စစ်ကောင်စီတပ်
-
Jul- 2025 -9 Julyသတင်း
မုံရွာကနေတက်လာတဲ့ စစ်ကောင်စီရဲ့စစ်သင်္ဘော ဟုမ္မလင်းဘက်ကို ဦးတည်တက်လာနေဟုဆို
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ကနေထွက်ခွာလာတဲ့ စစ်ကောင်စီရဲ့စစ်သင်္ဘောတွေ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဟုမ္မလင်း၊ ခန္တီးဘက်ကို ဆန်တက်လာနေတယ်လို့ ဟုမ္မလင်းကာကွယ်ရေးတပ်က သိရပါတယ်။ ဇူလိုင်လ ၂ ရက်နေ့ မုံရွာမြို့ သင်္ဘောဆိပ်ကနေထွက်ခွာသွားတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘောကြီးတွေနဲ့ အဲဒီသင်္ဘောကိုလုံခြုံရေးယူပေးတဲ့ သံခွန်မော်တော်အပါအဝင် စုစုပေါင်း ၁၀ စီးခန့်ဟာ ဟုမ္မလင်းဘက်ကို ဦးတည်လာနေပြီး မနေ့က ကနီမြို့နယ်ထဲမှာဝင်ရောက်လာတယ်လို့ ဟုမ္မလင်း PDF တပ်ဖွဲ့ဝင်တစ်ဦး KNG ကိုပြောပါတယ်။ “အစီးရေအတိအကျကတော့အတည်ပြုနေတုန်း သံခွန်အသေးတွေကော သင်္ဘောအကြီးက ၆ စီးပြောတယ်။ ဟုမ္မလင်းအထိပဲလား ခန္တီးဘက်ထိဆက်တက်မလားတော့မသိရသေးဘူး မနေ့က ကနီနယ်ထဲဝင်တယ် ကနီတော့မရောက်သေးဘူး ဒီနေ့ရောက်မလားစောင့်ကြည့်ရမယ်”လို့ ဟုမ္မလင်း PDF တပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ စစ်သင်္ဘောတွေရဲ့အမိုးပေါ်မှာတော့ လက်နက်ကြီး၊စက်သေနတ်တွေတပ်ဆင်ထားပြီး သင်္ဘောထဲမှာတော့ လက်နက်ခဲယမ်းနဲ့ရိက္ခာတင်ဆောင်လာတယ်လို့ယူဆရကြောင်း သူက ဆက်ပြောပါတယ်။ “သင်္ဘောတွေက ကမ်းမကပ်ဘူးရယ် ရေလယ်ခေါင်ကနေပဲဆန်တက်လာတယ်ဆိုတော့ ဘာတွေပါမှန်းမသိရဘူး ယာဥ်တန်းနဲ့လာပြီဆိုကတည်းက စစ်သားနဲ့လက်နက်ခဲယမ်းတွေပဲပါမှာပဲ အလွတ်တော့ဘယ်လာမလဲ”လို့ သူကဆက်ပြောပါတယ်။ စစ်သင်္ဘောတွေဆန်တက်လာနေတာကြောင့် ဟုမ္မလင်းမြို့ပေါ်က စစ်ကောင်စီနဲ့ SNA စစ်သားတွေဟာ ရွှေပြည်အေးမြို့ဘက်ကို ဒီရက်ပိုင်းရေကြောင်းနဲ့ခပ်စိပ်စိပ်စစ်ရေးလှုပ်ရှားတာတွေလည်းရှိနေတယ်လို့ သိရပါတယ်။ “သင်္ဘောတွေတက်လာတယ်ဆိုတော့ ဒီမြို့ထဲကနေစစ်သားတွေ ရွှေပြည်အေးဘက်သွားတယ် စက်လှေတွေနဲ့နှစ်စီး၊သုံးစီးတခါသွားရင်ကင်းလှည့်တာလားရွှေပြည်အေး ခြေနေသွားကြည့်တာဖြစ်နိုင်တယ်။ ရွှေပြည်အေးက pdf တွေထိုင်တယ်လေ”လို့ ဟုမ္မလင်းမြို့ခံအမျိုးသမီးတစ်ဦးကပြောပါတယ်။ ရွှေပြည်အေးမြို့ဟာ မုံရွာ–ဟုမ္မလင်းရေကြောင်းလမ်းမှာရှိတာဖြစ်ပြီး လက်ရှိမှာတော့ ကာကွယ်ရေးတပ်တွေဘက်က ထိန်းချုပ်ထားတာဖြစ်ပါတယ်။ ဒါကြောင့် စစ်သင်္ဘောတွေဟာ ဟုမ္မလင်းမြို့ကို ဝင်ရောက်ဖို့အတွက်လက်ရှိကာကွယ်ရေးတပ်တွေထိန်းချုပ်ထားတဲ့ ရွှေပြည်အေးမြို့ရဲ့သင်္ဘောဆိပ်ကိုဖြတ်ရမှာဖြစ်တဲ့အတွက် ရွှေပြည်အေးဘက်မှာ တိုက်ပွဲတွေဖြစ်ပွားလာမှာကိုဒေသခံတွေစိုးရိမ်နေကြပါတယ်။ မုံရွာ–ဟုမ္မလင်းကားလမ်းပိုင်းဆိုးဆိုးဝါးဝါးပျက်စီးနေတဲ့အတွက် လက်ရှိဟုမ္မလင်းမြို့နယ်အတွက် ကုန်စည်သယ်ယူဖို့ ရေကြောင်းကိုသာအသုံးပြုနေရတာဖြစ်ပါတ်။ ဒါပေမယ့်…
Read More » -
Jun- 2025 -19 Juneသတင်း
စစ်ကောင်စီတပ် ဖားကန့်မြို့သို့ ထိုးဖောက်ဝင်ရောက်လာပြီးနောက် အရပ်သားသေဆုံးမှု နဲ့ ဒဏ်ရာ ရရှိမှု များပြားလာ
ဖားကန့်မြို့သို့ စစ်ကောင်စီတပ် စစ်ကြောင်း ပထမဆုံး ထိုးဖောက်ဝင်ရောက်သွားတဲ့ ရက်သတ္တပတ် နှစ်ပတ်ကျော်အတွင်းမှာ အရပ်သား ထိခိုက်ဒဏ်ရာရရှိသူ နဲ့ သေဆုံးသူ စုစုပေါင်း ၁၀၀ ကျော်အထိ ရှိလာတယ်လို့ ဖားကန့်ပြည်သူတွေ ပြောပါတယ်။ လဝါး – ကားမိုင်း…
Read More » -
16 Juneသတင်း
မှော်ဝမ်းကလေးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် ပစ်ခတ်ခံရပါက ကျေးရွာပျက်စီးသွားမယ်လို့ ခြိမ်းခြောက်နေ
စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ မှော်ဝမ်းကလေး ဘုရားဝင်းနဲ့ မီတာ ၃၀၀ အကွာလောက်မှာရှိနေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ပစ်ခတ်တာတွေမလုပ်ဖို့နဲ့ ပစ်ခတ်လာပါက ကျေးရွာပျက်စီးသွားမှာဖြစ်တယ်လို့ စစ်တပ်ဘက်ကခြိမ်းခြောက်ပြောဆိုထားတယ်လို့ ဖားကန့် ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။
Read More » -
6 Juneသတင်း
ကချင်မှာတစ်လအတွင်း အရပ်သား ၃၈ ဦး သတ်ဖြတ်ခံရတယ်လို့ ကချင်လူ့အခွင့်ရေးစောင့်ကြည့်တဲ့အဖွဲ့ပြော
ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ်က ပြည်သူလူထုကို မတရားသတ်ဖြတ်ခြင်းနှင့်ဖမ်းဆီးခြင်းများကို ဆက်လက်ကျူးလွန်နေပြီး ပြီးခဲ့တဲ့မေလတစ်လအတွင်း အရပ်သား ၃၈ ဦးကိုသတ်ဖြတ်ခဲ့တယ်လို့ ကချင်လူ့အခွင့်ရေးစောင့်ကြည့်တဲ့အဖွဲ့ (KHRW )က ဇွန်လ ၂ ရက်နေ့ ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီထဲက အရပ်သား ၃၀ ဦးဟာ မေလ ၈ ရက်နေ့ ဗန်းမော်ြမို့ပေါ်ဘုန်းကြီးတစ်ခုမှာခိုလှုံနေတဲ့ ဒေသခံစစ်ရှောင်တွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပူးပေါင်းတပ်တွေကယ်ထုတ်နေချိန် စစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဥ်မှာသေဆုံးခဲ့ရတာလို့ KHRW ရဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။ ဒါ့အပြင် နောက်ထပ်သေဆုံးခဲ့ရတဲ့ဖြစ်စဥ်တွေကတော့ ဖားကန့်မြို့နယ် ဆိုင်းဖရာရွာ၊ လုံးခင်းရွာ နဲ့ မိုးညှင်းမြို့နယ် ဟဲပါရွာတို့မှာဖြစ်ပွားခဲ့တာဖြစ်ပြီး လက်နက်ကြီးပစ်ခတ်မှုနဲ့ စစ်ကြောင်းထိုးတဲ့ချိန်ဖမ်းဆီးသတ်ဖြတ်ခံရမှုတွေကြောင့်ဖြစ်တယ်လို့ အစီရင်ခံစာမှာတွေ့ရပါတယ်။ ဒါ့အပြင် တိုက်ပွဲတွေကြောင့်ဘေးလွှတ်ရာကိုစွန့်ခွာရသူတွေလည်းများလာသလို နေစရာအခက်အခဲ အကြပ်အတည်းဖြစ်လာပေမယ့် နိုင်ငံတကာအကူညီတွေက ပိုလျော့နည်းလာတယ်လို့ KHRW ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဂျေကော့ကပြောပါတယ်။ “အရပ်သားပြည်သူတွေထွက်ပြေးနေတဲ့နေရာတွေမှာနေဖို့နေရာ Shelter တွေကမရှိသလောက်ဖြစ်နေပြီ။ တော်တော် ခက်ခဲနေတဲ့အခြေနေပါ။ နောက်တစ်ခုကတော့ အခြေခံအစားအသောက်၊ နိုင်ငံတကာကနေလူသားချင်းစာနာမှုအကူညီလည်း မရှိသလောက်နည်းသွားပါပြီ”လို့ ကိုဂျေကော့ကဖြည့်စွက်ပါတယ်။…
Read More » -
5 Juneသတင်း
လက်လွတ်လိုက်ရတဲ့ နေရာတွေကို ရယူဖို့ ကြိုးပမ်းနေတဲ့ စစ်တပ် နဲ့ KIA တိုက်ပွဲဖြစ်
ဖားကန့်မှာ စစ်ကောင်စီတပ် လက်လွတ်လိုက်ရတဲ့ နေရာတွေကို ပြန်ရယူဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီတပ် နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပြီလို့ ဖားကန့်ဒေသခံတွေ ဆီကနေ သိရပါတယ်။ မေလကုန်ပိုင်း ဖားကန့်မြို့ထဲကို စစ်ကြောင်းဝင်ရောက်သွားပြီးနောက် မှော်ဆီစာကျေးရွာအတွင်းက တစ်သုံးလုံး၊ တင်အောင်ကြိုင် စတဲ့ လုပ်ကွက်ကုမ္ပဏီရှိ စက်ယန္တရားတွေကို…
Read More » -
May- 2025 -27 Mayသတင်း
စစ်ကောင်စီစစ်ကြောင်း ဖားကန့်မြို့အဝင်ထိရောက်ရှိနေပြီဖြစ်တဲ့အတွက် ကျေးရွာတစ်ချို့ကိုတိမ်းရှောင်ဖို့ KIA သတိပေးပြောဆို
