ကာမိုင်း

  • Jul- 2025 -
    16 July
    သတင်း

    ကားမိုင်း – ဖားကန့်လမ်း KIA ပြန်လည်ဖွင့်ပေး

    ကားမိုင်း – ဖားကန့်လမ်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေပိတ်ထားတဲ့ လမ်းပိုင်းနေရာတစ်ချို့ ရှင်းလင်းရေးဆောင်ရွက်ကာ ဒီကနေ့ ဇူလိုင် ၁၆ ရက်နေ့ကတင်ပြီး ပြန်လည်ဖွင့်လှစ်လိုက်ပြီလို့ သိရပါတယ်။ မြစ်ကြီးနား –  မိုးကောင်းဘက်ကနေ ဖားကန့်ကိုတက်လို့ရတဲ့ ကားလမ်းမကြီးကို ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်း စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးဝင်ရောက်လာကတည်းက စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ် နှစ်ဖက်စလုံးက လမ်းပိုင်းအားလုံးကို ပိတ်ဆို့ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ပိတ်ထားတဲ့ ကားမိုင်း– မအူပင်ကျေးရွာအကျော် အွမ်ကထောင်ကျေးရွာကနေ နန့်ယား၊ ဆိုင်းဖရာ၊ ခွန်စိုင်ဇွပ်၊ ကပ်မှော်၊ တံတားညီနောင်၊ နန့်တိန့် အနီးတဝိုက်အထိ လမ်းကြောင်းအားလုံးကို ဒီကနေ့က စတင်ပြီး ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီလို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ကျနော်သိရသလောက်ဆို ဒီမနက်ကစပြီး လမ်းတွေဖွင့်ပြီ။ ကပ်မှော်၊ ဆိုင်းဖရာ တစ်ကြော တပ်ရင်း ၄၄ နေရာတဝိုက် မိုင်းရှင်းလင်းရေးတွေ လုပ်နေကြပြီ။ အထက်အမိန့်ကမနေ့ကရတယ်လို့ ကြားတယ်။ KIA ဘက်က ဂိတ်ထိုင်ပြီး အရမ်းကြီး စစ်ဆေးမေးမြန်းဖို့ အရမ်းကြီးတော့ လုပ်ဖို့ အနေအထားတော့မတွေ့ရဘူး။ အဓိကတော့ မှတ်ပုံတင်၊ ကိုယ်နေထိုင်တဲ့နေရာက အချက်အလက် ထောက်ခံစာပြရင် ရပြီလို့ထင်ပါတယ်”လို့ပြောပါတယ်။ ကားမိုင်း – ဖားကန့်လမ်းကို အသုံးပြုပြီး စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးနေတာကြောင့် KIA နဲ့ စစ်ကောင်စီတပ်တွေကြား လမ်းပိုင်းတစ်လျှောက် စစ်ရေးတင်းမာမှုဖြစ်နေတာ တစ်လခန့်ကြာမြင့်လာပြီဖြစ်ပါတယ်။ ဒါ့အပြင် ဖားကန့်မြို့ထဲ ဆွတ်ဘွမ့်(အမှိုက်ပုံ) ၊ မော်မောလယန် နဲ့ ရှရော်ခ စတဲ့ ကျေးရွာတွေမှာ တိုက်ပွဲအရှိုန်မြင့်မားနေဆဲဖြစ်ပါတယ်။ အခုလို ဖားကန့်ဒေသထဲ စစ်ရေးတင်းမာနေဆဲဖြစ်တဲ့အချိန် KIA ဘက်က လမ်းပိုင်းဖြေလျှော့လိုက်တဲ့ ပတ်သက်ပြီး အသေးစိတ် မသိရသေးတာလည်းဖြစ်ပါတယ်။ ဖားကန့်မှာ တိုက်ပွဲစတင်ဖြစ်ပွားလာကတည်းက လဝါး – ကားမိုင်းကနေ မအူပင်အထိ ၊ နန့်တိန့် ကျေးရွာကနေ ဖားကန့်မြို့ဝင် ယမ်းချက်စက်ရုံနဲ့ လုံးခင်းကျေးရွာအထိ လမ်းပိုင်းအားလုံးကို စစ်ကောင်စီတပ်တွေ လမ်းပိုင်းထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။ KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက နန့်ယားကျေးရွာကနေ နန့်တိန့်အနီးတဝိုက်အထိ လမ်းပိုင်းထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီတပ်တွေ ထိန်းချုပ်ခဲ့တဲ့ လမ်းပိုင်းနေရာတွေကို ပြီးခဲ့တဲ့ မေလကတည်းက ဖြေလျှော့ ထားတယ်လို့လည်း ဆက်သိရပါတယ်။ ဖားကန့်ဒေသထဲကို ကုန်စည်အဓိက စီးဆင်းနေတဲ့ ကားမိုင်း – ဖားကန့်လမ်းကို နှစ်ဖက်စစ်တပ်ရဲ့ ပိတ်ဆို့မှုတွေကြောင့် အင်းတော်ကြီး – ဂွေခါလမ်းတစ်ခုတည်းသာ ကုန်းကားအဝင်အထွက်ရှိနေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ယခုရက်ပိုင်းအတွင်းမှာ အင်းတော်ကြီး – ဖားကန့် ဂွေခါလမ်းပိုင်းမှာလည်း စစ်ကောင်စီတပ်၊ ရှမ်းနီ SNA ပူးပေါင်းတပ်တွေနဲ့ KIA တပ်တွေကြား တိုက်ပွဲဖြစ်နေတာဖြစ်ပါတယ်။ ဒါကြောင့် ကားမိုင်း – ဖားကန့်လမ်းကို ပြန်လည်အသုံးပြုဖို့ KIA ဘက်က ဖွင့်လိုက်တာဖြစ်နိုင်တယ်လို့ ပြည်သူတွေက သုံးသပ်နေကြပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 8 July
    သတင်း

