စစ်ဘေးရှောင်

  • Apr- 2024 -
    15 April
    သတင်း

    စစ်ဘေးရှောင်က‌လေး ၅ ဦးရေနစ်သေဆုံး

    ကချင်နယ် တနိုင်းမြို့နယ် နမ့်ဗျူချောင်းမှာ ရေချိုးရင်း စစ်ဘေးရှောင် မိန်းကလေးငယ် ၅ ဦး ရေနစ်သေဆုံးခဲ့တယ်လို့ ဒေသခံတွေပြောပါတယ်။ အသက် ၁၃ နှစ်အောက် မိန်ကလေးငယ် ၅ ဦး ဧပြီလ ၁၄ ရက်နေ့ နေ့လယ်ပိုင်းက…

    Read More »
  • 11 April
    သတင်း

    ဆယ်ဇင်းရွာကစစ်ဘေးရှောင်တစ်ချို့ စားနပ်ရိက္ခာခက်ခဲနေ

    ကချင်ပြည််နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာကနေ ဘကြီးကွင်းဘက် တိမ်းရှောင်နေတဲ့စစ်ဘေးရှောင်တွေ စားနပ်ရိက္ခာခက်ခဲနေပြီး ကူညီထောက်ပံ့မှုတွေလိုအပ်နေတယ်လို့ သိရပါတယ်။ ဆယ်ဇင်းကျေးရွာအဝင်မှာရှိတဲ့ စစ်ကောင်စီနဲ့ SNA ပူးပေါင်းတပ်ထိုင်တဲ့စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF ပူးပေါင်းတပ်တွေဝင်တိုက်နေတာကြောင့် ဒေသခံရာချီစစ်ဘေးရှောင်နေရပြီး အစားသောက်ရေးအခက်အခဲဖြစ်နေတယ်လို့ ဆယ်ဇင်းကျေးရွာနေအမျိုးသမီးတစ်ဦးက KNGကိုပြောပါတယ်။ “ဒီနေ့နဲ့ဆိုတော့ ၃ ရက်ရှိပြီပေါ့ တချို့ရှိတဲ့လူကတော့စုထားဆောင်းထားတာရှိတော့ လောလောဆယ်အထိတော့အဆင်ပြေကြတယ်မခက်ခဲသေးဘူး။ အခုအခက်အခဲဖြစ်နေတာကတစ်နေ့လုပ်မှတစ်န့စားရတဲ့မိသားစုဝင်တွေတော့ခက်ခဲတာပေါ့အဓိကကိုပြောရမယ်ဆိုရင်စားဖို့သောက်ဖို့မရှိကြဘူးပြီးတော့သူတို့ကတောတောင်တွေထဲ ဘကြီးကွင်းဘက်ကိုရှောင်နေကြတယ်”လို့ အသက် ၅၀ ကျော်အရွယ်ရှိတဲ့အထက်ပါအမျိုးသမီးကပြောပါတယ်။ KIA၊KPDF နှင့်စစ်ကောင်စီတပ်တို့ကြား နှစ်ဖက်တိုက်ပွဲတွေကြောင့် လက်ရှိဆယ်ဇင်းကျေးရွာထဲက ချမ်းသာကုန်းရပ်ကွက်၊ အမှတ် ၁ ရပ်ကွက်၊အမှတ် ၂ ရပ်ကွက်နှင့် အမှတ် ၃ စတဲ့ရပ်ကွက်နေပြည်သူတွေ ဧပြီ ၉ ရက်နေ့ကတည်းက စတင်တိမ်းရှောင်နေတာဖြစ်တယ်လို့သိရပါတယ်။ “တချို့မရှောင်ကြတဲ့ရပ်ကွက်တွေလည်းရှိတယ် အများပိုင်းရှောင်ကြတာက စခန်းနဲ့နီးတဲ့ချမ်းသာကုန်ဘက်တွေရှောင်ကြတာအခုလောလောဆယ် ဘုန်းကြီးကျောင်းထဲမှာ ၂၀၀ ကျော် ၃၀၀ လောက်ရှိတယ် အများပိုင်းက တောတောင်တွေထဲ မှာရှောင်နေကြတယ်”လို့ ဆယ်ဇင်းဒေသခံတစ်ဦးကပြောပါတယ်။ လက်ရှိတောတောင်တွေထဲမှာတိမ်းရှောင်နေတဲ့ တစ်နေ့လုပ်မှတစ်နေ့စားရတဲ့ မိသားစုဝင် ၃၀၀ ဦးထက်မနည်းရှိနေတာဖြစ်ပြီး အစားအသောက်အကူအညီတွေအရေးပေါ်လိုအပ်နေတာဖြစ်တယ်လို့ စစ်ဘေးရှောင်တွေကဆိုပါတယ်။ KIA၊ KPDF နဲ့မဟာမိတ်ပူးပေါင်းတပ်တွေဟာ ဆယ်ဇင်းကျေးရွာထဲက ရဲစခန်းနဲ့စစ်တပ်ကုန်းကို ဧပြီ ၉ ရက်နေ့မနက်အစောပိုင်းမှာဝင်တိုက်ခဲ့တာဖြစ်ပြီး ရဲစခန်းကတော့ စဝင်တိုက်တဲ့နေ့မှာပဲလက်ချအညံ့ခံသွားပေမယ့် စစ်တပ်စခန်းကုန်းလက်နက်မချသေးတာကြောင့် ဒီနေ့နေ့လည်ပိုင်းထိနှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
  • 10 April
    သတင်း

    ကျောက်စခန်းရွာစစ်ဘေးရှောင်များအတွက် စားသောက်ကူညီထောက်ပံ့မှုလိုအပ်နေ

    မိုးမောက်မြို့နယ် ကျောက်စခန်းကျေးရွာအနီး ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ စစ်ကောင်စီတပ်တို့ကြားတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာကြတဲ့ စစ်ရှောင်ပြည်သူတွေအတွက် အစားသောက်ကူညီထောက်ပံ့မှုလိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၄ ရက်နေ့ ကျောက်စခန်းရွာနားမှာ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တဲ့အပြင်  စစ်တပ်ဘက်ကမိုးမောက်ဘက်ကနေလက်နက်ကြီးအပြင် လေကြောင်းတွေနဲ့ပစ်ခတ်ခဲ့တဲ့အတွက် ဧပြီလ ၅ ရက်နေ့ ဒေသခံပြည်သူတွေမိုးမောက်မြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်လာခဲ့ကြတာ ဖြစ်ပါတယ်။  ကျောက်စခန်း ဒေသခံပြည်သူတွေအနေနဲ့ ကိုယ်လွတ်ရုန်းထွက်ပြေးတိမ်းရှောင်လာခဲ့ ကြတာဖြစ်တဲ့အတွက် စားနရိက္ခာ၊ ဆေးဝါးနဲ့ အဝတ်အထည် အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ယောက်က KNG ကိုပြောပါတယ်။ “ကျွန်မတို့က ထွက်ပြေးလာတဲ့ချိန် ပစ္စည်းတွေဘာတွေယူဖို့ ဘာမှအချိန်မရခဲ့ဘူး၊ ကိုယ်လွတ်ထွက်ပြေးလာခဲ့ရတာ၊ အဝတ်အစားတွေလည်းမပါ၊ စားစရာတွေလည်းမယူလာခဲ့ရဘူး၊ အိပ်တဲ့အချိန် စောင်တွေလည်းမလောက်၊ အခင်းတွေလည်းမလောက်ဘူး၊ ခြင်တွေက ပြန်ကိုက်နဲ့ အခက်အခဲတွေအများကြီးကြုံနေရတယ်”လို့ပြောပါတယ်။ ဒါ့အပြင် သက်ကြီးရွယ်အို၊ နားမကျန်းဖြစ်တဲ့သူတွေ၊ ကလေးသူငယ်တွေနဲ့ ကိုယ်ဝန်ဆောင် မိခင်တွေအတွက် ဆေးဝါးအကူအညီတွေလိုအပ်နေတဲ့အပြင် သောက်သုံးရေမလောက်တာကြောင့် ချောင်းရေသုံးတဲ့အခါတွေဆိုရင်လည်း ရေမသန့်တဲ့အတွက် အရေပြားယားယံတာတွေလည်း ဖြစ်နေတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၆ရက်၊ ၇ရက်၊ ၈ ရက်မှာတော့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်  လူမှုဝန်ထမ်းနှင့် ဖွံဖြိုးရေးဌာန(KBC HDD ) တွေအနေနဲ့ တစ်ယောက် ၁၀၀၀၀ ကျပ်၊ မေတ္တာဖောင်ဒေးရှင်းက တစ်အိမ်ထောင် ၃၀၀၀၀ကျပ်နဲ့ မိုးမောက် စိန်လုံရေသန့်ကုမ္ပဏီကတစ်အိမ်ထောင် ကြက်ဥ ၁၀လုံး၊ ဆား၊ ဆီ တွေလာရောက်ကူညီပေးခဲ့တယ်လို့လည်း သိရပါတယ်။ ကျောက်စခန်းဒေသခံတွေထဲက အိမ်ထောင်စု ၅၀ ကျော်ဟာ နီးစပ်ရာတောတွေမှာထွက်ပြေးတိမ်းရှောင်နေရတဲ့အတွက် ကူညီထောက်ပံ့မှုတွေမရတဲ့အပြင် အဆက်အသွယ်ပြုလို့ဖို့ ဖုန်းလိုင်းတွေလည်းအဆင်မပြေဖြစ်နေတယ်လို့ စစ်ရှောင်အမျိုးသားတစ်ယောက်က KNG ကိုအခုလို