,

Breaking News :

အင်းတော်နယ်တွင် စစ်ကောင်စီထုတ် ဘီယာအဖာ ၂၀၀ တိတိကို KIA နှင့် PDF ဖျက်ဆီး

မမုံ သပိတ်ခေါင်းဆောင်နှင့် ဟိုပင်လွှတ်တော်ကိုယ်စားလှယ် ၂၁ မိုင် ဂိတ်တွင် ဖမ်းခံရ

စစ်ကောင်စီ၏ မြင်း ၉ကောင် သယ်ဆောင်လာသော ၁၂ ဘီးကားကို KIA မီးရှို့ ဖျက်ဆီး

ပြည်သူ့စစ်စခန်း KIA ပြန်တိုက်ခိုက်ပါက လူနေအိမ်များကို ငဲ့ညှာမည်မဟုတ်ကြောင်း မင်းဇင်သန့် ပြော

ဆယ်ဇင်းကျေးရွာ နေအိမ် ၄၀၀ ကျော်ကို KIA နှင့် PDF တို့ မီးရှို့ဖျက်ဆီးလိုက်သည်ဆိုသာ သတင်းအမှား

နောင်းမီတွင် KIA မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၂ဦးထိခိုက်ဒဏ်ရာရရှိ

ကသာ ဒေသခံ ၃၀ ကျော်ကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ဖမ်းခေါ်သွား

ဆယ်ဇင်းတွင် စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွှေမှော်ကျေးရွာ ၂၀ မှ ပြည်သူများ ထွက်ပြေး တိမ်ရှောင်နေရ

ကသာနယ်အထက်ပိုင်းတွင် စစ်ကောင်စီတပ် ဂျက်လေယာဉ် ၂စီးဖြင့် ဗုံးကျဲတိုက်ခိုက်

ပေကုန်း ဇရပ်တွင်တပ်စွဲထားသော စစ်ကောင်စီတပ်ကို KIA နှင့် PDF ပူးပေါင်းတပ် သွားရောက်တိုက်ခိုက်

လိုင်ဇာမြို့ Covid-19 လူနာများကိုပြုစုကုသရန် အရေးပေါ် အဖွဲ့ ၄ ဖွဲ့ကို KIO ဖွဲ့စည်း

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့တွင် Covid-19 ရောဂါပိုးကူးစက်ခံရသူဦးရေ တိုးများလာခြင်းကြောင့် ပြည်သူများကို အဓိကထားစောင့်ကြည့်ပေးမည့် အဖွဲ့ ၄ ဖွဲ့ကို အရေးပေါ် ဖွဲ့စည်းထားပြီဖြစ်ကြောင်း လိုင်ဇာမြို့ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး ကော်မတီ မှ သိရသည်။

လက်ရှိ လိုင်ဇာမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများလာခြင်းကြောင့် နိုဝင်ဘာလ ၂ ရက်နေ့မှစ၍ ဒုတိယ အကြိမ် Lockdown သတ်မှတ်လိုက်ပြီးနောက် ကိုဗစ်စင်တာ သတ်မှတ်ပြုလုပ်သည့်အဖွဲ့ ၊ အစားအသောက် ဖြေရှင်းသည့်အဖွဲ့ ၊ ဆေးကုသပေးသည့်အဖွဲ့ နှင့် လုံခြုံရေးအဖွဲ့ စသည့်အဖွဲ့များ ဖွဲ့စည်းလိုက်ကြောင်း KIO ကိုဗစ်ကာကွယ်ရေး ဗဟိုအတွင်းရေးမှူး ဗိုလ်မှူးကြီး ဟိန်းဝမ်က KNG ကို ပြောသည်။

“အစားအသောက်အတွက်က လိုင်ဇာမှာ ရောဂါဖြစ်နေတဲ့သူတွေအားလုံးကို ဘယ်လိုကျွေးရမယ်ကို အစားအသောက်အဖွဲ့က တာဝန်ယူပေးမယ်။ ဥပမာ-တစ်နေ့ ၃ နပ်ကျွေးမယ် အဟာရတွေကျွေးရမယ် ဆိုတာကအစ သူတို့ အဖွဲ့ကိုယ်တိုင် ရှာမယ်။ မြို့ကပဲ မှာမလား။ သူများဆီ အကူညီတောင်းလို့ရခဲ့ရင် ကျနော်တို့ ကော်မတီကို အကြောင်းကြားပြီး လုပ်မယ်။ နေရာခင်းကျင်းရေးအဖွဲ့ ကျတော့ ဟောခန်းလွတ်တဲ့နေရာတွေ ဘုရားကျောင်းတို့ ၊ စာသင်ကျောင်းတို့မှာ အိမ်ယာ၊ ကုတင် ၊ ရေ ၊ မီး ၊ အိမ်သာတွေကို လုပ်နေတာဖြစ်တယ်။ အရေးပေါ် အနေ နဲ့။ လူနာတွေကို အကြိုအပို့ လုပ်ပေးတယ်။ လုံခြုံရေးအဖွဲ့အနေနဲ့က Lockdown သတ်မှတ်ချိန်အတွင်းမှာ စည်းကမ်းလိုက်နာဖို့အတွက် ပြည်သူတွေကို စောင့်ကြည့်ဖို့အတွက် အပြင်ကို မလိုအပ်ပဲ မထွက်ဖို့ စောင့်ကြည့်ပေးတယ်။” ဟု ဆိုသည်။

