သတင်း

ဓါးပြမှုနဲ့ ဆက်စပ်သူတွေကို KIA တပ်ရင်း ၆ က ဖမ်းဆီးစစ်ဆေးနေ

ဖားကန့်မြို့နယ်တွင်း ဓါးပြတိုက်မှုမှာပါဝင်ပတ်သက်တယ်လို့ ယူဆရတဲ့သူတွေကို KIA တပ်ရင်း ၆ က ဖမ်းဆီးစစ်ဆေးနေတယ်လို့ KPDF တာဝန်ရှိသူတွေဆီကနေ သိရပါတယ်။

ဓါးပြတိုက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ဆက်စပ်ဖမ်းဆီးစစ်ဆေးခံရသူများထဲမှာ KPDF ဖားကန့်မြို့နယ် မှော်စီစာအပိုင်းတာဝန်ခံ ဝမ်းဘက် () ရင်သွေးဦးနဲ့လက်ထောက်ဖြစ်သူ ဇွဲကိုတို့ပါဝင်နေပြီး KIA အရာရှိတစ်ချို့လည်းပါဝင်နေကြောင်း ဖားကန့် KPDF တာဝန်ခံတစ်ဦးက ပြောပါတယ်။

လက်ရှိက စစ်ဆေးနေဆဲကာလပါ ဝမ်းဘက်ကို လက်နက်ဖြုတ် ထိန်းသိမ်းထားပြီး စစ်ဆေးနေပါတယ်။ အပြင်မှာပြောနေကြသလို တစ်ခြား KPDF ခေါင်းဆောင်တွေဖြစ်တဲ့ ကိုတင်ကိုတို့ ကိုရန်နိုင်စိုးတို့ကို ဓါးပြမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးစစ်ဆေးခံရတယ်ဆိုတာ မဟုတ်ပါဘူး။ အမှုအားလုံး စစ်ဆေးပြီးတဲ့အခါ ပြည်သူကို ချပြပါမယ်လို့ ပြောပါတယ်။

အောက်တိုဘာ ၃၁ ရက်နေ့ လုံးခင်းကျေးရွာ ရွာလယ်လမ်းမပေါ်ရှိ ဂျာနူးဆေးဆိုင်နှင့် ငွေလွှဲငွေထုတ်လုပ်ကိုင်တဲ့ဆိုင်ကို ဓါးပြတိုက်ခံရတဲ့ဖြစ်စဉ်အပါအဝင် တစ်ခြားဓါးပြတိုက်မှုတို့မှ သံသယရှိသူများကို KIA တပ်မဟာ()၊ တပ်ရင်း()က စုံစမ်း ဖော်ထုတ်ရမိသောကွင်းဆက်များအရ ဖမ်းဆီးစစ်ဆေးနေတာဖြစ်ပါတယ်။

ဒါ့အပြင် ဖားကန့်မှာ စစ်ကောင်စီတပ် နောက်ကွယ်ကနေ ကြိုးကိုင်‌ပြီး လုပ်ဆောင်နေတဲ့ ပျူစောထီးအဖွဲ့ကိုလည်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သလို KIA/KPDF တို့ ပါဝင်ပတ်သက်တယ်လို့ ယူဆရတဲ့ ဓါးပြမှုတွေကိုလည်း KIA တပ်ရင်း()က ဆက်ပြီး စုံစမ်းနေပြီး ပြစ်မှုကျူးလွန်သူတွေကို ကြီးလေးတဲ့ပြစ်ဒဏ်ချမှတ်သွားမယ့်အပြင် သေချာအဖြေထွက်လာချိန် ပြည်သူတွေကိုလည်း ဝန်ချတောင်းပန်သွားမှာဖြစ်တယ်လို့ KPDF ခေါင်းဆောင်တစ်ဦးက ဆက်ပြောပါတယ်။

ကျနော်တို့ကတော့ ပြည်သူကို မျက်နှာမူပါတယ်၊ ပြည်သူကနေ ပေါက်ဖွားလာတာပါ၊ ခုလို ပြည်သူထိခိုက်တဲ့ကိစ္စ အမှုမှန် အဖြေမှန်ထွက်လာရင်လည်း ပွင့်လင်းစွာ ချပြမှာပါ၊ ကိုယ့်ဘက်က လူတွေ မှားယွင်းနေတာ သေချာတဲ့အဖြေထွက်လာရင် အရေးယူမှာဖြစ်သလို ပြည်သူကိုဝန်ချတောင်းပန်မှာပါ လို့ ပြောပါတယ်။

ဖားကန့်မှာ ဒီနှစ်အတွင်း လုံးခင်းကျေးရွာရှိ ဂျာနူးဆေးဆိုင်နဲ့ ငွေလွှဲငွေထုတ်လုပ်ငန်းဆိုင်၊ မိုးရတနာရွှေဆိုင် ဓါးပြတိုက်ခံရပြီး ငွေကျပ်သိန်းခြောက်ထောင်နီးပါး ဆုံးရှုံးမှုအပါအဝင် ရွှေဆိုင်ဓါးပြတိုက်ခံရမှု ၃ ခုနဲ့ တစ်ခြား ငွေကျပ်အမြောက်အများ ဓါးပြတိုက်ခံရတဲ့ ဖြစ်စဉ်တွေ မကြာခနဖြစ်ပေါ်နေတာလည်း ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် ဖားကန့်မှာ ပျူစောထီးအဖွဲ့မှ ဗိုလ်စောမောင်ဆိုသူက ဈေးဆိုင်များအား ဖုန်းဆက်ခြိမ်းခြောက် ငွေညစ်မှုများလုပ်ဆောင်ခဲ့မှုကို KIA တပ်ရင်း ၆ က ဖော်ထုတ်နိုင်ခဲ့ပေမယ့် တစ်ခြားစစ်တပ်ကျောထောက်နောက် ခံပြု ပစ်ခတ်ရှင်းလင်းရေးအဖွဲ့အမည်နဲ့ ခြိမ်းခြောက်စာများပေးပို့ ငွေညစ်တဲ့ အဖွဲ့ကိုတော့ လက်ရှိအချိန်ထိ ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။

By – Hpakant (CJ)

Show More

Related Articles

Back to top button