,

Breaking News :

စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ရန် NUG မှ လျှို့ဝှက် ကမ်းလှမ်း ဟူသော သတင်းအမှား

ကသာမြို့နယ်၊ မိုးတာလေးရွာကို KIA နှင့် PDF အဖွဲ့များ ဝင်ရောက် မီးရှို့ ဖျက်စီးလိုက်သည်ဆိုသော သတင်းအမှား

ထွက်ပြေးတိမ်းရှောင််သည့် ဒီပဲယင်း ဒေသခံ တစ်သောင်းကျော်အတွက် အရေးပေါ် အကူညီလိုအပ်နေ

မဇွပ်ယန်ကျေးရွာ အတွင်းရေးမှူး ဖမ်းဆီးခံရ

စစ်တပ်် ပစ်ခတ်လိုက်သည့် လက်နက်ကြီး‌ကြောင့် ကလေးငယ်တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာပြင်းထန်

အင်းတော်တွင် PDF နှင့် ဆက်သွယ်သည်ဟုဆိုကာ တစ်ပတ်အတွင်းပြည်သူ ၃ ဦးဖမ်းဆီးခံထားရ

ဖမ်းဆီးခံရသည့် ထီးချိုင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကို ကိုယ်ပေါ် မိုင်းတင်ဆင်ပေးပြီး စစ်ကြောင်းထဲ ခေါ်ဆောင်

စစ်ကိုင်းတိုင်းတွင် ရွေးကောက်ပွဲကော်မရှင်ရုံးနဲ့ လဝကရုံးဖောက်ခွဲခံရမူ တစ်လအတွင်း ၅ ကြိမ်ထိရှိလာ

ဒလန် တစ်ဦးဖမ်းဆီးခံရမှုကြောင့်  စစ်ကောင်စီတပ်က အရပ်သားပြည်သူ ၂ ဦးဖမ်းဆီး

မှော်ဆီစာ ရဲကင်းတိုက်ခိုက်ခံရပြီး‌နောက် စစ်ကောင်စီတပ်ဘက်မှ လက်ရှိချိန်ထိ သေနတ်များဖြင့် ရမ်းသမ်းပစ်ခတ်နေ

ကန့်ဘလူနယ်တွင် ၆ တန်းကျောင်းသားတစ်ဦးကို စစ်ကောင်စီ ပစ်သတ်

ကန့်ဘလူမြို့

ကန့်ဘလူမြို့အဝင်ဆိုင်းဘုတ်

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ထန်းကုန်းတိုက်နယ်အတွင်းရှိ ဇီးပင်သာကျေးရွာတွင် ခြောက်တန်းကျောင်းသားတစ်ဦးကို စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့တို့ ပစ်သတ်သွားခဲ့သည်ဟု ဒေသခံများပြောဆိုချက်မှသိရသည်။

ဒီဇင်ဘာလ ၁၉ ရက်နေ့ ည ၈နာရီဝန်းကျင်တွင် ထန်းကုန်းကျေးရွာဘက်မှ စစ်အင်အား ၅၀ ဝန်းကျင်ပါရှိသည့် စစ်ကောင်စီနှင့်ပျူစောထီးအဖွဲ့တို့သည် ဇီးပင်သာကျေးရွာဘက်သို့ လက်နက်များပစ်ခတ်ကာ ဝင်ရောက်စီးနင်းလာခဲ့ပြီး ကလေးငယ်တစ်ဦးအား အကြောင်းမဲ့ ပစ်သတ်သွားခဲ့သည်ဟု ဒေသခံတစ်ဦးက KNG ကိုပြောသည်။

သူတို့ဝင်လာတာ ည ၈ နာရီခွဲလောက်မှာ လက်နက်တွေပစ်ခတ်ပြီး ဝင်လာကြတာဟုတ်တယ်။ သူတို့ဝင်လာတဲ့ခါမှာ တွေ့သမျှအကုန်ပစ်တာ အဲ့မှာ တန်းကျောင်းသားကို ပစ်သတ်သွားတယ်။ ဘယ်လိုပုံစံနဲ့ ပစ်သတ်သွားတယ်ဆိုတာကိုတော့ မတွေ့လိုက်ရဘူး။ ဒါပေမယ့် ပစ်သတ်သွားတာက အတည်ပြုပါတယ်ဟုပြောသည်။

စစ်ကောင်စီအဖွဲ့ ပစ်သတ်သွားသည့် ၆ တန်းကျောင်းသားသည် ဇီးပင်သာကျေးရွာမှ အသက် ၁၃ နှစ်အရွယ် မောင်သုတဇော်ခေါ်သူဖြစ်သည်။

ဇီးပင်သာကျေးရွာတွင်  ကလေးငယ်တစ်ဦး ပစ်သတ်ခံထားရသည့်အပြင်  လူနေအိမ် ၃ လုံးထက်မနည်းကိုလည်း စစ်ကောင်စီအဖွဲ့က မီးရှို့ဖျက်ဆီးသွားသည်ဟု သတင်းအရင်းအမြစ်က ယခုလိုထပ်မံပြောဆိုသည်။

ကျနော်တို့ ဇီးပင်သာကျေးရွာက တော်လှန်ရေးလုပ်တဲ့ ရွာလည်းမဟုတ်ဘူးဗျာ။ အကုန်လုံးက အေးအေးချမ်းချမ်းပဲနေကြတယ်။ ပြီးရင်တိုက်ပွဲဖြစ်တယ်ဆိုတာလည်းမရှိဘူး။ သူတို့က ဒေသခံတွေကို ရန်သူတွေလို သဘောထားပြီး တွေ့သမျှအကုန်ပစ်  မီးတွေရှို့တော့တာပဲဟုပြောသည်။

အဆိုပါ ဇီးပင်သာကျေးရွာနှင့် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့တို့ တပ်စွဲနေထိုင်သည့် ထန်းကုန်းကျေးရွာမှာ ၁ မိုင်ခန့်သာရှိပြီး ကန့်ဘလူမြို့နယ်၏ တောင်ဘက်ခြမ်း ၁၂ မိုင်ခန့်အကွာအဝေးတွင်တည်ရှိသည်။

Read Previous

ဖားကန့် ကျောက်စိမ်းလုပ်ကွက်တစ်ခုတွင် ဝန်ထမ်း ၄၀ ကျော် ဖမ်းဆီးခံထားရ

Read Next

စက်တောကုန်းတွင် အိမ်ခြေထက်ဝက်ခန့် နှင့် စပါးကျီ ၃၀ ကျော် မီးရှို့ဖျက်ဆီးခံရ