KPDF

  • Oct- 2025 -
    15 October
    သတင်း

    ပူတာအို- မြစ်ကြီးနားကားလမ်းပိုင်းရှိ တန်ဂျာရွာအနီးတိုက်ပွဲဖြစ်ပွားခဲ့

    ကချင်ပြည်နယ် ပူတာအို– မြစ်ကြီးနားကားလမ်းပိုင်းမှာရှိတဲ့ ပူတာအိုမြို့နယ်ထဲက တန်ဂျာကျေးရွာအနီးမှာလည်း KIA၊KPDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီပူးပေါင်းတပ်တွေကြားနှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ ပူတာအိုမြို့အထိုင်တပ် ခ.လ.ရ ၄၆ တပ်ရင်းထဲကနေ အင်အား ၃၀ ဝန်ကျင်က အောက်တိုဘာ ၁၂…

    Read More »
  • Aug- 2025 -
    27 August
    သတင်း

    ကာကွယ်ရေးတပ်က သတိပေးထားလို့ နန့်စော်လော်ကျေးရွာပြည်သူတွေ ကြိုတင်တိမ်းရှောင်

    ကချင်ပြည်နယ်၊မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသထဲက နန့်စော်လော်ရွာကို ကြိုတင်တိမ်းရှောင် ထားကြဖို့ KPDF တပ်တွေက သတိပေးထားတယ်လို့သိရပါတယ်။ အင်းတော်ကြီးဒေသ အရှေ့ခြမ်း ဟိုပင်–အင်းတော်ကြီးလမ်းပိုင်းမှာရှိတဲ့ နန့်စော်လော်ကျေးရွာကို KPDF တပ်တွေက ကြိုတင်ရှောင်တိမ်းထားကြဖို့ ကျေးရွာတာဝန်ရှိသူတွေကနေ တဆင့်သတိပေးထားတယ်လို့ အင်းတော်ကြီးဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။…

    Read More »
  • Jun- 2024 -
    25 June
    တိုက်ပွဲ

    ဆိုင်းတောင်ရွာအဝင်မှာ စစ်တပ်နဲ့ KPDF တို့ထိတွေ့တိုက်ပွဲဖြစ်

    ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာထဲ ဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ KPDF တပ်တို့ ဒီနေ့မနက်ပိုင်းက ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံ‌တွေဆီကနေသိရပါတယ်။ ဖားကန့် တပ်မကုန်းကနေဆင်းလာတဲ့ အင်အား ၅၀ ဝန်းကျင်ရှိ စစ်ကြောင်းတစ်ကြောင်းဟာ ဒီနေ့မနက် အစောပိုင်း ဆိုင်းတောင်ကျေးရွာထဲစစ်ကြောင်းထိုးဝင်ရောက်လာချိန် ဆိုင်းတောင်ကျေးရွာအဝင် ရပ်ကွက်…

