ကလေးငယ်

  • Apr- 2026 -
    29 April
    သတင်း

    စစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက်မပြည့်တဲ့ကလေးအပါ နှစ်ဦးသေဆုံး

    မိုးညှင်းမြို့နယ်၊ နန်းမားမြို့ မှာ စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတစ်ဦးနဲ့အမျိုးသားတစ်ဦး လက်နက်ကြီးကြကျည်ထိမှန်သေဆုံးခဲ့တယ်လို့ မြို့ခံတွေပြောပါတယ်။ ဧပြီလ ၂၈ ရက်နေ့မနက် ၁၀ နာရီဝန်းကျင် နမ်းမားမြို့ကားလမ်းတစ်လျှောက် နဲ့ဘူတာရုံအနိီးဝန်းကျင်မှာ KIA ပူးပေါင်းတပ်က စစ်ရေးလှုပ်ရှားလာတဲ့တွက် မိုးညှင်းမြို့ စစ်တပ်ရဲ့ အမှတ် ၃၈၅ အမြောက်တပ်ကနေ နမ်းမားဘက်ကို လက်နက်ကြီးဆက်တိုက်ပစ်ခတ်ခဲ့တာကြောင့် မိန်းကလေးငယ်တစ်ဦးနဲ့အမျိုးသားတစ်ဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေက KNG ကိုပြောပါတယ်။ “KIA တွေက နမ်းမားဘူတာတစ်ဝိုက် စစ်ရေးလှုပ်ရှားပြလာတာတေ့ မိုးညှင်းကနေလက်နက်ကြီးတောက်လျှောက်ပစ်တာဟုတ်တယ်။ လက်နက်ကြီး ၄ လုံးကျတာ ရပ်ကွက်ထဲ တစ်ယောက်တော့ပွဲချင်းပြီးသေတယ်။ ကလေးကတော့ ဆေးရုံမှာသေတယ်”လို့ ပြောပါတယ်။ စစ်တပ်က ပစ်တဲ့လက်နက်ကြီးဟာ တောင်အင်းရွာမှာလက်နက်ကြီးတစ်လုံးကျပေါက်ကွဲခဲ့တာကြောင့် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်သီးကျည်ထိမှန်သေဆုံးခဲ့တယ်လို့သိရပါတယ်။ အလားတူ နောက်ထပ် ရွှေပြည်အေးရပ်ကွက်မှာလည်း လက်နက်ကြီးကျပေါက်ကွဲတဲ့အတွက် ဦးကျော်လှဆိုတဲ့အမျိုးသားတစ်ဦးကျည်ထိမှန်သေဆုံးသွားသလို ဦးကျော်လှအိမ်ဘေးက လူငယ်တစ်ဦးခြေတစ်ဖက်ဆုံးရှုံးခဲ့ရပြီး၊ နောက်ထပ်အမျိုးသမီးတစ်ဦးလည်းကျည်စထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ဒေသခံတွေပြောချက်အရ ပြီးခဲ့တဲ့ ဧပြီလ(၂၃)ရက်နေ့က မိုးညှင်းမြို့နယ်၊ ဘီလူးမြို့၊ အုန်းစံဆိုင်ကျေးရွာမှာရှိတဲ့ ရှမ်းနီအမျိုးသားတပ်မတော် (SNA)ရဲ့ တပ်စခန်း (၂)ခုကို KIA နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ခဲ့ပြီးနောက် မိုးညှင်းဒေသမှာ စစ်ရေးအခြေအနေတွေ တင်းမာနေတာဖြစ်တယ်လို့သိရပါတယ်။ “ဒီရက်ပိုင်းက သူတို့စခန်းတိုက်ခံရတော့ လက်နက်ကြီးပစ်တာပိုဆိုးလာတယ်။ ပြီးရင် တော်တော်လည်းစစ်တယ် အပြင်သွားတာတို့သတိထားပြီး သွားလာနေရတယ်”လို့ နောက်ထပ်အမျိုးသားတစ်ဦးပြောပါတယ်။ စစ်ကောင်စီတပ်ဟာ အုန်းစံကျေးရွာမှာရှိတဲ့ ကာကင်းစခန်းနှစ်ခုသိမ်းခံရပြီးနောက် မိုးညှင်း၊နမ်းမားကြား လမ်းတစ်လျှောက်တားဆီးစစ်ဆေးတာတွေလည်းပိုပြီးလုပ်ဆောင်လာတယ်လို့ သိရပါတယ်။ မိုးညှင်းမြို့နယ်ဟာ မြစ်ကြီးနား– မန်းလေးသွားရာလမ်းမပေါ်မှာရှိပြီး SNA တပ်နဲ့ပြည်သူ့စစ်တပ်က အားကောင်းတဲ့ဒေသဖြစ်ပြီး နှစ်ဖက်တပ်အကြားမကြာခနဆိုသလို ထိတွေ့တိုက်ပွဲဖြစ်လေ့ရှိတဲ့နယ်မြေတွေလည်းဖြစ်ပါတယ်။ By – Zami