ပြောပါတယ်။ “ကျွန်တော်တို့ အပိုင်းကျတော့ အိမ်ထောင်စု ၂၀ ကျော်လောက်ဘဲ မြို့ပေါ် မှာထွက်ပြေးပေမဲ့ အများပိုင်းက တောဘက်ကို ထွက်ပြေးသွားကြတာပေါ့၊ သူတို့ကတော့ ပိုခက်ခဲနေမှာ အခုဆို ဖုန်းလိုင်းက ဖြတ်ထားတာနဲ့ ဆို အဆက်အသွယ်လုပ်ဖို့ကလည်း ခက်ခဲနေတယ်”လို့ဆိုပါတယ်။ လက်ရှိမှာတော့ ဒေသခံအများစု မိုးမောက်မြို့ ပေါ် မန္တလေးကျောင်းတိုက်၊ နိသောဂကျောင်းတိုက်၊ ကြေးနန်းရပ်ကွက်၊ အောက်ချိုင့် ရပ်ကွက်နဲ့ ဆွေမျိုးအိမ်တွေမှာ တိမ်းရှောင်နေကြတာဖြစ်ပြီး တစ်ချို့ကတော့ တောဘက်ကိုထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ ၆ နာရီလောက်မှာ ကျောက်စခန်းရွာ ဆုတောင်းကုန်းပေါ်မှာတပ်ချထားတဲ့ တပ်စခန်းကို KIA တပ်တွေထိုးစစ်ဆင်ပြီးတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပေမယ့် ရွာနီးမှာတိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။  ဧပြီလ ၄ ရက်နေ့မှာတော့ ကျောက်စခန်းရွာမှာစစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တို့ နှစ်ဖက်တိုက်ပွဲအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲတာအပြင် လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ရွာထဲကနေအိမ် တော်တော်များများလည်းပျက်စီးသွားခဲ့ပြီး ဒေသခံ ၃ ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။  မိုးမောက်မြို့နဲ့ ၃မိုင်အကွာမှာရှိတဲ့ ကျောက်စခန်းကျေးရွာမှာ အိမ်ခြေ ၁၆၀၊ လူဦးရေ ၇၀၀ ဝန်းကျင်ရှိပြီး ရှမ်းနဲ့ ကချင်လူမျိုးများအများဆုံးနေထိုင်ကြတာဖြစ်ပြီး စားဝတ်နေရေးအတွက်လယ်ယာစိုက်ခင်းကို အဓိကလုပ်ကိုင်ကြတာလည်းဖြစ်ပါတယ်။ By – Bu Bu

    Read More »
  • 1 April
    သတင်း

    မိုးမောက်မှာ စစ်ရေးတင်းမာနေပြီး မြို့ခံပြည်သူအားလုံးနီးပါးတိမ်းရှောင်

    ဗန်းမော်ခရိုင် မိုးမောက်မြို့ဒေသခံအားလုံးနီးပါး စစ်ရှောင်နေကြပြီဖြစ်ပြီး စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးတပ်မတော့ KIA တို့အကြား မြို့တွင်းစစ်ရေးတင်းမာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မိုးမောက်မြို့သိမ်းတိုက်ပွဲဖြစ်ပွားလာမယ့်အခြေနေကြောင့် မြို့ခံတွေဟာ အိမ်စောင့်လောက်သာကျန်ခဲ့ပြီး အားလုံးဘေးလွတ်ရာတွေဆီ တိမ်းရှောင်သွားပြီလို့ မိုးမောက်ဒေသခံတွေပြောပါတယ်။ “မိုးမောက်က ပြည်သူအားလုံးရှောင်ပြီ။ စိန်လုံစစ်တပ်ကိုသိမ်းလိုက်ပြီဆိုတော့ အဲဒီစခန်းကနေ ထွက်ပြေးလာတဲ့…

