စစ်ကိုင်းတိုင်း

  • Sep- 2023 -
    28 September
    သတင်း

    ချင်းတွင်းမြစ်ကြောင်းမှာ စစ်သင်္ဘောတွေက ကျေးရွာတွေကို ပစ်ခတ်သဖြင့် ဒေသခံများ ထွက်ပြေးနေရ

    စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အလုံမင်းဒေါင် ဆိပ်ကမ်းကနေ စုန်ဆင်းလာတဲ့ စစ်သင်္ဘောတွေက မြစ်ကမ်းဘေးတစ်လျှောက် ကျေးရွာတွေကို ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။ စက်တင်ဘာ ၂၇ရက်နေ့ မနက်ပိုင်း ချင်းတွင်းမြစ်အတိုင်း စစ်ဘက်သုံးရေယာဥ်တစ်စီး စုန်ဆင်းခဲ့ပြီးနောက် ဒီကနေ့ မနက်ပိုင်းမှာ နောက်ထပ် စစ်သင်္ဘော ၁၆ စီး ဆက်လက်စုန်ဆင်းလာပြီး မြစ်ကမ်းဘေးတစ်လျှောက် ကျေးရွာတွေကို လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ တာဝန်ရှိသူ တစ်ယောက်က ပြောပါတယ်။ “သူတို့ကမုံရွာနယ်ကျော်တာနဲ့ကိုတောက်လျှောက် ပစ်တော့တာ ကမ်းဘေးဝဲယာကိုပစ်တာ…

    Read More »
  • 20 September
    သတင်း

    မင်းကင်းမှာ စစ်သင်္ဘောတစ်စီးတိမ်းမှောက်လို့ စစ်သားအပါအဝင် လူဦးရေ ၁၀၀ ကျော်သေဆုံးနိုင်

    စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်မှာ ချင်းတွင်းမြစ်ကြောင်းအတိုင်းစုန်ဆင်းလာတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘောတစ်စီးတိမ်းမှောက်ခဲ့တဲ့အတွက် သင်္ဘောပေါ်မှာလိုက်ပါလာ တဲ့သူ ၁၀၀ ကျော်သေဆုံးနိုင်တယ်လို့ Student’s Revolutionary Force အဖွဲ့က ပြောပါတယ်။ စက်တင်ဘာလ ၁၉ရက်နေ့ မနေ့က မနက်ပိုင်း ၁၀နာရီလောက်မှာ ညွှန်မှူး နဲ့ ရေတပ်သား ၅ ယောက်၊ Non CDM ဆရာ ဆရာမတွေ၊ ကျောင်းသားကျောင်းသူ တချို့အပါအဝင် ပျူအဖွဲ့ဝင်တွေလိုက်ပါလာတဲ့ စစ်သင်္ဘောတိမ်းမှောက်မှု ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ SRF အဖွဲ့က တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။ “စစ်သင်္ဘောတွေက ရေလမ်းကြောင်းမှားတာရယ် စလင်ရဲ့ပေါ့လျော့မှုလို့ပြောလို့ရတယ်…

    Read More »
  • 18 September
    သတင်း

    အင်းတော်နယ်မှာ ညဘက်စစ်ကောင်စီရဲ့ဒရုန်းတွေ ပျံဝဲနေတဲ့အတွက် NUG ကျောင်းတွေကို ပိတ်ထားရ

    စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်ထဲက ကျေးရွာတွေဘက်ကို စစ်ကောင်စီတပ်က ညဘက် ဒရုန်းတွေအသုံးပြုပြီးစစ်ရေးလှုပ် ရှားမှုတွေရှိနေတာကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG )စာသင်ကျောင်းတွေကို ပိတ်ထားရတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်က အင်းတော်မြို့နယ်ထဲမှာ ရှိနဲ့ မော်တိတ်ဒေသ၊မဲဇာဒေသတွေနဲ့ နဘားကျေးရွာတွေဘက်ကို စက်တင်ဘာ ၁၆ ရက်နေ့…