    ဖားကန့်မြို့နယ်ထဲ စစ်တပ်ကဆန်သယ်ယူခွင့်ပိတ်ဆို့တာ တစ်လဝန်းကျင်ရှိလာ

    ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲကို စစ်ကောင်စီတပ်ကဆန်သယ်ယူခွင့်ပိတ်ဆို့တာ တစ်လဝန်းကျင်ရှိလာတာကြောင့် ဒေသခံတွင်း ဆန်ဝယ်ယူရတာခက်ခဲလာတယ်လို့ဒေသခံတွေကပြောပါတယ်။ ဖားကန့်မြို့နယ်ကို အဓိကကုန်စည်စီးဆင်းရာ ကာမိုင်း – ဖားကန့်လမ်းကြောင်းမှာတော့ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ် တွေအကြားတိုက်ပွဲကြောင့် သွားလာခွင့်တွေကိုနှစ်ဖက်တပ်တွေကပိတ်ဆို့ထားတယ်လို့သိရပါတယ်။ တစ်ခုတည်းသော ကုန်စည်စီးဆင်းရာလမ်းကြောင်းဖြစ်တဲ့ အင်းတော်ကြီး–ဝှေခါ လမ်းကြောင်းမှာတော့…

    Read More »
  • May- 2025 -
    26 May
    သတင်း

    ကားမိုင်းလမ်းအတိုင်း ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေ ဖားကန့်မြို့အဝင်ဝ အထိ ရောက်ရှိလာ

    တစ်လခန့်အကြာ ဖားကန့်မြို့နယ်ထဲမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်တွေက မေလ ၂၆ ရက်နေ့ ဒီကနေ့ မနက်အစောပိုင်းမှာ စစ်ကြောင်း ၃ ခုခွဲပြီး ဖားကန့်မြို့အဝင်ဝနားအထိ ရောက်ရှိသွားပြီလို့ သိရပါတယ်။ ကားမိုင်းဘက်ကနေ စစ်အင်အား ၅၀၀ ဝန်းကျင်ခန့်ဖြင့် စစ်ကြောင်းထိုးလာတဲ့…

