စစ်ကိုင်းတိုင်း

  • Dec- 2023 -
    25 December
    သတင်းphoto- အင်းတော်မြို့အဝင်ဆိုင်းဘုတ်

    ကောလင်းဘက်ဝင်မယ့်ခရီးသည်နဲ့ ကုန်ကားတွေကို အင်းတော်ဂိတ်မှာ စစ်တပ်ကပိတ်ဆို့ထား  

    စစ်ကိုင်းဒေသကြီး ကောလင်းမြို့နယ်ထဲဝင်မယ့် ခရီးသည်တွေနဲ့ ကုန်ကားတွေကို စစ်ကောင်စီတပ်က အင်းတော်မြို့တွင်းစစ်ဆေးရေးဂိတ်မှာ တားမြစ်ပိတ်ဆို့ထားတယ်လို့ အင်းတော်ဒေသခံတွေဆီကနေ သိရပါတယ်။ ဒီဇင်ဘာလ ၂၄ ရက်နေ့ ကချင်ပြည်နယ်ဘက်ကနေ ကောလင်းဘက်ကိုဆင်းလာတဲ့ ကုန်ကား၊ခရီးသည် ကားတွေနဲ့ စစ်ကိုင်းတိုင်းထဲက အခြားမြို့နယ်တွေဘက်နေကဝင်လာတဲ့ ကုန်ကား၊ခရီးသည်ကားတွေ ကောလင်းမြို့နယ်ထဲဝင်ရောက်ခွင့်ကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၃ ရက်နေ့ မနက်ပိုင်းကတည်းကနေ အင်းတော်မြို့၊ မြို့နယ်ပညာရေး မှူးရုံးရှေ့က စစ်ဆေးရေးဂိတ်ကနေ တားမြစ်ပိတ်ပင်ထားတယ်လို့ အင်းတော်မြို့နေအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။ “ကောလင်းဘက်ဆိုရင်ကုန်ကားကော၊ခရီးသည်ကားကောမသွားခိုင်ဘူး ကားသမားတွေကိုမှတ်ပုံတင်စစ်တယ် ကောလင်းကဆို မသွားခိုင်းဘူး ခရီးသည်တွေလည်းအတူတူပဲကောလင်းဘက်ဆိုအသံတောင်မကြားချင်ဘူးတဲ့အကုန်လှည့်ပြန်ခိုင်းတယ်”လို့သူကပြောပါတယ်။ စစ်သားနဲ့ရဲတွေ ပူးပေါင်းတပ်ထိုင်တဲ့ အင်းတော်မြို့နယ်ပညာရေးမှူးရုံး ရှေ့ကစစ်ဆေးရေးဂိတ်မှာ လွန်ခဲ့တဲ့အပတ်ကတည်းက ခရီးသည်တွေနဲ့ကုန်ကားသမားတွကိုတင်းတင်းကြပ်ကြပ် စစ်ဆေးမှုလုပ်လာပြီးဆဲ့နောက် မနေ့ကနေစပြီး ကောလင်းဘက်ဝင်မယ့် ကားတွေကိုအခုလို တားမြစ်လိုက်တာလို့သိရပါတယ်။ စစ်ကောင်စီတပ်က အခုလိုကောလင်းဘက် ကုန်ကား၊ခရီးသည်ကားတွေအဝင်တားမြစ်လိုက် တာနဲ့ပတ်သက်ပြီး အင်းတော်PDF မှတာဝန်ရှိသူတစ်ဦးက အခုလိုသုံးသပ်ပြောဆိုပါတယ်။ “ကောလင်းဘက်ကအခုသူတို့မထိန်းချုပ်နိုင်တော့ဘူးလေအဲ့ဘက်မှာကသူတို့ရဲ့ဂိတ်လည်းမရှိတော့ဘူး။ အဲ့ကြောင့်ဒီဘက်ကနေအဝင်ကိုပဲသူတို့ကပိတ်နိုင်တာ သုံးသပ်ရသလောက်ကတော့သူတို့က ကောလင်းဘက်ကို ရိက္ခာလုံးဝဖြတ်တောက်ပစ်လိုက်ချင်တဲ့သဘောပါ”လို့ ပြောပါတယ်။ ကောလင်းမြို့နယ်ထဲကို လက်ရှိစစ်ကိုင်းတိုင်းအထက်ပိုင်းအင်းတော်မြို့ကနေဝင်လို့ရသလို စစ်ကိုင်းတိုင်း အောက်ပိုင်း မန္တလေးဘက်ကနေလည်းဝင်လို့ရတာဖြစ်ပါတယ်။ “အထက်ကနေက အင်းတော်ကနေပိတ်ပြီးတော့ အောက်ပိုင်းကနေက မန္တလေး ကိုးပင်ဂိတ်ကနေ ပိတ်လိုက်တယ်တဲ့ ဘယ်ကနေမှဝင်လို့မရတော့ဘူး”လို့အထက်မှာဖော်ပြခဲ့တဲ့ အင်းတော်မြို့နေအမျိုးသားတစ်ဦးကပြောပါတယ်။…

