင်းတောင်ကျေးရွာထဲမှာရှိတဲ့ အရပ်သားနေအိမ်တွေကို စစ်တပ်က နေ့တိုင်းလိုလို မီးရှို့ဖျက်ဆီးနေတာဟာ Lucky Man Hotel ထဲမှာ တစ်ပတ်လောက်အကြာရှိနေကြတဲ့ စစ်ကောင်စီတပ်သားတွေကို KIA က ပိတ်ဆို့တိုက်ခိုက်နေတာကြောင့်လည်းဖြစ်တယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၁၆ ရက်နေ့ မှာလည်း Lucky Man Hotel ထဲမှာ ရှိနေတဲ့ စစ်ကောင်စီတပ်သားတစ်ချို့အပြင်ဘက်ကို ထွက်လာတာကြောင့် KIA ရဲ့ လိုက်လံပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သား ၁၀ ဦးကျော်ထက်မနည်း သေဆုံးမှုရှိနိုင်တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်နဲ့ နီးစပ်တဲ့ ဖားကန့်ပြည်သူတစ်ဦးက ဆက်ပြောပါတယ်။ “အထဲမှာရှိနေတဲ့ စစ်ကောင်စီတပ်သား တစ်ချို့အပြင်ဘက်ကို ထွက်လာကြလို့ လိုက်ပစ်တာ ၁၀ ယောက်ကျော်လောက် သေတယ်။ KIA က လိုက်ပစ်တော့ တစ်ချို့က အထဲကို ပြန်ဝင်သွားကြတယ်။ အခုလည်း ပစ်နေဆဲဖြစ်တယ်”လို့ပြောပါတယ်။ မနေ့က တစ်ရက်ထဲမှာပဲ ဆိုင်းတောင်ကျေးရွာကို စစ်တပ်က…
Read More » -
Jul- 2024 -9 Julyသတင်း
မိုးမိတ်မှာ အရပ်သား ၃ ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံး
ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA တို့ အကြားတိုက်ပွဲဆက်လက်ပြင်းထန်နေပြီး လက်နက်ကြီးထိမှန်လို့ အရပ်သား ၃ ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ဇူလိုင်လ ၈ ရက်နေ့ မနေ့က နေ့လည်ပိုင်း ၃ နာရီဝန်းကျင် သရက်တောကျေးရွာအနီးတစ်ဝှိုက်မှာ စစ်ကောင်စီတပ်နဲ့ TNLA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကသိရသလို တအာင်းတပ်မတော် TNLA ဘက်က မနေ့ကပဲ သတင်းထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ဇူလိုင် ၆ ရက်နေ့က လက်ခုတ်ပင်နဲ့မြောက်ပိုင်းရပ်ကွက်တို့မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် တစ်နေ့တည်းမှာ အရပ်သား ၃ ယောက်သေဆုံးခဲ့ရပြီး နေအိမ်ထိမှန် ပျက်ဆီးတာလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “မနေ့ညနေပိုင်းကတည်းကနေ ညပိုင်းအထိ သရက်တောဘက်မှာ သေနတ်သံနဲ့လက်နက်ကြီးသံ တွေကတောက်လျှောက်ပဲ လက်ခုတ်ပင်ဘက်က ဟိုတစ်နေ့ကဆိုရင် ၂ ယောက် မြောက်ပိုင်း ရပ်ကွက်က တစ်ယောက် ၃ ယောက်ပေါ့”လို့ပြောပါတယ်။ သေဆုံးခဲ့ရသူတွေဟာ လက်ခုတ်ပင် အသက် ၁၅ နှစ်အရွယ် ကလေးငယ်တစ်ယောက်အပါအဝင် ဦးကျော်ဦး ၆၅ နှစ် နဲ့ မြောက်ပိုင်းရပ်ကွက်က ကိုနိုင်ဦး ၅၅ နှစ် သေဆုံးခဲ့ရတာလို့ ဒေသခံတွေကပြောပါတယ်။ တိုက်ပွဲပြင်းထန်နေတဲ့ မိုးမိတ်မြို့နယ်မှာ လက်တလောဖုန်းလိုင်းအားလုံးပြတ်တောက်နေသလို ကုန်စည်အဝင်လည်းမရှိတော့သလို တစ်ဖက်မှာ သောင်းနဲ့ချီတဲ့ဒေသခံတွေကလည်း တိုက်ပွဲတွေနဲ့လွတ်ကင်းတဲ့နေရာတွေကို ထွက်ပြေးနေကြရပြီး ဖုန်းအဆက်အသွယ်ခက်ခဲလို့ သူတို့အခြေနေအသေးစိတ်ကိုသိရဖို့ KNG က စုံစမ်းနေဆဲဖြစ်ပါတယ်။ “ရှောင်ကြတာကတော့ အောက်ပိုင်းရွာတွေပါပဲပြန်ရှောင်ကြတာပေါ့ စစ်မဖြစ် နိုင်တဲ့အခြမ်းတွေ ပေါ့ မြို့ရဲ့တောင်ဘက်ခြမ်းဖြစ်နိုင်တယ်ဆိုရင် တောင်ဘက်ကိုပြေးပေါ့ ဒီလိုပဲကြည့်ပြီးရှောင်ရတာ ပေါ့ ကျနော်တို့မြို့ကကြေမှာ အထိုင်တပ်က မြို့နဲ့ ၂ မိုင်လောက်ပဲရှိတာ အဲ့ကိုကျသွားမတိုက်ကြဘူး မြို့ထဲပဲခိုပြီးတိုက်တော့ မြို့ကကြေမှာပဲ“ လို့ပြောပါတယ်။ စစ်ကောင်စီတပ်ဘက်ကတော့ လက်ခုပ်တန်း၊ ရွှေဇာလီ နဲ့မိုမိတ်တံတားတစ်ဝှိုက်မှာ အဓိက စစ်ရေး လှုပ်ရှားတာတွေရှိသလို မြေပြင်ရောလေကြောင်းကနေပါ ဗုံးကြဲတိုက်ခိုက်တာတွေရှိတယ်လို့သိရ ပါတယ်။ မိုးမိတ်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA တို့အကြား ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက် နေ့ကစလို့ တိုက်ပွဲဖြစ်နေတာဖြစ်ပြီး ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းရဲ့ စစ်ဆင်ရေးအဖြစ် တိုက်ပွဲက တကျော့ပြန်ဖြစ်ပွားနေတာဖြစ်ပါတယ်။ တအာင်းတပ်မတော် TNLA ဘက်က မိုးမိတ်မြို့အတွင်းဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း လက်ခုတ်တန်း နဲ့ လယ်ကြီးရွာဘက်က တပ်စခန်းကို ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်နေ့ညကတိုက်ခိုက်အပြီးမှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ မနေ့ကပဲ သတင်းထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက်နေ့ကလည်း စစ်ကောင်စီတပ်တွေအထိုင်ချထားတဲ့ မိုးမိတ်မြို့နယ် ထဲက ရွှေသာယာတပ်စခန်းကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါသေးတယ်။ By – အမိုး
Read More » -
Mar- 2024 -25 Marchသတင်း
ကွတ်ခိုင်မှာ မြေမြှုပ်မိုင်းနဲ့တိုက်ပွဲကျန်လက်နက်ကြီးတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေမြင့်တက်နေ