    Read More »
  • Mar- 2025 -
    24 March
    သတင်း

    ဖားကန့်-ကာမိုင်း လမ်းပိုင်းမှာတိုက်ပွဲ ဖြစ်လို့ အတက်အဆင်းကားတွေ ပိတ်မိနေ

    ကချင်ပြည်နယ် ဖားကန့်–ကာမိုင်းကားလမ်းပိုင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ရေးတင်းမာနေတာကြောင့် အတက်အဆင်းကားတွေ ပိတ်မိ​နေတယ်လို့ သိရပါတယ်။ ဖားကန့်မြို့နဲ့ ကာမိုင်းမြို့ကြားမှာရှိတဲ့ ကျောက်ဖျာအနီးမှာ မတ်လ ၂၂ ရက်နေ့ ညပိုင်း ကစ KIA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား ထိတိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက်…

    Read More »
  • Apr- 2024 -
    12 April
    သတင်း

    ကားမိုင်းမှာ အမျိုးသားတစ်ဦးကို ပြည်သူ့စစ်အဖွဲ့ ပစ်သတ်ထား

    ဖားကန့်မြို့နယ် ကားမိုင်းမြို့ လမောင်ကထောင်(Lamawng Kahtawng)ရွာအဝင်မှာ စစ်တပ်လက်အောက်ခံပြည်သူ့စစ်အဖွဲ့က ကချင်အမျိုးသားတစ်ဦးကို ဧပြီလ ၁၁ ရက်နေ့ ည ၇ နာရီလောက်မှာပစ်သတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပစ်သတ်ခံရတဲ့ အသက် ၄၃ နှစ်ရွယ် ဦးဂျန်မော်တူးအောင်ဆိုသူဟာ လယ်ခင်းကိုသွားတဲ့ လမ်းခုလပ်မှာ ပြည်သူ့စစ်အဖွဲ့တွေက ဖမ်းဆီးပြီးပစ်သတ်ပေးလိုက်တာဖြစ်တယ်လို့ မိသားစုနဲ့ နီးတဲ့ ကားမိုင်းဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “မနေ့ည ၇ နာရီလောက်မှာ အိမ်ကနေ လယ်ခင်းကိုထွက်သွားတာ လမ်းမှာဖမ်းဆီးသွားတာထင်တယ်။ ပြည်သူ့စစ်ဂိတ်နားမှာ ပစ်သတ်ထားတယ်။ ပစ်သတ်ထားတာတောင် ထိုင်ထားခိုင်းပြီးပစ်သတ်ထားတာ။ သေနတ်ဒဏ်ရာ ၅ နေရာတွေ့တယ်”လို့ပြောပါတယ်။ ဦးဂျန်မော်တူးအောင်ရဲ့ကိုယ်ပေါ်  သေနတ်ဒဏ်ရာ ၅ နေရာလောက်တွေ့ရတဲ့အပြင် ခြေထောက်တစ်ဖက်နဲ့ လည်ပင်းနေရာတွေမှာသေနတ်ကျည်ပွင့်ထွက်သွားတဲ့ဒဏ်ရာတွေနဲ့သေဆုံးနေပြီး ရုပ်အလောင်းကို မိသားစုတွေကဒီနေ့မှာသွားရောက်ကောက်ယူခဲ့တယ်လို့ ဆိုပါတယ်။ ပစ်သတ်ခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ကားမိုင်းဒေသခံအမျိုးသားက အခုလို ဆက်ပြောပါတယ်။ “ကားမိုင်းမှာက ည ၆ နာရီနောက်ဆိုသွားလာခွင့်ပိတ်ထားတာတော့ဟုတ်တယ်။ ဒါပေမယ့် သူက ဂိတ်နေရာဘက်ကနေ သွားတာမဟုတ်ဘူး။ တခြားလမ်းကနေ သူရဲ့ အခင်းကိုသွားတာ။ ကြည့်ရသလောက်က ဖမ်းဆီးသွားတာက ရွာအနီးမှာ ဖမ်းဆီးသွားပြီး ပြည်သူ့စစ်ဂိတ်အနီးမှာ ပစ်သတ်ထားတာဟုတ်တယ်။ ဖမ်းသွားတာက ရွာကလူတွေလည်း တွေ့လိုက်တယ်လို့ပြောတယ်”လို့ပြောပါတယ်။ ဦးဂျန်မော်တူးအောင်ဟာ လမောင်ကထောင်ကျေးရွာအဝင်ကားမိုင်းပြည်သူ့စစ်ဂိတ်နားမှာ ပစ်သတ်ခံထားရတာဖြစ်ပြီး ဒေသခံပြည်သူတွေရဲ့ ပြောဆိုချက်အရ ညအချိန်သွားလာတာကြောင့် KIA နဲ့ ဆက်နွယ်ပတ်သက်မှုရှိတယ်လို့ယူဆပြီး ပစ်သတ်ခံရတာဖြစ်နိုင်တယ်လို့ သိရပါတယ်။ ကားမိုင်းမြို့မှာ ည ၆ နာနရီနောက်ပိုင်း မြို့တွင်း မြို့ပြင် ဒေသခံပြည်သူတွေကို သွားလာခွင့်ကန့်သတ်ထားတယ်လို့ လည်း သိရပါတယ်။ ကားမိုင်းမြို့ဟာ မြစ်ကြီးနား၊ မိုးကောင်းမြို့နယ်ဘက်ကနေ ဖားကန့်ကိုတက်သွားတဲ့လမ်းမပေါ်မှာရှိတဲ့ မြို့တစ်ခုဖြစ်ပြီးတော့ ဒီရက်ပိုင်းအတွင်း မြို့တွင်းတိုက်ပွဲဖြစ်လာမှာကိုစိုးရိမ်တဲ့အတွက် စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက လုံခြုံရေးတင်းကြပ်ထားတာလည်းဖြစ်ပါတယ်။ ကားမိုင်းမြို့ပေါ်မှာ ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းလောက်ကနေ မြို့သိမ်းတိုက်ပွဲဆင်နွှဲတော့မယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့ နောက်ပိုင်း ဒေသခံပြည်သူတွေကားမိုင်းမြို့တွင်းထဲကနေ ယာယီတိမ်းရှောင်နေကြတာတွေလည်း ရှိနေပါတယ်။ ဒါ့အပြင် ဧပြီလ ၁၁ ရက်နေ့မှာလည်း ကားမိုင်းမြို့ကနေ ဖားကန့်ကို တက်သွားတဲ့ လမ်းကြောင်းပေါ်နန့်ယားစစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိမှာ မြစ်ကြီးနားဘက်ကနေ ဖားကန့်ကို တက်လာတဲ့လမ်းကြောင်းပေါ်မှာ ကားမိုင်းဗျူဟာကုန်း တစ်ခုသာ ကျန်ရှိနေတော့တာကြောင့် ကားမိုင်းမှာ တိုက်ပွဲဖြစ်ပွားလာမှာကို ဒေသခံတွေကပြောဆိုနေကြပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • Mar- 2024 -
    14 March
    သတင်း