ဖားကန့်မြို့ပေါ်ဘက်ကို စစ်ကောင်စီတပ် စစ်အင်အား ရာနဲ့ချီရောက်ရှိလာတဲ့အတွက် ဖားကန့်မြို့အဝင်ဝမှာရှိတဲ့ လယ်ပြင်နဲ့ ဖန်ခါးကုန်း ကျေးရွာနေ ဒေသခံပြည်သူတွေကို လုံခြုံရေးအရ ယာယီတိမ်းထားကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ သတိပေးပြောဆိုထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်ကနေ ဖားကန့်ဘက်ကို စစ်အင်အား ၅၀၀ ဝန်းကျင်ခန့် စစ်ကြောင်းထိုးတက်လာတဲ့ စစ်ကောင်စီတပ်အဖွဲ့တွေဟာ မေလ ၂၆ ရက်နေ့ ဖားကန့်မြို့နဲ့ နီးကပ်တဲ့ ယမ်းချက်ရုံနဲ့ လယ်ပြင်၊ ဖန်ခါးကုန်းကျေးရွာဘက်ခြမ်းကို ရောက်ရှိသွားပြီး တိုက်ပွဲဖြစ်လာနိုင်တဲ့အတွက် အရပ်သားပြည်သူတွေ မထိခိုက်ရအောင် ကြိုတင် တိမ်းရှောင်ထားခိုင်းတယ်လို့ KIA နဲ့ နီးစပ်တဲ့ ဖားကန့်ပြည်သူတစ်ဦး KNG ကိုပြောပါတယ်။ “KIA ဘက်ကနေ ရှောင်ထားခိုင်းတယ် လယ်ပြင် အနီးတဝိုက်ရှိတဲ့ ပြည်သူတွေကို တိမ်းရှောင်ဖို့ ပြောထားတယ်။ တစ်ချို့က တိမ်းရှောင်နေကြတဲ့ ပြည်သူတွေရှိသလို မရှောင်ဘဲ ရှိနေကြတဲ့ ပြည်သူတွေလည်းရှိပါတယ်။ စစ်ကြောင်းတွေ ဝင်လာရင်တော့ ဘာပဲဖြစ်ဖြစ် တိုက်ပွဲဖြစ်လာနိုင်ခြေရှိလို့ ရှောင်ခိုင်တဲ့ သဘောလို့ပဲမြင်ပါတယ်”လို့ ပြောပါတယ်။ စစ်အင်အား ၅၀၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းတွေဟာ ဖားကန့်မြို့အဝင် ယမ်းချက်ရုံနဲ့ လယ်ပြင်ကျေးရွာထဲကို မေလ ၂၆ နေ့ ည ၉ နာရီဝန်းကျင်ခန့် ဝင်ရောက်သွားခဲ့ပြီးတော့ လက်ရှိမှာ လယ်ပြင်နဲ့ ဖန်ခါးကုန်း အနီးတဝိုက် စစ်ရေးတင်းမာနေတယ်လို့ ပြောပါတယ်။ “စစ်ကြောင်းတွေက မနေ့ည ၉ နာရီလောက်ကနေ ယမ်းချက်စက်ရုံ တပ်ထဲကို တဖြေးဖြေးနဲ့ ဝင်သွားကြပြီ။ ပြီးရင် မနေ့ထဲမှာပဲ မဇွပ်ယန်ထောင်ရှိတဲ့ဘက်ကို လူအပြည့်အတင်တဲ့ ကား ၆ စီးဝင်သွားကြတယ်တဲ့။ အခုက လောလောဆယ်က ယမ်းချက်စက်ရုံလည်း အကျယ်ကြီးဆိုတော့ အဲထဲမှာပဲ နေရာယူနေကြတာလား။ အဲဒီလမ်းပိုင်ကလည်း ပြီးခဲ့တဲ့ ဧပြီလလောက်ကနေ ဘယ်သမှ မဖြတ်ကြတော့ဘူး။ အဲ့ကြောင့် ပြည်သူတွေကြည့်ရင် စစ်ကြောင်းသွားလာတာကို သိပ်မသိသာဘူး”လို့ပြောပါတယ်။ လက်ရှိ ဖားကန့်မြို့အနီးကို ရောက်သွားပြီဖြစ်တဲ့ စစ်ကြောင်းတွေက ဖားကန့်မြို့အဝင် စစ်ကောင်စီတပ်ရဲ့ ယမ်းချက်စက်ရုံနဲ့ လယ်ပြင်ကျေးရွာ တဝိုက်မှာ ရောက်ရှိနေကြပြီလို့ ဒေသခံတွေဆီကနေ သိရပေမယ့် ဒီကနေ့ မေလ ၂၇ ရက်နေ့ မှာ နှစ်ဖက်စစ်တပ် စစ်ရေးတင်းမာမှုဖြစ်နေတဲ့ စစ်ရေးအခြေအနေကတော့ အသေးစိတ်မသိရှိရသေးတာလည်းဖြစ်ပါတယ်။ အခုလို စစ်ကောင်စီစစ်ကြောင်းတွေ ဖားကန့်မြို့ထဲကို ဦးတည်ပြီး ရောက်ရှိလာပါက မမျှော်မှန်းနိုင်တဲ့ ထိတွေ့ တိုက်ပွဲတွေ ဖြစ်လာမှာသေချာတယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောဆိုထားပါတယ်။ ဒါကြောင့် ဖားကန့်မြို့အနီးတဝိုက် စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာနိုင်တဲ့ ကျေးရွာတစ်ချို့ကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ယာယီတိမ်းရှောင်ကြဖို့ သတိပေးပြောဆိုထားတာဖြစ်တယ်လို့ သိရပါတယ်။ ကားမိုင်းကနေ ဖားကန့်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းတွေ မေလ ၂၃ ရက်နေ့မှာ ပျားအုံနဲ့ နန့်တိန့်ကျေးရွာအရောက် KIA ပူးပေါင်းတပ်တွေ ခုခံတိုက်ခိုက်နေရာနေက စစ်ကြောင်း ၃ ခုခွဲပြီး လမ်းကြောင်းပျောက်သွားတာလို့ သိရပါတယ်။ မေလ ၂၆ ရက်နေ့ မနက်ပိုင်းမှာတော့ ဖားကန့်မြို့နဲ့ ၅ မိုင်၊ ၆ မိုင် နေရာတွေကို ကျော်တက်လာနိုင်ခဲ့ပြီး ဖားကန့်မြို့နဲ့ အနီးကပ်ဆုံး မြို့အဝင်ဝကို ရောက်ရှိလာကြတာဖြစ်ပါတယ်။ နန့်တိန့်ကျေးရွာအရောက်မှာ စစ်ကြောင်း ၃ ခုခွဲပြီး စစ်ကြောင်းပျောက်သွားတဲ့အတွက် KIA ဘက်က စစ်ကြောင်း ၃ ခုစလုံးကို ထိထိရောက်ရောက် ခုခံမကာကွယ်နိုင်ခဲ့တဲ့အတွက် စစ်ကြောင်းက ဖားကန့်မြို့အနီးဆုံးနေရာကို ရောက်ရှိသွားတာဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်နဲ့ နီးစပ်တဲ့ ဖားကန့်ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၂၃ရက်နေ့နောက်ပိုင်း ဖားကန့်ဒေသကို စစ်အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် မအူပင်၊ နန့်ယား၊ ဆိုင်းဖရာ၊ ကပ်မှော်၊ တံတားညီနောင် စတဲ့ကျေးရွာ လမ်းကြောင်းတစ်လျှောက်မှာ KIA တပ်တွေ တစ်လဝန်းကျင်ခန့်အထိ ခုခံတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။…
Read More » -
23 Mayသတင်း
မြစ်ကြီးနားမြို့တွင်း စစ်တပ်က စစ်ဆေးရေးတင်းကြပ်တာ ၂ ရက်ရှိလာ
ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့တွင်း မေလ ၂၀ ရက်နေ့ကစလို့ ဒီရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က စစ်ဆေးရေး တင်းကြပ်တာတွေလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ မြစ်ကြီးနားမြို့တွင်းရဲ့ အချက်အချာကျတဲ့နေရာတွေမှာ အခုလိုစစ်ကောင်စီတပ်က စစ်ဆေးရေးတင်းကြပ်တာပုံမှန်ဖြစ်ပေမဲ့ ဒီရက်ပိုင်းအတွင်းကတော့ မြို့ရဲ့နေရာတော်တော်များများမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မသင်္ကာသူတွေ၊ လမ်းသွားလမ်း လာတွေကို…
Read More » -
15 Mayသတင်း
ကောလင်းမြို့ လေကြောင်းတိုက်ခိုက်ခံရ
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ဘေးရှောင်တွေရဲ့ အဆောက်အဦးတစ်ချို့ ထိခိုက်ပျက်ဆီးခဲ့ရတယ်လို့ သိရပါတယ်။ ကောလင်းမြို့နယ် အရှေ့ဘက်ခြမ်းက ကညို့အင်းရွာကို မေလ ၁၄ ရက်နေ့ ညပိုင်း ၁၀ နာရီ ဝန်းကျင်လောက် မှာ တံတားဦးကတက်လာတဲ့…
Read More » -
13 Mayသတင်း
နောင်မွန်မှာ စစ်သင်တန်းဆင်းထားတဲ့လူငယ်တွေကို ခေါင်လန်ဖူးပို့ဖို့ စစ်တပ်ပြင်ဆင်နေ
ကချင်ပြည်နယ်၊ နောင်မွန်မြို့ပေါ်မှာ စစ်ကောင်စီတပ်က ပြည်သူ့စစ်သင်တန်းပေးနေပြီး သင်တန်းဆင်းတဲ့သူတွေကို ခေါင်လန်ဖူးဘက် ပို့ဖို့ပြင်ဆင်နေတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။ စစ်ကောင်စီတပ်နဲ့နောင်မွန်ဌာနေပြည်သူ့စစ်ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစပြီး နောင်မွန်မြို့ပေါ်နဲ့ကျေးရွာတစ်ချို့လူငယ်တွေကို တစ်အိမ်တက်တစ်အိမ်ဆင်းပြီးပြည်သူ့စစ်လုပ်ဖို့လိုက်လံစုဆောင်းခဲ့တာဖြစ်တယ်လို့ သိရပါ။ အဲဒီနောက် ဧပြီလတစ်လလုံး စစ်သင်တန်းပေးပြီး သင်တန်းဆင်းထားတဲ့သူတွေကို ခေါင်လန်ဖူးဘက်…
Read More » -
7 Mayစစ်ရေး
နန်းယွန်းမှာ စစ်တပ်ကအင်အားဖြည့်နေ
စစ်ကိုင်းတိုင်းဒေသကြီး နန်းယွန်းမြို့ပေါ်မှာ စစ်ကောင်စီတပ်က စစ်အင်အားဖြည့်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဧပြီလ ၂၈ ရက်ကစပြီး နန်းယွန်းမြို့မှာထိုင်ထားတဲ့ ခ.လ.ရ ၁၂၆ တပ်ထဲကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြည့်ထားတယ်လို့ နန်းယွန်းမြို့ခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “မြို့ကကျဉ်းတော့ ဒီမှာရှိတဲ့စစ်သားတွေဆိုသိတယ်။ခုမြို့ထဲမှာလည်း…
Read More »