    Read More »
  • 12 December
    သတင်း

    ပုလဲမြို့နယ် ယာယီတရားရုံးကို ဗုံးကြဲတိုက်ခိုက်ခံရလို့ ၁ နှစ်ကျော်အရွယ်ကလေးငယ်အပါအဝင် အရပ်သား ၅ ယောက်သေဆုံး

    စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ် မင်းတိုင်ပင်ရွာက ယာယီတရားရုံးကို ဒီကနေ့ နေ့လည်ပိုင်းမှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ၁ နှစ်ကျော်အရွယ်ကလေးငယ်တစ်ယောက်အပါအဝင် အရပ်သား ၅ ယောက်သေဆုံးခဲ့တယ်လို့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကသိရပါတယ်။ ဒီကနေ့ နေ့လည်ပိုင်း၁၂ နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာတစ်စီးနဲ့ ဗုံးလေးလုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ အဲ့ဒီအနီးတစ်ဝှိုက်တိုက်ပွဲဖြစ်ပွားတာမရှိသလို…

    Read More »
  • 4 December
    သတင်း

    အင်းတော်မှာ အရပ်သားဖမ်းဆီးခံရမှု ခပ်စိပ်စိပ်များလာ

    စစ်ကိုင်းဒေသကြီး အင်းတော်မြို့မှာ စစ်ကောင်စီတပ်က မြို့အဝင်အထွက် စစ်အဆေးတင်းကြပ်ထားပြီး ခရီးသွားပြည်သူတွေနဲ့ ဒေသခံအရပ်သားတွေကို ခပ်စိပ်စိပ်ဖမ်းဆီးလာနေတယ်လို့ ဒေသခံဆီကနေ သိရပါတယ်။ နိုဝင်ဘာလ လဆန်းပိုင်းကနေစပြီး အင်းတော်မြို့ထဲတပ်က စစ်ကောင်စီတပ်တွေဟာ မန္တလေး–မြစ်ကြီးနားကားလမ်းပေါ်မှာရှိတဲ့ အင်းတော်မြို့နဲ့ နဘားကျေးရွာကြားက ဒေသအခေါ် (ဂျပန်လှိုင်ဂူ)နေရာနဲ့ နောက်ထပ် အင်းတော်မြို့အထွက် သံလမ်းအနီးတစ်နေရာတွေမှာ ခရီးသွားပြည်သူတွေနဲ့ ဒေသခံပြည်သူတွေကို တင်းတင်းကြပ်ကြပ် စစ်ဆေးပြီးဖမ်းဆီးနေတာဖြစ်တယ်လို့ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “အဓိကစစ်ဆေးများတာက…

    Read More »
  • Nov- 2023 -
    23 November
    သတင်း

    ဟုမ္မလင်းနယ်က SNAနဲ့ စစ်ကောင်စီပူးပေါင်းတပ်ထိုင်တဲ့ လွှစင်ကုန်းစခန်း PDF တွေတိုက်ခိုက်သိမ်းပိုက်

    စစ်ကိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ထဲက ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်နဲ့စစ်ကောင်စီတွေပူးပေါင်းတပ်ထိုင်တဲ့ လွှစင်ကုန်းစခန်းကို ဟုမ္မလင်း PDF မဟာမိတ်ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့သိရပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှ တပ်ထိုင်လာတဲ့ SNAနှင့်စစ်ကောင်စီပူးပေါင်းတပ်တွေရဲ့ လွှစင်ကုန်းစခန်းကို ဟုမ္မလင်းPDF မဟာမိတ်ပူးပေါင်းတပ်တွေက မနေ့က နိုဝင်ဘာ ၂၂ ရက်နေ့ညပိုင်းကနေ…

    Read More »
  • 14 November
    သတင်း

    ကသာမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ မြေးအဖွားနှစ်ယောက်သေဆုံး

    စစ်ကိုင်းတိုင်း ကသာမြို့နယ်မှာ မနေ့က နိုဝင်ဘာလ ၁၃ ရက်နေ့ညပိုင်း ၁၁ နာရီလောက်က စစ်ကောင်စီ တပ်ဘက်က လက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်လို့ မြေးအဖွားတော်စပ်သူ၂ယောက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ ကသာမြို့ပေါ်က ခမရ ၃၀၉ တပ်ရင်းကနေ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာဖြစ်ပြီး ကသာမြို့ပေါ်…

    Read More »
  • Oct- 2023 -
    27 October
    သတင်းphoto - ရှေ့တန်းတစ်နေရာက ဗန်းမောက်ကာကွယ်ရေးတပ်