    Read More »
  • 11 September
    သတင်း

    စက်တင်ဘာလ ၁၀ရက်နေ့က ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတဲ့ ယင်းမာပင်နယ် အနောက်ဘက်ခြမ်းက စာသင်ကျောင်း

    စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ကြားကာလပညာသင်ကြားနေတဲ့စာသင်ကျောင်းကို စစ်ကောင်စီတပ်က မနေ့က စက်တင်ဘာလ ၁၀ ရက်နေ့ နေ့လည် ၁၂ နာရီကျော်လောက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ယင်းမာပင်မြို့နယ် အနောက်ဘက်ခြမ်း ပွင့်ကြီးတောတိုက်ရွာမှာရှိတဲ့ စာသင်ကျောင်း၊ဆေးခန်း နဲ့ ဘုန်းကြီးကျောင်းကို mi 35 ရဟတ်ယာဥ်အမျိုးအစားနဲ့ ၁နာရီနီးပါးလောက် ဗုံးကြဲတိုက်ခိုက်ခဲ့သလို စက်သေနက်တွေနဲ့ပါ ပစ်ခတ်ခဲ့တာလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။ “ဗုံးသီး၁၇လုံးနဲ့ စက်လက်နက်တွေနဲ့ပစ်ခဲ့တာ…

    Read More »
  • 8 September
    သတင်း

    ကုန်စက်လှေတွေ တစ်လကျော်ပိတ်ခဲ့လို့ ကုန်စိမ်းသည်များ အရှုံးပေါ်

    စစ်ကိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ထဲကိုဝင်မယ့် ကုန်စက်လှေတွေ ကနီနယ်ဘက်မှာ တစ်လလောက်ပိတ်မိခဲ့လို့ ကုန်စိမ်းများ ပုပ်ပွပြီး အရှုံးပေါ်ခဲ့တယ်လို့ ဟုမ္မလင်းမြို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အဲဒီကုန်တင်စက်လှေတွေဟာ သြဂုတ်လ ၁၈ ရက်နေ့ကတည်းက မုံရွာကနေ စတင်ထွက်ခွာလာပေမယ့် စစ်ကောင်စီရဲ့လက်နက်နှင့်စားနပ်ရိက္ခာပို့တင်တဲ့ သံခွန်မော်တော်ကြီးတွေတက်လာတာကြောင့် ကုန်စက်လှေတွေ…

    Read More »
  • Aug- 2023 -
    23 August
    သတင်း

    ဟုမ္မလင်းမြို့နယ်ထဲမှာ အခြေခံစားသောက်ကုန် စျေးနှုန်းအဆမတန် မြင့်တက်နေပြီး ကုန်ပစ္စည်းတစ်ချို့ပြတ်လပ်စပြုနေ

    စစ်ကိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ထဲမှာ အခြေခံစားသောက်ကုန်စျေးနှုန်းတွေ အဆမတန်မြင့်တက်နေပြီး တစ်ချို့စားသောက်ကုန်တွေ ပြတ်လပ်စပြုနေပြီလို့ဒေသခံတွေဆီကနေ သိရပါတယ်။ ဟုမ္မလင်းမြို့နယ်ထဲမှာ ကုန်ပစ္စည်းတွေကို အဓိက မုံရွာဘက်ကနေ ကုန်ကြောင်း၊ ရေကြောင်းတွေနဲ့ တင်သွင်းကြပေမယ့် အခုနောက်ပိုင်း ကုန်းကြောင်းနဲ့ရော ရေကြောင်းနဲ့ပါ သယ်ယူဖို့ အခက်အခဲ အမျိုးမျိုးရှိလာ တာကြောင့် ဒီလထဲ ကုန်စျေးနူန်းတွေတဟုန်ထိုး မြင့်တက်လာတာဖြစ်တယ်လို့ ဟုမ္မလင်းမြို့ခံ အမျိုးသမီးတစ်ဦးက KNG ကိုအခုလိုပြောပါတယ်။ “ကုန်စျေးနှုန်းတွေက တစ်ရစ်ရစ်တက်နေတာ…