    Read More »
  • Oct- 2025 -
    30 October
    သတင်း

    ကသာမှာ ကလပ်စတာဗုံးနဲ့တိုက်ခိုက်ခံရပြီး ကလေးတစ်ဦးအပါအဝင် အရပ်သား ၅ ဦး သေဆုံး

    စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့က ညောင်ခြေထောက်ရွာကို စစ်ကောင်စီတပ်က မနေ့ကညပိုင်း ၁၀ နာရီကျော်လောက်မှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်၁၀နှစ်အရွယ်ကလေးတစ်ယောက်အပါအဝင် အရပ်သား ၅ ဦးသေဆုံးခဲ့ရတယ်လို့ ကသာမြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကသတင်းထုတ်ပြန်ချက်အရသိရပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ညောင်ခြေထောက်ရွာက ဘုန်းကြီးကျောင်းဝန်းအတွင်းက ဓမ္မာရုံနှင့် ဂရုဏာပရဟိတကားလည်း ပျက်စီးခဲ့ရသလို အရပ်သားနေအိမ်…

    Read More »
  • Sep- 2025 -
    5 September
    သတင်း

    ပျောက်ဆုံးနေတဲ့ ကလေးငယ် ဝမ်းဗိုက်နားထိုးထွင်းဒဏ်ရာနဲ့ သတ်ဖြတ်ခံထားရ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နောင်နန်းကျေးရွာမှာ ၃ ရက်ကျော်ကြာပျောက်ဆုံးနေတဲ့ ၆နှစ်အရွယ် ကလေးငယ်တစ်ဦးကို အသတ်ခံထားရတဲ့ ပုံစံနဲ့ ပြန်လည်တွေ့ရှိခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူက ဆိုရပါတယ်။ နောင်နန်းကျေးရွာ နယ်မြေ (၂)မှာ နေထိုင်တဲ့ မလဘူမေရီနန်ဇင်ဟာ စက်တင်ဘာလ ၂…

    Read More »
  • Feb- 2024 -
    29 February
    သတင်း

    မံစီမှာစစ်တပ်ရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ကလေးတစ်ဦးထိခိုက်ဒဏ်ရာရရှိ

    ဗန်းမော်ခရိုင် မံစီမြို့မှာ စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းတမ်းပစ်ခတ်လို့ ကလေးငယ်တစ်ဦးထိခိုက်ရရှိထားပြီး နေအိမ်တစ်ချို့ပျက်စီးတာတွေရှိနေတယ်လို့ ဒေသခံတွေ ပြောပါတယ်။ ဖေဖော်ဝါရီ ၂၈ မနေ့ညနေ ၄ နာရီကနေ ၅ နာရီလောက်ထိ စစ်ကောင်စီတပ်လက်နက်ကြီး ဆက်တိုက်ပစ်ခတ်ခဲ့တဲ့အတွက် မံစီမြို့ မောရဝတီရပ်ကွက်ထဲက အသက်…

    Read More »
  • Dec- 2023 -
    6 December
    သတင်း

    မိုးညှင်းမှာ လက်နက်ကြီးကျည်ထိလို့ ၆ နှစ်ကျော်အရွယ်ကလေးတစ်ယောက်သေဆုံး

    ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မိုးညှင်းတက္ကသိုလ်နဲ့ ထန်းတပင်ရွာလမ်းဆုံမှာအနီး လက်နက်ကြီးပေါက်ကွဲခဲ့တဲ့အတွက် ၆ နှစ်ကျော် အရွယ်ကလေးတစ်ယောက်သေဆုံးပြီး နောက်ထပ်ကလေး ငယ်တစ်ယောက်လည်း ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ မိုးညှင်းဒေသခံတွေကပြောပါတယ်။ ဒီဇင်ဘာလ ၆ ရက်နေ့ ဒီကနေ့မနက်ပိုင်း ၈ နာရီလောက်မှာပဲ မိုးညှင်းတက္ကသိုလ်အနီး မိသားစုတစ်စုလမ်း ထွက်လျှောက်နေချိန် လက်နက်ကြီးတစ်လုံးပေါက်ကွဲခဲ့တာဖြစ်တယ်လို့ အသက်…