    ကားမိုင်းမြို့အဝင်အထွက်အားလုံး စစ်တပ်ကပိတ်ဆို့ထား

    ဖားကန့်သွားလမ်း ကားမိုင်းမြို့မှာ ဒေသခံပြည်သူတွေက တိုက်ပွဲဖြစ်ပွားလာမှာကို စိုးရိမ်တဲ့အတွက် ဘေးလွတ်တဲ့နေရာကို ထွက်ပြေးတိမ်းရှောင်ကြဖို့ စီစဉ်နေချိန် စစ်တက်က မြို့အဝင်အထွက်အားလုံးကို ပိတ်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ ကားမိုင်းမြို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကနေ ကချင်လွတ်လပ်ရေးတပ်မတော် KIA က ကားစစ်တပ်ဗျူဟာကုန်းကို ရှင်းလင်းဆောင်ရွက်မယ်လို့…

    Read More »
  • Feb- 2024 -
    13 February
    သတင်း

    ယာယီစစ်ရှောင်စခန်းနဲ့ နေထိုင်ဖို့ပြင်ဆင်နေတဲ့ မအူပင်စစ်ရှောင်တွေ အကူအညီလိုအပ်နေ

    “အစားအသောက်တွေလည်း လိုအပ်ပါတယ်။ အခုအရေးတကြီးလိုအပ်နေတာက ဆေးဝါးတွေလည်းဖြစ်တယ်။ ဒီမှာနေတာ တစ်ပတ်လောက်ရှိလာပြီ ဖျားနာတဲ့သူတွေ အရမ်းများလာတယ်။ ပြီးရင် ခြင်ထောင်တွေလည်း လိုအပ်တယ်။ နောက်ပြီး အဝတ်အထည်တွေလည်း လိုအပ်ပါတယ်”လို့ပြောပြပါတယ်။

    Read More »
  • 9 February
    ဆောင်းပါး

    မအူပင်ရွာ ဘာကြောင့် မီးရှို့ဖျက်ဆီးခံရသလဲ

    ဖားကန့်မြို့နယ်ထဲက အရေးပါတဲ့ တပ်စခန်းတွေကို လက်လွှတ်ဆုံးရှုံးလိုက်ရပြီးနောက် အခုလို ကချင်အများစုနေထိုင်တဲ့ ကျေးရွာတွေကို မီးရှို့ခဲ့တာလို့ မအူပင်ဒေသခံ အမျိုးသားက KNG ကို ပြောဆိုပါတယ်။

    Read More »
  • 7 February
    သတင်း

    မအူပင်ကျေးရွာတစ်ခုလုံး မီးရှို့ဖျက်ဆီးခံရ

    ဖားကန့်သွားလမ်း ကားမိုင်းအထက်မှာရှိတဲ့ မအူပင်ကျေးရွာကို စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တွေပူးပေါင်းတပ်တွေ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာပြီး ရွားလုံးကျွတ်မီးရှို့ဖျက်ဆီးပေးလိုက်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ရှဒူးဇွပ် ခလရ ၂၉၇ တပ်ရင်းနဲ့ မင်းဇေသန့် ဦးဆောင်တဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဖေဖော်ဝါရီလ ၇…

    Read More »
  • Jan- 2024 -
    22 January
    သတင်း

    ကားမိုင်းဗျူဟာကုန်းကနေ ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် လဝါးဒေသခံတစ်ဦး ပြင်းထန်ဒဏ်ရာရ

    ဖားကန့်သွားလမ်း ကားမိုင်းမြို့မှာ စစ်ကောင်စီပစ်ခတ်လိုက်တဲ့ လက်နက်ကြီးထိမှန်ခဲ့တာကြောင့် လဝါးဒေသခံ အမျိုးသားတစ်ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ လက်နက်ကြီးထိမှန်ခဲ့တဲ့သူဟာ အသက် ၅၀ နှစ်အရွယ် ဦးအင်ခွန်ဇော်လွန်(N-hkum Zau Lawn) ဆိုသူဖြစ်ပြီးတော့ လဝါးကနေ ကားမိုင်းဘက်ကို လာတဲ့လမ်းတစ်ဝက်မှာ ကားမိုင်းဗျူဟာကုန်းကနေ…

    Read More »
Back to top button