သတင်း

အင်းတော်မှာ အရပ်သားဖမ်းဆီးခံရမှု ခပ်စိပ်စိပ်များလာ

စစ်ကိုင်းဒေသကြီး အင်းတော်မြို့မှာ စစ်ကောင်စီတပ်က မြို့အဝင်အထွက် စစ်အဆေးတင်းကြပ်ထားပြီး ခရီးသွားပြည်သူတွေနဲ့ ဒေသခံအရပ်သားတွေကို ခပ်စိပ်စိပ်ဖမ်းဆီးလာနေတယ်လို့ ဒေသခံဆီကနေ သိရပါတယ်။

နိုဝင်ဘာလ လဆန်းပိုင်းကနေစပြီး အင်းတော်မြို့ထဲတပ်က စစ်ကောင်စီတပ်တွေဟာ မန္တလေးမြစ်ကြီးနားကားလမ်းပေါ်မှာရှိတဲ့ အင်းတော်မြို့နဲ့ နဘားကျေးရွာကြားက ဒေသအခေါ် (ဂျပန်လှိုင်ဂူ)နေရာနဲ့ နောက်ထပ် အင်းတော်မြို့အထွက် သံလမ်းအနီးတစ်နေရာတွေမှာ ခရီးသွားပြည်သူတွေနဲ့ ဒေသခံပြည်သူတွေကို တင်းတင်းကြပ်ကြပ် စစ်ဆေးပြီးဖမ်းဆီးနေတာဖြစ်တယ်လို့ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

အဓိကစစ်ဆေးများတာက ဂျပန်လှိုင်ဂူနားမှာပိုစစ်တယ်။ စစ်သားတွေက အရင်ဂျပန်ခေတ်ကတူးထားတဲ့လှိုင်ဂူထဲမှာနေပြီးမှအဲ့မှာပိုစစ်နေတာ ၊သံလမ်းဘက်တော့သိပ်မစစ်ဘူး လွန်ခဲ့တဲ့အပတ်က ကျန်နော့်အသိတစ်ယောက်ဖမ်းခံလိုက်ရတာ။ ဒီနေ့ထိပြန်မလွတ်လာသေးဘူး တခြားအရပ်သားတွေလည်းဖမ်းခံထားရတယ်လို့ ပြောပါတယ်။

အင်းတော်မြို့အဝင် ဂျပန်လှိုင်ဂူအနီးကစစ်ဆေးရေးဂိတ်မှာတော့ နိုဝင်ဘာ ၂၄ ရက်နေ့က အင်းတော်မြို့နေ ဦးလှသိန်းဆိုသူအပါအဝင် နောက်ထပ် အမျိုးသား ၃ ယောက်အပြင် အသက် ၄၀ ကျော်အမျိုးသမီးတစ်ဦးတို့ဖမ်းဆီးခံခဲ့ရပြီး နိုဝင်ဘာ ၂၆ ရက်နေ့ကလည်း ကလေးဘက်ကိုသွားမယ့် အသက် ၂၅ နှစ်အရွယ်လူငယ်တစ်ဦးဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

အရင်ပတ်တွေမှာလည်း ငါးယောက်လောက်ဖမ်းခံလိုက်ရတယ် ပြီးတော့ မနေ့က ဒီဇင်ဘာ ၁ ရက်နေ့တုန်းကတော့ အင်းတော်ထဲက ကျွန်မအသိတွေပါတယ် ငါးယောက်ဖမ်းခံလိုက်ရတယ်။ ဒါပေမယ့်ညနေပိုင်းကိုတော့ တစ်ချို့ပြန်လွတ်ပေးလာတယ်လို့ အင်းတော် PDF နဲ့နီးစပ်နဲ့အမျိူးသမီးတစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့အရပ်သားတွေထဲမှာတော့ ခရီးသွားပြည်သူတွေပါဝင်သလို အင်းတော်မြို့ခံပြည်သူတွေနဲ့ မြို့အနီးဝန်းကျင်ကျေးရွာတွေထဲက အရပ်သားတွေလည်းပါဝင်နေတယ်လို့သိရပါတယ်။

သူတို့ကမှတ်ပုံတင်တွေစစ်တယ်။ ဖုန်းထဲက ဖုန်းဆက်သွယ်ထားတဲ့သူတွေ၊ဓာတ်ပုံတွေ ဘာတွေဝင်စစ်တယ် မသက်ာတာနဲ့ဖမ်းတာ ဟိုနေ့ကဖမ်းသွားတယ်။ အသိကိုလှန်သိန်းဆိုတော သူတောင်သားပါ့ဘာမှမဟုတ်တဲ့လူဖမ်းသွားတာ အမျိုးသမီးတစ်ယောက်ဆိုလည်း သူ့ရဲ့မောင်လေးက တော်လှန်ရေးလုပ်လို့တဲ့ဖမ်းထားတာတစ်ယောက်မှပြန်မလွတ်ပေးသေးဘူးလို့ နောက်ထပ် အင်းတော်မြို့နေအမျိုးသားတစ်ဦးကပြောပါတယ်။

KNG သတင်းဌာနက စုံစမ်းထားချက်အရ အဲ့ဒီစစ်ဆေးရေးဂိတ်တွေမှာ နိုဝင်ဘာလထဲ ဖမ်းဆီးခံရပြီးနောက်လက်ရှိအချိန်ထိပြန်မလွတ်လာသေးတဲ့ အရပ်သား  ဦးရှိပြီး ပြန်လည်လွတ်မြောက်လာသူ ၅ ဦးအထိရှိပါတယ်။

အင်းတော်မြို့က စစ်ကောင်စီတပ်တွေဟာ အင်းတော်နဲ့မြို့နယ်ချင်းဆက်တဲ့ ထီးချိုင့်၊ကောလင်းမြို့တွေကို တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ပြီးနောက် မြို့တွင်းနေရာအနှံ့ကင်းပုန်းချပြီး လက်နက်ကြီး လက်နက်ငယ်တွေရမ်းသမ်းပစ်ခတ်တာမျိုးရှိနေသလို အင်းတော်မြို့တောင်ဘက် နားခါးရွာ၊အင်းတော် မြို့မြောက်ဘက် နန့်ကင်ရွာနဲ့ အရှေ့ဘက်က နဘားကျေးရွာတွေမှာလည်းအင်အား အများအပြားနဲ့ တပ်စခန်းအသစ်တွေတိုးချတပ်ထိုင်ထားတယ်လို့ သိရပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button