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ တိုက်ပွဲကျန်လက်နက်ကြီးတွေနဲ့ မြေမြုပ်မိုင်းကြောင့် အရပ်သားထိခိုက်သေဆုံးတာတွေဆက်တိုက်မြင့်တက်နေတယ်လို့ ဒေသခံတွေနဲ့ ပရဟိတအဖွဲ့တွေ ဆီကနေသိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့ကနေ ဒီကနေ့အထိကို မိုင်းနင်းမိတဲ့အရေအတွက်ဟာ ပိုပြီးမြှင့်တက်လာ နေပြီးတော့ နှစ်ပတ်အတွင်းသေဆုံးသူက ၂ ယောက်ရှိခဲ့ပြီး ဒဏ်ရာရရှိသူက…
Read More » -
Jan- 2024 -18 Januaryသတင်း
နမ့်ဖတ်ကာတိုက်ပွဲအတွင်း အရပ်သား ၃၀ ဦးဝန်းကျင်ထိခိုက်သေဆုံး
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာတိုက်ပွဲမှာ အရပ်သား ၃၀ ဦးဝန်းကျင်ထိခိုက်၊ သေဆုံးပြီး နေအိမ် ၁၀၀ ထက်မနည်း ထိခိုက်ပျက်စီး၊ မီးလောင်သွားပြီဖြစ်ကြောင်း ဒေသခံတွေဆီကနေသိရပါတယ်။ နမ့်ဖတ်ကာကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲပြင်းထန်နေတာ ရက်ပေါင်း…
Read More » -
Sep- 2023 -27 Septemberသတင်း
ဟုမ္မလင်းမှာ SNA နဲ့ PDF တိုက်ပွဲပြင်းထန်၊ အရပ်သားနှစ်ဦး သတ်ဖြတ်ခံထားရ
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ရှမ်းနီအမျိုးသားများတပ်မတော် SNA နဲ့ ဟုမ္မလင်း ပြည်သူ့ကာကွယ်ရေးတပ်၊ မဟာမိတ်ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်နေပြီး၊ အရပ်သား ၂ ဦးလည်း သတ်ဖြတ်ခံထားရတယ်လို့ သိရပါတယ်။ ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်ကျေးရွာ ကင်းစေတီအနီးထိုင်ထားတဲ့ အင်အား ၁၀၀ ကျော်ရှိတဲ့ SNA တပ်စခန်းကိုဟုမ္မလင်း PDD နှင့် မဟာမိတ်ပူးပေါင်းတပ်တွေက စက်တင်ဘာ ၂၁ ရက်နေ့ ညပိုင်းမှာ လက်နက်ကြီး ၊…
Read More » -
5 Septemberသတင်း
ဖားကန့်မှာ တစ်လအတွင်း အရပ်သားပြည်သူအယောက် ၄၀ သေဆုံး
ဖားကန့်မှာ ပြီးခဲ့တဲ့ ဩဂုတ်လထဲမှာ မြေစာပုံပြိုလို့ သေဆုံးခဲ့ရသူတွေ အပါအဝင် အကြောင်းမဲ့သတ်ဖြတ်ခံရသူ စုစုပေါင်းအရပ်သားပြည်သူ ၃၉ ယောက်ထိရှိခဲ့ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ရွှေ့ပြောင်းလာရောက်နေထိုင်သူတွေများလာတဲ့ ဖားကန့်နယ်မြေမှာ အာဏာရယူထားတဲ့ စစ်တပ်ကိုယ်၌ မသင်္ကာတဲ့အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာ တွေအပြင် ခိုးဆိုး၊လုယက်မှူတွေကြောင့် သတ်ဖြတ်ခံရသူတွေ လတိုင်း ရှိနေတဲ့မြို့နယ်ဖြစ်ပါတယ်။ “ကျနော်တို့ ဖားကန့်မှာက ခုနောက်ပိုင်းဆို