လတ်တလော လူမှုကွန်ရက်စာမျက်နှာတွင် ပြန့်နှံ့နေသည့် ဗီဒီယိုဖိုင်တွင် ဂျေယန့်စစ်ရှောင်စခန်းမှ ကိုဗစ် ရောဂါပိုး ကူးစက်ခံရသည့် မိခင်ကို ကလေးဖြစ်သူမှ မခွဲနိုင်၍ ငိုယိုနေသည့် မြင်ကွင်းကို  အမျိုးသားတစ်ဦးမှ “ရောဂါပိုးမရှိပဲနဲ့ ရှိပါတယ်ဆိုပြီး လာလာခေါ်နေကြတယ်။” ဟု ပြောဆိုကာ မှတ်တမ်းတင်ထားသော ဗီဒီယိုဖိုင်အပေါ် ဂျေယန့်စစ်ရှောင်စခန်းတာဝန်ခံက KNG သတင်းဌာနကို ယခုလို ပြောသည်။

“ကျနော်တို့ ဂျေယန့်စစ်ရှောင်စခန်းမှာ အခု ဗီဒီယိုရိုက်တင်တဲ့ တစ်ယောက်ပါပဲ။ သူ့ဘာသူရိုက်ပြီးတော့ လိုင်းပေါ်တင် အပြစ်ရှာတာပေါ့။ ကျန်တဲ့ စစ်ရှောင်စခန်းက ကိုဗစ်လူနာတွေက အဆင်ပြေပြေပါပဲ။ ကိုဗစ်ကော်မတီက လုပ်ဆောင်တဲ့အတိုင်း အဆင်ပြေအောင်တော့ အားလုံးကိုလုပ်ပေးနေတယ်။ မနက်စာအပါ ၃ နပ်ကျွေးပါတယ် တတ်နိုင်သလောက်။ အတတ်နိုင်ဆုံးနဲ့ အကောင်းဆုံးကြိုးစားနေပါတယ်။” ဟု ဆိုသည်။

ဂျေယန့်စစ်ရှောင်စခန်းတွင် ကိုဗစ်ပိုးကူးစက်ခံရသူ စုစုပေါင်း ၁၃၄ ဦးရှိသည်ဟု သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး KIO ကိုဗစ်ကာကွယ်ရေး ဗဟိုအတွင်းရေးမှူး ဗိုလ်မှူးကြီး ဟိန်းဝမ်က “ ကျနော်တို့ သတ်မှတ်ထားက ကိုဗစ်ရောဂါကူးစက်ခံရပြီဆိုရင် ဆေးရုံးတက်ရမယ်။ သားအမိ ၂ယောက်မှာ ကလေးမှာက ရောဂါဖြစ်နေရင် အမေဖြစ်သူရောဂါ မဖြစ်လဲ ကလေးနဲ့အတူ ဆေးရုံလိုက်တက်တယ်။ မနေ့ညက ဖြစ်သွားတာက အကြောင်းစုံမသိလို့ ဖြစ်သွားတာ။ တကယ်လို့ အမေက ပိုးကူးစက်ခံရပြီး ကလေးကမဖြစ်ဘူး ဒါပေမဲ့ မိခင်နို့ မပြတ်သေးဘူး ကလေးကိုထားခဲ့ဖို့ခက်တယ်ဆိုရင်လဲ မတတ်နိုင်ဘူး ကလေးကိုလဲ မိခင်နဲ့အတူထားရမယ်။ အရမ်းကြီးဆိုးဆိုးရွားရွားတော့ မရှိပါဘူး။ ဗီဒီယိုရိုက်ပြီးတင်လိုက်တာပါပဲ။ ကျနော်တို့ ဘက်က ဖြေရှင်းလို့မပြီး သေးခင် ဖြစ်သွားတဲ့ အဓိပ္ပါယ်ပါပဲ။”  ဟု ပြောသည်။

နိုဝင်ဘာလ ၇ ရက်နေ့အထိ လိုင်ဇာမြို့တွင် ကိုဗစ်ရောဂါပိုးကူးစက်ခံရသူ စုစုပေါင်း ၁၅၈၉ ဦး ရှိပြီဖြစ်ပြီး မိုင်ဂျာယာန်မြို့တွင် ၆၈၂ ဦးထိ တိုးမြင့်နေပြီဖြစ်ကြောင်း သိရသည်။

Read Previous

ကသာ မိုးတားလေးကျေးရွာအနီးရှိ ဝဲကြီးကျေးရွာတွင် စစ်ကောင်စီနဲ့ PDF တို့ တိုက်ပွဲ ဆက်လက်ဖြစ်ပွား

Read Next

ကသာမြို့တိုက်ပွဲ ၂ ရက်အတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမူများလာသည့်အတွက် စစ်အင်အားပိုမိုဖြည့်တင်းလာ

Leave a Reply

Your email address will not be published.