    Read More »
  • Mar- 2024 -
    28 March
    သတင်း

    နေရပ်ပြန်တာမခံပြည်သူများ ကောလဟာလသတင်းကြောင့် ထပ်ပြီးတိမ်းရှောင်သူတွေရှိနေ

    ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲက ကချင်လွတ်လပ်ရေး တပ်မတော်နဲ့ KIA၊ ကချင်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ KPDF မဟာမိတ်ပူးပေါင်းတွေထိန်းချုပ်ထားတဲ့ တာမခံကျေးရွာထဲ နေရပ်ပြန်လာတဲ့စစ်ဘေးရှောင်ပြည်သူအချို့ ကောလဟာလသတင်းတွေကြောင့် ထပ်မံတိမ်းရှောင်သွားကြတာတွေရှိနေကြတယ်လို့ ဆိုပါတယ်။ တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာတိမ်းရှောင်သွားကြတဲ့ တာမခံပြည်သူတွေဟာ ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာမှနေရပ်ပြန်ဝင်လာခဲ့ကြပေမယ့် ကောလဟာလသတင်းတွေကြောင့် လွန်ခဲ့တဲ့ ၂ ရက်က စလို့ ထပ်မံစစ်ရှောင်သွားကြသူတွေရှိနေတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။ “တချို့တွေလည်းသွားကြလာကြတာပါ့ တိမ်းရှောင်နေကြတာပါ့တချို့တွေလည်း တချို့လည်းပြန်ဝင်သွားကြပြီးတချို့လည်း ဘာသံကြားလည်းမသိဘူး မနေ့တုန်းက ၂၆ ရက်နေ့တုန်းကဆိုရင်တော့ သွားလာနေကြတာ အထုပ်အပိုးတွေနဲ့ ဘယ်သွားဘယ်လာကြလဲမသိတတ်တော့ဘူး”လို့ပြောပါတယ်။ တပ်မတော်နေ့မှာ တာမခံဘက်ကိုလေယာဥ်နဲ့ဗုံးလာကျဲမယ်ဆိုတဲ့သတင်းတွေနဲ့ တပ်မတော်နေ့ပြီးရင် တာမခံကိုစစ်ကောင်စီတပ်က ထိုးစစ်ပြန်လာမယ်ဆိုတဲ့ နှုတ်သတင်းတွေ လွန်ခဲ့တဲ့ ၂ ရက်လောက်ကတည်းက ပြည်သူတွေကြားပျံ့နှံ့နေခဲ့တာပါ။ ဒီ ကောလဟာလတွေကြောင့်ပဲ ပြည်သူအချို့တိမ်းရှောင်ခဲ့ကြတာဖြစ်ပြီး မတိမ်းရှောင်တဲ့ လူတွေလည်းပစ္စည်းရွေ့ပြောင်းတာမျိုးတွေလုပ်ဆောင်ကြတယ်လို့ ဒေသခံတွေကဆိုပါတယ်။ “တချို့တွေလည်းပစ္စည်းတွေရွေ့ထားကြတာလည်းအဲ့လိုမျိုး လူကတော့ရှိတယ်အိမ်မှာတော့ အဲ့ဒီပစ္စည်းတွေပဲ နီးစပ်ရာဟိုဘက်ကမ်း တွေကိုရွေ့ထားကြတာ မထွက်တဲ့လူကများမယ်ထင်တယ် ပစ္စည်းရွေ့တဲ့လူများတယ် လူကတော့ အဲ့လောက်ကြီးမထွက်ဘူး”လို့ပြောပါတယ်။ တာမခန်ကျေးရွာမှာ လက်ရှိအရပ်ဘက်အုပ်ချုပ်ရေးစနစ်နဲ့စတင်လည်ပတ်နေပြီဖြစ် ပေမယ့် တာမခန် အိမ်ခြေ ၈၀၀ ကျော်ထဲက လက်ရှိ ထက်ဝက်လောက်သာနေရပ်ပြန်ဝင်ကြပြီး ထက်ဝက်လောက်က နေအိမ်တွေပျက်စီး သွားတာကြောင့်နေရပ်ပြန်မဝင်ကြသေးဘူးလို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ဟာ KIA၊KPDF တပ်တွေ တာမခံကိုထိုးစစ်ဆင်တိုက်ခိုက်လာစဥ် အထိနာခဲ့တာကြောင့် ကျေးရွာထဲကလူနေအိမ်တွေကိုမီးရှို့ဖျက်စီးတာ၊ လေယာဥ်နဲ့ ဗုံးကျဲတိုက်ခိုက်တာတွေကြောင့် အိမ်ခြေ ၅၀၀ ဝန်းကျင်ပျက်စီးခဲ့ပါတယ်။  ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းကစပြီး KIA ပူးပေါင်းတပ်တွေဟာ ဖားကန့်နဲ့ကချင်ပြည်နယ်နေရာအနှံ့ စခန်းသိမ်းတိုက်ပွဲဖော်ဆောင်နေပြီး ဖားကန့်မြို့နယ်ထဲက တာမခံစခန်း၊နန့်တိန်းတပ်းစခန်း၊ဝှေခါတပ်စခန်းတွေကို သိမ်းပိုက်ထားနိုင်ပြီး ဖားကန့်မြို့ကို ၇၀ ရာခိုင်နှုန်းထိန်းချုပ်ထားနိုင်ပြီလို့လည်း သိရပါတယ်။ By – Zaw Zaw

    Read More »
  • Feb- 2024 -
    23 February
    သတင်း

    စီခမ်းကြီးစခန်းသိမ်းတိုက်ပွဲအပြီး စစ်ကောင်စီတပ်သားအလောင်း ၇၀ ကျော်တွေ့ရှိ

    ကချင်ပြည်နယ် မံစီမြို့နယ်ထဲက စီးခမ်းကြီးကျေးရွာ စခန်းသိမ်းတိုက်ပွဲအပြီး နယ်မြေရှင်းလင်းရေဆောင်ရွက်ရာမှာ စစ်ကောင်စီစစ်သားတွေရဲ့ ရုပ်အလောင်း ၇၀ ကျော်အထိ ရှာဖွေတွေ့ရှိခဲ့ပြီး လက်နက်ခဲရမ်းတွေလည်း ဆယ်ဘီးကားတစ်စီခန့် သိမ်းပိုက်ရရှိခဲ့တယ်လို့သိရပါတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေ အခိုင်အမာနဲ့ ခြေကုပ်ယူထားတဲ့ စီးခမ်းကြီးဗျူဟာကုန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊KPDF၊AA ရွှေကူနယ်…

    Read More »
  • 19 February
    သတင်း

    စီခမ်းကြီး ဗျူဟာမြောက် အထိုင်စခန်းကို KIA ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်

    နှစ်ပေါင်း ၃၀ ဝန်းကျင်ရှိတဲ့ ကချင်ပြည်နယ် မံစီမြို့နယ် စီခမ်းကြီး (Jehkam) စစ်ကောင်စီ ဗျူဟာမြောက်အထိုင်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊  ရက္ခိုင့်တပ်တော် AA နဲ့ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ် KPDF ပူးပေါင်းတပ်တွေက ဒီကနေ့မနက် ၁၀…

