Covid-19 ကြောင့် Lock Down ချခံရသော စစ်ရှောင်စခန်းတွင် စားနပ်ရိက္ခာအရေးပေါ်လိုအပ်
,
အင်ဂျန့်ယာန်မြို့နယ်ရှိ လက်ရှိ KIA ထိန်းချုပ်နယ်မြေအဝင်ပေါက် ဇွပ်မိုင်ယာန်ကျေးရွာ၏ ကျန်းမာရေးစစ်ဆေးဂိတ်တွင် ကိုဗစ်ပိုးတွေ့လူနာတစ်ဦး တွေ့ရှိခဲ့သဖြင့် ဇန်နဝါရီလ ၁၀ရက်နေ့မှစ၍ လူအဝင်အထွက် ပိတ်ထားလိုက်ပြီဖြစ်ကြောင်းသိရသည်။
ကချင်ပြည်နယ် မြန်မာ-တရုတ်နယ်စပ် ကန်ပိုင်တီ ဂိတ်တွင်တွေ့ရှိရသော Covid-19 ပိုးတွေ့လူနာ ၃ ဦးမှာ တစ်သျှူးငှက်ပျောတင်သည့် ကားသမားများဖြစ်ကြပြီး ၎င်းတို့တွင် ခရီးသွားရာဇဝင်မရှိကြောင်း ကန်ပိုင်တီအုပ်ချုပ်ရေးမှူး ဦးမင်းမင်းလတ်ထံမှ သိရသည်။
ကျန်းမာရေးလမ်းညွှန်ချက် (A) အဆင့်သတ်မှတ်ချက်နှင့်ကိုက်ညီသည့် မြစ်ကြီးနားမြို့ရှိ စားသောက်ဆိုင်တချို့ ယနေ့ ဖွင့်ခွင့်ရကြပြီဖြစ်သော်လည်း ကျန်းမာရေးလမ်းညွှန်ချက် လိုက်နာမူမရှိပါက သဘာဝဘေးအန္တရယ်ဆိုင်ရာ ဥပဒေဖြင့် အရေးယူသွားမည်ဖြစ်သည်ဟု သိရသည်။ ဖွင့်လှစ်ခွင့်ပြုထားသည့် ဆိုင်များမှာ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်အထိ ပါဝင်သည်။ “Covid-19 ကာကွယ် ထိန်းချုပ်၊ ကုသရေး အမျိုးသားဗဟိုအဆင့်မှ ညွှန်ကြားလာတဲ့အတိုင်း စည်ပင်ကိုထပ်ပြီး ညွှန်ကြားထားတာက A အဆင့်သတ်မှတ်ထားတဲ့ စားသောက်ဆိုင်ပုံစံဖြစ်ရမယ်။ အဲလိုဆိုင်တွေကို ဒီနေ့ ကနေစပြီး ပြည်ထောင်စုလမ်းညွှန်ချက်အတိုင်း ဖွင့်ခွင့်ပေးထားတယ်။ ဒါပေမယ့်…
ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများကို Covid-19 ထောက်ပံ့ကြေးပေးအပ်ရာတွင် မရရှိသူများအနေဖြင့် မိမိသက်ဆိုင်ရာမြို့နယ်များတွင် တိုင်ကြားနိုင်သည်ဟု သိရသည်။
Zawgyi version below….. လူနာအမှတ် (၇၈၈) နှင့် လေယာဉ်တူစီးခဲ့သည့် မြစ်ကြီးနားမြို့မှ လူ ၁၃ ဦးအနက် ၇ ဦးကို ဆက်သွယ်၍မရကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောသည်။
Covid-19 ကူးစက်ရာဂါ ဒုတိယလှိုင်းဖြစ်ပေါ်လာမှုအပေါ် မြစ်ကြီးနားမြို့ရှိအခြေခံလူတန်းစားများ၏ စိုးရိမ်မှုများနှင့် ခံစားချက်များကို စုစည်းတင်ပြထားသည်။