    Read More »
  • Mar- 2024 -
    20 March
    သတင်း

    ဆွမ်ပရာဘွမ်ဒေသ စစ်ဘေးရှောင်တွေတွက် အစားသောက်နဲ့ နေရာထိုင်ခင်းပြင်ဆင်ပေးဖို့ကူညီလိုအပ်နေ

    ပူတာအိုခရိုင် ဆွမ်ပရာဘွမ်မြို့သိမ်းတိုက်ပွဲကြောင့် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူတစ်ထောင်ကျော်တွက် နေရာထိုင်ခင်းနဲ့အစားသောက်ကူညီထောက်ပံ့ဖို့လိုအပ်နေတယ်လို့ ဆွမ်ပရာဘွမ်ဒေသခံအသင်းတော်တာဝန်ရှိသူတွေက ပြောပါတယ်။ မတ်လ ၉ ရက်နေ့ကစတင်ခဲ့တဲ့ ဆွမ်ပရာဘွမ်မြို့စခန်းသိမ်းတိုက်ပွဲအတွင်း ဒေသခံပြည်သူစုစုပေါင်း ၁၃၀၀ ဝန်းကျင်ဟာ နီးစပ်ရာ တောတောင်တွေနဲ့ ကျေးရွာတွေဆီ ထွက်ပြေးတိမ်းရှောင်နေရတာ ခုဆိုရင် ၁၀ ရက်ကျော်ရှိလာပြီဖြစ်ပြီး ဆေးဝါးနဲ့အစားအသောက်လိုအပ်လာနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ “တချို့က တောတောင်တွေထဲ တိမ်းရှောင်နေတယ်။ တချို့က ကျေးရွာတွေထဲ တိမ်းရှောင်နေတယ်။ အခုအရေးပေါ်က ရက်ကြာလာတာတော့ ဆေးဝါးနဲ့ အစားအသောက်တွေ လိုအပ်နေတယ်။ အခုက ရွာတွေထဲရှိတဲ့ စျေးဆိုင်တွေကနေပဲ ဖြစ်သလို ဝေစားမျှစားဖြေရှင်းနေတယ်။ ကားလမ်းလည်းပိတ်ထားတော့ အချိန်ကြာလာတာနဲ့ တော်တော်ဒုက္ခရောက်မဲ့ အနေအထားဖြစ်နေတယ်”လို့ ဆွမ်ပရာဘွမ်ဒေသ အသင်းတော်တာဝန်ရှိသူ တစ်ဦး ကပြောပါတယ်။ တိုက်ပွဲအခြေအနေကြောင့် မြစ်ကြီးနား – ပူတာအိုကားလမ်းမကြီး ပိတ်ထားတဲ့အတွက် မြို့ဘက်ကနေကူညီမှုတွေ ပို့ပေးနိုင်ဖို့လည်းခက်ခဲနေတယ်လို့ ဆိုပါတယ်။ လက်ရှိ ဆွမ်ပရာဘွမ်မြို့ဒေသခံပြည်သူတွေထဲက တော၊တောင်တွေထဲ  တိမ်းရှောင်နေသူ  ၂၀၀ ကျော်ရှိပြီး မြစ်ကြီးနားအဆင်းဘက် ကားလမ်းမတစ်ကြောကျေးရွာတွေမှာ အများအပြားတိမ်းရှောင်နေတယ်လို့ သိရပါတယ်။ ဆွမ်ပရာဘွမ် – မြစ်ကြီးနား ကားလမ်းမတစ်ကြောရှိ ဆူယာန်(Su Yang) ၊ မိုင်ထောင်း( Mai Htawng) ၊ ခဂရန်းယန်(Hka garan Yang)၊ အင်တားဂလိုကျေးရွာ( Nta galu mare) စတဲ့ ကျေးရွာ ၄ ခုမှာ အများပိုင်းတိမ်းရှောင်နေတယ်လို့  သိရပါတယ်။ စစ်ရှောင်နေတဲ့ လူဦးများတဲ့အတွက် ကျေးရွာတွေထဲပျံ့ကြဲပြီး