သတ်ဖြတ်ခံထားရတဲ့အလောင်းတွေက ပုံမှန်လို မြင်တွေ့လာရတော့ အဆန်းမဟုတ်တော့ဘူး။ ဒါပေမယ့် တစ်ခုတော့ရှိတယ်ပေါ့ ကိုယ်လည်းဘယ်ချိန်မှာ ရောယောင်ပါသွားမလဲဆိုတာ မသိနိုင်ဘူး”လို့ ဆိုင်းတောင်ရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသားတစ်ယောက်က ပြောပါတယ်။ သတ်ဖြတ်ခံရသူတွေဟာ စစ်တပ်ဘက်က သတ်ဖြတ်ပြီး လာစွန့်ပစ်တာတွေရှိသလို ခိုးဆိုးလုယက်ရင်း သတ်ခံရတာတွေ၊အချင်းများပြီး သတ်ဖြတ်ကြတာတွေနဲ့ ကာကွယ်ရေးတပ် ဘက်က စစ်တပ်လက်အောက်ခံတွေကို လာရောက်ရှင်းပစ်တာတွေလည်းရှိ တယ်လို့ ပြောပါတယ်။ ဒါ့အပြင် သတ်ဖြတ်ခံထားရသူတွေအများပိုင်းဟာ ပိုင်ရှင်မဲ့အလောင်းတွေ အဖြစ်များတယ်လို့လည်း ဖားကန့် မှော်ဝမ်းမှာနေထိုင်တဲ့အမျိုးသမီးတစ်ယောက်က ပြောပါတယ်။ “ဒီမှာက လူတွေအရင်ထက် ၂ ဆလောက်ကိုများလာတာ ဥပမာ မြေပြိုတဲ့နေရာမှာကြည့် အလောင်း ၃၃ လောင်း ပိုင်ရှင်ရှိတာ ၆ ယောက်ဘဲ။ အဲလိုဘဲ သတ်ဖြတ်ခံထားရတဲ့သူတွေလည်း ပိုင်ရှင်မရှိတာများလာတယ် ဘယ်သူသတ်လို့ သတ်မှန်း တိတိကျကျပြောဖို့ခက်တယ်”လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လထဲသေဆုံးခဲသူတွေဟာ ဩဂုတ်လ ၁၃ ရက်နေ့ မနမှော်မြေစာပုံပြိုကျလို့ သေဆုံးခဲ့တဲ့ အရပ်သား ၃၃ ယောက်နဲ့ ၁၇ ရက်နေ့ ယူမာရပ်ကွက် ကျောက်မျက်စျေးရှေ့ သတ်ခံထားရတဲ့ အမျိုးသား ၂ ယောက်၊ လုံးခင်းရပ်ကွက် လမ်းဘေးမှာ သတ်ဖြတ်ခံထားရတဲ့ အမျိုးသားတစ်ယောက်၊ ဖားပြင်မှာ သတ်ဖြတ်ခံထားရတဲ့ အမျိုးသားတစ်ယောက်၊ ၂၉ ရက်နေ့ ရှရော်ခမှာ သတ်ခံထားရတဲ့ အမျိုးသမီးငယ်တစ်ယောက်၊ ၃၁ ရက်နေ့ မရှီကထောင်နဲ့ ဆွတ်ကြိုင်ရွာမှာ အချင်းများပြီး ဓါးခုတ်မှုဖြစ်ရာကနေ အမျိုးသား ၂ယောက် ဖြစ်ပါတယ်။ ဒီစာရင်းဟာ KNG ရဲ့ စုစည်းထားတဲ့အချက်လက်သာ ဖြစ်ပြီး မြေပြင်အချက်လက်နဲ့ကွာဟတာ တွေရှိနိုင်ပါတယ်။ ဒါ့အပြင် ဖားကန့်မှာ ခုလိုအကြောင်းမဲ့သတ်ဖြတ်ခံရတာတွေ တစ်ရက်ထက်တစ်ရက် ပိုဆိုးရွားလာနေတဲ့အတွက် အာဏာသိမ်းပြီးနောက်ပိုင်း လာရောက်ရွှေ့ပြောင်းနေထိုင်လာသူ တစ်ချို့က ပြီးခဲ့တဲ့ ဇူလိုင်လ လဆန်းပိုင်းကနေစပြီး ဖားကန့်ကနေ ချီဖွေ၊ပန်ဝါဘက် ပြောင်းရွှေ့သွားသူတွေလည်း ရှိနေတယ်လို့ ဖားကန့်မှာနေထိုင်တဲ့ ဒေသခံတစ်ယောက်ပြောပါတယ်။
Read More » -
Aug- 2023 -7 Augustသတင်း
ကသိုဏ်းတောင်စစ်တပ်စခန်းတိုက်ခိုက်ခံရပြီးနောက် နမ့်မော်ရွာက အရပ်သားပြည်သူရာချီ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေ
ဖားကန့်မြို့နယ်မှာရှိတဲ့ နမ့်မော်နဲ့ ကသိုဏ်းတောင်စစ်တပ်စခန်းကုန်းကို ဒီနေ့မနက် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ပြီးနောက် နှစ်ဖက်စစ်ရေးတင်းမာလာနေတဲ့အတွက် နမ့်မော်အနီးပတ်ဝန်းကျင်မှာနေထိုင်တဲ့ အရပ်သားပြည်သူ ၄၀၀ ကျော်ဟာ ဘေးလွှတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မှော်ရှန်ကျေးရွာဒေသခံ တွေဆီကနေ သိရပါတယ်။ အဲဒီ နမ့်မော်ဘက်က အရပ်သားပြည်သူတွေဟာ လက်ရှိဆိုင်းတောင်ကျေးရွာအုပ်စု၊မှော်ရှန်ကျေးရွာရှိ ဘုန်းကြီးကျောင်းမှာ တိုက်ပွဲရှောင်လာကြတယ်လို့ မှော်ရှန်ဒေသခံအမျိုးသားတစ်ဦးက KNG ကိုခုလို ပြောပါတယ်။ “စိမ်မြသုခကျောင်းမှာ နှစ်ဆယ်လောက်ရောက်ခဲ့တယ်၊မှော်ရှန်ကျောင်းမှာတော့…
Read More » -
Jul- 2023 -7 Julyသတင်း
ဝက်လက်မှာ စျေးသည်အမျိုးသမီးတွေအပါအဝင် ၇ ဦးပစ်သတ်ခံရ
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် သမရိုးရွာနားမှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ လက်နက်ကြီးလက်နက်ငယ်ပစ်ခတ်မူကြောင့် ဈေးသည်အမျိူးသမီးများအပါအဝင် အရပ်သား ၇ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရွာသာကြီးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ မနေ့ကမနက်ပိုင်း ၄နာရီဝန်းမှာ သမ္မရိုးရွာဘက်ကို စစ်ကြောင်းထွက်လာချိန်လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံတွေ သေဆုံးခဲ့ရတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။ “သူတို့ကရွာသာကြီးမှာတပ်စွဲညအိပ်တာ အဲ့ကနေမနက်၄နာရီလောက် စစ်ကြောင်းပြန်ထွက်တော့ ဈေးသည် တွေကလည်းမနက်၅နာရီလောက်ဆို ဈေးထွက်ရောင်းတာဗျ အဲ့မှာသူတို့သမ္မာရိုးရွာအရောက်မှာ ပတ်လည်ကို ပတ်ပစ်တာ အဲ့မှာဈေးသည်တွေသွားမှန်တာ ပွဲချင်းပြီးသေကုန်တာပဲ”လို့…
Read More » -
May- 2023 -5 Mayသတင်း
ဖားကန့်တွင် ဧပြီလတစ်လအတွင်း အရပ်သားဖမ်းဆီးခံရမှု ၃၀၀ ကျော်အထိရှိခဲ့
ဖားကန့်မြို့နယ်တွင် ပြီးခဲ့သော ဧပြီလတစ်လအတွင်း စစ်ကောင်စီတပ်မှ ဖမ်းဆီးခဲ့သော အရပ်သားပြည်သူများ ၃၀၀ ကျော်ထိရှိခဲ့ကြောင်း KNG ၏ စုစည်းချက်အရ သိရသည်။ ဖမ်းဆီးမှုခံရမှုတွင် ဧပြီ ၁၀ ရက်နေ့ မှော်ဝှမ်းရပ်ကွက်နေ ဦးမင်းအောင် ဖမ်းခံရမှု၊ ၁၈ ရက်နေ့ ဆိုင်းဖရာရွာသား ၃၀ ကျော်ဖမ်းခံရမှု၊ ၂၁…
Read More »