    Read More »
  • Nov- 2023 -
    23 November
    သတင်း

    ဓါးပြမှုနဲ့ ဆက်စပ်သူတွေကို KIA တပ်ရင်း ၆ က ဖမ်းဆီးစစ်ဆေးနေ

    ဖားကန့်မြို့နယ်တွင်း ဓါးပြတိုက်မှုမှာပါဝင်ပတ်သက်တယ်လို့ ယူဆရတဲ့သူတွေကို KIA တပ်ရင်း ၆ က ဖမ်းဆီးစစ်ဆေးနေတယ်လို့ KPDF တာဝန်ရှိသူတွေဆီကနေ သိရပါတယ်။ ဓါးပြတိုက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ဆက်စပ်ဖမ်းဆီးစစ်ဆေးခံရသူများထဲမှာ KPDF ဖားကန့်မြို့နယ် မှော်စီစာအပိုင်းတာဝန်ခံ ဝမ်းဘက် (ခ) ရင်သွေးဦးနဲ့လက်ထောက်ဖြစ်သူ ဇွဲကိုတို့ပါဝင်နေပြီး…

    Read More »
  • 13 November
    သတင်း

    စပါးကုန်းစစ်တပ် စခန်း KIA, KPDF တိုက်ခိုက်သိမ်းပိုက်ပြီး စစ်တပ်က အင်အားထပ်ဖြည့်နေ

    ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ဆားမှော်အရှေ့တောင်ကြောမှာရှိတဲ့(ဒေသအခေါ်) စပါးကုန်းစစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်  KIA,PDF ဘက်က တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ နောက် ဆားမှော် မှာ စစ်တပ်ဘက်က အင်အားဖြည့်တင်းတာတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ နိုဝင်ဘာလ ၁၀ ရက်နေ့ မနက် ၆နာရီကနေ  KIA,PDF တပ်တွေက…

    Read More »
  • Sep- 2023 -
    11 September
    သတင်း

    တပ်မ ၈၈ လက်အောက်ခံ တပ်သား ၃ ဦး မြို့လှ KPDF တပ်ရင်းဆီမှာ အလင်းဝင်လာ

    ကချင်ပြည်နယ် ဗန်မော်ခရိုင်ထဲမှာ စစ်ရေးလှုပ်ရှားနေကြတဲ့ စစ်ကောင်စီရဲ့ တပ်မ ၈၈ လက်အောက်ခံတပ်က တပ်သား ၃ ဦးဟာ KIA တပ်မဟာ ၈ ၊ အမှတ် ၅ တပ်ရင်း မြို့လှ K-PDF ထံမှာ အလင်းဝင်ရောက်လာတယ်လို့ မြို့လှ K-PDF ကမနေ့က ထုတ်ပြန်ထားပါတယ်။ အကြမ်းမဖက်အာဏာဖီဆန်ရေး CDM ဝင်ရောက်လာသူတွေဟာ တပ်မ ၈၈ လက်အောက်ခံ ခလရ ၇၈ တပ်ရင်းက တပ်သား ရဝေအောင်၊နိုင်လင်းဦးနဲ့ ခလရ ၄၃၇ က တပ်သားဇော်မင်းထွေးတို့ဖြစ်တယ်လို့ မြို့လှ K- PDF က တာဝန်ရှိသူတစ်ဦးက ခုလိုပြောပါတယ်။ “ဝင်လာတာတော့…

    Read More »
  • 4 September
    သတင်း

    ရွှေကူရဲစခန်း ဒရုန်းနဲ့ ၂ ကြိမ် ထပ်ပြီးပစ်ခံရ

    ကချင်ပြည်နယ် ရွှေကူမြို့မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ မြို့မရဲစခန်းကို ရွှေကူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  K-PDF ဘက်က ဒရုန်းနဲ့ ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရွှေကူဒေသခံတွေက ပြောပါတယ်။ အမှတ် ၄ရပ်ကွက်မှာရှိတဲ့ အဲဒီမြို့မရဲစခန်းကို KPDF တပ်ရင်း ၅ တပ်ဖွဲ့တွေက စက်တင်ဘာ ၃ရက်နေ့ မနေ့က မနက်ပိုင်းမှာတစ်ကြိမ်နဲ့ စက်တင်ဘာလ ၄ ရက် ဒီမနက် ၇နာရီမှာတစ်ကြိမ် ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာ မှန်ကန်ကြောင်း ရွှေကူ K- PDF တာဝန်ရှိသူတစ်ယောက်က အခုလိုပြောပါတယ်။ “အဓိက သူတို့ဘက်က တစ်ခုခုလုပ်နေမှမဟုတ်ဘူးကွာ တော်လှန်ရေးလုပ်နေပြီဆိုကတည်းက ကျွန်တော်တို့ဘက်ကတော့…

    Read More »
Back to top button