တိမ်းရှောင်နေသူတွေအတွက်လည်း ရက်ကြာလာရင်အဆင်မပြေသလို တောထဲတွေမှာ ထွက်ပြေးတိမ်းရှောင်နေသူတွေအတွက်လည်း နေရာသတ်မှတ်ပြီး နေရာထိုင်ခင်း ပြင်ဆင်ပေးဖို့လိုအပ်နေတယ်လို့ သိရပါတယ်။ “မြို့မှာက အခုဘယ်သူမှမရှိတော့ဘူး။ ဆွမ်ပရာဘွမ်မြို့ထဲ ရှိရှိသမျှပြည်သူအားလုံး တိမ်းရှောင်နေတယ်။ တောထဲတိမ်းရှောင်နေသူတွေက ကိုယ်သိသလို မိုးကာတဲတွေ၊ ဝါးတဲတွေ ထိုးပြီး နေနေတယ်။ ကျေးရွာတွေထဲ တိမ်းရှောင်နေသူတွေက အသိအိမ်တွေ ၊ မိတ်ဆွေတွေရဲ့ အိမ်တွေထဲ နှစ်အိမ်ထောင်၊ ၃ အိမ်ထောင်အဲ့လို ကြပ်ပြွတ်ပြီး နေနေတယ်။ ဒါကြောင့် အခုရက်ကြာလာရင်တော့ သူတို့အတွက် နေရာသတ်မှတ်ပြီး နေရာထိုင်ခင်းပြုလုပ်ပေးဖို့ လိုအပ်နေတယ်”လို့  ဆွမ်ပရာဘွမ်ဒေသ အသင်းတော်တာဝန်ရှိသူ ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့ကစပြီး ဆွမ်ပရာဘွမ်မြို့နယ် မလိယာန်စစ်ကောင်စီတပ်စခန်းကို KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် ဆွမ်ပရာဘွမ်မြို့မှာ တပ်စွဲတဲ့ စစ်ကောင်စီတပ်ရင်း ခလရ ၄၆ တပ်စခန်းကို သိမ်းပိုက်နိုင်ဖို့ ဆက်လက်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ တိုက်ပွဲပြင်းထန်နေတာ ၁၀ ရက်ကျော်လာပြီဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း စခန်းလက်မလွတ်ရေးအတွက် လေယာဉ်နဲ့ နေ့တိုင်းနီးပါး အပြင်းအထန်ဗုံးကြဲတိုက်ခိုက် ကာကွယ်နေတာဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိမှာတော့ စစ်ကောင်စီဘက်က စစ်ကူတွေ လေကြောင်းနဲ့အပါအဝင် မြေပြင်နဲ့ပါစစ်အင်အားထပ်ဖြည့်နေပြီး စစ်ရေးတင်းမာလျက်ရှိနေတာကြောင့် တိုက်ပွဲအတွင်း KIA ဘက်ကလည်း ထိခိုက်ကျဆုံးသူတွေရှိနေသလို စစ်ကောင်စီဘက်ကလည်း အများအပြားသေဆုံးမှုရှိတယ်လို့ သိရပါတယ်။ တိုက်ပွဲကြောင့် မြစ်ကြီးနား – ပူတာအိုကားလမ်းမကြီးပိတ်ထားတာလည်း တစ်ပတ်ကျော်လာပြီဖြစ်ပြီး ဆွမ်ပရာဘွမ်မြို့ထဲက ဒေသခံပြည်သူ တစ်ဦးမကျန် ဘေးလွတ်ရာတွေတိမ်းရှောင်နေကြပြီဖြစ်ပါတယ်။ By – ဂျာဘောက်ရာ