    Read More »
  • Oct- 2023 -
    18 October
    သတင်း

    ဆယ်ဇင်းတာမခံမှာ စစ်ကောင်စီတပ်ရဲ့ လက်ချက်ကြောင့် ကလေးငယ်တစ်ယောက် လက်နက်ကျည်ထိမှန်သေဆုံး

    ဖားကန့် ဆယ်ဇင်း တာမခံကျေးရွာမှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ယောက် လက်နက်ကြီးကျည်ထိမှန်ခဲ့ပြီး သေဆုံးသွားတယ်လို့ တာမခံဒေသခံတွေဆီကနေ သိရပါတယ်။ အောက်တိုဘာလ ၁၈ ရက် ဒီကနေ့ ညနေပိုင်း ၅…

    Read More »
  • Mar- 2023 -
    6 March
    သတင်း

    ခင်ဦးတွင် ကလေးငယ်တစ်ဦး ဗုံးသီးဆော့ကစားရာမှ ပေါက်ကွဲသေဆုံးမှုဖြစ်ပွားခဲ့

    ခင်ဦးမြို့နယ် အလယ်ရှိုးကျေးရွာအနီးတွင် ကလေးငယ်တစ်ဦး မပေါက်သေးသည့် ၄၀ မမ ဗုံးသီးတစ်လုံး ကောက်ယူဆော့ကစားနေရာမှ ပေါက်ကွဲ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ ကလေးငယ် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ဗုံးသီးကို တောတွင်းတစ်နေရာက နွားကျောင်းသွားရာမှ ကောက်ယူရရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။…

    Read More »
  • Feb- 2023 -
    27 February
    သတင်း

    နေရပ်ပြန်ရေး ဖိအားပေးမှုအောက်က စစ်ရှောင်အမျိုးသမီးနဲ့ ကလေးသူငယ်များ

    လုံခြုံမှု မရှိသေးပေမဲ့ ဖိအားပေးခံရတာကြောင့် နေရပ်ပြန်ရတော့မယ့် စစ်ရှောင်တွေထဲမှာ အဓိကအားဖြင့် အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေမှာ လုံခြုံရေးအတွက် ခက်ခဲမှုရှိနေပါတယ်။ တိုက်ပွဲပိုမို ပြင်းထန်လာမယ့် ၂၀၂၃ ခုနှစ်မှာဘဲ ကချင်ပြည်နယ် က စစ်ဘေးရှောင်စခန်းတွေကို အမြန်ဖျက်သိမ်းဖို့ စစ်ကောင်စီက ပြုလုပ်နေပြီးတော့ မတ်လ နောက်ဆုံးထား နေရပ်ပြန်ကြဖို့ စခန်းတချို့မှာ စစ်တပ်တာဝန်ရှိသူတွေက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နှစ်ရှည်လပေါင်းများစွာ…

    Read More »
  • Jan- 2023 -
    27 January
    လူ့အခွင့်အရေးချိုးဖောက်မှု

    စစ်တပ်် ပစ်ခတ်လိုက်သည့် လက်နက်ကြီး‌ကြောင့် ကလေးငယ်တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာပြင်းထန်

    ကသာမြို့နယ် ကျောက်ထုံးကြီးရွာဘက်သို့ စစ်ကောင်စီတပ်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တစ်ဦးဒဏ်ရာပြင်းထန်စွာ ရရှိ‌ထားကြောင်း ဒေသခံများထံမှ သိရသည်။ ဇန်နဝါရီလ ၂၆ ရက်နေ့ မွန်းလွဲပိုင်း ၂ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်သည် ကသာမြို့ ရပ်ကွက် ၈ လယ်ကွင်းကျောက်ထုံးကြီး…

    Read More »
  • Dec- 2022 -
    20 December
    လူ့အခွင့်အရေးချိုးဖောက်မှုကန့်ဘလူမြို့

    ကန့်ဘလူနယ်တွင် ၆ တန်းကျောင်းသားတစ်ဦးကို စစ်ကောင်စီ ပစ်သတ်

    စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ထန်းကုန်းတိုက်နယ်အတွင်းရှိ ဇီးပင်သာကျေးရွာတွင် ခြောက်တန်းကျောင်းသားတစ်ဦးကို စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့တို့ ပစ်သတ်သွားခဲ့သည်ဟု ဒေသခံများပြောဆိုချက်မှသိရသည်။ ဒီဇင်ဘာလ ၁၉ ရက်နေ့ ည ၈နာရီဝန်းကျင်တွင် ထန်းကုန်းကျေးရွာဘက်မှ စစ်အင်အား ၅၀ ဝန်းကျင်ပါရှိသည့် စစ်ကောင်စီနှင့်ပျူစောထီးအဖွဲ့တို့သည် ဇီးပင်သာကျေးရွာဘက်သို့…

    Read More »
Back to top button