    ထီးချိုင့်မှာ စစ်ကောင်စီတပ်နဲ့KIA+PDF ပူးပေါင်းတပ်တွေအကြားတိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကလေကြောင်းပစ်ကူ

    စစ်ကိုင်း– ကချင်အစပ် ထီးချိုင့်မြို့နယ်မှာ စစ်ကောင်စီတပ် နဲ့ KIA+PDF ပူးပေါင်းတပ်တွေအကြား ဒီကနေ့ အောက်တိုဘာလ ၂၇ ရက်နေ့ မနက်ပိုင်းကစပြီးတော့ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်ကလည်း လေကြောင်းကနေတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ထီးချိုင့်မြို့ပေါ်ကနေထွက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ဒီကနေ့မနက်ပိုင်း ၃ နာရီလောက်မှာ ထီးချိုင့် အနောက်တောင်ဘက်ခြမ်းက ကြက်သွန်ခင်းရွာ နဲ့ မိချောင်းအိုင်ရွာအကြားမှာ တိုက်ပွဲပြင်းထန်နေတာလို့…

    Read More »
  • 20 October
    သတင်း

    ဒီပဲယင်းမှာ မိုင်းနဲ့လက်နက်ကြီးကြောင့် အရပ်သားတစ်ဦး ၁၅ ယောက်ထိခိုက်ဒဏ်ရာရပြီးတစ်ယောက် သေဆုံး

    စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်မှာ စစ်ကောင်စီတပ်ဘက်က ရွာတွေထဲဝင်ရောက်စီးနင်းပြီး ထောင်ထားခဲ့တဲ့မိုင်းတွေနဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုတွေကြောင့် အရပ်သား ၁၅ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်ယောက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက်နေ့က ဒီပဲယင်းမြို့နယ် ပျော်ဘွယ်ရွာကနေအိမ်တစ်ချို့ကို စစ်ကောင်စီ တပ်ဖွဲ့တွေဝင်ရောက်စီးနင်းမီးရှို့ခဲ့တဲ့အတွက် မနေ့ကညနေပိုင်းမှာ ဒေသခံတွေရွာထဲရှင်းလင်းရေးဝင်လုပ်တဲ့အချိန်…

    Read More »
  • 17 October
    သတင်း

    ခင်ဦးမြို့ပေါ်မှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့တွေ တိုက်ခိုက်ခံရလို့ ၃ ယောက်သေဆုံး

    စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ပြည်သူ့ဆေးရုံမှာတပ်စွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့တွေကို ဒီကနေ့ မနက်ပိုင်း ကာကွယ်ရေးတပ်တွေပူးပေါင်းပြီး တိုက်ခိုက်ခဲ့လို့ စစ်သား ၃ ယောက် သေဆုံးပြီး သေနတ် ၂ လက်သိမ်းဆည်းရမိခဲ့တယ်လို့ ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ အောက်တိုဘာ ၁၇ ရက်နေ့ မနက်ပိုင်း ၇ နာရီလောက်မှာပဲ စစ်ကောင်စီတပ်ဖွဲ့တွေ တပ်စွဲထားတဲ့ ဆေးရုံကနေစစ်ကောင်စီတပ်သား တစ်ချို့ ရေဦး–…

    Read More »
  • 16 October
    သတင်း

    ခင်ဦးမှာ စစ်ဘေးရှောင်အမျိုးသားတစ်ဦးသတ်ဖြတ်ခံရ

    စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှာ အောက်တိုဘာ ၁၅ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ကြောင်းထိုးရင်း စစ်ဘေးရှောင်အမျိုးသားတစ်ယောက်ကို သေနတ်နဲ့ပစ်သတ်သွားခဲ့တယ်လို့ ခင်ဦးမြို့နယ်က ဒေသခံတွေဆီက သိရပါတယ်။ သတ်ဖြတ်ခံရသူဟာ ရွှေဘိုနယ် အနောက်တောင်ဘက်ခြမ်းက ညောင်ပင်စုကျေးရွာသား အသက် ၄၅နှစ်အရွယ် ကိုမင်းမင်းဆိုသူဖြစ်တယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန် ကြားရေးအဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။ “သူတို့က ၁၅ရက်နေ့မနက်ပိုင်းမှာ ရွာစဥ်ခြေလျင်စစ်ကြောင်းဝင်တာ…

    Read More »
  • 13 October
    သတင်းထီးချိုင့်

    ထီးချိုင့်မှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်ခဲ့

    စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေအကြား ဒီကနေ့ အောက်တိုဘာလ ၁၃ရက်နေ့ မနက်ပိုင်း ၇နာရီလောက်ကစလို့ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ် ဘက်ကတော့ လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ အင်အား ၁၆၀ကျော်လောက်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ နဲ့ KIA နဲ့ PDF ပူးပေါင်းတပ်တွေအကြား…

    Read More »
Back to top button