    Read More »
  • 16 August
    သတင်း

    ယင်းမာပင်မှာ လက်နက်ကြီးထိလို့ ကလေးငယ်တစ်ယောက်သေဆုံး

    စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက်၉နှစ်အရွယ် ကလေးငယ် ၁ ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ မနေ့က ဩဂုတ်လ ၁၅ ရက်နေ့ နေ့လည် ၂နာရီလောက်မှာ ပုသိမ်–မုံရွာလမ်းမပေါ် ရောက်နေတဲ့ စစ်ကောင်စီ တပ်တွေဟာ လက်နက်ကြီးတွေနဲ့…

    Read More »
  • 14 August
    သတင်း

    ကန့်ဘလူမှာ မိသားစုဝင် ၅ ဦး နေအိမ်မှာသတ်ဖြတ်ခံရ

    စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် အမှတ် ၂ ရပ်ကွက် အင်ကြင်းဥယျာဥ်နားမှာနေထိုင်တဲ့ မိသားစုဝင် ၅ ယောက် နေအိမ်မှာပဲသတ်ဖြတ်ခံလိုက်ရတယ်လို့ ကန့်ဘလူမြို့ခံတွေဆီကသိရပါတယ်။ မနေ့က ဩဂုတ်လ ၁၃ ရက်နေ့ မနက်ပိုင်းမှာပဲဓားထိုးဒဏ်ရာတွေနဲ့သေဆုံးနေတဲ့ ရုပ်အလာင်း ၅ လောင်းကို မိသားစုနဲ့နီးစပ်သူတွေကတွေ့ရှိခဲ့တာလို့ ကန့်ဘလူမြို့ခံတစ်ဦးက အတည်ပြုပါတယ်။…

    Read More »
  • 14 August
    သတင်း

    စစ်ကောင်စီအရာရှိတစ်ချို့နဲ့ လက်နက်ခဲယမ်းတွေတင်လာတဲ့ယာဥ်တန်း အင်းတော်နယ်မှာတိုက်ခိုက်ခံရ၊ ကားတစ်စီးပျက်စီး

    စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့ကနေ အင်းတော်မြို့ ဘက်ကိုတက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကားနှစ်စီး အင်းတော်နယ်အဝင်မှာ တိုက်ခိုက်ခံလိုက်ရတာဖြစ်ပြီး ကားတစ်စီးပျက်စီးသွားသလိုစစ်ကောင်စီတပ်ဘက်က အထိအခိုက်လည်းများတယ်လို့ အင်းတော်ကာကွယ်ရေးတပ်တွေကနေ သိရပါတယ်။ အဲဒီစစ်ကား ၂ စီးမှာ စစ်ကောင်စီတပ်အရာရှိအချို့နှင့် လက်နက် ခဲယမ်းတွေတင်လာတာဖြစ်ပြီး မနေ့ည ၁၀…

    Read More »
  • 14 August
    သတင်း

    ဝက်လက်မှာ ကျေးလက်ဆေးခန်းနဲ့စာသင်ကျောင်းကို လေကြောင်းပစ်ခတ်တိုက်ခိုက်ခံရလို့ ပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရ

    စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် တောင်ဘက်ခြမ်းမှာရှိတဲ့ ပေါက်ကန်ရွာက ဆေးခန်းနဲ့စာသင်ကျောင်းကိုစစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဝက်လက်ဒေသခံတွေဆီကနေ သိရပါတယ်။ မနေ့က ညနေပိုင်း၄နာရီလောက်မှာ တံတားဦးလေဆိပ်ကနေလာတဲ့ ဂျက်ဖိုက်တာနှစ်စီးနဲ့ ၁၅ မိနစ်ခန့်ကြာပစ်ခတ်ခဲ့တာဖြစ်ပြီးတော့ ဒေသခံ ၄…

    Read More »
Back to top button