    Read More »
  • 19 March
    သတင်း

    အောင်မြေ  ၁ နဲ့ အောင်မြေ ၂ ရွာပြည်သူတွေရဲ့နေအိမ် စစ်ကောင်စီတပ်များ ဖောက်ထွင်းပြီးရိက္ခာပစ္စည်းသယ်ယူ‌နေ

    ဝိုင်းမော်မြို့နယ် အောင်မြေ ( ၁) ၊ အောင်မြေ ၂ ကျေးရွာတွေမှာ တပ်စွဲနေတဲ့စစ်ကောင်စီတပ်တွေဟာ  စစ်ဘေးရှောင်ပြည်သူတွေရဲ့နေအိမ် ဖောက်ထွင်းပြီး ရိက္ခာပစ္စည်းတွေ သယ်ယူတာတွေလုပ်နေတယ်လို့ စစ်ရှောင်ပြည်သူတွေဆီကနေ သိရပါတယ်။ တိုက်ပွဲကြောင့် တစ်ရွာလုံး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ အောင်မြေ…

    Read More »
  • Feb- 2024 -
    19 February
    သတင်း

    အင်းတော်နယ်ကနေရပ်ပြန် စစ်ရှောင်တွေ ထပ်မံတိမ်းရှောင်နေ

    စစ်ကိုင်းဒေသကြီး အင်းတော်မြို့နယ် နန့်သာ ကျေးရွာထဲမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်က ကျေးရွာတွေဘက်ကိုလက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်နေတာကြောင့် နေရပ်ပြန်လာတဲ့စစ်ဘေးရှောင်တွေထပ်ပြီးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ နန့်သာကျေးရွာထဲမှာ ၂၀၂၃ ခုနှစ် ကတည်းက အထိုင်တပ်စွဲလာတဲ့ အင်အား ၂၀ ကျော်ဝန်းကျင်သာရှိတဲ့ တပ်မ ၇၇ စစ်ကြောင်းဟာ…

    Read More »
  • 6 February
    သတင်း

    KIA သိမ်းပိုက်ထားတဲ့ ဝှေခါ စစ်ရှောင်ပြည်သူတွေနေရပ်မပြန်နိုင်သေး

    ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲက ဝှေခါကျေးရွာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊KPDF တွေတိုက်ခိုက်သိမ်းပိုက်ထားနိုင်ပေမယ့် စစ်တပ်လေယာဥ်ပျံဝဲနေသေးတာကြောင့် ဝှေခါပြည်သူအများပိုင်းနေရပ်ပြန်လို့မရသေးဘူးလို့ သိရပါတယ်။ ဝှေခါစစ်တပ်စခန်းကို ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းပိုင်းကစပြီး KIA,PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ဖို့ ထိုးစစ်ဆင်လာတဲ့အတွက် ဝှေခါရွာ တစ်လျှောက်နေထိုင်တဲ့ ပြည်သူထောင်နဲ့ချီနေရပ်စွန့်ပြီး ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပါတယ်။…

    Read More »
  • 5 February
    သတင်း

    အင်းတော်နယ်ထဲက စစ်ဘေးရှောင်ကျေးရွာအချို့ နေရပ်ပြန်

    စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်တိတ်ဒေသထဲက စစ်ဘေးရှောင်နေတဲ့ကျေးရွာတွေထဲက ပြည်သူအချို့နေရပ်ပြန်ကြပြီလို့သိရပါတယ်။ စစ်ကောင်စီ စစ်ကြောင်းထိုးတာတွေနဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံလိုက်ရတာကြောင့် ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းကတည်းက စစ်ဘေးရှောင်နေရတဲ့ မော်တိတ်ရွာ၊အောင်းကုန်းရွာနဲ့ တုံ့တော်ကျေးရွာတွေထဲကပြည်သူတစ်ချို့ဟာ ၂၀၂၃ နှစ်ကုန်ပိုင်းလောက်ကတည်းကနေ နေရပ်ပြန်လာကြပြီလို့ အောင်းကုန်းကျေးရွာနေပြည်သူတစ်ဦးက KNG…

    Read More »
  • Jan- 2024 -
    23 January
    သတင်း

    မှော်ရှန်ကစစ်ဘေးရှောင်ပြည်သူတွေအတွက် ဆေးဝါးအကူအညီလိုအပ်နေ

    ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်ရှန်ဘုန်းတော်ကြီးကျောင်းမှာ တိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် ဆေးဝါးအကူအညီတွေလိုအပ်နေတယ်လို့သိရပါတယ်။ မှော်ရှန်ဘုန်းတော်ကြီးကျောင်းမှာရောက်နေတဲ့ ဝှေခါဘက်က စစ်ဘေးရှောင်ပြည်သူ ၅၀၀ ကျော်နဲ့ ဆိုင်းအောင်ကျေးရွာထဲက စစ်ရှောင်ပြည်သူ ၁၀၀ နီးပါးစုစုပေါင်း စစ်ဘေးရှောင်ပြည်သူ ၆၀၀ ကျော်ထဲက နာမကျန်းဖြစ်နေတဲ့သူတွေအတွက် ဆေးဝါးအကူအညီတွေလိုအပ်နေတယ်လို့…

    Read More »
Back to top button