Covid-19 လူနာအမှတ်စဉ် (၇၈၈) ဖြင့် လေယာဉ်အတူစီးခဲ့သူ ၁၀ ဦး ကချင်ပြည်နယ်တွင် ရှိနေကြောင်း ပြည်နယ် ကိုဗစ်ကာကွယ်ရေးနှင့်အရေးပေါ်ကာကွယ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။ သြဂုတ်လ ၂၀ ရက်နေ့ မြန်မာ့လေကြောင်းလိုင်းဖြင့် ရန်ကုန်-မန္တလေး-ပူတာအို ခရီးစဉ် လိုက်ပါလာသူများအနက် ပူတာအို ၈ဦး၊ ဖားကန့် ၁ဦး၊ လွယ်ဂျယ် ၁ဦး တို့ဖြစ်ကာ လက်ရှိ၎င်းတို့နှင့် ဆက်စပ်သူများကိုလည်း စုံစမ်းနေပြီဖြစ်ကြောင်း ဒုညွှန်ကြားရေးမှူး ဦးတင့်လှိုင် က ပြောသည်။ “မနေ့က ကျန်းမာရေးဝန်ကြီးဌာနကနေပြီးတော့…
ကချင်ပြည်နယ်ရှိ မြစ်ကြီးနားမြို့နှင့် ဗန်းမော်မြို့တွင် တပ်ဆင်တော့မည့် Covid-19 ရောဂါစစ်ဆေးမည့်စက်တွင် ၁နာရီလျှင် လူ ၄ဦးကို ပျမ်းမျှ စစ်ဆေးနိုင်မည်ဟု သိရသည်။ အဆိုပါစက်ကို မြစ်ကြီးနားမြို့ပြည်သူ့ဆေးရုံကြီးနှင့် ဗန်းမော်ဆေးရုံကြီးတွင် စက်တင်ဘာလ လဝက်ပိုင်းမှစတင်ပြီး တပ်ဆင်နိုင်မည်ဖြစ်ကြောင်း ကချင်ပြည်နယ်ညွှန်ကြားရေးမှူး ဦးဇော်ဇော်က ပြောသည်။ “ခုဒီမြစ်ကြီးနားမှာ တပ်မှာကကျတော့ မော်လမြိုင်၊ ရန်ကုန်၊ မန္တလေးတို့မှာတပ်တဲ့ဟာမျိုးအကြီးမဟုတ်ဘူး။ အဲလိုအကြီးတပ်ဖို့ကျတော့ နေရာလေးယူတယ်။ ဇီဝလုံခြုံရေးတွက်လည်းယူတယ်၊ ကျွမ်းကျင်မူလည်းယူတယ် နောက် Safe ဖြစ်ဖို့လည်းယူတယ်။ အဲကြောင့် ဒီမြစ်ကြီးနားမှာတပ်မယ့်စက်ကျတော့…
Covid-19 ကပ်ရောဂါကာလအတွင်း နိုင်ငံတော်အစိုးရမှ ကိုယ်ဝန်ဆောင်မိခင်များကို ထောက်ပံ့မည့်အစီစဉ်တွင် KIO ထိန်းချုပ် နယ်မြေအတွင်းရှိ မိခင်များပါဝင်သော်လည်း အဆိုပါအစီစဉ်ကို KIO ဘက်မှ လက်မခံဘဲ ငြင်းဆိုထားသည်ဟု သိရသည်။ လွန်ခဲ့သည့်လအတွင်း အစိုးရမှ ထောက်ပံ့ပေးမည့် အဆိုပါအစီအစဉ်ကို သက်ဆိုင်ရာ KIO ဗဟိုဌာနချုပ်သို့ တင်ပြခဲ့ပြီးသော်လည်း လက်ရှိနိုင်ငံရေး အခြေအနေများကြောင့် လက်မခံခဲ့ကြောင်း KIO Covid -19 ကူးစက်ရောဂါ ကာကွယ်ရေးကော်မတီ အတွင်းရေးမှူး ဦးဟိန်းဝေါမ်က ယခုလိုပြောဆိုသည်။ “မြန်မာအစိုးရနဲ့…