သတင်း

ကောလင်းဘက်ဝင်မယ့်ခရီးသည်နဲ့ ကုန်ကားတွေကို အင်းတော်ဂိတ်မှာ စစ်တပ်ကပိတ်ဆို့ထား  

စစ်ကိုင်းဒေသကြီး ကောလင်းမြို့နယ်ထဲဝင်မယ့် ခရီးသည်တွေနဲ့ ကုန်ကားတွေကို စစ်ကောင်စီတပ်က အင်းတော်မြို့တွင်းစစ်ဆေးရေးဂိတ်မှာ တားမြစ်ပိတ်ဆို့ထားတယ်လို့ အင်းတော်ဒေသခံတွေဆီကနေ သိရပါတယ်။

ဒီဇင်ဘာလ ၂၄ ရက်နေ့ ကချင်ပြည်နယ်ဘက်ကနေ ကောလင်းဘက်ကိုဆင်းလာတဲ့ ကုန်ကား၊ခရီးသည် ကားတွေနဲ့ စစ်ကိုင်းတိုင်းထဲက အခြားမြို့နယ်တွေဘက်နေကဝင်လာတဲ့ ကုန်ကား၊ခရီးသည်ကားတွေ ကောလင်းမြို့နယ်ထဲဝင်ရောက်ခွင့်ကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၃ ရက်နေ့ မနက်ပိုင်းကတည်းကနေ အင်းတော်မြို့၊ မြို့နယ်ပညာရေး မှူးရုံးရှေ့က စစ်ဆေးရေးဂိတ်ကနေ တားမြစ်ပိတ်ပင်ထားတယ်လို့ အင်းတော်မြို့နေအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။

ကောလင်းဘက်ဆိုရင်ကုန်ကားကော၊ခရီးသည်ကားကောမသွားခိုင်ဘူး ကားသမားတွေကိုမှတ်ပုံတင်စစ်တယ် ကောလင်းကဆို မသွားခိုင်းဘူး ခရီးသည်တွေလည်းအတူတူပဲကောလင်းဘက်ဆိုအသံတောင်မကြားချင်ဘူးတဲ့အကုန်လှည့်ပြန်ခိုင်းတယ်လို့သူကပြောပါတယ်။

စစ်သားနဲ့ရဲတွေ ပူးပေါင်းတပ်ထိုင်တဲ့ အင်းတော်မြို့နယ်ပညာရေးမှူးရုံး ရှေ့ကစစ်ဆေးရေးဂိတ်မှာ လွန်ခဲ့တဲ့အပတ်ကတည်းက ခရီးသည်တွေနဲ့ကုန်ကားသမားတွကိုတင်းတင်းကြပ်ကြပ် စစ်ဆေးမှုလုပ်လာပြီးဆဲ့နောက် မနေ့ကနေစပြီး ကောလင်းဘက်ဝင်မယ့် ကားတွေကိုအခုလို တားမြစ်လိုက်တာလို့သိရပါတယ်။

စစ်ကောင်စီတပ်က အခုလိုကောလင်းဘက် ကုန်ကား၊ခရီးသည်ကားတွေအဝင်တားမြစ်လိုက် တာနဲ့ပတ်သက်ပြီး အင်းတော်PDF မှတာဝန်ရှိသူတစ်ဦးက အခုလိုသုံးသပ်ပြောဆိုပါတယ်။

ကောလင်းဘက်ကအခုသူတို့မထိန်းချုပ်နိုင်တော့ဘူးလေအဲ့ဘက်မှာကသူတို့ရဲ့ဂိတ်လည်းမရှိတော့ဘူး။ အဲ့ကြောင့်ဒီဘက်ကနေအဝင်ကိုပဲသူတို့ကပိတ်နိုင်တာ သုံးသပ်ရသလောက်ကတော့သူတို့က ကောလင်းဘက်ကို ရိက္ခာလုံးဝဖြတ်တောက်ပစ်လိုက်ချင်တဲ့သဘောပါလို့ ပြောပါတယ်။

ကောလင်းမြို့နယ်ထဲကို လက်ရှိစစ်ကိုင်းတိုင်းအထက်ပိုင်းအင်းတော်မြို့ကနေဝင်လို့ရသလို စစ်ကိုင်းတိုင်း အောက်ပိုင်း မန္တလေးဘက်ကနေလည်းဝင်လို့ရတာဖြစ်ပါတယ်။

အထက်ကနေက အင်းတော်ကနေပိတ်ပြီးတော့ အောက်ပိုင်းကနေက မန္တလေး ကိုးပင်ဂိတ်ကနေ ပိတ်လိုက်တယ်တဲ့ ဘယ်ကနေမှဝင်လို့မရတော့ဘူးလို့အထက်မှာဖော်ပြခဲ့တဲ့ အင်းတော်မြို့နေအမျိုးသားတစ်ဦးကပြောပါတယ်။

ကောလင်းမြို့ကို KIA နဲ့ PDF မဟာမိတ်ပူးပေါင်းတပ်တွေက နိုဝ်ဘာလ ၆ရက်နေ့မှာ ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးလက်ရှိအချိန်ထိ ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်တာကြောင့် စစ်ကောင်စီတပ်ကအခုလိုဖိနှိမ့်နေတာလို့သိရပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button